1 y - Translate

ဘန်ကောက်မှာ ပထမဆုံး Datacenter ဆောက်တော့မယ့် Microsoft

နည်းပညာအကြီးဆုံးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Microsoft ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ကြီမှာ သူတို့ရဲ့ ပထမဆုံး Datacenter ကြီးကို တည်ဆောက်တော့မယ့်အကြောင်းကို Microsoft ရဲ့ CEO Mr Nadella က မေလ ၁ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံများအတွင်း AI အခြေခံထားသော နည်းပညာများ တိုးတက်ပြောင်းလဲစေဖို့ ရည်ရွှယ်ခဲ့တာပဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ယခုဆောက်လုပ်သွားမယ့် Azure Datacenter ကြီးမှာဆိုရင် ရင်းနှီးမြုပ်နှံမှု ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိရှိကြောင်း သိရပြီး ကမ္ဘာတစ်ဝှမ်းမှာ ဆောက်လုပ်ထားတဲ့ Datacenter ကြီးတွေအနက် တစ်ခုအပါအဝင်ဖြစ်လာတော့မှာပါ။

မနေ့ကပွဲမှာ Microsoft CEO Mr. Nedalla ပြောပြသွားတဲ့ အချက်တွေဆိုရင်တော့ …

ဒီ Datacenter အသစ်ကြီးမှာဆိုရင်တော့ AI Infrastructure နဲ့အတူ ကုမ္ပဏီမှ Cloud Server များကို တည်ဆောက်သွားမှာဖြစ်ပြီး အခုလို Datacenter ဆောက်သွားမယ့်အပေါ်မှာ ထိုင်းနိုင်ငံသားတွေဟာ AI နည်းပညာတွေ၊ IT နဲ့ Data Careers ပိုင်းတွေမှာ သင်ယူလေ့လာနိုင်ဖို့ အခွင့်အလမ်းတွေ ပိုမို ရရှိစေမယ့်အပြင် နိုင်ငံရဲ့နည်းပညာတိုးတက်မှုအပေါ်မှာလည်း အကျိုးပြုပေးသွားဦးမှာပါ။

Microsoft ဟာ ၂၀၂၅ မတိုင်ခင်အတွင်း ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့မှာ လူပေါင်း 2.5 သန်းလောက်အတွက် အခွင့်အလမ်းများစွာကို AI နည်းပညာဖြင့် ပံ့ပိုးပေးသွားမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံဟာ မဝေးတော့တဲ့ အနာဂါတ်ကြီးကို AI နှင့် တည်ဆောက်ဖို့ မယုံနိုင်လောက်အောင် အခွင့်အလမ်းများစွာရှိတဲ့နိုင်ငံဖြစ်တယ်လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

ဒီတည်ဆောက်မှုကို မကြေညာခင် အစောပိုင်းကာလမှာတော့ Microsoft ဟာ ဂျပန်နိုင်ငံမှာ တည်ဆောက်ဖို့အတွက် လျာထားခဲ့တာပဲဖြစ်ပါတယ်။ Microsoft လိုပဲ Datacenter တည်ဆောက်သွားမယ့် အခြားကုမ္ပဏီကြီးများဆိုရင် Amazon Web Service နဲ့ Google တို့လည်း အပါအဝင်ဖြစ်ပြီး မကြာသေးတဲ့ အချိန်တွေက ကြေညာသွားခဲ့ပြီပဲဖြစ်ပါတယ်။

image
1 y - Translate

တကယ်ကလေ.....
အချစ်ရေးမှာ flowလေးအတိုင်းသွားဖို့ပဲ။

အများကြီးတွေးတာတွေ၊
အများကြီးစိုးရိမ်နေတာတွေမလုပ်ပဲနဲ့

ဒီအတိုင်း သတိရတဲ့အခါ ဖုန်းဆက်၊စာပို့လိုက်ပြီးတွေ့ဖြစ်ကြတဲ့အခါ တစ်ယောက်အပေါ်
တစ်ယောက် အကောင်းဆုံးဆက်ဆံကြဖို့ပဲ။

လူတွေက ပစ္စုပ္ပန်မှာ အမြဲတမ်း နေထိုင်ပါလို့
ပြောကြပေမယ့် အချစ်ရေးမှာတော့ ပစ္စုပ္ပန်မှာ နေထိုင်ဖို့ရာ ခက်ခဲနေကြတယ်။

အနာဂတ်ကိုပဲ ပိုတွေးနေမိကြတယ်။

လက်မတွဲရသေးခင်ကတည်းက တစ်ဘဝလုံးအဆင်ပြေပါ့မလားဆိုတဲ့ အတွေးနဲ့ နှိပ်စက်ခံနေရတယ်။

People come and people go,that is life ဆိုတဲ့အတိုင်း လူတွေက ဝင်လာပြီးရင် ပုံစံတစ်မျိုးမျိုးနဲ့တော့ ပြန်ထွက်သွားကြမှာပါပဲ။

