2 နှစ်များ - ဘာသာပြန်ပါ။

Breaker အကြောင်း သိကောင်းစရာများ
=============================
MCB ( Miniature Circuit Breaker ) တစ်လုံးကဘာတွေ အရေးပါလဲဆိုရင်တော့ သင့်အိမ်ကို ရှော့(Short Circuit) ဖြစ်ပြီးမီးမလောင် အောင်၊ Wire or Cable အပူလွန်ကဲမှု ကြောင့် မီးမလောင်အောင် ကာကွယ်ပေးနိုင်ပါတယ်။
မိမိအသက်၊မိမိစည်းစိမ် ကိုကာကွယ်ပေးတဲ့ ပစ္စည်းဖြစ်တာကြောင့် သေချာ ရွေးချယ် ဝယ်ယူသင့်ပါတယ်။ Breaker အကုန်လုံးမှာ Mechnical Life နဲ့ Electrical Life ဆိုတာရှိပါတယ်။ Mechnical Life ဆိုတာကတော့ Breaker မောင်းတံလေးကိုအတင်အချလုပ်တဲ့ အကြိမ်အရေအတွက်များရင် Mechnical Life အရ ခုခံနိုင်တဲ့ အကြိမ်အရေအတွက်နည်းလာပြီး ပျက်စီးဖို့များလာခြင်းပါ။ Electrical Life ဆိုတာကတော့ Overload or Short Circuit ကြောင့်ဖြစ်တဲ့ အကြိမ်အရေအတွက်များလေ ပျက်စီးဖို့များလေပါ။

MCB တစ်လုံးကိုသင်ဝယ်တော့မယ် သုံးတော့မယ် ဆိုရင် အချက် ( ၅ ) ချက်ကိုတော့သင်သိထားဖို့လိုပါတယ်။
(၁) ဘာအမျိုးစားအစားသုံးမှာလဲ၊ ဘယ်နိုင်ငံ Brand ကိုသုံးမှာလဲ
(၂) ဘယ်လောက် Pole သုံးမှာလဲ
(၃) ဘယ်လောက် Amp သုံးမှာလဲ
(၄) ဘယ် Curve အမျိုးအစားသုံးမှာလဲ
(၅) KA ( Breaking Capacity )

ဘယ်လောက်သုံးမှာလဲ

နံပါတ် (၁) အတွက်ကတော့ ဘယ်နိုင်ငံ Brand ကိုသဘောကျလဲ။ သဘောကျတဲ့ brand ကိုရွေးလိုက်ရုံပါပဲ။

နံပါတ် (၂) ဘယ်လောက် Pole သုံးမှာလဲ ဆိုတာကတော့ Single Phase ဆိုရင် 1Pole or 2Pole ၊ Three Phase ဆိုရင် 3Pole or 4Pole ပေါ့၊ 1Pole နဲ့ 2Pole ကွာခြားချက်လေးကိုပြောရမယ်ဆိုရင်တော့- 1 Pole သုံးတဲ့အခါ Phase တစ်ခုထဲကို Breaker ကပိတ်ပါတယ်။ 1Pole သုံးတဲ့အခါမှာ တပ်ဆင်တဲ့သူက Phase Neutral သေချာမစစ်ဘဲ Breaker တပ်ခဲ့တဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်လို့ပြင်တဲ့အခါမှာ ဓါတ်လိုက်တာမျိုးဖြစ်နိုင်ပါတယ်။ Phase ကို Breaker ခံထားရင်လဲ အခြား circuit မှလျှပ်စစ်သုံးစွဲမှုကြောင့် Neutral ကနေ ဓါတ်လိုက်သလို မျိုးခံစားရနိုင်ပါတယ်။ 2Pole သုံးမယ်ဆိုရင်တော့ 1 Pole တွင်ဖြစ်သောပြသနာများကင်းဝေးစေ နိုင်ပါသည်။

