Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လမ်းလွဲသွားတာမဟုတ်ဘူး လမ်းဆုံးသွားတာပါ
လမ်းလွဲခဲ့ရင် တစ်ကွေ့ကွေ့မှာဆုံနိုင်ပေမယ့်
လမ်းဆုံးသွားရင်တော့ ဘယ်အကွေ့မှာမှ
ထပ်မဆုံတော့ပါဘူး ။
#crd??
Doge Coin ရဲ့အမှတ်သင်္ကေတ Shiba Inu ခွေးလေး ဖြစ်တဲ့ Kabosu က
ဒီတစ်ပတ်ထဲမှာ
သေဆုံးသွားတယ်လို့ သိရပါတယ်
Kabosu အကြောင်းကို ပြောရရင်တော့ Internet Favourite Dog (ဒါမှမဟုတ်) Cele Dog လို့ပဲပြောရမလားပဲ အင်တာနက်ပေါ်မှာ သူ့ရဲ့ပုံတွေက နာမည်ကြီးတာဆိုရင် ၁၄ နှစ်နီးပါးရှိပါပြီ
သူ့ရဲ့သခင် ပြောပြပုံအရတော့ May 24 နေ့မှာ အသက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ Kabosu က အိပ်နေရင်းညင်ညင်သာသာပဲသေဆုံးသွားတယ်လို့ပြောပါတယ်
သူ့ရဲ့နာမည်ကြီးလာပုံကတော့ ဂေဟာကနေ မွေးစားအပြီးမှာ သူ့ရဲ့ ပုံကို Blog Post မှာတင်လိုက်တာကနေ Reddit ပေါ်ရောက်ပြီးနာမည်ကြီးသွားတာပါတဲ့ Meme ဖြစ်သွားတာပေါ့
နောက်ပိုင်း Cryptocurrency တစ်ခေတ်မှာ Doge Coin Logo မှာထည့်သုံးတဲ့အခါ တစ်ဖန်ပြန်လည် နာမည်ပိုကြီးလာခဲ့ပါတယ်
နောက်ပိုင်း Elon Musk ကိုယ်တိုင်ကလဲ Doge Coin အကြောင်းတင်တာတွေအပြင်
X Platform (ယခင် Twitter) ရဲ့ icon ကို Doge ရဲ့ ပုံကိုပြောင်းခဲ့တာတွေကလဲ နာမည်ပိုကြီးစေခဲ့တာဖြစ်ပါတယ်
ဘိုးဘွားရိပ်သာမှ အသက် ၁၀၀ ကျော် ချစ်သူနှစ်ဦးရဲ့ လက်ထပ်ပွဲ
ဘိုးဘွားရိပ်သာမှာ ဖူးစာစုံတဲ့ အသက် ၁၀၀ ကျော် ချစ်သူနှစ်ဦးဟာ တရားဝင် ထိမ်းမြားလက်ထပ်လိုက်ကြပါပြီ။ အသက် ၁၀၀ အရွယ် အဘိုးအို ဘာနီလစ်တမန်းနဲ့ အသက် ၁၀၂ နှစ်အရွယ် အဘွားအို မာဂျိုရီတို့ဟာ လွန်ခဲ့တဲ့ ၉ နှစ်ကစပြီး အမေရိကန်နိုင်ငံ၊ ဖီလာဒဲလ်ဖီးယားမြို့မှ ဘိုးဘွားရိပ်သာမှာ ဆုံစည်းခဲ့ကြတာပါ။ တစ်ဦးနဲ့တစ်ဦး မျက်စိအောက်မှ အပျောက်မခံနိုင်တဲ့အထိ သံယောဇဉ် ပိုမိုခိုင်မာလာပြီးနောက် ထိမ်းမြားလက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
ပုံမှန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဘိုးဘွားရိပ်သာဟာ သူတို့ရဲ့လက်ထပ်ပွဲကြောင့် မင်္ဂလာခန်းမတစ်ခုလို ပျော်ရွှင် စည်ကားတဲ့ နေရာလေးတစ်ခု ဖြစ်သွားခဲ့ပါတယ်။ အံ့အားသင့် ပျော်ရွှင်နေကြတဲ့ နှစ်ဖက်အသိုင်းအဝိုင်းရဲ့ ရယ်မောသံတွေနဲ့ ဝေဆာခဲ့ပြီး အားလုံးလည်း ပျော်ရွှင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ တချို့တွေကတော့ သူတို့နှစ်ဦးကိုကြည့်ပြီး အချစ်ဆိုတာ အသက်အရွယ်နဲ့မဆိုင်ဘူးလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။