ဘိုင်ပြတ်နေပေမယ့် ဗိုက်ဆာသောအခါ
Me: ကိုကို ဟိုရာလေးစားချင်လို့ 👉👈

image
1 y - Translate

ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးဂိုးကို ဟော့ဂျ်လန်းပြန်ရသွားပါပြီ။ လက်စတာနဲ့ပွဲမှာ သွင်းနိုင်ခဲ့ပြီဖြစ်ပြီး ဂိုးမိုးခေါင်နေတာကို သူ အဆုံးသတ်နိုင်ခဲ့ပါပြီ။ အမော်ရင်ကတော့ ဟော့ဂျ်လန်းကို စိတ်ရှည်လက်ရှည်နဲ့ အချိန်ပေးပြီး ပွဲတိုင်းနီးပါးထုတ်သုံးခဲ့တာပါ။ အခု ဂိုးပြန်ရပြီဆို‌တော့ နောက်လာမယ့်ပွဲတွေမှာ သူ့ဆီကနေ မျှော်လင့်နိုင်ပါတော့မယ်။
ဒိန်းမတ်သားကလည်း ဂိုးသွင်းပြီးနောက်မှာ အားပါးတရပဲ အောင်ပွဲခံသွားပါတယ်။ အောင်ပွဲခံဟန်ကို မမေ့သေးတာတော့ ကျေးဇူးတင်ရမယ်။ 😛 ဇာ့ခ်ဇီကလည်း ခြေစွမ်းပြလာပြီ၊ ဟော့ဂျ်လန်းကလည်း ဂိုးပြန်ရပြီဆိုတော့ အမော်ရင်လည်း အားတက်နေမှာပဲ။
ယူနိုက်တက်တို့ လက်စတာကို ဂိုးပြတ်နိုင်ခဲ့ပြီး နိုင်ပွဲဆက်နေပါတယ်။ အမော်ရင်ရဲ့ ကစားကွက်မှာ နည်းနည်းလေးအဆင်ပြေလာပြီဖြစ်ပြီး ဒီထက်ပိုကောင်းအောင် လုပ်နိုင်ခဲ့မယ်ဆိုရင် ပိုကောင်းတဲ့ အသင်းတသင်းဖြစ်လာမှာပါ။ အဲဒီလိုဖြစ်လာဖို့အတွက်တော့ အများကြီးလုပ်ရဦးမှာကလည်း အမှန်တရားပါပဲ။