နံပါတ် (၃) ဘယ်လောက် Amp သုံးမှာလဲ ဆိုတာကတော့ အသုံးပြုမည့် Watt နဲ့ Voltage အပေါ်မှာမူတည်ပြီးတွက်ယူရတာဖြစ်ပါတယ်။ အကြမ်းဖျင်းအနေနဲ့ကတော့ 200 Watt = 1A ပါ။ ဥပမာ အနေနဲ့ 1000W ဆိုရင် 5A ပါ Breaker ရွေးတဲ့အခါမှာ တကယ်အသုံးပြုတဲ့ Amp ထက် 20% ပိုဆောင်းရွေးချယ်ရပါတယ် 5 x 1.2 = 6A ပါ။

နံပါတ် (၄) ဘယ် Curve အမျိုးအစားသုံးမှာလဲဆိုတာကတော့ Breaker တွေမှာ BCDKZ ဆိုပြီး Curve ( ၅ ) မျိုးထွက်ပါတယ်။
မြန်မာနိုင်ငံမှာတော့ BCD ကိုရှာဝယ်မယ်ဆိုရင်တော့ရနိုင်ပါ တယ်။ ဈေးကွက်မှာ အပေါဆုံးက C-curve ပါ။ B-curve ကိုတော့ Legrand အမျိုးအစားထဲက ရနိုင်တယ်။ B-curve ကို Lighting and Socket တွေမှာသုံးတယ်။ C-curve ကို Machine တွေမှာ သုံးတယ်။ D-curve ကို Motor တွေမှာသုံးပါတယ်။

နံပါတ် (၅) KA ( Breaking Capacity ) ဘယ်လောက်သုံးမှာလဲ ဆိုတာကတော့ အသုံးပြု မည့် Load အပေါ်မှာမူတည်ပြီးတွက်ထုတ်ရတာဖြစ်ပါတယ်။ အိမ်သုံးအနေနဲ့ကတော့ 4.5KA , 6KA လောက်ဆိုအဆင်ပြေပါတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

ရီးရဲလ်ကစားသမားဘ၀ ပွဲဦးထွက်ရာသီမှာဘယ်လင်ဂမ် ဂိုးဘယ်လောက်သွင်းနိုင်မလဲ❓

ရီးရဲလ်မက်ဒရစ်အသင်း၏ အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်သည် ယခုရာသီ၌ လာလီဂါ(၁၇)ဂိုးအပါအဝင် ပြိုင်ပွဲစုံ၌ (၂၁)ဂိုးအထိ သွင်းယူထားပြီး အသင်းတွင် ဂိုးအများဆုံးသွင်းထားသူအဖြစ် ဦးဆောင်နေသည်။ရီးရဲလ်မက်ဒရစ်အသင်းသမိုင်းတွင် ဘယ်လင်ဂမ်ကဲ့သို့ ရီးရဲလ်ကစားသမားဘ၀ ပွဲဦးထွက်ရာသီ၌ ခြေစွမ်းပြပြီး ဂိုးအများအပြားသွင်းယူနိုင်ခဲ့သည့် ကစားသမားများစွာရှိခဲ့ကြသည်။(၂၁)ရာစုနှစ်များတွင် ရီးရဲလ်ကစားသမားဘ၀ ပွဲဦးထွက်ရာသီ၌ လက်ရှိဘယ်လင်ဂမ်သွင်းယူထားသော ဂိုးအရေအတွက်ထက် ပိုများသည့်ပမာဏကို သွင်းယူနိုင်ခဲ့သည့် ကစားသမားများမှာ ပေါ်တူဂီစူပါစတား ရော်နယ်လ်ဒို(၃၃ ဂိုး/၂၀၀၉-၁၀ ရာသီ)၊နယ်သာလန်တိုက်စစ်မှူး နစ္စတယ်ရွိုင်း(၃၃ ဂိုး/၂၀၀၆-၀၇ ရာသီ)၊ဘရာဇီးလ်တိုက်စစ်မှူး ရော်နယ်လ်ဒို(၃၀ ဂိုး/၂၀၀၂-၀၃ ရာသီ)၊ဝေးလ်စ်တောင်ပံကစားသမား ဘေးလ်(၂၂ ဂိုး/၂၀၁၃-၁၄ ရာသီ)တို့ ဖြစ်ကြသည်။အင်္ဂလန်ကြယ်ပွင့် ဘယ်လင်ဂမ်အနေဖြင့် ရီးရဲလ်ကစားသမားဘ၀ ပွဲဦးထွက်ရာသီတွင်
ဂိုးဘယ်လောက်သွင်းနိုင်မလဲဆိုသည်နှင့် အထက်ပါကစားသမားများထဲမှ မည်သူ၏ ဂိုးမှတ်တမ်းကို ကျော်ဖြတ်နိုင်မလဲဆိုသည်ကို လက်ကျန်ပွဲများတွင် ကြည့်ရမည်ဖြစ်သည်။

