2 yrs - Translate

⚜️ England မှာ Tudor မင်းဆက်တို့ ထီးနန်းစိုးစံခဲ့ချိန် နိုင်ငံရေး၊ဘာသာရေးတွေ ရှုပ်ထွေးလှတဲ့ အချိန်ကာလတွေမှာ ကံအကြောင်းမလှစွာဖြင့် ဓားခုတ်ရာ လက်ဝင်လျှိုမိသလိုဖြစ်သွားခဲ့ရသူ 9 ရက်စံဘုရင်မ Lady Jane Grey ရဲ့ ဝမ်းနည်းဖွယ်ဘဝဇာတ်ကြောင်းဟာဆိုရင်လဲ ချန်လှပ်ထားခဲ့လို့မရတဲ့ အကြောင်းတစ်ခုပဲဖြစ်ပါတယ်။ Jane ဟာဆိုရင် England နိုင်ငံရဲ့ မြင့်မြတ်တဲ့လူချမ်းသာမိသားစုတစ်ခုဖြစ်တဲ့ Grey မိသားစုထဲမှာ 1537 ခုနှစ်တွင် မွေးဖွားခဲ့တာဖြစ်ပြီး သူမဟာ ငယ်စဉ်ကထဲက ဉာဏ်ပညာထက်မြတ်သူဖြစ်ပြီး သူများသမီးပျိုတွေလိုမဟုတ်ပဲ ကောင်းမွန်စွာပညာဆည်းပူးခွင့် ရရှိခဲ့ပါတယ်။ သို့သော်ငြားလဲ သူမရဲ့ဘာသာစကားတွေနဲ့ သီအိုရီတွေကိုလေ့လာလိုမှုကြောင့် King Edward VII ရဲ့ England နန်းတွင်းမှာ အခစားမဝင်ပဲ ပညာဆည်းပူးဖို့ ခွဲထွက်လာခဲ့ပါတယ်။ ဒါပေမယ့် 1553 ခုနှစ်မှာ Edward ရဲ့ ကျန်းမာရေး လွန်စွာဆိုးရွားလာခဲ့တာကြောင့် Edward နားမှာအခစားဝင်တဲ့ နန်းတွင်းမှာဩဇာညောင်းတဲ့သူတွေရဲ့ စည်းရုံးတိုက်တွန်းဖျောင်းဖျတဲ့စကားတွေကြောင့် Edward ဟာ သူ့ရဲ့ဖအေတူညီအမနှစ်ယောက်တို့က ကတ်သလစ်ဘာသာဝင်တွေဖြစ်နေတဲ့အတွက် Mary Tudor နဲ့ နန်းတွင်းကသဘောမကျတဲ့ Anne Boleyn ရဲ့သမီးဖြစ်နေတဲ့ Elizabeth Tudor တို့အစား သူ့ရဲ့ဝမ်းကွဲဖြစ်တဲ့ Protestant ထောက်ခံသူဖြစ်တဲ့ Lady Jane Grey ကို သူ့ရဲ့ထီးနန်းကိုဆက်ခံမယ့် အမွေဆက်ခံသူအဖြစ် သူမသေဆုံးခင်မှာ သတ်မှတ်ပေးသွားခဲ့ပါတယ်။ Jane ဟာလဲထိုအချိန်မှာ အာဏာကြီးမားတဲ့ Northumberland မြို့စားကြီးရဲ့သားဖြစ်သူ Guildford Dudley နဲ့ လက်ထပ်ပြီး Grey မိသားစုနဲ့ Northumberland မိသားစုတို့က မဟာမိတ်ဖွဲ့ထားကြပြီပဲဖြစ်ပါတယ်။ 1553 ခုနှစ် July 10 ရက်နေ့မှာ Edward ကွယ်လွန်သွားတာနဲ့တစ်ပြိုင်နက် Jane ဟာ သူမဘဝမှာ မလိုလဲမလိုချင်ခဲ့သလို ရဖို့လဲဆန္ဒမရှိခဲ့တဲ့ အင်္ဂလန်ရဲ့ဘုရင်မနေရာကို ချက်ခြင်းဆက်ခံခဲ့ရပါတယ်။ သို့သော်ငြားလဲ Edward ရဲ့ ဖအေတူမအေကွဲအမဖြစ်သူ Mary Tudor ( Bloody Mary ) ရဲ့ဆန့်ကျင့်မှုတွေကြောင့် Jane ရဲ့နန်းသက်ဟာ 9 ရက်ပြည့်တယ်ဆိုရုံလေးပဲ ကြာမြင့်ခဲ့ရပါတယ်။ Mary Tudor နဲ့ သူမကိုထောက်ခံတဲ့သူတွေနဲ့ မဟာမိတ်စစ်အင်အားစုတွေဟာ London