Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။
၁။ ဘုရားအလောင်းတော်
သုမေဓာရှင်ရသေ့သည်
ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
၂။ မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။
၃။ မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
၄။ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
ဤသို့ ထူးခြားချက် ၄-ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတ
ရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။
ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။
🇬🇳ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့
* ဗျာ-ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကိုခံယူတော်မူပါသည်။
* ဖွား-ကဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူပါသည်။
* ပွင့်-ကဆုန်လပြည့်နေ့မှာ ဘုရားပွင့်တော်မူပါသည်။
* စံ-ကဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန်စံဝင်တော်မူပါသည်။
ကဆုန်လပြည့်နေ့တွင်
မြတ်ဗုဒ္ဓ၏ အဖြစ်တော်လေးမျိုးစလုံး တိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့သောကြောင့် ထိုနေ့သည် ထူးမြတ်သောနေ့ ဖြစ်သည်။
🇬🇳ကဆုန်လပြည့်နေ့တွင်
ဒီပင်္ကရာဘုရားရှင်ထံမှ ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟူ၍ ဗျာဒိတ်တော် ရရှိခဲ့ပါသည်။
🇬🇳ဂေါတမမြတ်စွာဘုရားလောင်း ဖြစ်တော်မူသော
သိဒ္ဓတ္ထမင်းသား ကို သက္ကတိုင်း
ကပိလဝတ် (နီပေါနိုင်ငံ)တွင် ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းမျိုးဖြစ်သော သုဒ္ဓေါဒနမင်းကြီးနှင့်မိဖုရားခေါင်ဖြစ်သော သိရီမဟာမာယာ မိဖုရားကြီးတို့မှ လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ခရစ်တော်မပေါ်မီ (ဘီစီ ၆၂၃) မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့်သောကြာနေ့ နံနက် ၁ ချက်တီးအချိန် ဝိသာခါနက္ခတ်နှင့်စန်းအယှဉ်တွင် ကပိလဝတ်ပြည်မှ
ဒေဝဒဟပြည်သို့အသွား လုမ္ဗိနီအင်ကြင်းတော၌ ဖွားမြင်တော်မူခဲ့သည်။
🇬🇳မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဘုရားအဖြစ်နှင့် (၄၅)နှစ်နေပြီး၊
🇬🇳 မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။
#မူရင်းရေးသားပူဇော်သူအားဂါဝရပြုကူးယူမျှဝေပူဇော်ပါသည်။
Motivation
Confidence
Optimism
Resilience
ဆိုတာတွေကြောင့် ကဆုန်လပြည့်နေ့ကို ထူးခြားစေခဲ့တယ်...
ဘုရားအလောင်း
သုမေဓာရသေ့က ဒီပင်္ကရာမြတ်စွာဘုရားရှင်မှာ ဗျာဒိတ်ရပြီးတဲ့နောက်မှာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်ကျင့်တယ်တဲ့။
တကယ်ဆို လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းဆိုတဲ့ ကာလက အကြာကြီး။
သို့ပေမယ့် ဘုရားအလောင်းအတွက်ကတော့ မနက်ဖြန် သဘက်ခါ ဘုရားဖြစ်မလိုကို စိတ်မျိုးနဲ့ ပါရမီတွေဖြည့်ခဲ့တာတဲ့။
ဒီတော့ သူ့အတွက်ကတော့ ခဏလေးလိုပဲ ခံစားရတယ်ပေါ့။
ဒါက motivation ပဲ။
အဲ့ဒီ motivation ကြောင့်ပဲ ကြုံရသမျှ အခက်အခဲတွေကိုလည်း ကြံံ့ကြံ့ခံနိုင်ခဲ့တယ်။
motivation လို့ပြောတဲ့အခါမှာ ကိုယ်ဖြစ်ချင်တဲ့ ရောက်ချင်တဲ့ ပန်းတိုင်ကို တကယ်ကို ရောက်လိမ့်မယ်လို့ ယုံကြည်တဲ့ ယုံကြည်ချက်က အဓိကလိုတယ်။
တစ်နည်းအားဖြင့် ကိုယ်လျှောက်မယ့်လမ်းအပေါ်မှာ အကောင်းမြင်စိတ်ရှိဖို့လိုတယ်။
ငါလုပ်နေတာ ဖြစ်မှ ဖြစ်ပါ့မလား၊
ဒီပုံစံက ဟုတ်ရဲ့လား၊
ငါတကယ်ပဲ ပန်းတိုင်ရောက်ပါ့မလား ဆိုတဲ့ ဝေဝါးမှုတွေ၊ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ အဆိုးမြင်စိတ်တွေ မပါဘဲ လုပ်နိုင်တာမှ motivation ဖြစ်စေမှာ။
ဒီလို အဆိုးမြင်စိတ်တွေ မပါမှလည်း ကြံ့ကြံ့ခံနိုင်မှာလေ။
ကိုယ်မျှော်မှန်းထားရာ ပန်းတိုင်ကို ရောက်လိမ့်မယ်လို့ ယုံကြည်မှုလည်း အပြည့်ရှိတယ်၊
ကိုယ်လျှောက်တဲ့ လမ်းပေါ်မှာလည်း အကောင်းမြင်စိတ်အပြည့်ရှိတယ်၊
ပန်းတိုင်ကိုလည်း ရောက်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားကိုယ်တိုင်က ထောက်ခံချက်ပေးခဲ့တော့
သုမေဓာရှင်ရသေ့ ဘဝ
အဲ့တုန်းက ကဆုန်လပြည့်မှာ ဗျာဓိတ်ခံယူပြီး
လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာ motivation အပြည့်နဲ့ အခက်အခဲတွေကို ကြံံ့ကြံ့ခံပြီး မငြီးမငွေ့ပဲ ပါရမီတွေဖြည့်ခဲ့တာ၊ အချိန်ခဏလေးလို့ပဲ ခံစားခဲ့ရတယ်တဲ့။
နောက်ဆုံးတော့ သူလိုချင်တဲ့ ပန်းတိုင်ကို ရောက်တယ်။
ဒီလိုကဆုန်ကလပြည့်မှာပဲ
ဘုရားအဖြစ်ကို ရတယ်။
ဘုရားလောင်းရဲ့
Motivation
Confidence
Optimism
Resilience
ဆိုတာတွေကြောင့် ကဆုန်လပြည့်နေ့ကို ထူးခြားစေခဲ့တယ်...
မှိုကန်းစွန်းရိုးလှော်
မှိုကိုသင်ပြီးရေဆေးပြီးရေစစ်ထားမယ် ကန်းစွန်းရိုးလေးတွေကိုဓါးပြားရိုက်ပြီးဖြတ်ထားမယ် အိုးထဲကို ငပိနဲနဲ ဆီအနဲငယ်မျှ ဆနွင်းပါရုံ ဆားရသာမူန့် ငရုတ်သီးခြောက်နဲနဲထောင်းထည့် ရေနဲနဲနဲ့တည်မယ် ပွက်ပွက်ဆူတဲ့အချိန် မှိုကန်းစွန်းရိုးထည့်မယ် နွမ်းရင်ရပါပြီ ငရုတ်သီးစိမ်းစားချင်ရင်ခွဲထည့်နိုင်ပါတယ်နော်
#cooking