image
2 နှစ်များ - ဘာသာပြန်ပါ။

Relationship ပဲဖြစ်ဖြစ်
Friendship ပဲဖြစ်ဖြစ်
Level မတူရင် ဘယ်ဆက်ဆံရေးမှ
ကြာရှည်မခံဘူးဆိုတာ နောက်နေတာမဟုတ်ဘူးနော်

Brain Level,thinking level နဲ့
Behavior levelတို့ပေါ့

ပညာတတ်တာ မတတ်တာချည်းကိုပဲ ပြောတာမဟုတ်၊
ကိုယ်တွေးသလို သူပြန်တွေးပေးမလား၊
သူပြောလိုက်တဲ့စကား သူရော ပြန်အပြောခံနိုင်လား၊
ကိုယ်ချင်းစာစိတ်နဲ့ သည်းခံစိတ်ကရော
ဘယ်levelရှိမလဲ အဲလိုတွေပေါ့

2 နှစ်များ - ဘာသာပြန်ပါ။

“အသက် ၃၀ အရွယ်မှာ သိသင့် အချက်တွေ …”

၁။ ဘဝအတွက် မှန်ကန်တဲ့ လက်တွဲဖော်ကို ရွေးခြယ်လက်ထပ်ပါ။ မှန်ကန်သော ရွေးခြယ်မှုက သင့်အား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ငွေကြေးခိုင်မာမှုတည်ဆောက်ရန် ကူညီပေးပါလိမ့်မည်။

၂။ လူတွေက ဘဝကို ဖြစ်ချင်ရာဖြစ် နေတတ်ကြတယ်။ ကောင်းကောင်းမွန်မွန် မြင့်မြင့်မားမား မနေချင်ရင် မိမိကိုယ်ကို ပြုပြင် ပြောင်းလဲမှ ရပါလိမ့်မယ်။

၃။ ရည်မှန်းချက်ကြီးသူ၊ စိတ်အားထက်သန်သူ၊ တော်တဲ့ လူ ၅ ယောက်နဲ့ ပေါင်းခြင်းဖြင့် မိမိလဲ ကြိုးစားချင်စိတ်၊ အတွေးအခေါ်တွေ ပြောင်းလဲပြီး တနေ့နေ့ တချိန်ချိန်မှာ သူတို့လို ဖြစ်လာမှာပါ။

၄။ တခုခုဆို ဘယ်သူကမှ ပိုက်ဆံ အလကားလာမပေးဘူး၊ ဂရုမစိုက်ဘူးဆိုတာ သဘောပေါက်သင့်တဲ့ အသက်အရွယ် ရောက်နေပြီ။ မိမိယုံကြည်တဲ့အရာကိုတွေ နောက်ကို အချိန်မနှောင်းခင် လိုက်ပါ။

