16 w - Translate

❛ ရည်းစားစာ ❜
_ _ _ _ _ _ _
ကျွန်တော့်ရဲ့
မခင်သစ်ပင်။
အချစ်ဆိုတာ ပွဲလမ်းသဘင်ဖြစ်ရင်
ကျွန်တော်နဲ့ မခင်သစ်ပင်ရဲ့ ဇာတ်မှာ
ဘယ်သူ ကန့်လန့်ကာလဲ
တောတောင်လျှိုမြောင် ပိတ်ကားရှေ့
ကျွန်တော် အော်ခေါ်နေတာ
အနှစ်သုံးဆယ်။
မခင်သစ်ပင်။
ဇာတ်လမ်းအရ ငိုချင်လည်း ငိုမယ်
ပျော်ချင်လည်း ပျော်ရမယ်
ကျွန်တော် တယောမထိုးချင်ဘူး
ရောမမြို့ကြီး မီးလောင်ရင်လည်း
ကြည့်မနေနိုင်ဘူး
ကျွန်တော်ဟာ သာမန်လူဖြစ်ပြီး
ကျွန်တော်ဟာ ချစ်တတ်လို့။
မခင်သစ်ပင်။
ကျွန်တော်တို့ နှစ်ယောက်ကြား
ဘာကြောင့်
ဘာသာပြန်တစ်ယောက် ခေါ်ထားသလဲ
ကျွန်တော်က ချစ်ခြင်းမေတ္တာကို
အမှီအခိုကင်းချင်တယ်
ခင်ဗျားက ရင်ခုန်သံကို
ဈေးကြီးကြီး ရချင်တယ်
မုဆိုးတစ်ပိုင်း မိန်းမရိုင်းတွေ ဘာတွေလဲ
ခေတ်မရှိတော့
အင်ကြင်းပင်ကလည်း ရှာရခက်တယ်။
ကျွန်တော့်ရဲ့ မခင်သစ်ပင်။
မခင်သစ်ပင် ပွင့်ပြမှာလား
ကျွန်တော် ခုတ်ပစ်ရမှာလား
ဒါမှမဟုတ် ဘုရားမှာ လှူမလား
ကျွန်တော်နဲ့ ခင်ဗျား ကြားမှာ
ပန်းတစ်ပွင့် ခြားနေတယ်။
▪️ဝင်းမြင့်▪️

image
16 w - Translate

ဖြစ်နိုင်တာကို မကြိုးစားပဲ
မဖြစ်နိုင်တာကို လွမ်းသူတွေဟာ
ဒီလောကမှာ ဆုံးရှုံးမှုတွေကိုတွေ့ရတတ်တယ်။
#တက္ကသိုလ်ဘုန်းနိုင်