ကိုချီတက်လာခဲ့ပြီး Mary အတွက် Jane ကိုနန်းချပြီး ဖမ်းဆီးထောင်ချကာ ထီးနန်းကိုပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ ထိုအချိန်မှာ Edward ကို Jane အားထီးနန်းလွှဲဖို့ဖျောင်းဖျခဲ့တဲ့သူတွေဟာ သူတို့အသက်အန္တရာယ်ထိခိုက်မှာစိုးတဲ့အတွက် Jane ကို Mary ရဲ့လက်ထဲထိုးကျွေးကာ ကိုယ်လွတ်ရုန်းသွားကြပြီး Jane လက်ထပ်ထားတဲ့ Dudley မိသားစုဟာ Jane ဘက်ကအစွမ်းကုန်ကူညီခဲ့သော်ငြားလဲ Mary တို့နဲ့ အင်အားမမျှသဖြင့် သဲထဲရေသွန်ဖြစ်သွားခဲ့ရပါတယ်။ သနားစရာ Jane ခမျှာ နိုင်ငံရေးပရိယာယ်တွေကြားမှာ နယ်ရုပ်လေးတစ်ခုဖြစ်သွားခဲ့ရသော်ငြားလဲ သူမကိုဖမ်းဆီးချုပ်နှောင် နှိပ်စက်မှုတွေကို အံတုသည်းခံခဲ့ပြီး ကတ်သလစ်ဘာသာကိုကူးပြောင်းဖို့ အကြိမ်ကြိမ်ဖိအားပေးခံခဲ့ရသော်လည်း သူမဟာ နောက်ဆုံးထွက်သက်အထိ Protestant ကိုသာ ယုံကြည်ထောက်ခံခဲ့ပါတယ်။ Jane ကိုနိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲဆိုခဲ့ပြီး တရားရုံးတော်မှ အပြစ်ရှိကြောင်းထင်ရှားတယ်လို့ အမိန့်ချခဲ့ပါတယ်။ 1554 ခုနှစ် February 12 ရက်နေ့ နှင်းတွေကျနေတဲ့ နံနက်ခင်းမှာ တည်ငြိမ်စွာဖြင့် Tower of London ထဲမှ သူမကိုကွပ်မျက်မယ့် စင်ရှိရာနေရာသို့ဝင်ရောက်လာခဲ့ပြီး စောင့်ကြည့်နေကြတဲ့လူထုကို သူမမှာအပြစ်မရှိကြောင်း ဘုရားသခင်အပေါ်သူမရဲ့ယုံကြည်သက်ဝင်မှုတွေကို နောက်ဆုံးအနေဖြင့် ပြောပြသွားခဲ့ပါတယ်။ သိပ်မကြာခင်မိနစ်ပိုင်းအတွင်းမှာပဲ အာဏာပါးကွပ်သားရဲ့ ပုဆိန်တစ်ချက်ဝေ့ယမ်းမှုကြောင့် အပြစ်မရှိပဲ နိုင်ငံရေးလှည့်ကွက်တွေရဲ့ ဓားစာခံဖြစ်သွားရတဲ့ Jane Grey ရဲ့ဘဝဟာ တစ်ခန်းရပ်သွားခဲ့ရပါတယ်။ Jane ရဲ့နန်းသက်ဟာတိုတောင်းခဲ့သော်ငြားလည်း သူမရဲ့ဇာတ်ကြောင်းဟာ ဘာသာရေးနိုင်ငံရေး အရှုပ်အထွေးတွေရဲ့ အန္တရာယ်တွေ ရာထူး၊အာဏာဆိုတာဟာ ထာဝရမတည်မြဲနိုင်ကြောင်း ဥပမာတွေကိုပေးသွားခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ဇာတ်ကြောင်းဟာဆိုရင် Tudor ခေတ်ရဲ့ အာဏာရရယူလိုမှုတွေ၊ ကောက်ကျစ်စဉ်းလဲမှုတွေနဲ့ သဘာဝတရားကြီးရဲ့ ခန့်မှန်းမရတဲ့ အကွေ့အကောက်အလှည့်အပြောင်းတွေကို သက်သေတည်ပေးခဲ့တာပဲဖြစ်ပါတယ်။ Jane ရဲ့အကြောင်းကိုတော့ Jane Grey 1986 movie နှင့် Becoming Elizabeth Series တို့အထဲတွေ ကြည့်ရှုနိုင်ပါတယ်။