image

ရေသောက်ပြီးမှအပေါ့သွားပါ
အပေါ့မသွားခင်ရေသောက်ပါ
သိပြီးပြီလား
မတ်တပ်ရပ်နေစဉ်
ရေမသောက်သင့်တဲ့အကြောင်း
ကျန်းမာရေးကောင်းဖို့အတွက် တစ်နေ့ကို ရေ(၈)ခွက်သောက်တာက ပြဿနာမဟုတ်ပါဘူး။
ပြဿနာက ရေသောက်တဲ့အခါ ဘယ်လိုအနေအထားမျိုးနဲ့ သောက်ဖြစ်နေလဲဆိုတာပါပဲ။
လူတော်တော်များများဟာ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး သိပ်ပြီး မသိရှိကြသလို သတိလည်း မထားမိတတ်ကြပါဘူး။
သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်တွေအရ ရေသောက်တဲ့အခါမှာ မတ်တပ်ရပ်အနေအထားနဲ့ မသောက်သင့်ဘူးဆိုတာကို အံ့အားသင့်စွာ တွေ့ရှိခဲ့ပါတယ်။
💧၁။ အဆစ်ရောင်ခြင်းကို ဖြစ်စေနိုင်
မတ်တပ်ရပ်အနေအထားဖြင့် ရေသောက်တဲ့အလေ့အထဟာ ကြာလာတဲ့အခါမှာ အဆစ်ရောင်တဲ့ ဝေဒနာကို ခံစားလာရနိုင်ပါတယ်။ မတ်တပ်ရပ်ပြီး ရေသောက်ခြင်းက ခန္ဓာကိုယ်အတွင်းရှိ အဆစ်အဆက်များဆီသို့ အရည်ဓာတ်စီးဆင်းမှုကို အနှောက်အယှက်ဖြစ်ရာမှတစ်ဆင့် အဆစ်ရောင်ရောဂါအတွက် အစလမ်းကြောင်းကိုဖြစ်စေပါတယ်။
💧၂။ အစာခြေစနစ်ကို ထိခိုက်စေ
မတ်တပ်ရပ်ပြီး ရေသောက်ခြင်းကြောင့် ရေတွေဟာ အစာအိမ်နံရံတွေမှာ ပိုပြီး မြန်မြန်ဆန်ဆန် စီးဆင်းစေပါတယ်။ ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ စီးဆင်းမှုဟာ အချိန်ကြာလာတဲ့အခါမှာ အစာအိမ်နံရံကို ထိခိုက်စေကာ အစာခြေစနစ်ကို အနှောက်အယှက်ဖြစ်လာစေနိုင်ပါတယ်။
💧၃။ ရေဆာနေမြဲဖြစ်
မတ်တပ်ရပ်ပြီး ရေသောက်တဲ့အခါမှာ ရေဆာတဲ့စိတ်က ပျောက်မ သွားပါဘူး။
မကြာခဏ ရေထပ်ထပ်သောက်နေရပါတယ်။ ဒါ့ကြောင့် ရေသောက်တဲ့အခါ ထိုင်ပြီးသောက်တာက ရေဆာမှုကို ပိုပြီးပြေလျော့စေပါတယ်။ အနားမှာရေဘူးထားပြီး ထိုင်သောက်တတ်တဲ့အကျင့်ကို မွေးမြူထားတာ အကောင်းဆုံးပါ။
💧၄။ အစာမကြေခြင်း မကြာခဏဖြစ်စေ
နံပါတ် ၂ အချက်မှာ ပြောခဲ့သလိုပါပဲ မတ်တပ်ရပ်ပြီး ရေသောက်ခြင်းကြောင့် အစာအိမ်နံရံကို ထိခိုက်စေကာ မကြာခဏ အစာမကြေခြင်းကိုဖြစ်စေမှာပါ။ ထိုင်ပြီးရေသောက်တဲ့အခါ သင့်ရဲ့ကြွက်သားတွေနဲ့ အာရုံကြောတွေကို ပိုပြီး အနားရစေပြီး အစာမြန်မြန်ခြေဖို့ကို အာရုံကြောများက အထောက်အကူဖြစ်စေမှာပါ။
💧၅။ ကျောက်ကပ်မှ ကောင်းစွာမစစ်ထုတ်နိုင်ခြင်း
မတ်တပ်ရပ်အနေအထားဖြင့် ရေသောက်ခြင်းက ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တွေကို များစွာ အနှောက်အယှက်ဖြစ်စေပါတယ်။ ဒီလိုသောက်တဲ့အခါမှာ ကျောက်ကပ်မှ ကောင်းစွာစစ်ထုတ်မှုမပြုနိုင်တဲ့အတွက် အညစ်အကြေးတွေဟာ ကျောက်ကပ်နှင့် ဆီးအိမ်မှာ ကျန်ရှိနေနိုင်ပါတယ်။ ထိုမှတစ်ဆင့် ဆီးရောဂါဆိုင်ရာ ပြဿနာများကိုပါ ခံစားရစေနိုင်ပါတယ်။
💧၆။ ခန္ဓာကိုယ်ရှိ acid level ကို မလျော့ကျစေ
ပုံမှန်ထိုင်ပြီး ရေသောက်တဲ့အခါမှာ ခန္ဓာကိုယ်အတွင်းရှိ Acid level ကို ပိုနှေးကွေးပြီး လျော့နည်းစေနိုင်ပါတယ်။ မတ်တပ်ရပ်သောက်တဲ့အခါမှာတော့ ဒီလုပ်ဆောင်ချက်က အထောက်အကူဖြစ်စေမှာ မဟုတ်ပါဘူး။
💧၇။ အပူဖုနှင့် ရင်ပူရင်ကယ်ဖြစ်စေနိုင်ခြင်း
မတ်တပ်ရပ်ပြီး ရေသောက်ခြင်းကြောင့် အစာအိမ်နှင့် အစာပြွန်ကြား အဆက်နေရာကို အနှောက်အယှက်ဖြစ်စေနိုင်ကာ အစာအိမ်အတွင်းရှိ အက်ဆစ် များ နောက်ပြန်စီးဆင်းပြီး အစာပြွန်ကို ပူလောင်ခံစားစေရပါတယ်။ ထို့ကြောင့် ရင်ပူရင်ကယ်ဖြစ်ခြင်းနှင့် ခန္ဓာကိုယ် အပူဖုများဖြစ်ပေါ်လာနိုင်ပါတယ်။
💧၈။ အာရုံကြောများ ဖိစီးစေခြင်း
ထိုင်ပြီးရေသောက်တဲ့အခါမှာ ကြွက်သားနှင့် အာရုံကြောတွေကို အနားရစေပါတယ်။ ဒီလိုမဟုတ်ဘဲ မတ်တပ်ရပ်သောက်တဲ့အခါ အာရုံကြောတွေမှာ tension ပိပြီး ဖိအားများဖြစ်စေပါတယ်။
ကဲ . ကိုယ့်မိသားစု၊ သူငယ်ချင်းတွေ မတ်တပ်ရပ်ပြီး ရေသောက်နေတာမြင်ရင် ထိုင်ပြီး သောက်ဖို့ သတိပေးဦးနော်....

