ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ် ဝါ၊ သမ္ဘာဆိုတာ အဲ့ဒါပဲ။ မနေ့ညကဆိုရင် ဘိုင်ယန်အိမ်ကွင်းမှာ သူတို့တော်တော်လေး ရုန်းကန်ခဲ့ရတာ။ နည်းပြ အန်ဆယ်လော့တီကိုယ်တိုင် သူ့အသင်းက ပုံမှန်အောက်ရောက်ခဲ့တယ်ဆိုပြီး ပွဲအပြီးမှာ ဝန်ခံခဲ့ရတယ်။
ပွဲစတာနဲ့ ဘိုင်ယန်က ရီးရဲလ်ကို အငိုက်ဖမ်းပြီး ဂိုးပေါက်ကို တဒိုင်းဒိုင်းကန်တယ်။ ရီးရဲလ်က ဒါကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်ခဲ့တယ်။ အဲ့ဒီနောက် ဒီပွဲအတွက် ပထမဆုံးဂိုးပေါက်တည့်ဖို့ အလုံးကို ကရူးစ်က ဗီနီရှပ်စ်ရဲ့ ပြေးလမ်းကြောင်းထဲ ခင်းပေးလိုက်တယ်။
အဲ့ဒီကနေ ဦးဆောင်ဂိုးရတယ်။ ဒုတိယပိုင်းကျတော့ (၅) မိနစ်အတွင်း ဘိုင်ယန်က နှစ်ဂိုးပြန်သွင်းလိုက်တယ်။ ဒုတိယပိုင်းအစမှာတော့ ရီးရဲလ်တို့ အငိုက်မိသွားတယ်။
ဘိုင်ယန်က ဒီပွဲမှာ အခွင့်အရေးအသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့တာ။ ဒါပေမယ့်လည်း အချိန်တန်တော့ ရီးရဲလ်တို့ ချေပဂိုးရသွားတာပါပဲ။ ဒုတိယအကျော့က ကိုယ့်အိမ်ကွင်းမှာ၊ ပထမအကျော့မှာလည်း အခြေအနေမကောင်းခဲ့ပေမယ့် မရှုံးခဲ့တော့ ရီးရဲလ်တို့အတွက် တော်တော် အဆင်ပြေသွားပါတယ်။
Facebook Status တွေမှာ စာတစ်ဝက်ပဲမြင်ရတဲ့ iPhone ပေါ်က Bug အသစ်က
အခုတလော iOS User Group တွေမှာ လူတိုင်းမေးနေကြပြီး အဖြေမရှိတဲ့ ပဟေဠိ ပုဒ်စာတစ်ပုဒ်ဖြစ်နေဆဲပါ
ဖြေရှင်းကြတဲ့ ဆေးမှီးတို နည်းတွေထဲမှာဆိုရင်
၁)Font Size ကို လျှော့လိုက်ရင် သွားတယ်
၂)စာတွေကို Copy ကူးပြီး Note ထဲမှာ Paste ပြီးဖတ်တယ်
၃)update တင်လိုက်ရင်ကောင်းသွားတယ်
ဆိုပြီး အဆင်ပြေခဲ့တဲ့ နည်းလမ်းတွေမျှဝေနေကြပါတယ်
tech world ကဖြေရှင်းတဲ့နည်းလမ်းလေးကတော့ ဘာရေးထားလဲကို Option လေး ၄/၅ ခု တွဲပြီး ကိုယ့်ဟာကိုယ် စာစီလိုက်တာပါပဲ :3
အခုပိုစ့်ကိုလဲ iPhone သုံးစွဲသူတွေအနေနဲ့ အပြည့်မြင်ချင်မှ မြင်ရမှာမလို့ ကွန်းမန့်မှာ Screenshot လေးမန့်ပေးထားပါမယ်
ကြံဖန် ဂုဏ်ယူရရင် ဒါမျိုးက iPhone မှာပဲ ဖြစ်တာ ကံထူးလို့ဆိုတာမျိုးတွေးလို့ရပါတယ် xD
နွေရဲ့မေလလေးပေါ့...