လွမ်းနေရင်ပြေးတွေ့လိုက်၊သတိရရင်ဖုန်းဆက်လိုက် စကားအတိုင်းအတိုင်းပဲ။

အချစ်ရေးက flow လေးနဲ့စီးဆင်းနေဖို့ပဲ။

အချိန်မရွေး ရပ်တန့်ဖို့ရော၊ရှေ့ဆက်သွားဖို့ရော
အသင့်အနေအထားလေးမှာ အမြဲရှိနေရင်
ဒဏ်ရာအနာတရတွေ နည်းလိမ့်မယ်။

ပြီးတော့ စိတ်ရှည်ဖို့ပဲ။

မရေရာမသေချာတဲ့လူတွေအတွက် အသည်းအသန်ကြိုးစားနေစရာမလိုပါဘူး။

ကျွန်တော်က အချစ်ရေးနဲ့ပတ်သက်ပြီး အမြဲနောက်ကျတတ်တယ်။

ဘယ်က စပြီး ဘယ်ကို သွားရမလဲမသိတဲ့
ကိုယ့်ခံစားချက်တောင် ကိုယ်မသိပဲယောင်ချာချာဖြစ်နေတဲ့နှစ်တွေအများကြီးပဲ။

ကိုယ့်ကို လူတစ်ယောက်က ချစ်ပါ့မလားဆိုတာထက် ကိုယ်က လူတစ်ယောက်ကို ချစ်နိုင်ပါ့မလားဆိုတာကို တွေးမိနေတဲ့ နှစ်တွေက ပိုများတယ်။

သူငယ်ချင်းတစ်ယောက်ပြောတဲ့စကားလေးလိုပေါ့

နင်က အချစ်မှာ လိပ်ပဲဖြစ်ဖြစ်၊ဘယ်လောက်ပဲနောက်ကျကျ တစ်ယောက်ယောက်က နင့်ကိုပဲ
သေချာပေါက် စောင့်ဆိုင်းပြီး နင့်ကိုပဲ တန်းလန်းဖြစ်စေ ၊ တရွတ်တိုက်ဖြစ်စေ
ဆွဲခေါ်သွားမယ့် လူ ရှိလာမှာပါတဲ့။

မရေရာ မသေချာနေတဲ့ ငါ့ကို
ငါတို့အတူတူ ကြိုးစားကြမယ်လို့ လာပြောတဲ့
တစ်စုံတစ်ယောက်ပေါ့။

အရာအားလုံးဟာ Good things take time ပေါ့။

image
1 y - Translate

ယုဇနပန်း💚🤍

#foryou #flowers

image
1 y - Translate

ယုဇနပန်း💚🤍

#foryou #flowers

image
1 y - Translate

ယုဇနပန်း💚🤍

#foryou #flowers

imageimage

Nice!

1 y - Translate

Relationship တစ်ခုခိုင်မြဲချင်ရင်

"အပြန်အလှန်ချစ်ပါ"
ဖုန်းချတိုင်း ချစ်တယ် ပြောပေးပါ
လိုင်းဆင်းတိုင်း ချစ်တယ် ပြောပေးပါ
အပြင်မှာတွေ့ပြီး ပြန်ခါနီးတိုင်း ချစ်တယ် ပြောပေးပါ
ချစ်တယ်ဆိုတဲ့စကား ခဏခဏ ပြောပေးပါ

"မလိမ်ပါနဲ့"
ဂိမ်းဆော့နေတာကို အိပ်နေတယ်လို့ မလိမ်ပါနဲ့
ဘီယာသောက်နေတာကို
ထမင်းကြော်စားနေတယ်လို့ မလိမ်ပါနဲ့
ဘာမဆို အမှန်တိုင်းပြောပါ
တကယ်ချစ်တဲ့သူက အပြစ်မမြင်ပါဘူး
ပြုပြင်ယူပါတယ်

"အဆက်အသွယ် မပြတ်ပါစေနဲ့"
ဖုန်းလေးတွေ ဆက်ပေးပါ
စာလေးတွေ ပို့ပေးပါ
လိုင်းပေါ်မှာ တွေ့မှ စကားပြောတာမျိုးက
သူစိမ်းဆန်လွန်းပါတယ်
လိုင်းပေါ်မှာ တွေ့မယ်ဆိုရင်လဲ
ဘယ်အချိန်ဆုံမယ်ဆိုတာကို ချိန်းထားပါ

"နာကျင်ရရင် ခွင့်လွှတ်ပြီး မေ့ပစ်ပါ"
သူ့အတိတ်ကြောင့် ခံစားရရင်ပဲဖြစ်ဖြစ်
သူစိတ်ကောက်လို့ ခံစားရရင်ပဲဖြစ်ဖြစ်
သူ့ကို အရမ်းချစ်တယ် ဆိုတဲ့စိတ်နဲ့
အရာရာကို ခွင့်လွှတ်ပြီး မေ့ပစ်လိုက်ပါ