image
1 y - Translate

တည့်နေရင်အကောင်း မတည့်ရင်တောဖောက်ပြီ
😆

1 y - Translate

ကာရာဘောင် နဲ့အတူ တွေ့ရသော ဖလား ၄လုံး ချန်ပီယံလောင်း လီဗာပူး

image
1 y - Translate

port ပျောက်ဖုန်းဖြစ်မယ်လို့ သတင်းထွက်နေတဲ့ iPhone 17 Air

Apple အတွက် iPhone 17 Air ကမှ တကယ့် Special Edition မော်ဒယ်လို့ ဆိုရမှာပါ။

ဒီနှစ်ဆောင်းမှာ မြင်ရမယ့် ဒေါ်လာ ၉၀၀ ဝန်းကျင်တန် iPhone 17 Air က Apple ရဲ့ အပါးလွှာဆုံး နဲ့ အပေါ့ပါးဆုံး iPhone ဖြစ်လာပါလိမ့်မယ်။ ဒီဇိုင်းကလည်း လုံးဝအသစ်စက်စက် ကွဲထက်နေတဲ့ ဖက်ရှင်နဲ့ လာမှာပါ။

iPhone 17 Air မှာ Apple က စမ်းသပ်မှုတစ်ခုပါ လုပ်ကောင်းလုပ်လာနိုင်ပါတယ်။ အဲ့ဒါကတော့ USB-C port မသုံးတဲ့ ပထမဆုံး port-free iPhone ဆိုတဲ့ စမ်းသပ်ချက်ပါ။ ဒါက ဟိုအရင်ကတည်းက ကြံထားပြီး အခုထိ အထမမြောက်သေးတဲ့ Apple ရဲ့ အကြံတစ်ခုလည်း ဖြစ်ပါတယ်။

နာမည်ကြီး Analysts နဲ့ tipster တွေကလည်း iPhone 17 Air မှာ port-free အိုင်ဒီယာကို အကောင်အထည်ဖော်လာနိုင်တယ်ဆိုပြီး ပြောနေကြပါတယ်။ တကယ်လို့သာ port-free iPhone ထုတ်မယ်ဆိုရင် အားသွင်းတာနဲ့ ဒေတာအပေးအယူကို wireless charging နဲ့ cloud data transfer ပေါ်ပဲ လုပ်နေရမှာပါ။

