1 y - Translate

ငါ ချစ်တဲ့ ဒဏ်ကို ခံနိုင်မဲ့သူရှားပါတယ် ။

ငါ့ဘ၀ထဲကို ၀င်လာတဲ့ သူတော်တော်များများက
ငါ့ဒဏ်ကို မခံနိုင်လို့ ထွက်သွားကြတာများတယ် ။

သူတို့တွေ ပြောကြတာတော့ ငါကဆိုးတယ် တဲ့။
ငါနဲ့မချစ်ခင်ကတည်းက ငါက ဆိုးတဲ့အကြောင်းကို
သူတို့ကို ပြောထားပြီးသား ။
ငါဟာ တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါကျရင်
စိတ်ရောကိုယ်ပါ နှစ်ပြီး ချစ်တတ်တဲ့အကြောင်းတွေကို
ငါပြောခဲ့ပြီးသား။

ငါ့စိတ်ကို သည်းခံနားလည်ပေးမယ်လို့ ကတိတွေ
အထပ်ထပ်ခံပြီး တစ်ကယ်တမ်း ငါ့ဘက်က
ချစ်တဲ့စိတ်တစ်ခုထဲနဲ့ ဆိုးလိုက်မိတဲ့အခါမှာ
ငါ့ကို အပြစ်ပြောစရာတစ်ခုလိုပဲ မြင်ကြတယ်။

တစ်ကယ်တော့ ငါဆိုးတယ်ဆိုတာ
ငါ ချစ်တဲ့သူကိုမှဆိုးမိတာ။
ငါ့ကို ချစ်ပေးနိုင်မဲ့သူ ၊
ငါဆိုးသမျှကို မညိုမငြင်နဲ့ သည်းခံပေးနိုင်မဲ့သူထင်မိလို့
ငါဆိုးမိတာ ။

(သူတို့လည်း ငါ့ကို အစပိုင်းလောက် ကောင်းပြတာပါပဲ)

ငါ ဆိုး နေရင်တောင် ငါ့ဒဏ်ကို ခံနိုင်တဲ့သူကိုပဲ
လိုချင်မိတာပါ။
သူ့ရဲ့နွေးထွေးကြင်နာမှုတွေနဲ့
ငါ့ကို ထွေးပွေ့နှစ်သိမ့်ပေးရင်း ငါ့ရဲ့ အကျင့်တွေကို
ဖြည်းဖြည်းချင်း ပြင်သွားပေးနိုင်မဲ့သူကို
မက်မောမိတာ ။

ဒါပေမဲ့လေ သူတို့ပဲ၀င်လာကြတယ် ။
သူတို့ပဲ ပြန်ထွက်သွားကြတယ် ။
အကြောင်းပြချက်က ငါ့ဒဏ်ကို မခံနိုင်လို့တဲ့။

'" တစ်ယောက်က ဆိုးလို့ရလို့ ဆိုးနေတာကို
တစ်ယောက်ကလည်း မငြိုမငြင်နဲ့
စိတ်ရှည်ပေးနေတတ်တဲ့ relationshipလေးတွေကို
မြင်ရင် ငါ သိပ်အားကျတာပဲ။"

အချစ်စစ်မှန်တယ်ဆိုရင် တစ်ယောက်ရဲ့အားနည်းချက်တွေ တွေ့နေရင်တောင် ဖယ်ခွာရမှာမဟုတ်ဘူးလေ။
လမ်းမှန်ကို ရောက်ဖို့ ပြုပြင်ပေးရမယ်မလား။

ငါကလေ ....ငါက အရမ်းဆိုးနေတတ်တဲ့သူ
မဟုတ်ပါဘူး ။
ငါက တစ်စုံတစ်ယောက်ကို သိပ်ချစ်မိသွားရင်
ငါ့အနားမှာ ငါ့ကိုပဲချစ်ပြီး ရှိနေစေချင်ရုံပါ။

ဒါပေမဲ့လေ .... ငါ့ဒဏ်ကို ခံနိုင်တဲ့သူက ရှားပါတယ်။

image
1 y - Translate

မိုးရာသီကိုချစ်တဲ့သူတွေကို Pluviophileလို့ခေါ်ပါတယ်..။Introvertအများစုသဘောအကျဆုံးကလည်းမိုးရာသီပါတဲ့..။

အပူတွေကိုချုပ်ငြိမ်းစေတဲ့မိုးစက်တွေဖြစ်လို့လည်းသိပ်မြတ်နိုးမိတာပါပဲ

မိုးရွာချိန် coffeeပြေးဖျော်တတ်သလို ခပ်အေးအေးmovieလေးတွေရှာကြည့်မိတယ်

ဒါမှမဟုတ်ဝတ္ထုလေးတစ်အုပ်ဖတ်ရင်း

အဲအချိန်မှာကော်ဖီရနံ့ဟာပိုမွှေးပျံ့ပြီး
Movieထဲကတေးသွားတွေဟာပိုပြီးအသက်ဝင်လာသလိုခံစားရလို့လေ

မိုးရွာချိန်ရော မိုးရွာပြီးစအချိန်လေးကိုပါသဘောကျမိတယ်..။လေအေးတွေနဲ့အတူဝေ့ပါလာတဲ့ မြေသင်းနံ့တွေ သစ်ရွက်လေးတွေမြက်စိမ်းလေးတွေမှာ တွဲခိုနေတဲ့မိုးရေစက်လေးတွေ..
နေရောင်ပက်ဖြန်းချိန်ဖြာထွက်သွားတဲ့အလင်းစက်လေးတွေ..နှစ်နှစ်ခြိုက်ငေးရင်း...

