2 yrs - Translate

ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပြီးလုပ်တဲ့သူတိုင်း
အကျိုးရှိမယ့် စကားကလွဲရင် တခြားစကားတွေ
များများပြောဖို့ အတွေးမရှိကြဘူး
အလုပ်ပဲ လုပ်ချင်ကြတာ ..

အသံတွေ သိပ်ထွက်နေပြီဆိုရင်
ကျိန်းသေတယ် ကြည့်ကြည့်လိုက်
လုပ်တာနည်းနည်း ပြောတာများများ
လူအမျိုးအစားတွေချည်းပဲ ...

ဘယ်ငွေစက္ကူမှ အကြွေစေ့တွေလို
အသံမထွက်ကြဘူး မဟုတ်လား ...

ဒီတော့ ကိုယ့်အလုပ်ကိုယ်သာ ကြိုးစားပြီး လုပ်
မလိုအပ်ဘဲ စကားတွေ မဖောင်းပွနဲ့
မသင့်တော်တဲ့ အသံတွေ မထွက်စေနဲ့
အလွန်အကျူး ကိုယ်ရည်သွေးစကားတွေ မပြောနဲ့ ...

ကိုယ့်ရဲ့လုပ်ရပ်နဲ့ ကိုယ့်ရဲ့အသံက
ကိုယ့်ပုံစံကို ဖော်ပြပေးလိမ့်မယ် ...

အရည်အသွေးမြင့်ပြီး တည်ငြိမ်တဲ့အသွင်အပြင်ကို
တည်ဆောက်တတ်ဖို့ စာပေဗဟုသုတ ပြည့်ဝဖို့ လိုပါတယ်။ ဒါကြောင့် စာများများဖတ်ဖို့လည်း မမေ့ပါနဲ့ ... ။

image
2 yrs - Translate

ကြက်သားပြုတ်ကြော်....😋😋

ကြက်သား ကို ဆားနဲ့ ဂျင်း ထည့်ပြီးပြုတ်ပေးပါ...15မိနစ်ခန့် (ကြက်သား ကိုရေဆေးသန့်စင်ပြီးဓါးနဲ့မွှန်းပေးပါ...😍😍

ပြုတ်ပြီး ကြက်သာ း ကို ရေနဲ့အေးအောင်ပြန်ဆေးပေးပြီး ရေခဲရေနဲ့ ခဏပြန်စိမ်ထားပေးပါ...။😍😍

ရေစိမ်ထားပြီး ကြက်သာ ကို ခဏအခြောက်ထားပေးပြီး....ဆီးပူပူမှာ အိုးအဖုံးအုပ်ပြီး ကြော်ပေးပါ အနီရောင်လေး သန်လာတဲ့အထိ ကြော်ပေးပါ.. ။

(ဆော့ ပျာရည်...2ဇွန်း
ငရုပ်သီး ဆော့..2ဇွန်း
ကြက်သား မူန့်အနည်းငယ်..
ဆားအနည်းငယ်... ထည့်ပြီ မီးအေးအေးနဲ့ ခဏချက်ပေးပါ..)

ကြော် ထားပေးတဲ့ ကြက်သား အပေါ် ကိုဆော့လေးသုပ်ပေးပါ...)

(ခဲပတ်လေးနဲ့ ခဏပြန်ကင်ပေးပါ ဆော့ အရသာထဲ ဝင်အောင်လို့ပါ..)
#credit
#crdphoto

image
2 yrs - Translate

အိမ်ထောင်ကျသွားလို့
တခြားမိသားစု တခုထဲကို ဝင်ကြတဲ့အခါ
ကိုယ့်အိမ်ထောင်ဖက်ရဲ့ ဦးစားပေးမှု
အလေးထားမှုတွေက
အမျိုးသမီးတစ်ယောက်အတွက် အရမ်းကိုအရေးပါတယ်

အမျိုးသားကသာ
ရှေ့ကနေ မားမားမတ်မတ် ရှိပေးနေရင်
ဘယ်သူကမှ ကိုယ့်အမျိုးသမီးကို လွယ်လွယ်
မပြောဆိုရဲဘူး မစော်ကားရဲ မနှိမ်ရဲသလို
ဦးစားပေးတာလဲ ခံရတယ်

သူ့အမျိုးသား သူ့ရှေ့မှာရှိနေပါလားဆိုတဲ့
တံတိုင်း ကြီးက အမျိုးသမီးတယောက်အတွက် အရမ်းလုံခြုံစေတယ်

