2 နှစ်များ - ဘာသာပြန်ပါ။

အေး

image
2 နှစ်များ - ဘာသာပြန်ပါ။

ဦးနှောက်က အဲ့လိုနေရာမျိုးဆို သိပ်ကောင်းတာ

image

Strawberry milk ❤

2 နှစ်များ - ဘာသာပြန်ပါ။

ပန်းတွေကို သဘောကျတဲ့
သာမန်လူသားတစ်ယောက်ပဲ ဖြစ်လိုတယ်။
အေးချမ်းခြင်းကို ပိုသဘောကျတယ်
စိတ်အထိအခိုက်များတဲ့ နေ့တွေမှာတောင်
ပန်းရုံတွေ တွေ့ရုံနဲ့ ပြုံးမိတတ်တယ်။

imageimage
2 နှစ်များ - ဘာသာပြန်ပါ။

အခုလည်း ကလေးတွေနဲ့ လိုက်ကစားတုန်း ... 🥲

image
2 နှစ်များ - ဘာသာပြန်ပါ။

Crush ကို ဘာပြောချင်လဲ*
ငါ :

image
2 နှစ်များ - ဘာသာပြန်ပါ။

အချစ်သစ်တွေ့နေပြီဖြစ်တဲ့ ဂျေဆင် မိုမိုအာ

၂၀၂၂ ခုနှစ်မှာ လီဆာဘိုးနက်နဲ့ ကွာရှင်းခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် Aquaman မင်းသား ဂျေဆင်မိုမိုအာဟာ အခုဆို အချစ်သစ်တွေ့နေပါပြီ။ လက်ရှိ သူ တွဲနေတဲ့သူက အသက် ၃၂ နှစ်အရွယ် မင်းသမီး အက်ဒရီယာ အာဂျိုနာဖြစ်ပြီး သူတို့တွဲနေတယ်ဆိုတာကို ချပြထားပါတယ်။ မကြာသေးခင်က ဂျပန်နိုင်ငံကို ခရီးထွက်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့ဓာတ်ပုံတွေကို ဂျေဆင်မိုမိုအာက လူမှုကွန်ယက်ပေါ် တင်ခဲ့တာပါ။

အက်ဒရီယာနဲ့ မတွဲခင် ဂျေဆင်မိုမိုအာက မင်းသမီး အီဇာ ဂွန်ဇလက်ဇ်နဲ့ လအနည်းငယ်ကြာ တွဲခဲ့ပါသေးတယ်။ ဂျေဆင်ကို Game of Thrones၊ Aquaman ဇာတ်ကားတွေနဲ့ လူသိများပါတယ်။

အက်ဒရီယာကလည်း အရင်က လက်ထပ်ခဲ့ဖူးပါတယ်။ ၂၀၁၉ ခုနှစ်မှာ ရှေ့နေ အက်ဂါဒို ကာနေးစ်နဲ့ လက်ထပ်ခဲ့တာပါ။ သူ့ကို Morbius၊ Father of the Bride၊ Good Omens and Andor ဇာတ်ကားတွေနဲ့ လူသိများပြီး သူ့ရဲ့Netflix ဇာတ်ကားသစ်Hit Man ကလည်း ဇွန်လထဲ ထွက်ရှိမှာဖြစ်ပါတယ်။ ဂျေဆင်နဲ့ အက်ဒရီယာတို့က ၂၀၂၁ ခုနှစ် ဇာတ်ကား Sweet Girl မှာ အတူတူပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

Rievaulx, North Yorkshire, UK 💚💚💚

image
2 နှစ်များ - ဘာသာပြန်ပါ။

ခွေးလေးတွေမှာ အဖြစ်များတတ်တဲ့ သတိပြုစရာ Parvovirus

Parvovirus ဆိုတာ ခွေးလေးတွေကို အသက်ဆုံးရှုံးတဲ့ထိ ဖြစ်စေနိုင်တဲ့ ကူးစက်မြန် ရောဂါပိုး တစ်ခုဖြစ်ပါတယ်။ ဒီပိုးဟာ အလွန်ကူးစက်မြန်ပြီး အဖြစ်များတာကြောင့် ခွေးချစ်သူနဲ့ ခွေးမွေးထားသူတွေ သတိထားပြီး ဂရုစိုက်သင့်တဲ့ ရောဂါဆိုလည်း မမှားပါဘူး။

