Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Marketing ကို ဘက်စုံအောင်လုပ်နေပေမဲ့
ရောင်းအားဆက်တိုးမလာရင်
ဖြစ်နိုင်ချေ 2 ခု ရှိပါတယ် ✨✌🏻
=====
1. ရောင်းနေတဲ့အရာမှာ လိုအပ်ချက်ရှိနေတာ
2. စျေးကွက်က ထပ်ချဲ့လို့မရတော့တာ
နှစ်ခုထဲက တစ်ခုကြောင့်ဖြစ်နိုင်ပါတယ်
=====
1. ရောင်းနေတဲ့အရာမှာ လိုအပ်ချက်ရှိနေတာ
ပစ္စည်းတစ်ခုက သူမတူအောင်ထူးခြားနေတယ်ဆိုရင် ကျွန်တော်တို့ ထပ်ခါထပ်ခါပြန်လာဝယ်လေ့ရှိပါတယ်..
သူမတူအောင်ကောင်းတယ်ဆိုတာ
- ဒီလိုပစ္စည်းမျိုး ဘယ်မှာမှမရနိုင်တဲ့အခါ
- ဒီလိုဝန်ဆောင်မှုမျိုး ဒီမှာပဲရနိုင်တဲ့အခါ
- ဒီလိုစျေးနှုန်းမျိုး ဘယ်မှာမှမရတဲ့အခါ
- ဒီနေရာကနေ ဝယ်လို့ရတာ ဒါပဲရှိတဲ့အခါ
- ဒီလိုပုံစံကြော်ငြာနေတာ ဒီတစ်မျိုးပဲရှိတဲ့အခါ
ကျွန်တော်တို့ နောက်တခါပြန်လာဝယ်လေ့ရှိပါတယ်
=====
ထူးခြားမှုမရှိပဲ ဆိုင်တိုင်းမှာ ဝယ်လို့ရတဲ့အရာမျိုး
ရောင်းမယ်ဆိုရင်တော့ သင့်ရဲ့ Page ဆီကို
နောက်တစ်ခါပြန်လာဝယ်ဖို့ Chance နည်းပါတယ်
ဒါ့ကြောင့် Design အသစ်မထွက်တဲ့ သာမန် Clothing Page တွေဟာ Customer အဟောင်းတွေ ထပ်လာဝယ်အောင်လုပ်ဖို့ ခက်ခဲလေ့ရှိပါတယ်..
Vintage Clothing Page လောက်သာ
Customer အဟောင်းတွေ ပြန်လာဝယ်တာမျိုးရှိတာပါ
ဒါတောင်မလွယ်ပါဘူး..
Marketing ပိုလုပ်ပေမဲ့ Customer တိုးမလာဘူးဆိုတာ Customer အဟောင်းတွေက တစ်ခါဝယ်ပြီးနောက် ထပ်လာမဝယ်တော့တာမျိုးတွေကြောင့်ဖြစ်နိုင်ပါတယ် ✅
=====
2. စျေးကွက်က ထပ်ချဲ့လို့မရတော့တာ
ဥပမာ ကတုံး 10 ယောက်ရှိတဲ့ အခန်းထဲမှာ
ဆံပင်တုရောင်းမယ်ဆိုရင် အများဆုံးရောင်းအား
ဘယ်နှယောက်စာရမယ်ထင်လဲ?
သေချာတာ 10 ခုထက်တော့ပိုမရောင်းရပါဘူး
အဲ့ဒီ 10ယောက်အခန်းထဲမှာ ဒီပုံစံဆံပင်တုကိုပဲ
Marketing စရိတ်တွေအများကြီးသုံးပြီး
ထပ်ခါထပ်ခါ ကြော်ငြာမယ်ဆိုရင်ကော
ရောင်းအားတိုးလာနိုင်သလား?