၅။ သဘောမကျ အားမကျသောသူများထံမှ အကြံဉာဏ်ကို လုံးဝ လုံးဝမရယူပါနဲ့။

၆။ ပေါင်းတဲ့ သူငယ်ချင်းအသိုင်းအဝိုင်းတွေက စီးပွားရေးစိတ်ကူးများ၊ မိသားစုနှင့် အောင်မြင်မှုများကို ပိုမိုဆွေးနွေးသင့်သည်။ နိုင်ငံရေး၊ ဘာသာရေးနဲ့ နာမည်ကြီး အတင်းအဖျင်းတွေ နဲ့ ပြောပြီး အချိန်ကုန် မနေပါနဲ့။

၇။ သူတပါးဆီမှာ ရာသက်ပန် အလုပ်လုပ်တာထက် တပတ်မှာ ၁၅ နာရီလောက် မိမိရဲ့ စိတ်ကူးယဉ် အိပ်မက်၊ ကိုယ်ပိုင် လုပ်ငန်း အကောင်အထည်ဖော်ဖို့ အသုံးချပါ။

၈။ အဆိပ်အတောက်ဖြစ်စေတဲ့ သတင်းများ၊ Netflix ကိုကြည့်ရှုခြင်း သို့မဟုတ် ဆိုရှယ်မီဒီယာကို လှိမ့်ကြည့်ပြီး အချိန်ဖြုန်းခြင်းထက် ဗဟုသုတ ကြွယ်ဝစေမယ့် စာအုပ်ဖတ်ခြင်းမှာ အဖိုးတန်တဲ့ အချိန်တွေကို ရင်းနှီးမြှုပ်နှံပါ။

၉။ မိမိလိုချင်တဲ့ ဘဝကိုတည်ဆောက်ဖို့ အခွင့်အလမ်းတွေကို ဖန်တီးပါ။ ကိုယ့်ရဲ့ဘဝမှာ ဖြစ်နေတဲ့ ပြဿနာတွေကိုဘယ်သူမှ လာကယ်တင်မှာ မဟုတ်ဘူး။

၁၀။ အလုပ်နားရက် weekends တွေဖြစ်တဲ့ စနေ၊ တနဂ်နွေတွေမှာ ပါတီတွေတက် သောက်စား အချိန်ဖြုန်းတာထက် မိမိဖြစ်ချင်တဲ့၊ လိုချင်တဲ့ ဘဝအသက်မွေးဝမ်းကြောင်းတစ်ခုကို တည်ဆောက်ဖို့ အသုံးပြုပါ။

၁၁။ ခင်မင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေက အကူအညီလိုတဲ့အခါမှသာ ဖုန်းဆက်မယ်ဆိုရင် သူတို့ကို ဦးစားပေးတဲ့ စာရင်းကထုတ်ဖို့ အချိန်တန်နေပါပြီ။

အထက်ပါ အချက်တွေထဲက ဘယ်အချက်တွေ လုပ်ဖြစ်ကြလဲ ပြောပြပေးပါဦးနော်။

image
2 နှစ်များ - ဘာသာပြန်ပါ။

ပန်းပွင့်ချဥ်ရည်ဟင်း (သက်သက်လွတ်)

ပန်းပွင့်ကို လှီးပြီး ဆားထည့်ကာ ၁၅မိနစ်ခန့်ရေစိမ်ထားပါ ။
ပြီးရင် ရေ၂ခါ လောက်ပြန်ဆေးကာ ရေစစ်ထားပါ ။

ကြက်သွန်ဖြူနီထောင်းထားတာဆီသပ် အရောင်ရဲလာမှ
ငရုတ်စိမ်းမှုန့် နဲ့ ခရမ်းချဥ်သီးထည့်မွှေပါ ။
ခရမ်းချဥ်သီး ရေ ဆား
အချိုမှုန့် ထည့်ပြီးချက်ပါရှင့် ။