တိတ်ဆိတ်လွန်းတဲ့နေ့ရက်တွေရဲ့အစဟာ
ဟိုးသစ်ပင်ဖျားဆီက ဥသြသံလေးဖြစ်မယ်ထင်တယ်...
ပန်းပွင့်လေးတွေဟာ ကောင်းကင်ကြီးကိုမျက်နှာမူရင်း နွေနေ့တွေကို အံတုနေရှာပါတယ်...
ကံ့ကော်ပန်းကလေးတွေက တစ်စုံတစ်ဦးကို မျှော်ငေးနေကြပုံပဲ...အရာရာဟာ လွမ်းမောစရာ...။
ကိုယ်တို့ရဲ့ မေလလေး
ပြီးတော့...လွမ်းစရာကောင်းတဲ့ မေလလေးရေ
ပျော်ရွှင်ခြင်းအပိုင်းအစလေးတွေ သယ်ဆောင်လာခဲ့ပေးမယ်လို့ မျှော်လင့်ပါတယ်...
လွန်ခဲ့တဲ့လတွေထက် နည်းနည်းလေးပိုကြံ့ခိုင်ပေးဖို့
ကိုယ့်ကိုယ်ကို ပိုချစ်တတ်ဖို့ကြိုးစားသင်ယူရင်းပေါ့...
စစ်မှန်တဲ့ချစ်မေတ္တာတွေက သံသရာတစ်ပတ်လည်
ပြန်လာဦးမှာမို့လေ...။
ရှေ့ဆက်မယ့် မေလရဲ့နေ့ရက်လေးတွေမှာ
ချစ်သောငါ ပျော်ရွှင်ပါစေ
ချစ်သောငါ အဆင်ပြေပါစေ
အဆင်ပြေအောင်နေထိုင်ရင်း စိတ်အနာတရတွေ ဝေးပါစေကွယ်...။
နွေရဲ့မေလလေးပေါ့...
တိတ်ဆိတ်လွန်းတဲ့နေ့ရက်တွေရဲ့အစဟာ
ဟိုးသစ်ပင်ဖျားဆီက ဥသြသံလေးဖြစ်မယ်ထင်တယ်...
ပန်းပွင့်လေးတွေဟာ ကောင်းကင်ကြီးကိုမျက်နှာမူရင်း နွေနေ့တွေကို အံတုနေရှာပါတယ်...
ကံ့ကော်ပန်းကလေးတွေက တစ်စုံတစ်ဦးကို မျှော်ငေးနေကြပုံပဲ...အရာရာဟာ လွမ်းမောစရာ...။
ကိုယ်တို့ရဲ့ မေလလေး
ပြီးတော့...လွမ်းစရာကောင်းတဲ့ မေလလေးရေ
ပျော်ရွှင်ခြင်းအပိုင်းအစလေးတွေ သယ်ဆောင်လာခဲ့ပေးမယ်လို့ မျှော်လင့်ပါတယ်...
လွန်ခဲ့တဲ့လတွေထက် နည်းနည်းလေးပိုကြံ့ခိုင်ပေးဖို့
ကိုယ့်ကိုယ်ကို ပိုချစ်တတ်ဖို့ကြိုးစားသင်ယူရင်းပေါ့...
စစ်မှန်တဲ့ချစ်မေတ္တာတွေက သံသရာတစ်ပတ်လည်
ပြန်လာဦးမှာမို့လေ...။
ရှေ့ဆက်မယ့် မေလရဲ့နေ့ရက်လေးတွေမှာ
ချစ်သောငါ ပျော်ရွှင်ပါစေ
ချစ်သောငါ အဆင်ပြေပါစေ
အဆင်ပြေအောင်နေထိုင်ရင်း စိတ်အနာတရတွေ ဝေးပါစေကွယ်...။