အမျိုးသားက ကိုယ့်ဖက်က မရှိပဲ
ဘယ်သူဘာပြောပြော ကာကွယ်မပေးပဲ
သူကပါလိုက်အပြစ်တင် မကောင်းပြောရင်တော့
အမျိုးသားမျက်နှာကြည့်ပြီး
လိုက်နေရတဲ့မိန်းမတယောက်အတွက် ငရဲပဲ

သူများ သားသမီးကို ချစ်လို့ ယူယူ
ပေးစားလို့ ယူယူ
ကိုယ်နဲ့ယူပြီး မိသားစုထဲ ရောက်လာတဲ့အခါ
ကာကွယ်ပေးရမှာ စောင့်ရှောက်ပေးရမှာ
အမျိုးသားတွေရဲ့ တာဝန်ပါပဲ။ ❤️

#credit

image
2 yrs - Translate

လူတစ်ယောက်ကို ပြောင်းလဲဖို့
အချိန်တွေ အများကြီး မပေးနဲ့။

သူ့စိတ်ကို ပြောင်းလဲလို့ မရရင်
ကိုယ့်စိတ်ကို ပြောင်းလဲပစ်လိုက်ပါ။

ဘယ်လိုမျိုးလဲဆိုတော့
သူ့ကို လိုအပ်နေတဲ့ ကိုယ့်ရဲ့ စိတ်၊

သူ့အပေါ် မျှော်လင့်နေတဲ့
ကိုယ့်ရဲ့ စိတ်၊

တစ်နေ့မှာဆိုပြီး
အားတင်းနေမိတဲ့ ကိုယ့်ရဲ့ စိတ်၊

သူ မရှိရင် ဖြစ်မှာ မဟုတ်ဘူးဆိုပြီး
အားငယ်နေတဲ့ ကိုယ့်ရဲ့ စိတ်

အဲဒီစိတ်တွေကို အကုန်ပြောင်းလဲပစ်လိုက်ပါ။

ကျွန်ပ်တို့ဟာ လူတစ်ယောက်ကို
အချိန်တွေ အကြာကြီးပေးပြီး စောင့်ဆိုင်းနေဖို့တာဝန်မရှိပါဘူး။
လိုလည်း မလိုအပ်ပါဘူး။

cr𝙙_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧
#crd #photo
#အလင်းသစ်စာပေ 💜

image
2 yrs - Translate

ဘယ်အသက်အရွယ်ပဲရောက်ရောက်
လုံးဝစွန့်လွှတ်ဖို့မဖြစ်နိုင်တဲ့အရာက
ကလေးစားတဲ့ မုန့်တွေ ဝယ်စားတဲ့ကိစ္စပဲ

တစ်နေ့တစ်နေ့စားလိုက်တဲ့မုန့်
တစ်လတစ်လရတဲ့ပိုက်ဆံတွေက
မုန့်စားဖို့သုံးတာအများဆုံးပဲ

နားရက်တွေမှာ ဘာတွေလုပ်လဲကြည့်တော့
အိပ်လိုက် စားလိုက် မုန့်စားလိုက်နဲ့ ဒါပဲ

ငယ်ငယ်ကမစားခဲ့ရလို့လားဆိုတော့လည်း
မဟုတ်ဘူး ငယ်ငယ်ကတည်းက စားတဲ့ မုန့် ကို
အခုထိမဖြတ်နိုင်တဲ့ကိစ္စ

အလုပ်ဘာအတွက်လုပ်လဲမေးရင်
အမြဲမုန့်ဝယ်စားနိုင်ဖို့အလုပ်လုပ်တယ်ဖြေမယ်

ဘဝရဲ့ရည်မှန်းချက်ထဲမှာ
ကိုယ်စားချင်တဲ့မုန့်ကို စားချင်တဲ့အချိန်မှာ
ဘာမှမစဉ်းစားဘဲ စားလိုက်နိုင်ဖို့အရေးလည်း ပါတယ်

image
2 yrs - Translate

It's me.

