1 y - Translate

မန်ချက်စတာ ယူနိက်တက် က
တန်ဂ်ထွက်သွားရင် ဒီနည်းပြ‌‌
လေးယောက်ထဲက
တစ်ယောက်နဲ့အစားထိုးဖို့ ပြင်ဆင်နေ

မန်ချက်စတာ ယူနိက်တက် ကတော့
လာမယ့် FA ဖလားပြီးရင် တန်ဟဂ်ကို ထုတ်ပြစ်တော့မယ့် သတင်းတွေ ထွက်လာအပြီးမှာတော့ အစားထိုးမယ့်
နည်းပြ နာမည် စရင်းပါထွက်လာပါပြီး။ သူတို့က‌တော့ ပိုချက်တီနိ, သောမက်ဖရန့် (ဘရန့်ဖိုဒ့်), တူချယ် နဲ့ မက်ကန်နာ
(အကစ်ဝုခ်ျ့) တို့ပဲ ဖြစ်ပါတယ်။

image
image
image
image
1 y - Translate

Infinix ကြမ်းနေပြီ
infinix ကိုဖုန်းပဲထုတ်တယ်ထင်ရင် သင်တော့ ခေတ်နောက်ကျနေပြီပြောရမယ်

သူက Laptop လဲထုတ်သေးတယ်

GT BOOK ပါတဲ့ GT lineup အတွက် Phone နဲ့ Laptop ထုတ်ထားပုံပဲ Design Language တွေကလဲ တူတာကိုး Cyber Mecha Design လို့ခေါ်တယ် RGB Keyboard လဲဖြစ်သလို Mecha Light Bar ကတော့ Laptop ရဲ့ အနောက်ဘက်မှာပါတယ်

GT Control Centre ပါပြီး Mecha Light နဲ့ Keyboard Light အပြင် Performance Control တွေပါလုပ်နိုင်ပါသတဲ့

Specs တွေကဆက်ရရင် intel Core i9 13th Gen ကို အမြင့်ဆုံး RTX 4090 အထိ Configured လုပ်လို့ရမယ်

Gaming Laptop ဆိုတဲ့အတိုင်းပဲ Thermal ပိုင်းကိုတော့ ICE Storm3 လို့နာမည်ပေးထားတဲ့ စနစ်ကိုသုံးထားပြီး Dual Cooling Fan ပါမယ်

Display က 16-inch FHD+ Panel ကိုမှ 120Hz Refresh Rate ကိုသုံးပေးထားပြီး 100% sRGB လဲဖြစ်တယ်

Battery ပိုင်းကိုတော့ 70Wh Battery ကိုသုံးပေးထားပြီး 190W Adapter ကိုဘူးထဲမှာ ထည့်ပေးထားတယ် ဆိုပါတယ် စျေးနှုန်းကတော့ $750 ကနေ $1200 ဝန်းကျင်အထိ Specs အလိုက်စျေးနှုန်းကွာမှာဖြစ်ပါတယ်...

image

It is too hot,hiding in the fridge and not wanting to come out.

1 y - Translate

too much disappointments for today hehe so tired.

image
1 y - Translate

🌸Bridal Suits🌸

Bridal Suitကို မင်္ဂလာဆောင်မှပဲ
ဝတ်ရတော့မယ်ဆိုတဲ့ အတွေးမျိုး
အရင်ကရှိခဲ့ဖူးရင် ခုပဲမေ့ပစ်လိုက်ပါ။ 🙌အဖြူရောင် Suit တွေဆိုရင် တိုတို၊
ရှည်ရှည်၊ မပွတပွ၊ Tailored Made
ဘာဖြစ်ဖြစ် ဝတ်ချင်တဲ့အချိန်
ကြိုက်တဲ့စတိုင်ရွေးပြီးသာ
ဝတ်ချလိုက်ပါဗျို့ 🤍
သူ့ကိုဆို ပွဲတက်အတွက်မှ မဟုတ်ပဲ work wardrobe အတွက်လည်း
ရွေးလို့ အဆင်ပြေပါတယ်တဲ့။👌

image
1 y - Translate

What i want what i am

image
1 y - Translate

What i want what i am

image
1 y - Translate

What i want what i am

imageimage
1 y - Translate

လူတွေက ဘာလို့ မရတာဆို
ပိုလိုချင်ကြသလဲ?

