51 w - Translate

မေတ္တာစူ:တယ်ဆိုတာ တကယ်ရှိတယ်နော်
အချိန်တစ်ခုရောက်လာရင် ကိုယ်လုပ်ခဲ့တဲ့
မကောင်းတဲ့အရာမှန်သမျှက ကိုယ့်ဆီကို
သေသေချာချာကို ပြန်ရောက်လာတယ်ဆိုတာကို
ကျနော်တို့သိထားဖို့လိုတယ် အနှေးနဲ့အမြန်ပဲကွာတယ်
အဲ့တာကြောင့် ကိုယ့်အပေါ်မှာကောင်းခဲ့တဲ့သူတွေကို
ကိုယ့်အပေါ်မှာ စေတနာထားပေးတဲ့သူတွေကို ကျေးဇူးမတင်ရင်တောင် ကျေးဇူးမကန်:မိဖို့အရမ်းအရေးကြီးတယ်
မ၊စော်ကာ:မိဖို့လိုတယ် မထီမဲ့မြင်မလုပ်မိဖို့လိုတယ်
တစ်ဖက်က ခွင့်လွှတ်ပေးလေလေ ပြန်ခံရတဲ့ဒ။ဏ်ကပိုကြီးလေလေပဲ မေတ္တာဟာသူ့အလုပ်သူလုပ်ပါတယ် ။

crd

image
51 w - Translate

Promise always turns into sorry တဲ့
ကတိစကားတွေဟာ နောက်ဆုံးမှာတော့ တောင်းပန်ပါတယ်ဆိုတဲ့ စကားအဖြစ်ပြောင်းလဲသွားလေ့ရှိတယ်တဲ့

နင်ကတိပေးထားတယ်လေလို့ ငါတို့ကပြောတဲ့အခါ တစ်ဖက်လူက
တောင်းပန်ပါတယ်လို့သာ ပြန်ပြောတတ်တဲ့ အချိန်တွေ လူတိုင်းမှာကြုံဖူးမှာပေါ့
ကတိဆိုတာ ကိုယ်ကလည်းသူများဆီက မတောင်းသင့်သလို
သူများကိုလည်း လွယ်လွယ်ပေးသင့်တဲ့ အရာမဟုတ်ဘူး ။

ကတိတစ်ခုခု တောင်းယူတယ်ဆိုတာ ကိုယ်လိုချင်တာကြီးကို တစ်ဖက်လူဆီက မရရအောင်လုပ်ယူတောင်းယုနေတာမို့ ဒါက ကတိလို့လည်းမဆိုနိုင်ဘူး ဒါကို တည်ဖို့လည်း ရာခိုင်နှုန်းအလွန်နည်းတယ် ။ကတိပေးပြီးပြီဆိုရင်လည်း တည်နိုင်အောင်ကြိုးစားရမယ် ကတိပေးတယ်ဆိုတာ အာမခံပေးတာပဲ စီးပွါးရေးမှာ အချစ်ရေးမှာ မိသားစုရေးမှာ အားလုံးပဲ ငါအာမခံပါတယ် ငါတာဝန်ယူပါမယ်လို့ ပြောလိုက်တာ။

တစ်ခုခုဆို ကတိမပေးနိုင်ဖူးလို့သာပြောလိုက် ဒါဆိုအနည်းဆုံးတစ်ဖက်လူလည်း နောက်ခြေတစ်လှမ်းဆုတ်ပြင်ဆင်ချိန်ရတာပေါ့ ။ ကတိပေးလိုက်ပြီဆိုတာနဲ့ လူတွေက မယုံကြည်ကြရင်တောင် အနည်းဆုံးတော့ တည်နိုင်လိမ့်မလားဆိုတဲ့ မျှော်လင့်ချက်လေး ထားမိကြတာပဲ အဲ့အခါ အဆုံးမှာတော့ကျွန်တော်တို့မျှော်လင့်ချက်တွေဟာ sorry ဆိုတဲ့စကားတစ်ခွန်းနဲ့တိုက်စားခံလိုက်ရတာပဲ