image

Whiplash (2012)
❝ စကားတွေထဲမှာ “ တော်တယ် ”ဆိုတဲ့ စကားလုံးလောက် အန္တရာယ်ရှိတဲ့စကား ဘာမှမရှိဘူး ❞
IMDB 8.5 တောင် ရထားတဲ့ ရုပ်ရှင်ဖြစ်ပြီး သရုပ်ဆောင်တွေကောင်းလွန်တဲ့ မင်းသားတွေရဲ့ သရုပ်ဆောင်ချက်တွေကြောင့် ကြည့်နေတဲ့ ကိုယ်တွေပါ
သူတို့ဘေးရောက်နေသလိုခံစားရစေတဲ့ လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် ရုပ်ရှင်ကားဖြစ်လို့ လက်မလွှတ်သင့်တမ်းကြည့်သင့်တဲ့ရုပ်ရှင်ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းကတော့ Andrew ဆိုတဲ့ ဆယ်ကျော်သက် Drummer သမားတစ်ယောက်ရဲ့ သူ့အိမ်မက်တွေ အမှန်တကယ် ဖြစ်လာဖို့
ကြိုးစားရုန်းကန်ခဲ့တဲ့ အကြောင်းကို အဓိက ရိုက်ကူးပြသထားပါတယ်။ Andrew က Jazz Drummer သမားတစ်ယောက်ဖြစ်ပြီးတော့
Shaffer သင်တန်းကျောင်းမှာ တက်ရောက်နေပါတယ်။ သူအိမ်မက်ကတော့ အောင်မြင်ကျော်ကြားတဲ့ Jazz Drummer တစ်ယောက်
ဖြစ်ချင်တာဖြစ်ပါတယ်။ Andrew အပါအဝင် သင်တန်းက သင်တန်းသားတွေ အကုန်လုံးက Fletcher လို့ခေါ်တဲ့ ဆရာတစ်ယောက်ရဲ့
Jazz တီးဝိုင်းအဖွဲ့မှာပါဖို့ ကြိုးစားနေကြသူတွေဖြစ်ကြပါတယ်။ ဆရာFletcher ဟာ တခြားဆရာတွေလို‌တော့ မဟုတ်ပါဘူး။ သူလိုချင်တဲ့
ပုံစံကို သူ့အဖွဲ့မှာ မရမချင်း မနားတမ်း တွန်းအားပေးတဲ့ လူမျိုး‌တစ်ယောက်ဖြစ်ပါတယ်။ အဖွဲ့ထဲ အသစ်ရောက်လာတဲ့ Andrew ဆို Fletcher ရဲ့
ပြင်းထန်လွန်းတဲ့ လေ့ကျင့်ပေးမှုတွေဆိုရင် ကြည့်နေတဲ့ ကိုယ်တွေပါ အသက်ရှုကြပ်မတတ် ခံစားရပါတယ်။ ဆရာကတွန်းအားပေး တပည့်ဖြစ်သူ
Andrew ကလည်းအပြင်းအထန်လေ့ကျင့်နဲ့ပါပဲ။ Drum တီးရတာ များလွန်းလို့ သွေးတွေထွက်လာတာတောင် မနားတဲ့သူဖြစ်ပါတယ်။
ဒီလို အပြင်းအထန်လေ့ကျင့်တဲ့ Andrew တစ်ယောက် Fletcher ရဲ့လေ့ကျင့်ပေးမှုတွေနဲ့အတူ သူ့အိမ်မက်အတိုင်း အောင်မြင်ကျော်ကြားတဲ့
Jazz Drummer တစ်ယောက်ဖြစ်လာမလား....
ဇာတ်ကားကိုကြည့်လိုက်ရင် ကျွန်တော်တို့ရေးထားတာထက် အများကြီး ပိုပြီးလေးနက်တဲ့ဇာတ်ကားတစ်ခုဖြစ်နေမယ့်အပြင် Jazz ဂီတ ကိုလည်း
အကောင်းဆုံးခံစားရစေမယ့် ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ပြီးတော့ လူငယ်တွေအတွက် သူရဲ့ ကြိုးစားမှုတွေမှာ အတုယူစရာတွေ အများကြီးပါတာကြောင့်
2012 ကထွက်ရှိထားတဲ့ "Whiplash" ဇာတ်ကားကို စိတ်ခွန်အားရဖို့ လိုအပ်တဲ့ လူငယ်တွေအတွက် ကြည့်ရှုသင့်တဲ့ကားအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။

image
16 w - Translate

သတိရလာတဲ့အခါ
ညနေခင်းတွေကို နားကျပ်တပ်ပစ်တယ်၊
ဆေးလိပ်တွေကိုအကန့်သတ်မဲ့သောက်တယ်၊
မရင်းနှီးတဲ့သီချင်းတွေနဲ့အသိကျွမ်းဖွဲ့တယ်၊
အတိတ်ကနာမည်တစ်ခုကို တိုးတိုးလေးငြီးတယ်၊
ပြီးတော့ ကိုယ့်ဘဝကိုယ်တစ်စစီပြန်လိုက်ကောက်တယ်။
#ငြိမ်းကို

image
16 w - Translate

ချစ်ခြင်းမေတ္တာကို ပန်းတွေနဲ့ဖော်ကြူးတဲ့အခါ
ကျွန်တော်ကို ကံ့ကော်ပန်း တွေပဲပေးပါ ။
#မယ်ညို

image
16 w - Translate

ဝေးရတဲ့အကြောင်းရင်းတွေကို
ရှာကြည့်လိုက်တော့
ကိုယ်တို့တွေကိန်းဂဏန်းတွေလောက်
အသံမထွက်ကြတော့တာ။
တစ်ယောက်ကိုတစ်ယောက်
မလိုအပ်တော့တာ
ဒါမှမဟုတ်တစ်ယောက်ယောက်က တစ်ယောက်ယောက်ကိုရှာတွေ့သွားတာ ။
- ဘုန်းမင်းနွေ