အိုင်ဒီယာက တော်တော်ဆန်းပေမယ့် တကယ့်လက်တွေ့ ဖြစ်လာဖို့တော့ ခက်ပါတယ်။ အကြောင်းတစ်ခုက EU ရဲ့ ဘုံအားသွင်းစံညွှန်ကြားချက်ကြောင့် ဖြစ်နိုင်ပါတယ်။ EU ရဲ့ စည်းမျဉ်းထဲမှာ ၂၀၂၄ ဒီဇင်ဘာက စလို့ ထုတ်ကုန်တွေမှာ USB-C အားသွင်းစံကို မဖြစ်မနေ သုံးစွဲရမယ်လို့ ညွှန်ကြားထားလို့ပါ

image
1 y - Translate

လူတစ်ယောက်ရဲ့ Prime Time ဆိုတာ အချိန်အတိအကျ သတ်မှတ်လို့မရဘူး။ ဘာကာမှာ ဆေးရုံတက် အုပ်ကြီးဘဝနဲ့ ငယ်ရွယ်စဉ်ကို ဖြတ်သန်းခဲ့ရတဲ့ ဒမ်ဘီလီကို ပီအက်ဂျီမှာတော့ ရှယ်ကိုမိုက်နေတယ်။
ဒမ်ဘီလီရဲ့ Prime Time က ပီအက်ဂျီပဲ၊ ဒီရာသီမှာ ကောင်းကောင်းကြီး ဦးဆောင်ပြီး အသင်းကို ထမ်းပိုးပေးထားတယ်။ ဒါ့အပြင် ခြေစွမ်းကလည်း လုံးဝကိုထိပ်တန်းဖြစ်နေတယ်။ မနေ့ကလည်း ဂိုးသွင်းတယ်။
ဒီတစ်ရာသီလုံး ပီအက်ဂျီအတွက် ပြိုင်ပွဲစုံ ဂိုး ၃၀ အထိသွင်းထားပြီးပြီ။ ရာသီမကုန်ခင်အထိကို ဒမ်ဘီလီက ကြမ်းနေဦးမှာ။ လူဝစ်အင်းနရစ်နဲ့ တွေ့ဆုံရတာ ပီအက်ဂျီအဖို့ အတော်လေးကောင်းတယ် ပြောရပါမယ်။