image
Lily Soe changed her profile picture
2 yrs

image
2 yrs - Translate

" ရေစစ်သုံးခု " ဖတ်ကြည့်နော် အရမ်းတန်ဖိုးရှိတယ်😇

တစ်နေ့မှာတော့ ဆိုကရေးတီး(စ်)ရဲ့
တပည့်တစ်ယောက်က သတင်းတစ်ခုကြားလို့
သူ့ကို လာပြောသတဲ့ ။
လာပြောတဲ့ သူ့တပည့်ကို ဆိုကရေးတီး(စ်)က
ပြန်ပြောလိုက်တာလေးကို မှတ်သားသင့်လို့ပါ ။

"ဆရာ !
ဆရာ့သူငယ်ချင်းရဲ့သတင်းတစ်ခုကို
ကျွန်တော်အခုပဲ ကြားလာတယ်"

" နေဦး
ငါ့ကိုမပြောခင် မင်းစကားဟာ
ရေစစ်သုံးခုကို ဖြတ်နိုင် မဖြတ်နိုင်အရင်စစ်ရမယ်"

"ဘယ်လို ရေစစ်သုံးခုလည်းဆရာ"

"ပထမ ရေစစ်နာမည်က အမှန်တရားတဲ့။

မင်းပြောတဲ့ စကားလုံးက လုံးဝရာခိုင်နှုန်းပြည့်
အမှန်ဖြစ်မဖြစ်ဆိုတာ ပထမရေစစ်ထဲထည့်ရမယ် ။

မင်းပြောတဲ့ စကားလုံးဟာ လုံဝအမှန်ဖြစ်တယ်လို့
မင်း ရာနှုန်းပြည့် တာဝန်ယူနိုင်လား"

"ကျွန်တော်လည်း သူများဆီက ကြားလာတာဖြစ်လို့
ရာနှုန်းပြည့် မသေချာပါဘူးဆရာ"

"အေး ကောင်းပြီ ။ ဒုတိယရေစစ်နဲ့ စစ်ရအောင်"

"ဒုတိယရေစစ်ဆိုတာ ဘာလဲဆရာ"

"ဒုတိယ ရေစစ်နာမည်က ကောင်းကျိုးတဲ့ ။
မင်း အခုပြောမဲ့စကားက ကောင်းကျိုးကို
ဖြစ်စေမှာလား "

"မကောင်းတာဘဲ ဖြစ်ဖို့ များပါတယ်ဆရာ"

"ဒါဆို မင်းပြောတဲ့စကားလုံးက မှန်လည်းမမှန်ဘူး
မကောင်းတာလည်း ဖြစ်ဖို့များတယ်ပေါ့ "

"ဟုတ်ပါတယ်ဆရာ"

" အေး နောက်ဆုံးကျန်တဲ့ရေစစ်ထဲ ထည့်ကြည့်ရအောင် "

"ဘာရေစစ်လည်း ဆရာ"

" အဲဒီရေစစ်နံမည်က "အသုံးဝင်မှု"တဲ့။

မင်း ငါ့ကို ပြောမဲ့စကားက အသုံးဝင်မှုဖြစ်စေမှာလား

" အမ် သိပ်မသေချာဘူးဆရာ "

" ဒါဆို မင်းငါ့ကိုလာပြောမဲ့ဟာက
မှန်လည်းမမှန်ဘူး

မကောင်းတာလည်း ဖြစ်ဖို့များတယ်

ပြီးတော့ အသုံးဝင်ဖို့လည်း သိပ် မသေချာဘူးဆိုရင်
ငါ့ကိုဘာဖြစ်လို့ လာပြောချင်ရတာလဲ " တဲ့။

မီးခိုးဆိုတာ မီးရှို့သူ ရှိမှ ထွက်ပါတယ် ။

မီးမွှေးတဲ့လူ မဖြစ်ကြပါစေနဲ့။

မီးငြှိမ်းတဲ့သူပဲ ဖြစ်ကြပါစေ။

အတင်းအဖျင်းစကား တောင်စဉ် ရေမရ
အဓိပါယ်မရှိတဲ့စကားတွေကို
နားလည်း မထောင်ပါနဲ့ ။
လက်ဆင့်ကမ်းတဲ့သူလည်း မဖြစ်ပါစေနဲ့တဲ့ ။

#crd

image
2 yrs - Translate

တချို့ ကူညီမူ့တွေက
သဲထဲရေသွန်လိုက်သလို
တကယ့်ကိုကြုံခဲ့ဖူးတာအခါခါ

image
image
image
image
image
2 yrs - Translate

Water 💧 🚿 🚰 Cycle

image
image
image