image
2 yrs - Translate

Hot hot 🔥

2 yrs - Translate

ဘောလုံးဂိမ်းစ်ကစားသူဘဝကနေလက်တွေ့ဘောလုံးကမ္ဘာထဲ ရောက်လာသူ

(၁၈၉၂) ခုနှစ်တွင် တည်ထောင်ခဲ့သော ဘရွန်လေအသင်းသည် အသင်းသမိုင်းတစ်လျှောက် အပျော်တမ်းအဆင့်နှင့် အင်္ဂလန်အောက်တန်းအဆင့်ပြိုင်ပွဲများတွင်သာ ကျင်လည်ခဲ့ရသည့်အသင်းဖြစ်သည်။လာမည့်ရာသီတွင် ဘရွန်လေအသင်းသည် အသင်းသက်တမ်း(၁၃၂)နှစ်အတွင်း ပထမဆုံးအနေဖြင့် အင်္ဂလန်ဘောလုံးလိဂ်ပြိုင်ပွဲ၌ ပါဝင်ကစားခွင့်ရတော့မည်ဖြစ်သည်။(၂၀၂၄)National League play-off ဗိုလ်လုပွဲတွင် ပြိုင်ဘက်ဆိုလီဟားလ်မိုးစ်အသင်းကို ဘရွန်လေအသင်းက ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရပြီး အင်္ဂလန်ဘောလုံးလိဂ်အောက်ဆုံးအတန်းဖြစ်သည့် League Two ၌ လာမည့်ရာသီတွင် တန်းတက်ကစားခွင့်ရမည်ဖြစ်သည်။ယင်းကဲ့သို့ ဘရွန်လေအသင်း သမိုင်းဝင်အောင်မြင်မှုရရှိရာ၌ ဘောလုံးဂိမ်းစ်ကစားသူတစ်ဦးက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေသည်။နာသန်အီဝိုလာဘီဆိုသူ Football Manager ဂိမ်းစ်ကစားသူတစ်ဦးကို ဘရွန်လေအသင်းက အသင်းသို့ခေါ်ယူပြီး နည်းစနစ်ပိုင်းအကြံပေး(Support Performance Tactician)အဖြစ် ခန့်အပ်ထားခြင်းဖြစ်သည်။အီဝိုလာဘီသည် သူကျွမ်းကျင်စွာကစားနေသော Football Manager 2024 (FM24) ဂိမ်းစ်ထဲမှ အတွေ့အကြုံများအတိုင်း လက်တွေ့ဘဝမှ ဘရွန်လေအသင်းကို နည်းစနစ်ပိုင်းဆိုင်ရာအကူအညီများ ပေးခဲ့ရပြီး ယခုသူ၏ ကူညီထောက်ပံ့မှုများနှင့်အတူ အသင်းမှာ အောင်ပွဲရရှိခဲ့ပြီဖြစ်သည်။လန်ဒန်မြို့ရှိ ဝင်ဘယ်လေကွင်းတွင် ဧည့်လမ်းညွှန်တစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့သူ အီဝိုလာဘီအတွက် စိတ်ကူးကမ္ဘာထဲ ဘောလုံးဂိမ်းစ်ကစားသူဘဝကနေ လက်တွေ့ဘောလုံးကမ္ဘာထဲ အမှန်တကယ်ရောက်လာခဲ့ခြင်းဟု ဆိုရမည်ဖြစ်သည်။