image
1 y - Translate

AI ပညာရှင် ထောင်ချီ အလုပ်ခန့်မယ့် ဟောင်ကောင်
AI ကျွမ်းသူတွေအတွက် အလုပ်အကိုင်တွေ တန်းစီနေပါပြီ။
ဟောင်ကောင်မှာ မတ်လ ၂၁-၂၂ ရက် ကျင်းပမယ့် Cyberport Career Fair အလုပ်အကိုင်ပြပွဲမှာဆို ကုမ္ပဏီ ၁၀ မှာ ၇၀ က AI ပညာရှင်တွေ အလုပ်ခန့်ဖို့ ရှာနေတယ်လို့ ပြောပါတယ်။ အလုပ်အကိုင်နေရာအနေနဲ့ဆို ၂၀၀၀ ကျော် ရှိပါတယ်။
Cyberport အလုပ်အကိုင်ပြပွဲမှာ startup ၊ နည်းပညာကုမ္ပဏီနဲ့ အစိုးရဌာနတွေ အပါအဝင် အဖွဲ့အစည်းပေါင်း ၅၈၀ ကျော် တက်ရောက်မှာပါ။ ဒီအဖွဲ့အစည်းတွေ အဓိကလိုချင်သူတွေက AI professionals တွေလို့ ဆိုပါတယ်။ ခေါ်မယ့် အလုပ်နေရာရဲ့ ၆၀% လောက်ကလည်း AI နယ်ပယ်နဲ့ ဆက်စပ်နေတာပါ။
ဟောင်ကောင်ဆိုတာ စတော့ခ်အိတ်ချိန်းတွေ လည်ပတ်ရာဌာနတစ်ခုအနေနဲ့ လူသိများခဲ့ရာကနေ အခုဆို smart-living ဘက် ရောက်လာပြီလို့ ပြောနေကြပါတယ်။ smart-living နယ်ပယ်ထဲမှာ သဘာဝပတ်ဝန်းကျင် ၊ လက်လီ ၊ ကျန်းမာရေး ၊ စက်ရုပ်နည်းပညာ ၊ IoT နဲ့ ပညာရေးဆိုင်ရာနည်းပညာတွေ ပါပါတယ်။
AI skills ကောင်းတဲ့သူတွေအတွက် ဟောင်ကောင်ဟာ တံခါးကြီးကြီး ဖွင့်လာတာ ဖြစ်လို့ အခုဆို ပရော်ဖက်ရှင်နယ် ၃ ယောက်မှာ ၁ ယောက်က AI နဲ့ ဆိုင်တဲ့ အလုပ်အကိင်ဘက် ကူးပြောင်းဖို့ လုပ်နေကြပြီလို့ TechJobAsia က ပြောပါတယ်။ AI Skill ရှိတဲ့သူတွေက ပုံမှန်ထက် လစာ ၂၄% ပို ရကြတယ်လို့လည်း ဆိုပါတယ်။
အငယ်တန်း AI အင်ဂျင်နီယာတစ်ယောက်ရဲ့ တစ်လစာဟာ ဟောင်ကောင်ဒေါ်လာ ၂၄၀၀၀ (ကန်ဒေါ်လာ ၃၀၈၈) ကနေ ဟောင်ကောင်ဒေါ်လာ ၃၁၀၀၀ (ကန်ဒေါ်လာ ၃၉၈၈) လောက်အထိ ရှိနေတာပါ။ Cyberport ကလည်း AI ပိုင်း အလုပ်ရှာသူတွေကို ပညာရေးနောက်ခံ အမြင့်ကြီးတွေ မျှော်လင့်မထားဘူးလို့ ဆိုပါတယ်။
"အလုပ်ရှာသူတွေအနေနဲ့ ဘာမှမပြနိုင် blank state ဖြစ်နေရင်တောင် ရပါတယ်။ အဓိကကျတာက အသစ်အသစ်တွေနဲ့ ရင်ဆိုင်ရာမှာ သူတို့ခံယူချက်နဲ့ တွေးခေါ်နိုင်စွမ်းရည်ပါပဲ" လို့ ပွဲမှာ တက်ရောက်မယ့် blockchain ကုမ္ပဏီ DefyPay ရဲ့ CEO ပယ်ရီချန်က ပြောပါတယ်။
ဟောင်ကောင်မှာတော့ AI ဖွံ့ဖြိုးမှုကို အဓိကကျတဲ့ စီးပွားရေးမောင်းနှင်မှု ဖြစ်လာဖို့ ရည်မှန်းထားပြီး AI သုတေသနနဲ့ ဖွံ့ဖြိုးရေးအင်စတီကျူ့ဒ်တစ်ခု ထောင်ဖို့ပါ အစိုးရအနေနဲ့ ဟောင်ကောင်ဒေါ်လာ ၁ ဘီလျံ သုံးဖို့ စီစဉ်ထားပါတယ်။

image
1 y - Translate

ဂေါ်ဖီထုပ် စိုက်ပျိုးနည်း

နိဒါန်း
မြန်မာနိုင်ငံ တွင် ဒုတိယ အများဆုံး စိုက်ပျိုးသော ဟင်းသီး ဟင်းရွက် အမျိုးအစား ဖြစ်သည်။ ဂေါ်ဖီ ထုပ်ကို တစ်နှစ် ပတ်လုံး ဈေးကွက်တွင် တွေ့မြင် ရပြီး အစိမ်း လိုက် တို့မြုပ်၍ စားခြင်း၊ အသုပ်သုပ် စားခြင်း၊ ကြော် ချက်၍ စားခြင်း၊ အရည်သောက် အဖြစ်ပြုပ်စားခြင်းနှင့် အခြောက်လှမ်းစားခြင်း စသည်ဖြင့် နည်းမျိုးစုံနှင့် စားသုံး ကြသည်။

စိုက်ပျိုးချိန်
မြေပြန့်ဒေသ - စက်တင်ဘာ၊ အောက်တိုဘာ
တောင်ပေါ်ဒေသ - မတ်လမှ အောက်တိုဘာထိစိုက်ပျိုးနိုင်သည်။