မရနိုင်ဘူးဆိုမှ ပိုလိုချင်ကြတာမျိုး လူတိုင်းနီးပါး ကြုံဖူးကြမှာပါ။ ဒါပေမယ့် ဒါကဘာကြောင့်လဲဆိုတာကို စေ့စေ့ပေါက်ပေါက် စဥ်းစားဖူးတဲ့ လူတွေလည်းရှိနိုင်သလို လူတိုင်း ဒီလိုပါပဲ ဆိုပြီး တွေးလိုက်ကြတာ များပါတယ်။ အမှန်တော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး စိတ်ပညာ ဘာသာမှာ သုံးသပ်ထားတဲ့ သီအိုရီတစ်ချို့ ရှိတဲ့အတွက် ဘာကြောင့်လဲဆိုတဲ့ အဖြေကိုရှာကြည့်လိုက်ရအောင်။

ရှားပါးမှု နိယာမ (Scarcity Principle)

ဒီနိယာမဟာ စီးပွားရေးနဲ့ မားကတ်တင်းသမားတွေ အသုံးများပါတယ်။ ပစ္စည်းတစ်ခုကို ကန့်သတ်အရေအတွက် (limited edition) ထုတ်ပြီးတော့ လူတွေပိုဝယ်အောင် လုပ်တာမျိုးပါ။ ရှားပါးပြီး ရဖို့ခက်တာမျိုးဆို ပိုပြီးတန်ဖိုးထားကြတယ်လို့ ဒီနိယာမက အဆိုပြုပါတယ်။ တစ်စုံတစ်ရာက ရှားတယ် ရဖို့ခက်တယ်ဆိုရင် ပိုတန်ဖိုးကြီးတယ် ဆိုတဲ့ စိတ်ကြောင့် ပိုလိုချင်တာ၊ ကိုယ့်မျက်စိရှေ့မှာရောက်နေတယ်ဆိုရင် အခုမှမရရင် နောက်တစ်သက်လုံးပြန်ရတော့မှာ မဟုတ်ဘူးဆိုတဲ့ စိတ်ဖြစ်လာတတ်ပါတယ်။ သူများတွေထက် နောက်ကောက်ကျန်ခဲ့မှာစိုးတဲ့ စိတ်ကြောင့်လည်း ရှားပါးပြီး ပိုခက်ခဲတာမျိုးဆို ပိုလိုချင်ကြတယ်လို့ ရှားပါးမှု နိယာမက ဆိုပါတယ်။

တုံ့ပြန်မှု သီအိုရီ (Reactance Theory)

စိတ်ပညာရှင် ဂျက်ဘရမ်း (Jack Brehm) က လူတွေဟာ လုပ်လို့မရဘူးဆိုပြီး ကန့်သတ်ခံရတဲ့အခါ သူတို့ရဲ့ လွတ်လပ်တဲ့စိတ်ကို ခြိမ်းခြောက်ရာရောက်တဲ့အတွက် ပိုပြီးလုပ်ချင်ကြတယ်လို့ ဆိုပါတယ်။ လူတစ်ယောက်က သူ့အတွက် ရွေးချယ်စရာတွေကန့်သတ်ခံရတယ်လို့ ခံစားရတဲ့အခါ မလုပ်ရမယ့်အရာတွေကို ပိုလိုချင်ခြင်းနဲ့ လွတ်လပ်မှုကို ပြန်ရှာကြပါတယ်။ ကိုယ့်ဘဝကို ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ခံစားချက်ကို လူတိုင်းလိုချင်ကြတဲ့အတွက် ဒီလိုကန့်သတ်ချက်တွေကို ပိုလုပ်ချင်တဲ့စိတ်နဲ့ ထိန်းချုပ်မှု (Control) ကိုရှာဖွေတတ်ကြတယ်လို့ ဂျက်ကဆိုပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဒီစိတ်ကို ထိန်းချုပ်နိုင်စွမ်းများတာကြောင့် ဒီသီအိုရီကို ဆယ်ကျော်သက်နဲ့ ကလေးတွေမှာ ပိုပြီးထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။