image
2 yrs - Translate

မှတ်ဉာဏ်ကို ပိုတိုးတက်စေမယ့် နည်းလမ်း (၈) သွယ်

တစ်နေရာကို အမှုမဲ့ အမှတ်မဲ့ ရောက်လာပြီးမှ ငါ ဒီကို ဘာ့ကြောင့် လာခဲ့တာလဲ ဆို ပြန်စဉ်းစားရတဲ့ အဖြစ်အပျက်တွေ ခဏခဏ ကြုံနေပြီလား ။

တစ်နေ့တစ်နေ့ ပြေးလွှားလှုပ်ရှားနေရင်းနဲ့ မူလက လုပ်မယ်လို့ ရည်ရွယ်ထားတာတွေ မေ့သွားတာ ဖြစ်ဖူးလား၊ “ငါ အသက်ဒီလောက်ပဲ ရှိသေးတယ်၊ ဘာကြောင့် ဒီလောက်တောင် မေ့လွယ်ပျောက်လွယ်ရတာလဲ “ လို့ တွေးမိနေဖူးလား။ ဒီ နည်းလမ်းလေးတွေကို ဖတ်ကြည့်ပါ။ ဒါ သင့်မှတ်ဉာဏ်ကို ပို ကောင်းလာစေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

၁)ပီကေ ဝါးပါ
ပီကေဝါးတဲ့ လူတွေဟာ မှတ်ဉာဏ်တွေ ပိုကောင်းတယ်လို့ စမ်းသပ်ချက်တွေ အရ သိရပါတယ်။ အကြောင်းအရင်း အတိအကျကို မတွေ့ရှိသေးပေမယ့် ပီကေဝါးတဲ့ အခါ နှလုံးခုန်နှုန်းဟာ သာမန်ထက် မြန်လာပြီး ဦးနှောက်ဆီ အောက်ဆီဂျင်တွေ ပို ရောက်စေလို့ ဖြစ်နိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

၂) လက်နဲ့ ချ ရေးပါ
“ဒါလောက်များကတော့ ရေးမှတ်စရာ မလိုပါဘူး။ ဒီတိုင်း စိတ်နဲ့ မှတ်လည်း ရပါတယ် “ လို့ လူတော်တော်များများက တွေးတတ်ကြပါတယ်။ နောက်ပိုင်းကျရင် မေ့တတ်တာလည်း အဲဒီလူတွေပါပဲ။ ဒါကြောင့် ချရေးတာက ပို မှတ်မိစေပါတယ်။ ဖုန်း ၊ ကွန်ပျူတာတို့မှာ စာရိုက်ပြီး မှတ်သားထားတာထက် စာရင် လက်နဲ့ ကိုယ်တိုင်ချရေးတာက ဦးနှောက်မှာ ပို မှတ်မိစေပါတယ် လို့ အင်ဒီယားနား တက္ကသိုလ်က ဒေါက်တာ ဝပ်စ်မန်း က ဆိုပါတယ်။