မျိုးစေ့နှုန်း
ပိုးမွှားနှင့် ရောဂါ ဒဏ်ခံ နိုင်သော မျိုးကို ရွေးစိုက်ပါ။ တစ်ဧက အတွက် မျိုးစေ့ ၄၀၀ ဂရမ် ပျိုးထောင်ပါ။

ပျိုးထောင်ခြင်း
ဘောင်နှင့် ပျိုးထောင် လေ့ရှိသည်။ အကျယ် သုံးပေ၊ အမြင့် ခြောက်လက် မရှိ ပျိုးဘောင်ဖော်ပေး ရမည်။ ပျိုးဘောင် အတွင်းသို့ သဘာ၀ မြေသြဇာကို အောက်ခံ မြေနှင့် ဆတူရောစပ်၍ထည့်ပေးရမည်။ မြေကို မှုန့်ညက် အောင် ဆွ၍ ပေါင်း၊ မြက်နှင့် အမှိုက်၊ ကျောက်ခဲများကို ကောက်ပစ်ရမည်။ ပျိုးဘောင်ပေါ်တွင် လေးလက်မကွာ၍ လက်မဝက်အနက်ရှိသည့် မြောင်းငယ်များကို ဝါးခြမ်းပြားဖြင့် ကန့်လန့်ဖြတ်ဆွဲပါ။ မျိုးစေ့ကို တစ်လက် မကြားချပါ။ မြေပါးပါးပြန်ဖုံးပါ။ ရေကို ရေပန်းခရားအပေါက်သေး ဖြင့် နေ့စဉ် နှစ်ကြိမ်လောင်းပါ။ နေလောင်ဒဏ်၊ မိုးဒဏ်ခံနိုင်ရန် ကောက်ရိုးနှင့် အရိပ်မိုးပေးထားပါ။

သုံးရက်ခန့်တွင် အပင်ပေါက်လာပြီး ငါးရက်တွင် အပင်ပေါက်စုံလာမည်။ ပျိုးသက် ၁၄ ရက်သားတွင် အချိုးညီ (၂၀ း ၂၀ း ၂၀)ရွက်ဖျန်း မြေသြဇာပက်ဖျန်းပေးပါ။ ရေကိုနေ့စဉ်မပြတ်အောင် လောင်းပြီး ပိုးမွှားရောဂါကာကွယ် ဂရုစိုက်ပါ။

မြေပြုပြင်ခြင်း
စိုက်ခင်းမြေကိုလည်း အကြိမ်ကြိမ် ထယ်ထိုး၊ ထွန်မွှေ၍ မှုန့်ညက်အောင် ပြုလုပ်ရမည်။ ပေါင်းမြက်နှင့် ပင်ကြင်းပင်ကျန်များ ဖယ်ရှားထားရပါမည်။ ရေသွင်း၊ ရေထုတ်မြောင်းများပြုလုပ်၍ မိုးစိုက်တွင်စိုက်ကျင်းများ ကြိုဖော်ထားပြီး သဘာဝမြေသြဇာနှင့် တီစူပါထည့်ထားရမည်။ မြေချဉ်ပါက မြေအချဉ်အငန်ဓာတ် ၆ ဒသမ ၅ တွင် ထိန်းထားရန် ထုံးထည့်ပေးပါ။

မြေသြဇာထည့်သွင်းခြင်း
ဂေါ်ဖီထုပ် တစ်ဧကအတွက် မြေခံအဖြစ် သဘာဝမြေသြဇာ ငါးတန်၊ ယူရီးယား ၃၆ တန်၊ တီစူပါ ၄၅ ကီလိုနှင့် ပိုတက်ရှ် ၃၆ ကီလိုထည့်ပေးပါ။ ထို့နောက် ရွှေ့စိုက်ပြီး ၁၀ ရက်သားတစ်ကြိမ် ၂၅ ရက်သားတွင် တစ်ကြိမ်ယူရီးယား ကိုး ကီလိုစီ ထပ်မံထည့် ပေး၍ ခေါင်းအထုပ်စတင်ဖြစ်ချိန်တွင် ပိုတက်ရှ် ၂၇ ကီလိုနှင့် ယူရီးယား ၁၈ ကီလိုအား အပင်သန်စွမ်းမှုကိုကြည့်၍ ထည့်ပေးပါ။