သေချာပေါက်ကို ထပ်တိုးမလာနိုင်ပါဘူး ✅
စျေးကွက်က ထပ်ချဲ့မရတော့ဘူးမလို့ပါ
=====
ဒီလိုမျိုးစျေးကွက်က ထပ်ချဲ့လို့ မရတော့ဘူးဆိုရင်
စျေးကွက်ပြောင်းရောင်းတာမျိုးလုပ်ရပါတယ် ✅
ဥပမာ စောနက ကတုံးတွေကို ဆံပင်တုအစား
ဆံပင်ပေါက်ဆေးပြောင်းရောင်းတာမျိုး၊
ဆံပင်လေးတွေပေါက်လာပြီးဆိုရင် ဆံညှပ်လေးတွေ၊ ခေါင်းစီးကြိုးလေးတွေ ပြောင်းရောင်းတာမျိုးဆိုရင် ရောင်းအားက အမြဲလိုလိုတိုးနေမှာဖြစ်ပါတယ်..
=====
စျေးကွက်ပြောင်းရောင်းဖို့ဆိုရင်
- ကိုယ့် Customer တွေရဲ့အထာကို သိဖို့လိုသလို၊
- စျေးကွက်ရဲ့ အပြောင်းအလဲတွေ၊
- အရွေ့တွေကို သေချာတွက်ချက်ဖို့လိုပါတယ်
Marketing = စျေးကွက်စီးပွားရေး ဆိုတဲ့အတိုင်းပဲ
Marketing လုပ်မယ်ဆိုရင် စျေးကွက်ရဲ့အပြောင်းအလဲတွေကို စောင့်ကြည့်နေဖို့လိုပါတယ် ✅
စျေးကွက်ရဲ့အပြောင်းအလဲတွေအကြောင်းကိုတော့ နောက်မှသက်သက်ရှင်းပြပေးပါ့မယ် ✨🤗
=====
လုပ်ငန်းတစ်ခုအောင်မြင်ဖို့
1. Marketing နဲ့
2. Innovation လိုအပ်ပါတယ် 💖
Marketing သေချာလုပ်နေပေမဲ့ ရောင်းအားတက်မလာတော့ဘူးဆိုရင် Innovation (တီထွင်ဆန်းသစ်မှု)လုပ်ဖို့ လိုအပ်နေတာဖြစ်နိုင်ပါတယ်
1. ပစ္စည်းကို သူမတူထူးခြားအောင် ပြောင်းရင်ပြောင်း
2. စျေးကွက်အသစ်ကို ပြောင်းရင်ပြောင်း
သင့်တော်သလို စီမံနိုင်မှ ရေရှည်တည်တံ့မှာပါ ✅🤗
ရှေးရိုးပဲစွဲနေပြီး ဘာအပြောင်းအလဲမှ မလုပ်ဖြစ်ရင်
လှုပ်လေနစ်လေ လုပ်ငန်းတစ်ခု ဖြစ်လာပါလိမ့်မယ်
လူ့အသိုင်းအဝိုင်းမှာချစ်ခြင်းမေတ္တာထက်
ပိုလိုအပ်တဲ့အရာကနွေးထွေးမှုပဲ။
နေမကောင်းတဲ့အခါစကားမပြောဖြစ်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ဆီက ဂရုစိုက်နော်ဆိုတဲ့စကားသံ၊ဈေးသွား၀ယ်တိုင်းသမီးစားဖို့ဆိုပြီး
ပေါင်မုန့်တစ်လုံးကိုအမြဲတမ်းအပိုပေးတတ်တဲ့
စတိုးဆိုင်က အဒေါ်ကြီး။
ဘတ်စ်ကားဂိတ်မှာနေ့တိုင်း ဘတ်စ်ကားတစ်စီးကိုအတူစောင့်ရင်းစကားစမြည်းပြောဖြစ်ခဲ့တဲ့ဦးလေးကြီး။
စိတ်၀င်စရာမကောင်းတဲ့ TV Show တွေအကြောင်းပြောတဲ့အခါ အသေအချာနားထောင်ပေးတတ်တဲ့ သူငယ်ချင်း။
ငိုနေတဲ့ကလေးတစ်ယောက်ကို ပေးခဲ့ဖူးတဲ့ သကြားလုံးလေး။