ပွက်ပွက်ဆူလာပြီဆို ပန်းပွင့်ထည့်
မန်ကျီးအရည်ဖျော်ထည့်ပြီး
နံနံပင်အုပ် မဆလာဖြူးပါရှင်..

image
2 နှစ်များ - ဘာသာပြန်ပါ။

တစ်မယ်ကောင်းငါးခူရွက်ယိုရွက်ချက်

ငါးခူကို ဗိုက်ထဲကအူထုတ် အပေါယံအချွဲတွေကိုဓားနဲ့ခြစ် အကောင်လိုက် ရေဆေးမန်ကျည်းသီး ရှောက်ရည် အချဉ်ရည်တစ်ခုခုဖြင့်ကြမ်းသွားအောင်စျေး ပါ ပြီးမှ ရေစင်အောင်ဆေး ပြီးရင်အကောင်လိုက်ကို အပေါယံအသားလွှာပါ ပြီးမှ အတုံးသေးသေးလေးတွေတုံးပါ ဆားစနွင်းအချိုမူန့်ဆနွင့်မူန့်ငါးပိ ငံပြာရည် ထည့်နယ်ပြီးနာရီခွက်နပ်ထားပါ ရွက်ယိုရွက်ပါးပါးလှီးထားပါ ငရုပ်သီး ကြက်သွန်ဖြူနီ ဂျင်းထောင်းပြီးဆီသတ်ပါ မဆလာကြိုက်ရင်မဆလာပါထည့်ပြီးဆီသတ်ပါ ပြီးရင်ငါးထည့်ပြီးလုံးပါ ငါးနူးလာရင်မန်ကျည်းရည်ထည့်ပါ ဆီပြန်လာရင်ရွက်ယိုရွက် ဖုံးပါ အရွက်တွေနွမ်းပြီး အပေါ့ငံစိတ်ကြိုက်ပြင်ပြီးရင်ရပါပြီ အရွက်က ကိုယ် အခါးစားနိုင်သလိုထည့်ပါ..

image
2 နှစ်များ - ဘာသာပြန်ပါ။

လူတိုင်းက အရင်ဆုံး သဘောကျပြီးတော့မှ
ချစ်သွားကြတာမလား ။
သဘောကျလို့ စတွဲကြရင်း တစ်ယောက်နဲ့တစ်ယောက်
ချစ်သွားကြတဲ့ ဇာတ်လမ်းလေးတွေ ရှိတယ်မလား။

သဘောကျရင်း သဘောကျရင်း. . .
သဘောကျလို့ စတွဲကြရင်း . . .
တွဲရင်းနဲ့ တွဲရင်းနဲ့ချစ်သွားတာမျိုးလေး ကို
သဘောကျတယ်။

သူ့အကြောင်း ကိုယ့်အကြောင်းကို
တစ်ဖြည်းဖြည်းချင်း သိပြီးတော့မှ ချစ်လာရတာ
ဘယ်လောက် ကောင်းလိုက်လဲ။

သူ့ရဲ့ အားနည်းချက် ၊ ကိုယ့်ရဲ့ အားနည်းချက်။
သူရဲ့ dark side ၊ ကိုယ့်ရဲ့ dark side
တစ်ဖြည်းဖြည်းချင်း နားလည်ပြီး ချစ်ကြတာဆိုတော့
နားလည်မှုတွေလည်း ပိုပေးနိုင်မယ်လို့ထင်တယ် ။

တွဲတာကြာလေလေ . . .
ပိုပြီး ချစ်လာလေလေ . . .
သံယောဇဉ်တွေ တိုးလာလေလေ . . .။

image

Jelly Stick?

2 နှစ်များ - ဘာသာပြန်ပါ။

ပုပ္ပါးတောင်ကလပ်💙

image
2 နှစ်များ - ဘာသာပြန်ပါ။

ပုပ္ပါးတောင်ကလပ်💙

image