စိုက်ပျိုးခြင်း
ပျိုးသက် ၂၅ ရက်သားတွင် ရေဖြတ်ပြီး ၃၀ ရက်သားတွင် စိုက်ခင်းသို့ ရွှေ့စိုက်ပါ။ ရွှေ့စိုက်ပြီးပြီးချင်း ရေဝအောင်လောင်းပါ။ သုံးရက်ဆက်တိုက် အစိုဓာတ်မပြတ်ရန် ဂရုစိုက်ပါ။ ရွှေ့ပြောင်းစိုက်ရာတွင် မျိုးကို လိုက်၍ ပင်ကြား နှစ်ပေ၊ တန်းကြား (၂ - ၂ ဒသမ ၅)ပေထိထားပါ။ တစ်ဧကတွင် အပင်ဦးရေ (၁၀,၀၀၀- ၁၂,၀၀၀)အထိ စိုက်ပါ။

အပင်ပြုစုခြင်း
ပေါင်းကို ရွှေ့စိုက်ပြီး ၁၀ ရက်မှစ၍ အပင်များ အရွက်ချင်း မထိခင်အထိ ဂရုတစိုက်ရှင်းပေးရမည်။ အပင်၊ အရွက်၊ အမြစ်များ မထိခိုက် စေရန် မြေဆွပေး၍ ဓာတ်မြေသြဇာကိုပါ တစ်ပါတည်းထည့်ပေးရသည်။ ရေကိုမပြတ်လောင်းခြင်း၊ သွင်းခြင်းဖြင့် အစိုဓာတ် မပြတ်စေရန် ဂရုစိုက်ပါ။ အထုပ်စတင်ကြီးထွားချိန် တွင် ရေပိုမိုလိုအပ်ပြီး ရင့်ခါနီးတွင် ရေလျော့ပေးရမည်။ အစိုဓာတ်များလွန်း နေပါက အထုပ်မကွဲစေရန် အထုပ်ကိုနှဲ့ပေးပါ။

ဂေါ်ဖီထုပ်တွင် စိန်ကွက်ဖလံ၊ ဂေါ်ဖီထုပ်ဖလံ၊ လှေးကျိုင်း၊ ငမြောင်တောင်များ ကျရောက်ဖျက်ဆီးတတ် ၍ တမာပိုးသတ်ဆေးကို တစ်ပတ်တစ်ကြိမ်ကာကွယ်ဆေးဖျန်းပေးပါ။ ဆိုးရွားစွာကျရောက်ပါက နီးစပ်ရာ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆက်သွယ်၍ နှိမ်နင်းပါ။

ဂေါ်ဖီထုပ်အပျော့ပုပ်၊ ဒေါင်းနီရွက်ခြောက်၊ ခြေထောက်ပုပ်၊ တင်းပုပ်ရောဂါများ ဖြစ်ပွားတတ်ပြီး တစ်နေရာတည်းတွင် ဆက်တိုက်စိုက်ခြင်း ရှောင်ပါ။ ရောဂါ ကာကွယ် ဆေးများဖြင့် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ် ထားပါ။ မြေချဉ်လွန်းပါက တင်းပုပ်ရောဂါ ကျတတ်သဖြင့် မဖောက်ထုံးကို ရွှေ့ပြောင်းမစိုက်မီ ကြိုတင်ထည့် ပေးပါ။

ခူးယူခြင်း
သက်လျင်မျိုးကို (၉၀-၁၀၀)ရက်၊ သက်လတ်နှင့်သက်ကြီးကို (၁၃၀-၁၅၀)ရက်တွင် ခုတ်သိမ်းနိုင် သည်။ ရင့်လာသောအထုပ်ကို အပေါ်မှ နှိပ်ကြည့်၍ အထုပ်ကျစ်လစ်မှုကို ခန့်မှန်း၍ခုတ်သိမ်းနိုင်သည်။ စိုက်ခင်းမှ ပွဲရုံ၊ ကားတင်သည့်နေရာ စသည့်နေရာများသို့ သယ်ဆောင်ရာတွင် မထိခိုက်စေရန် အထုပ်ကို ဂရုတစိုက်ကိုင်တွယ်ရမည်။ အောက်ရွက်ပါအောင် ခုတ်၍ အထုပ်ကို အောက်ဆုံးအထပ်တွင် အတည့်၊ ဒုတိယအထပ်တွင် ပြောင်းပြန်လှန်ထပ်၍ မျက်နှာချင်းဆိုင် တစ်လှည့်စီထပ်၍ ထည့်ခြင်းဖြင့် အထုပ်များကို ထိခိုက်မှု သက်သာစေပါသည်။