၀မ်းနည်းနေတဲ့အချိန် ရေခဲမုန့်၀ယ်ကျွေးခဲ့တဲ့တစ်စုံတစ်ယောက်။
မိုးအေးတဲ့နေ့တွေမှာခေါက်ဆွဲဘူးတွေလာပေးတတ်တဲ့ အခန်းဖော်။
ရုပ်ရှင်ကားအသစ်ထွက်တိုင်းဒါအစ်မကြိုက်တဲ့ဇာတ်လမ်းမျိုးပဲဆိုပြီးလာမျှဝေတတ်တဲ့ဘေးအိမ်ကကောင်မလေး။
စံပယ်ပန်းတွေကိုမနက်တိုင်း ခြံရှေ့မှာ လာချိတ်ပေးတတ်တဲ့ လမ်းထိပ်ကကလေးလေး။
ချစ်တယ်လို့ပြောစရာမလိုဘူး။
တကူးတကချစ်ပြနေရတာလည်းမဟုတ်ဘူး။
ဒီအတိုင်း တစ်စစီ ပြိုလဲနေတဲ့ ကမ္ဘာကြီးထဲမှာ
သူစိမ်းတစ်ယောက်ကသူစိမ်းတစ်ယောက်ကို
အကောင်းဆုံးပေးနေတဲ့နွေးထွေးမှုပဲ။
#ကြက်မြစ်ကိုဆန်းဆန်းလေးချက်စားကြည့်နော်
ဗမာကြက် အမြစ်အစပ်ဆီပြန်ချက်
🥵🥵🥵🥵🥵🥵
စျေးထဲမှာ အမြစ်သီးသန့်ဝယ်ပြီး
ရေစင်အောင်ဆေးပါ......
အိမ်သုံးဆားဖြင့် ရောမွှေ ရေနစ်ခါဆေးပေးပါ
ငရုတ်သီးစိမ်း အမှည့် လှီးထားပါ အစပ်ကြိုက်ရင် ငရုတ်သီး များများထည်ချက်ပါ.....
အနံ့ အမွှေးအတွက် ဟင်ခက်မွှေး (သို့) နံနံပင် လှီးပြီးထားပါ
အမြစ်( ကြက်သဲမြစ်)ကိုဆားနနွမ်းအရသာသွင်းထား
ငြုပ်ပုဂျင်းကြက်သွန်ဖြူထောင်းမယ်နော်.
ကြက်သွန်နီပါးပါးလှီးကြော်.ကြော်ပီးသားကို
ထောင်းထားမယ်နော်. ငြုပ်သီးဆီသတ်မယ်
ကြက်မြစ်ထည့်လုံးပါ. ရေနဲနဲထည့်မယ်. ဆူလာရင်ကြက်သွန်ကြော်ထောင်းထားတာထည့်မယ်.
ပြီးရင် နံနံပင် ဟင်းခက်မွှေထည့်ပါ
အိုးချခါနီး၁ဆလာအုပ်လိုက်တယ်နော်.
အရမ်းကိုမွှေ း ပီးအရသာကောင်းမွန်တဲ့့ ကြက်သဲမြစ်မဆလာဟင်းလေး ရပါပီ.
ပုံယူသုံးလျှင် credit ပေးပါနော့.
Credit ....
💟💟💟💟💟
💟💟💟💟💟💟💟💟
ဝက်ကလီဇာအချိုကြော်
---------------------------
အခုချက်တဲ့ ဝက်ကလီဇာအစုံမှာ အသည်း , နှလုံး , အဆုတ် , သရက်ရွက် , အူမကြီးတွေပါပါတယ် .. ကလီဇာတွေကို မလှီးမဖြတ်ပဲ အစုံလိုက်ရေဆေးပြီး ဆူအောင်တည်ထားတဲ့ ရေနွေးပူထဲ ခဏထည့်ပြုတ်ပါတယ် .. ၅မိနစ်လောက် ပြုတ်ပြီး ရေတွေအားလုံးသွန်ပစ်လိုက်ပါတယ် .. နောက်ထပ်ရေအသစ်ထည့်ပြီး ပဲငံပြာရည်နဲ့ ဂျင်းလေးထုထည့် နာနတ်ပွင့်လေး တစ်ဝက်လောက် ဖဲ့ထည့်ပြီး နူးတဲ့ထိ ပြုတ်ပါတယ် .. အသည်းကတော့ ခပ်စောစောလေး ဖယ်ထုတ်ထားရမှာပါ .. သိပ်ကြာကြာပြုတ်ရင် မာသွားမှာပေါ့နော် ..