Parvovirus အကြောင်း

Parvovirus ဆိုတာ ခွေးတွေရဲ့ အူလမ်းကြောင်းကို အဓိက တိုက်ခိုက်တဲ့ ပိုးဖြစ်တဲ့အတွက် မြန်မာလို “သွေးဝမ်းရောဂါ” လို့တချို့က ခေါ်ကြပါတယ်။ ဒီ virus ဟာ ခွေးပေါက်အရွယ် (Puppy stage) နဲ့ ကာကွယ်ဆေးမထိုးထားတဲ့ ခွေးလေးတွေမှာ ပိုအဖြစ်များတတ်ပြီး ရောဂါပိုးရှိတဲ့ ခွေး ဒါမဟုတ် ပစ္စည်း (အစာခွက်, လည်ပတ် စသည်) အပြင် ရောဂါပိုးရှိတဲ့ ပတ်ဝန်းကျင်နဲ့ ထိတွေ့မိတာနဲ့ ကူးစက်နိုင်ပါတယ်။ Parvovirus က ရှင်သန်နိုင်စွမ်းအရမ်းမြင့်ပြီး ပတ်ဝန်းကျင်မှာ လနဲ့ချီရှိနေနိုင်တာကြောင့် ကူးစက်ဖို့ အရမ်းလွယ်တဲ့ ပိုးပါ။

ဒီရောဂါပိုး ကူးစက်ခံရပြီဆို ခွေးတွေရဲ့ အူလမ်းကြောင်းကို တိုက်ခိုက်တာကြောင့် အာဟာရစုပ်ယူနိုင်စွမ်းကို လျော့ကျစေပြီး ကိုယ်ခံအားကျဆင်းစေပါတယ်။ ဒီအခါမှာ မကြေသွားတဲ့ အစာတွေအပြင် အရည်တွေကြောင့် ဝမ်းလျှောလာပြီး ရေဓာတ်ခန်းခြောက်ခြင်းတွေ နောက်ဆက်တွဲ ဖြစ်လာပါတယ်။ Parvovirus ဟာ ရိုးတွင်းခြင်ဆီကိုပါ တိုက်ခိုက်တာကြောင့် ဖြစ်နေပြီးသားပိုးကို မကာကွယ်နိုင်တဲ့အပြင် တခြား infection တွေ ဝင်လာတဲ့အခါမှာလည်း ကိုယ်ခံအားက ကျနေတဲ့အတွက် မတားဆီးပေးနိုင်တော့ပါဘူး။ ဒီလိုအခြေအနေမှာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ကြရတာပါ။

Parvovirus ကူးစက်ခံရပြီဆိုရင်
-အစာပြန်အန်ခြင်း (ပထမဆုံး စဖြစ်တတ်တဲ့ လက္ခဏာဖြစ်ပါတယ်)
-ဝမ်းလျှောခြင်း (သွေးပါပြီး မူမမှန်တဲ့ ဝမ်းသွားတာမျိုး စပြီး သတိပြုမိလာပါလိမ့်မယ်)
-အားပျက်ပြီး နွမ်းလျနေခြင်း (ရောဂါကူးစက်ခံရတဲ့ ခွေးလေးတွေက သိသိသာသာ အားမရှိဘဲ မောနေတတ်ပါတယ်)
-အစာမစားတော့ခြင်း
-ရေဓာတ်ခန်းခြောက်ခြင်း
-ခန္ဓာကိုယ်အပူချိန်မြင့်တက်လာခြင်း စတဲ့လက္ခဏာတွေ ပြလာတတ်ပါတယ်။

Parvovirus မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

ကူးစက်ရောဂါပိုးဖြစ်တဲ့အတွက် ကာကွယ်ဆေးထိုးခြင်းနဲ့ အကောင်းဆုံးကာကွယ်နိုင်ပါတယ်။ ၆ ပါတ်ကနေ ၈ ပါတ်အတွင်း ခွေးပေါက်လေးအရွယ်မှာတည်းက ဆေးသေချာထိုးသင့်ပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုအပ်တဲ့အထိ မပျက်မကွက် ထိုးသင့်ပါတယ်။ အသက်ကြီးတဲ့ ခွေးတွေမှာလည်း ဆရာဝန်ညွှန်ကြားချက်အတိုင်း ကာကွယ်ဆေး ထိုးပေးနိုင်ပါတယ်။

ကိုယ့်ကလေးကို ကာကွယ်ဆေးထိုးထားဖို့လိုသလို သူတို့ရဲ့ ပတ်ဝန်းကျင်မှာလည်း ရောဂါပိုးနဲ့ မထိတွေ့မိအောင် အတတ်နိုင်ဆုံး သတိထားသင့်ပါတယ်။ ကာကွယ်ဆေး အကြိမ်ရေမပြည့်သေးခင်မှာ ပန်းခြံတွေ မသွားတာ တခြားခွေးတွေရှိတဲ့ အပြင်မှာ လွှတ်မထားတာမျိုးနဲ့ ကာကွယ်နိုင်ပါတယ်။