ဒါပေမဲ့ကိုယ်က အသက်ကြီးလာတာနဲ့အမျှ သိလာတာက ဘယ်သူ့ကိုမှ ကတိမပေးဖို့နဲ့ ဘယ်သူ့ဆီကမှ ကတိဆိုတာကို လက်မခံဖို့ပဲ
ရာသီတွေပြောင်းလဲသလို လူတွေဟာပြောင်းလဲတတ်တယ် ဒါဟာ လောကရဲ့ သဘာဝပဲ ။မပြောင်းလဲမဲ့လူဟာ ကတိမပေးထားလည်းပြောင်းလဲမှာမဟုတ်သလို ပြောင်းလဲချိန်တန်ရင်တော့ ကတိပေးထားလည်း တောင်းပန်ပါတယ်ဆိုတဲ့
စကားအဖြစ်သာ အစားထိုးသွားလိမ့်မယ်

ဒါကြောင့် လူတစ်ယောက်ကို
ကိုယ်နဲ့တစ်ဘဝလုံး အတူတူရှိနေပေးဖို့
ကိုယ့်ကိုလွှတ်မချခဲ့ဖို့
ကိုယ်နာကျင်ရမဲ့ကိစ္စကိုပြောပြပြီး ဒီအတိုင်း ထပ်မလုပ်ဖို့
ကိုယ့်အပေါ်ကိုပဲ သစ္စာရှိဖို့
ကိုယ့်ကိုပဲ ရွေးချယ်ဖို့
ကတိတွေမတောင်းမိစေနဲ့ ။ အချိန်တန်တော့လည်း ကတိတွေက
တောင်းပန်ပါတယ်ဆိုတဲ့ စကားတွေဖြစ်သွားလိမ့်မယ်

လူတွေ ဆက်ဆံရေးတွေကို ကတိတွေနဲ့ချုပ်ချယ်ထားတာ ပိုမဖြစ်သင့်ဘူး
လူတွေအတူတူရှိနေကြတာဟာ ချစ်လို့ပဲ ဖြစ်သင့်တယ်
တစ်ယောက်ကိုတစ်ယောက်ရွေးချယ်ကြတာဟာ တစ်ယောက်ကိုတစ်ယောက်လိုအပ်လို့ပဲဖြစ်သင့်တယ်
တစ်ယောက်အပေါ်တစ်ယောက်သစ္စာရှိတာဟာတန်ဖိုးထားမှု နဲ့လေူနက်မှုကြောင့်သာဖြစ်သင့်တယ်

လူတွေဟာ သူတို့ပြောင်းလဲချိန်ရောက်ရင် ထွက်ခွါချိန်ရောက်ရင် ပေးခဲ့ဖူးသမျှ ကတိတွေအစား တောင်းပန်ပါတယ်လို့သာပြောလာလိမ့်မယ်
ကတိဟာ အပိုပါပဲ

#nayvel

image
51 w - Translate

တကယ်တမ်းက ချစ်တယ်ဆိုရုံနဲ့လဲ
မလုံလောက်ဘူးရယ် ❤❤

ချစ်ပီး ၊
ချစ်ရတဲ့လူအပေါ်
ဂရုစိုက်ပေးတတ်တာမျိုးမှ
တကယ်တမ်း အချစ်စစ်ခေါ်တယ် ။

ချစ်ပါတယ်လို့
နှုတ်ဖျားမှ အကြိမ် 1 သောင်းမက
ပြောနေပါစေ ၊
တကယ်တမ်း ဂရုစိုက်မပေးတတ်ရင်
အလကားပဲ ။

ချစ်တော့ချစ်တယ် ၊
ဂရုစိုက်မပေးတတ်လို့ပါ ဆိုတာတွေက
အလကားပြောတာ ။

တကယ်ချစ်ရင် ၊
ထိုချစ်ရတဲ့ လူသားလေးကို စိတ်ထဲ
အကြိမ်ရေအခါခါ တွေးနေမိပုံများ ...
ရေတွက်လို့တောင် ရမယ်မထင်ဘူး ...