ရေကိုတော့ နူးချိန်နဲ့မှန်းပြီးအသင့်အတင့်ထည့်ရမှာပါ .. နူးချိန်မှာရေများများကျန်နေရင် အလဟဿဖြစ်မှာမို့ပါ .. နူးသွားတဲ့ ကလီဇာအစုံကို ပါးပါးစီလှီးပြီး ခရုဆီ , ပဲငံပြာရည်အပြစ် , ပဲငံပြာရည်အကျဲ , ထညက်လေးတစ်လုံး ထုထည့်ပြီးနယ်ထားပါ .. ဒီထဲမှာ ကျမ အထူးထည့်ထားတာလေးက စမုံစပါးပါ .. စမုံစပါးနဲ့နာနတ်ပွင့်က ဝက်အချိုချက် , ဝက်သားတုတ်ထိုးတို့နဲ့အင်မတန် လိုက်ဖက်ပါတယ် .. မွှေးပျံ့သွားစေတာ လက်တွေ့ထည့်ကြည့်ရင် သိရမှာပါ .. ကလီဇာ ၆၀သား လောက်အတွက် စမုံစပါးလေး လဘက်ရည်ဇွန်းဝက်လောက်ကို မညက်အောင် ထုရုံလေးထုပြီး ထည့်ပါတယ်ရှင် ..
အားလုံးရောနယ်ပြီးရင် ဆီအနည်းငယ်ကို ဆူအောင်တည်ပြီး ကြက်သွန်ဖြူ ၄, ၅မွှာ .. ကြက်သွန်နီ ၃ဥလောက် ထက်ခြမ်းပိုင်းထည့်ပြီး အပူပေးပါ ..ရ ကြက်သွန်နီနွမ်းပြီး အဖတ်လေးတွေကွဲတဲ့ထိ ကြော်ပါ .. အဲဒိနောက် နယ်ထားတဲ့ ကလီဇာများထည့်လိုက်ပါ
နွေရဲ့မေလလေးပေါ့...
တိတ်ဆိတ်လွန်းတဲ့နေ့ရက်တွေရဲ့အစဟာ
ဟိုးသစ်ပင်ဖျားဆီက ဥသြသံလေးဖြစ်မယ်ထင်တယ်...
ပန်းပွင့်လေးတွေဟာ ကောင်းကင်ကြီးကိုမျက်နှာမူရင်း နွေနေ့တွေကို အံတုနေရှာပါတယ်...
ကံ့ကော်ပန်းကလေးတွေက တစ်စုံတစ်ဦးကို မျှော်ငေးနေကြပုံပဲ...အရာရာဟာ လွမ်းမောစရာ...။
ကိုယ်တို့ရဲ့ မေလလေး
ပြီးတော့...လွမ်းစရာကောင်းတဲ့ မေလလေးရေ
ပျော်ရွှင်ခြင်းအပိုင်းအစလေးတွေ သယ်ဆောင်လာခဲ့ပေးမယ်လို့ မျှော်လင့်ပါတယ်...
လွန်ခဲ့တဲ့လတွေထက် နည်းနည်းလေးပိုကြံ့ခိုင်ပေးဖို့
ကိုယ့်ကိုယ်ကို ပိုချစ်တတ်ဖို့ကြိုးစားသင်ယူရင်းပေါ့...
စစ်မှန်တဲ့ချစ်မေတ္တာတွေက သံသရာတစ်ပတ်လည်
ပြန်လာဦးမှာမို့လေ...။
ရှေ့ဆက်မယ့် မေလရဲ့နေ့ရက်လေးတွေမှာ
ချစ်သောငါ ပျော်ရွှင်ပါစေ
ချစ်သောငါ အဆင်ပြေပါစေ
အဆင်ပြေအောင်နေထိုင်ရင်း စိတ်အနာတရတွေ ဝေးပါစေကွယ်...။