လူနေမှု အဆင့်သတ်မှတ်ခြင်း (Social Comparison)

လီယွန် ဖတ်စ်တင်ဂျာ (Leon Festinger) လို့ခေါ်တဲ့ စိတ်ပညာရှင်က လူတွေဟာ သူတို့ရဲ့ တန်ဖိုးကို လူနေမှုအဆင့်အတန်းနဲ့ သတ်မှတ်ကြတယ်လို့ ပြောပါတယ်။ လူတစ်ယောက်က ပတ်ဝန်းကျင်ကလူတွေကို သူ့ထက် မြင့်တယ်၊ နိမ့်တယ်လို့ အဆင့်ခွဲပြီး သူတို့ကို သူတို့ နံပါတ်ဘယ်လောက်ဆိုပြီး အဆင့်သတ်မှတ်တတ်ကြပါတယ််။ ဒီလိုနှိုင်းယှဥ်တဲ့အခါမှာ ကိုယ့်ထက်မြင့်တယ်လို့ယူဆထားတဲ့ အဆင့်တွေကနေ ကိုယ့်မှာမရှိတာတွေကို လိုချင်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒီဘက်ခေတ်မှာ အွန်လိုင်းနဲ့ ဆိုရှယ် မီဒီယာကြောင့် ဒီသီအိုရီက ပိုမှန်လာပြီး လူတွေက အမြဲတစ်ဆင့်တက်ဖို့ ကြိုးစားနေကြတာကို တွေ့နိုင်ပါတယ်။

မရတာကိုမှ ပိုလိုချင်တဲ့ကိစ္စတွေဟာ နေ့စဥ်ဘဝအပါအဝင် လူတွေအကြား ဆက်ဆံရေး (relationship) နဲ့ အလုပ်ခွင်တွေမှာလည်း တွေ့ရဖို့ မခဲယဥ်းပါဘူး။ ကိုယ့်ကို မလိုချင်တဲ့ လူကိုမှ ပိုပြီး တမ်းတမ်းစွဲဖြစ်ကြတာ၊ ရဖို့ခက်တဲ့ အလုပ်ကိုမှ လိုချင်တာ၊ မရမကလိုက်ရှာပြီး ဝယ်ထားရတဲ့ ပစ္စည်းကိုမှ ပိုတန်ဖိုးထားကြတာ စတာတွေက အပေါ်မှာ ဖော်ပြခဲ့တဲ့ သီအိုရီ၊ နိယာမတွေနဲ့ အတော်လေးတိုက်ဆိုင်ပါတယ်။

ဒီစိတ်ဟာ အသုံးချတတ်ရင် ကိုယ့်ဘဝအတွက် အသုံးဝင်နိုင်ပေမယ့် မထိန်းချုပ်နိုင်ရင် ကိုယ့်မှာလက်ရှိရှိနေတဲ့ အရာတွေကို လျစ်လျူရှုမိနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် လက်ရှိရှိနေတဲ့ အရာတွေကိုလည်း တန်ဖိုးထားတတ်ဖို့လိုသလို ကိုယ်တကယ်လိုချင်တဲ့ အရာလား၊ သူများတွေမှာရှိနေလို့ ဖိအားတစ်ခုကြောင့် လိုချင်နေတာလား၊ ကိုယ့်အတွက်တကယ် အသုံးဝင်လား စတဲ့မေးခွန်းတွေကို သုံးသပ်ပြီး တကယ်လိုချင်တဲ့အရာတွေအတွက်ပဲ ကြိုးစားဖို့ အကြံပြုလိုက်ပါတယ်။

image
1 y - Translate

Milton Abbas Village, England 💚

image