တကယ်လို့ ကိုယ့်ရဲ့ခွေးလေးက ရောဂါကူးစက်ခံနေရပြီလို့ သံသယရှိတယ်ဆိုရင် ဆေးခန်းအမြန်ဆုံးပြဖို့ လိုပါတယ်။ ဒါမှသူတို့လိုအပ်နေတဲ့ ရေဓာတ်၊ electrolyte နဲ့ အာဟာရတွေကို ဆေးနဲ့ အစားစားပြွန်တွေကနေတစ်ဆင့် ရရှိနိုင်မှာပါ။ ဒီပိုးဟာ အစာစားချင်စိတ်နဲ့ ကိုယ်ခံအားကို လျော့စေတာကြောင့် အိမ်မှာ ကုလို့မရနိုင်ပါဘူး။ ကျွမ်းကျင်ဆရာဝန်တွေနဲ့ ကိုယ်ခံအားကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်တဲ့အကူအညီတွေ ရှိနေမှသာ ဒီရောဂါပိုးကို တိုက်ထုတ်နိုင်မှာပါ။

ကိုယ့်အိမ်မှာ တစ်ကောင်ထက်ပိုတဲ့ ခွေးတွေရှိတယ်ဆိုရင် သူတို့နေတဲ့နေရာတွေကို သန့်သန့်ရှင်းရှင်းထားတာ ပိုးသတ်တာမျိုးလုပ်ပြီး virus ပွားမှုကို ဟန့်တားနိုင်ပါတယ်။ ခွေးလေးတွေထဲက တစ်ကောင်ကောင်မှာ virus ရှိနေပြီဆိုရင် သူ့ကို တစ်ကောင်တည်းသီးသန့်ထားပြီး သန့်သန့်ရှင်းရှင်းထားခြင်းနဲ့ တခြားခွေးလေးကို မကူးအောင်ကာကွယ်နိုင်ပါတယ်။

Parvovirus က ကူးစက်မြန်ပြီး ကြောက်ဖို့ကောင်းတဲ့ ရောဂါပိုးဆိုပေမယ့် ကာကွယ်ဆေးထိုးတာ၊ သူတို့လေးတွေကို သန့်သန့်ရှင်းရှင်းထားတာ၊ ကူးစက်ခံရတဲ့အခါ လက္ခဏာကို စောစောသိပြီး မြန်မြန်ကုတာ စတာတွေကို သတိထားပြီး လုပ်ပေးရင် အနိုင်ယူနိုင်ပါတယ်။ ဒါ့ကြောင့် ဒီရောဂါပိုးကို ကြောက်လန့်မယ့်အစား သတိထားကာကွယ်ပြီး ကိုယ်ချစ်ရတဲ့ ပါပီလေးတွေနဲ့ ပိုမိုကောင်းမွန်တဲ့ နေ့ရက်တွေကို ဖန်တီးကြပါစို့ …

image
2 နှစ်များ - ဘာသာပြန်ပါ။

📰 : ရီးရဲယ်ကွင်းလယ်လူ လူကာ မိုဒရစ်ဟာ အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်လောက်အထိ ရီးရဲယ်မက်ဒရစ်အသင်းဟာ ခရိုအေးရှားသားကြီးနဲ့ ဒီရာသီကုန်မှာ လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပေမဲ့ ယခုချိန်မှာတော့ မိုဒရစ်နဲ့ ဖလော်ရီယန်တီနို ပီရက်ဇ်တို့နှစ်ယောက်ကြား သဘောတူညီမှုရရှိခဲ့ခြင်းနဲ့အတူ အသင်းမှာ ဆက်ရှိနေတော့မှာပါ။

အသက် ၃၈ နှစ်အရွယ် ကွင်းလယ်လူကြီးဟာ လစာအမြောက်အများရနိုင်တဲ့ ဆော်ဒီကလပ်တွေထက် လက်ရှိလစာထက်တော-င် အဆပေါင်းမြောက်များစွာ လျှော့နည်းတဲ့ ရီးရဲယ်ရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကိုပဲ လက်ခံခဲ့တာပါ။

သူဟာ ဘာနေဗျူးမှာပဲ ကစားသမားဘဝကို အဆုံးသတ်ချင်ပြီး၊ လာမဲ့ရာသီမှာလည်း အသင်းခေါင်းဆောင်တစ်ယောက်အဖြစ်နဲ့ ဆုဖလားတွေ ထပ်မံဆွတ်ခူးဖို့ ရည်ရွယ်ထားတာကြောင့်လို့ သိရပါတယ်။

Source- ( Jose Felix Diaz )

image