"ပြတ်မယ် လမ်းခွဲမယ်လို့ လုံးဝမပြောပါနဲ့"
နှစ်ယောက်သား စကားများရင်
မအားလို့ ဖုန်းမခေါ်မိရင်
လိုင်းခဏတက်မိလို့ စာမပြန်ဖြစ်ရင်
ပြတ်မယ် လမ်းခွဲမယ်လို့ မပြောပါနဲ့
နောက်တစ်ခါ ဂရုစိုက်ပေးဖို့ တောင်းဆိုပါ

"ဖြစ်နိုင်ရင် မရွဲ့ပါနဲ့"
လုံးဝ မရွဲ့သင့်ပါ
နင်တောင် နေနိုင်သေးတာ
ငါလဲ နေနိုင်အောင် နေမယ်
နင်တောင် ဖုန်းမခေါ်သေးတာ
ငါလဲ စာမပို့နိုင်အောင် ကြိုးစားမယ်ဆိုပြီး မရွဲ့ပါနဲ့
ရွဲ့ရင်း ရွဲ့ရင်း ဝေးသွားနိုင်လို့ပါ

"မာန နဲ့ အတ္တ ကို မေ့ထားပါ"
ချစ်သူနှစ်ဦးကြား မာနမရှိသင့်ပါ
သူ့ထက် ငါ့ကိုယ်ငါပဲ ပိုချစ်တယ်ဆိုတဲ့
အတ္တလဲ မထားသင့်ပါ

"ကိုယ်မှားတဲ့အခါ တောင်းပန်ပါ"
ပြဿနာဖြစ်ရင် စပြီးတောင်းပန်တဲ့သူက
ပိုချစ်​တဲ့သူပါ တဲ့
ဒါဆို ကိုယ်မှားတာကို သိပြီး တောင်းပန်တာက
ပိုချစ်တာထက်ကို ပိုချစ်ရာရောက်ပါတယ်

"Ex အကြောင်း လုံးဝမပြောပါနဲ့"
အနာဂတ်အကြောင်းပဲ ပြောပါ
ကိုယ်နဲ့ အတူရှိမနေခဲ့တဲ့ အတိတ်ကြောင်းတွေ မပြောပါနဲ့
အတိတ်ထဲက Ex အကြောင်းလဲ လုံးဝမပြောပါနဲ့
လက်ရှိ သူ့ကိုသာ အရမ်းချစ်ကြောင်း
အရမ်းမြတ်နိုးကြောင်း ဖော်ပြပါ
အတိတ်နဲ့ ပစ္စုပ္ပန်ကို မနှိုင်းယှဉ်ပါနဲ့

"အပေးအယူ မျှတပါစေ"
သူကချည်းပဲ ဖုန်းဆက်တယ်
သူကချည်းပဲ စာပို့တယ်
သူကချည်းပဲ လက်ဆောင်ပေးတယ်
သူကချည်းပဲ ဆိုင်ထိုင်ရင် bill ရှင်းတယ်
သူကချည်းပဲ အရာရာ လိုက်လျောတာမျိုးလဲ
မဖြစ်ပါစေနဲ့ အပေးအယူ မျှပါစေ

"ချစ်သူရဲ့ ခံစားချက်ကို အလေးထားပေးပါ"
ချစ်သူရဲ့ စကားချိုချိုလေးတွေကို နားထောင်ပေးပါ
ချစ်သူရဲ့ စိတ်ကူလေးတွေကိုလဲ လိုက်ယဉ်ပေးပါ
ချစ်သူရဲ့ မျက်ရည်လေးတွေကို သုတ်ပေးပါ
ချစ်သူရဲ့ အပြုံးလေးတွေကိုလဲ ကြည်နူးပေးပါ

"ဘာကြောင့်ပဲ စိတ်ဆိုးဆိုး မအော်ပါနဲ့"
ဘယ်သူမဆို အော်တာ ငေါက်တာ မကြိုက်ပါဘူး
ကျီစယ်ပြီး အော်တာ ငေါက်တာကျ တစ်မျိုးပေါ့
ဘာပြဿနာပဲ ဖြစ်ဖြစ်
ဘာကြောင့်ပဲ စိတ်ဆိုးဆိုး
ကိုယ့်ချစ်သူကို လုံးဝမအော်ပါနဲ့👫

image
1 y - Translate

Color
Summer is all about colors and pattern.
You should go for lighter and brighter outfits as shown in the photo.
Try to avoid dark colors.

image
1 y - Translate

so calm and peaceful💚

image
1 y - Translate

so calm and peaceful💚

image