image
Apu Lay shared a post  
16 w

16 w

တနေ့လုံးမွှေးနေတဲ့ ယုဇနလေးပေါ့...💐🩷

#flowers

image
image
image
16 w - Translate

ကမ္ဘာပေါ်မှာ
လူတွေ တစ်ယောက်နဲ့ တစ်ယောက်
ဆက်သွယ်ပြောဆိုကြတဲ့ ဘာသာစကား
မျိုးကွဲပေါင်း ဘယ်လောက်အတိုင်းအတာ
ပမာဏအထိ ရှိနေလိမ့်မလဲဆိုတာ သူမသိဘူး။
နုံအလှတဲ့ သိုးတစ်ကောင်အတွက်တော့
သူ့ရဲ့ သိမှုတိုင်းဟာ အမြဲတမ်းလိုလို
အကန့်အသတ်တစ်ခုခု အတိအကျ
ရှိနေတတ်တယ်။ ဥပမာ - “ကျွန်မ ရှင့်ကို
ပြန်ချစ်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး” ဆိုတဲ့
စေတန်နတ်ဆိုးရဲ့ စကားကို လူယောက်ျား
တစ်ယောက်အနေနဲ့ ဘဝတစ်လျှောက်လုံး
နားလည်လက်ခံနိုင်ဖို့ရာ ခက်ခဲနေခဲ့သလိုမျိုးပေါ့။ အလိုမတူဘဲ မပွင့်ချင်တဲ့ ပန်းကလေး
တစ်ပွင့်ရဲ့ မာန်မာနအတွက် သူ့ဆီမှာ
တစ်စက်တစ်လေတောင်မှနာကျည်းစရာမရှိခဲ့။ ဒါပေမဲ့ သူ ငိုကြွေးခဲ့တယ်။
လူသားတစ်ယောက်ရဲ့ ခြေဖမိုးပေါ်
ပါးအပ်ခွင့်တောင် မရခဲ့တဲ့၊ ခံစားမှုအရာမှာ
နုံနည်း သိမ်ဖျင်းတယ်လို့ သတ်မှတ်ခံရတဲ့
သတ္တဝါတစ်ကောင်ရဲ့ ဝမ်းနည်းနာကျင်စွာ
နိမ့်ကျဖြစ်တည်ရခြင်းမျိုးနဲ့။
အဲဒီအခါမှာ သူ့ရဲ့ မျက်ရည်တွေဟာ
ရွက်ကြွေတောတစ်ခုလုံးကို ရှပ်တိုက်
ပြေးလွှားနေတဲ့ မိုးသက်လေပြင်းနဲ့အတူ
လွင့်ပါးသွားမယ်။ တောင်နံရံတွေဆီကနေ
ရိုက်ခတ်လွင့်ပျံ့လာတဲ့ အသံလှိုင်းတွေ
ကြားထဲမှာလည်း ယိမ်းထိုး လူးလွန့်နေမယ်။
ဒါပေမဲ့ မိန်းမစီးစက်ဘီး တစ်စီးရဲ့
လက်ကိုင်ပေါ်က စတစ်ကာလေးတစ်ခု
ဒါမှမဟုတ် ဆိတ်ဖလူးပန်းပင်ကလေးရဲ့
ရိုးတံပိန်ပိန်သေးသေးလေးတစ်ခု အစရှိတဲ့
မြေပြင်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့
အရာရာ တိုင်းအပေါ်မှာ တစ်စက်ချင်းစီ
ကျရောက် စိုရွှဲသွားစေဖို့တော့
သူ လုံးဝ မမေ့လျော့ခဲ့။ ဒီလိုနဲ့ပဲ
အဆုံးသတ်မှာတော့ သူ့မျက်ရည်စက်နဲ့
ထိတွေ့သမျှတိုင်းဟာ “ချစ်တယ်”လို့
အဓိပ္ပာယ်ရတဲ့ ဘာသာစကားတိုင်းကို
ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်မြောက်
သွားကြပါလိမ့်မယ်။ သိပ်လှပတဲ့
ကြိယာဝိသေသနတွေ အပြည့်အသိပ်နဲ့ပါပဲ။
▫️ဆစ်ခ်▫️

image
16 w - Translate

တနေ့လုံးမွှေးနေတဲ့ ယုဇနလေးပေါ့...💐🩷

#flowers

image
16 w - Translate

တနေ့လုံးမွှေးနေတဲ့ ယုဇနလေးပေါ့...💐🩷

#flowers

image
//