၃) တရေး အိပ်ပါ
လေ့လာချက်တွေအရကတော့ တရေးလောက် အိပ်တာဟာ မှတ်ပြီးသားတွေကို ပို မှတ်မိစေပါသတဲ့။ စမ်းသပ်မှုတစ်ခုမှာ လူတစ်စုကို ရုပ်ပုံကားချပ်တွေ ပြပြီး အဲဒီလူတွေထဲက တစ်ဝက်ကို တရေးအိပ်စေခဲ့ပါတယ်။ အဲဒီနောက် ပြန်လည် စစ်ဆေးကြည့်တဲ့ အခါ တရေးအိပ်ခဲ့သူတွေဟာ မအိပ်သူတွေထက် ၆၀ ရာခိုင်နှုန်း ပိုမိုမှတ်မိနေပါသတဲ့။

၄) နည်းပညာ ပစ္စည်းတွေ သုံးစွဲမှုကနေ အချိန်တစ်ခု ယူပြီး အနားယူကြည့်ပါ
ဖုန်းတွေကို ခဏခဏ ထုတ် ပွတ်နေမိတာ၊ စောစောက တင်ထားတဲ့ status မှာ ဘယ်သူတွေ ဘာ comment ပေးနေမလဲ၊ ဓာတ်ပုံမှာ like ဘယ်လောက် ရနေမလဲ ၊ email ဘယ်နှစ်စောင် ဝင်နေမလဲ စသဖြင့် စိတ်လှုပ်ရှားတွေးတောနေတတ်တာဟာ မှတ်ဉာဏ်ကို ထိခိုက်စေသလို လက်ရှိအလုပ်အပေါ်မှာလည်း အာရုံမစိုက်နိုင် ဖြစ်စေပါတယ်။ အလုပ်တစ်ခုခု လုပ်နေချိန် ကြားမှာ ဖုန်းနဲ့ နည်းပညာ ပစ္စည်းတွေကို သံယောဇဉ်ဖြတ်ထားပါ။

၅) အလုပ်တွေ အများကြီး တပြိုင်တည်း လုပ်တဲ့ အကျင့်ကို ဖျောက်ပါ
တစ်ခုထက် ပိုတဲ့ အလုပ်တွေကို တပြိုင်တည်း လုပ်တာဟာ အတွေးပွားစရာတွေကို ပို များစေပြီး လက်ရှိအလုပ်ပေါ်ကို အာရုံစူးစိုက်နိုင်မှု ကျဆင်းစေပါတယ်။

၆) လေ့ကျင့်ခန်း လုပ်ပါ
ကိုယ်လက် လေ့ကျင့်ခန်းတွေ ပုံမှန် လုပ်တာကလည်း မှတ်ဉာဏ်ကို တိုးတက်စေပါသတဲ့။ အေရိုးဗစ်လေ့ကျင့်ခန်းတွေ၊ ရွရွပြေး(jogging) လုပ်တာတွေဟာ ဦးနှောက်ထဲက hippocampus ဆိုတဲ့ အပိုင်းကို င်္ဖွ့ ဖြိုးစေပါတယ်။ အဲဒီအပိုင်းဟာ မှတ်သားမှု၊ လေ့လာသင်ယူမှုတွေနဲ့ သက်ဆိုင်တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

၇) တရားထိုင်ပါ
စိတ်ဖိစီးမှုတွေ များလာတဲ့အခါ မှတ်သားနိုင်စွမ်းတွေ ကျဆင်းလာပါတယ်။ အဲဒီစိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ဖို့ ၊ စိတ်အာရုံစူးစိူက်တဲ့ အလေ့အကျင့်တွေ ရလာဖို့ တရားထိုင်ပါ။