မျိုးစေ့ ထုတ်ယူခြင်း
ဒေသမျိုး ကိုသာ မျိုးစေ့ထုတ်သင့်သည်။ နိုင်ငံရပ်ခြားမျိုးများကို မထုတ်သင့်ပါ။ မျိုးစေ့ထုတ်ခင်းကို သီးသန့်ထား၍ အချိန်တူပန်း ပွင့်နိုင်သော တခြားမျိုးတူပင်များ မရှိစေရပါ။ မျိုးထုတ်ယူမည့်အပင်သည် အမျိုးအစားပုံသဏ္ဌာန်မှန်ရမည်။ အထုပ်ကျစ်လစ်ကြီး
မားရမည်။ ခါးတံ ခြောက်လက်မရှိရမည်။ ရောဂါပိုးမွှားကင်းစင်ရမည်။

ရွေးချယ်ထားသော အပင်ကိုအောက်ရွက်များ အားလုံးလှီးပစ်ပြီး အထုပ်၏အလယ် ပင်စည်တိုင်အသားကို (၁-၂)လက်မချန်၍ လေးထောင့်ပုံဖြစ်အောင် လှီးပစ်ပါ။ ပျိုးပင်ကို မြေလုံးမပျက်ယူ၍ စိုက်ဘောင်သို့ရွှေ့စိုက်ပါ။ ပင်ကြား၊ တန်းကြား(၂ x ၂)ပေ စိုက်သင့်ပြီး အမြစ် စွဲကောင်းအောင် ရေမပြတ်လောင်းပါ။

နေဒဏ်၊ ဆီးနှင်းဒဏ်ကာကွယ်နိုင်ရန် အရိပ်လုပ်ပေးပါ။ အမြစ်စွဲပြီးနောက်တွင် တဖြည်းဖြည်းပွင့်တန်များထွက်လာမည်။ သန်မာ
သော သီးကိုင်းများကိုယူပါ။ ကောင်းစွာရင့်မှည့်ချိန်၊ အစေ့အများစု အညိုရင့်ရောင် ပြောင်းချိန်တွင် ရိတ်သိမ်းအခြောက်ခံသန့်စင်၍ သန့်ရှင်းသော လေလုံပုံးများတွင်ထည့်၍ သိုလှောင်ပါ။ အပင်တစ်ပင်မှ မျိုးစေ့ ၂၅ ဂရမ်ခန့်ရရှိသည်။

- ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)

#crd
#greengarden

image
1 y - Translate

❌အကယ်ဒမီကနေ အသက် ၁၁ နှစ်မှာ အထုတ်ပယ်ခံရ
🛒 စူပါမားကတ်မှာ တွန်းလှည်းတွန်းတဲ့အလုပ်သမားလုပ်
🙏 လိဂ်ပွဲတွေ ပြန်ကစားရ
✍️ 29 မှာ နယူးကာဆယ်ကိုရောက်
🤩 31 နှစ်မှာ ချန်ပီယံလိဂ်ဂိုးသွင်းနိုင်ခဲ့
🏴󠁧󠁢󠁥󠁮󠁧󠁿 32 နှစ်မှာ အင်္ဂလန်လက်ရွေးစင်ရွေးခံရ
🏆 Wembley မှာ အကောင်းဆုံးကစားဆုရ
🏆 Wembley မှာ ဖလားရ

ဒန်ဘန်းရဲ့ ဘောလုံးပုံပြင်ကတော့ တကယ်ကိုခမ်းနားခဲ့ရပါပြီ

image