ဘဝမှာရှိခဲ့ဖူးတဲ့တစ်ချို့သောသူတွေကို
တစ်စုံတစ်ယောက်ကိုသတိတရလွမ်းရင်းပေါ့.

Credit from #lavenderpan -7

image
1 y - Translate

မေမှာ ရပ်တန့်လိုက်ရတဲ့ ဆက်ဆံရေးတွေရှိတယ်။
မေရောက်ပြီဆို ချစ်သူတွေ အထိအရှများတယ်။
မေဟာ နွေရဲ့ အပူဆုံးလ လဲ ဖြစ်တယ်။
ပြီးတော့ တစ်စုံတစ်ယောက်ကို
လက်လွှတ်လိုက်တဲ့လ ဖြစ်တယ်။

image

image
Bhone Maung changed his profile picture
1 y

image
Brian Newell changed his profile picture
1 y

image

image
1 y - Translate

24.5.2024 ( 2:20 PM )
မြန်မာ့ရွှေ ပြင်ပပေါက်စျေး

၁၆ ရောင်းဈေး - 5160000 Ks
၁၅ ပဲ ရောင်းဈေး - 4850000 Ks

ATMD ဝယ် - 5080000 Ks

US💲 - 4135
WG - 2338 💲

#myanmarmarketprice
#ရွှေစျေး

1 y - Translate

ရွှေစျေးကွက် ပိတ်သော်လည်း ပြင်စျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ၅၂ သိန်း ၂ သောင်းနီးပါးအထိ စံချိန်တင် စျေးထိုးတက်ပြန်

ရန်ကုန်၊ မေ ၂၂

ယနေ့ ကဆုန်လပြည့်နေ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ရွှေစျေးကွက် ပိတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၂ သိန်း ၂ သောင်းနီးပါး အထိ စံချိန်တင် စျေးထိုးတက်ခဲ့ကြောင်း ရန်ကုန်ရွှေကုန်သည်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကမ္ဘာ့ရွှေစျေးကွက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၅၃ ဒေါ်လာအထိ မြင့်တက်လာခြင်းနှင့် အမေရိကန်ဒေါ်လာတန်ဖိုး စျေးကွက်တွင် တစ်ဒေါ်လာ ၄၁၀၀ နီးပါးရှီလာခြင်းတို့ကြောင့် ပြည်တွင်း အခေါက်ရွှေစျေးနှုန်းသည် တစ်ကျပ်သားလျှင် ငွေကျပ် ၅၂ သိန်း ၁သောင်းခွဲ စျေးအထိ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

"ပြင်ပစျေးကွက်မှာတော့ စျေးကတော့ ဖွင့်ပြီး အရောင်းအဝယ်လုပ်ကြတယ်။ ဒီနေ့လည်း စံချိန်တင်စျေးပဲ မနေ့က ၅၁ သိန်း ၉ သောင်းနဲ့ ပိတ်ထားတာ။ ဒီနေ့တော့ ၅၂ သိန်း ၁ သောင်းခွဲနဲ့ပိတ်တယ်။ မနက်ဖြန်တော့ စျေးကတော့ အတက်ဘက်ပဲ ရှိတယ်။ အဓိက အရွက်စျေး(ဒေါ်လာ) လည်းမာတယ်၊ ရွှေစျေးလည်း မာတယ်။ ရွှေစျေး ကျဖို့တော့ လမ်းမမြင်ပါဘူး" ဟု ရန်ကုန်ရွှေကုန်သည်က ရှင်းပြသည်။

လက်ရှိစျေးကွက်တွင် စစ်ကောင်စီ၏ အဖမ်းအဆီးကို ကြောက်လန့်၍ ရွှေကုန်သည်အများစုမှ ပြင်ပစျေးကွက်တွင်သာ အရောင်းအဝယ် ချိတ်ဆက် လုပ်ဆောင်ကြပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ စျေးကွက်တွင် မည်သူကမှ အရောင်းအဝယ်မလုပ်ကြကြောင်း၊ ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်း၏ သတ်မှတ်သော စျေးနှုန်းမှာလည်း လက်တွေ့မကျသော စျေးဖြစ်၍ အရောင်းအဝယ်လုပ်၍လည်းမရကြောင်း ရွှေကုန်သည်များက ပြောဆိုကြသည်။

image
1 y - Translate

(24.5.2024) Friday

ယနေ့ နံနက်ခင်း ရွှေဈေး၊ငွေဈေး နှင့် ဆီဈေးနှုန်းများအား ဖော်ပြပေးလိုက်ပါတယ်

image