၈) ဦးနှောက်ကို အလုပ်ပေးတဲ့ ဂိမ်းတွေ ကစားပါ
အလေ့အကျင့်ရှိနေမှသာ တိုးတက်ပြည့်စုံစေတာပါ။ ဦးနှောက်ကို အလုပ်ပေးတဲ့ ဉာဏ်စမ်းကစားနည်းတွေ၊ မှတ်ဉာဏ်ဂိမ်းတွေကို ကစားပါ။ ဒါပေမဲ့ လွယ်လွန်းတာတွေ ရွေး ဆော့နေမယ်ဆိုရင် ထိရောက်မှာ မဟုတ်ပါဘူး။ စိန်ခေါ်မှု မြင့်မားတဲ့ ဂိမ်းတွေ ရွေးကစားပါ။

image
2 yrs - Translate

Apple Event ကို အင်္ဂါနေ့ May 7 ရက် မြန်မာစံတော်ချိန်

ည ၈:၃၀ မှာ ပြုလုပ်မှာဖြစ်ပါတယ်။

ဒီ Event မှာ အဓိက ကြေညာမှာကတော့ iPad တွေဘဲဖြစ်ပါတယ်။

6 နှစ်အကြာပထမဆုံး ပြောင်းလဲမယ့် iPad Pro က အဓိကဖြစ်မှာပါ။

image
2 yrs - Translate

Apple Event ကို အင်္ဂါနေ့ May 7 ရက် မြန်မာစံတော်ချိန်

ည ၈:၃၀ မှာ ပြုလုပ်မှာဖြစ်ပါတယ်။

ဒီ Event မှာ အဓိက ကြေညာမှာကတော့ iPad တွေဘဲဖြစ်ပါတယ်။

6 နှစ်အကြာပထမဆုံး ပြောင်းလဲမယ့် iPad Pro က အဓိကဖြစ်မှာပါ။

image
2 yrs - Translate

Apple Event ကို အင်္ဂါနေ့ May 7 ရက် မြန်မာစံတော်ချိန်

ည ၈:၃၀ မှာ ပြုလုပ်မှာဖြစ်ပါတယ်။

ဒီ Event မှာ အဓိက ကြေညာမှာကတော့ iPad တွေဘဲဖြစ်ပါတယ်။

6 နှစ်အကြာပထမဆုံး ပြောင်းလဲမယ့် iPad Pro က အဓိကဖြစ်မှာပါ။

image
2 yrs - Translate

Apple Event ကို အင်္ဂါနေ့ May 7 ရက် မြန်မာစံတော်ချိန်

ည ၈:၃၀ မှာ ပြုလုပ်မှာဖြစ်ပါတယ်။

ဒီ Event မှာ အဓိက ကြေညာမှာကတော့ iPad တွေဘဲဖြစ်ပါတယ်။

6 နှစ်အကြာပထမဆုံး ပြောင်းလဲမယ့် iPad Pro က အဓိကဖြစ်မှာပါ။

image
image
image
2 yrs - Translate

Apple ရဲ့ Foldable iPad နဲ့ iPhone ကို 2025,2026 မှာ မြင်တွေ့န်ိုင်….

ခေါက်လို့ရတဲ့ iPad ကို 20.3 inches နဲ့ 2025 မှာ ထုတ်နိုင်ပြီး

ခေါက်ဖုန်းကိုတောာ့ 7.9 inch နဲ့ 8.3 inch တွေဖြစ်ပြီး 2026 မှာ မြင်တွေ့နိုင်မယ်လို့ သိရပါတယ်။

100% ယုံလို့မရသေးပါဘူး၊ ပိုပြီး အချိန် နီးကပ်လာမှ သေချာမှာပါ

image
2 yrs - Translate

Apple ရဲ့ Foldable iPad နဲ့ iPhone ကို 2025,2026 မှာ မြင်တွေ့န်ိုင်….

ခေါက်လို့ရတဲ့ iPad ကို 20.3 inches နဲ့ 2025 မှာ ထုတ်နိုင်ပြီး

ခေါက်ဖုန်းကိုတောာ့ 7.9 inch နဲ့ 8.3 inch တွေဖြစ်ပြီး 2026 မှာ မြင်တွေ့နိုင်မယ်လို့ သိရပါတယ်။

100% ယုံလို့မရသေးပါဘူး၊ ပိုပြီး အချိန် နီးကပ်လာမှ သေချာမှာပါ

image