တကယ်သာ စိတ်ထဲရှိရင်
စာပို့မယ် ၊
ဖုန်းဆက်မယ် ၊
သတိရနေကြောင်းကို
တနည်းနည်းနဲ့ဖော်ပြမယ် ။

ဒီနေ့တနေ့တာ မင်းအဆင်ပြေရဲ့လား ၊
နာမကျန်းဖြစ်သေးလား ၊
စိတ်အဆင်မပြေတာတွေ သိပ်များလား ၊
စသဖြင့်ပေါ့လေ ...

တကယ်ချစ်မိတဲ့လူဟာ ဒါမျိုးတွေဆို
အကုန် သိပ်သိချင်တယ် ။
ဘာလို့သိချင်လဲဆို စိတ်ထဲရှိတာကိုး ။
စိတ်ထဲဘာလို့ရှိသလဲဆို
သိပ်ချစ်တာကိုးဗျ ။

It's just so simple ...

တကယ်ချစ်ရင် ဂရုစိုက်တတ်လာတယ်။
တကယ်လို့ ဂရုမစိုက်တတ်ရင် ၊
တကယ်မချစ်သေးလို့ပဲ ။
ရှင်းရှင်းလေးရယ် ...

#koe

imageimage
51 w - Translate

မင်းကို တစ်ကယ် ချစ်တဲ့သူက
မင်းလုပ်ရပ်တွေကို သူစိတ်နာချင်နာနေလိမ့်မယ်
ဒါပေမယ့် ခွင့်လွှတ်နေမှာပါ ❤

သူ ငါ့ကိုချစ်တာပဲ ငါလုပ်ချင်တာလုပ်မယ်
သူ ငါ့ကို နားလည်မှု ပေးထားတာပဲ ဆိုပြီး
ဆိုးခဲ့တာတွေကိုလည်း သူအတတ်နိုင်ဆုံး နားလည်ပေးလိမ့်မယ် . . .
ချစ်တဲ့သူကတော့ ချစ်နေမှာပဲ ❤

တစ်ခုတော့ ရှိတယ်
သိပ်ချစ်တတ်တဲ့ သူတွေမှာ
သိပ်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ရှိတယ် . . .❤
အတူတူ ရှိနေချိန်မှာ သူ့မေတ္တာတွေကို တန်ဖိုးထားတတ်ပါစေ။

ငါ ဆိုတဲ့ အတ္တတွေ မာနတွေ
ငါ ချယ်လှယ်ချင်းတိုင်း ရနေတာပဲဆိုပြီး သတိလွတ်သွားတဲ့တနေ့
မင်းလုပ်ရပ်တွေကို
သူ သည်းမခံနိုင်တော့တစ်နေ့
မင်းသတိမထားမိလိုက်ခင်မှာပဲ
မင်းဘဝထဲကနေ သူ ထွက်ခွာ
သွားလိမ့်မယ် . . .

အမှားတွေ ဝန်ချတောင်းပန်ပြီး ဘယ်နည်းနဲ့မှ ပြန်မတမ်းတနဲ့
သူ ပြန်လာမှာ မဟုတ်တော့ပါဘူး . . .💔

#shwelatmyal #datingservice #matchmaking #credit

image
51 w - Translate

☁️🍂

image
51 w - Translate

ဘ၀ရဲ့ ဆယ်ကျော်သက်အရွယ်မှာပဲ
အမှားသုံးခု မှားခဲ့တယ်
ပထမ အမှားက မိသားစုစကားနားမထောင်ခဲ့တာ
ဒုတိယ အမှားကမဖစ်နိုင်တာတွေကိုချစ်ခဲ့တာ
တတိယ အမှားကတော့
ကိုယ်သွားမဲ့လမ်း မှားမှန်းသိရဲ့ရွှေးချယ်ခဲ့မိတာ

image
51 w - Translate

အမှတ်တရတွေကို ခဏ‌လေးဆိုသလို
ဖြတ်တောက်ပစ်လိုက်နိုင်တဲ့ အမျိုးသမီး။

မျက်နှာများတယ်။ သစ္စာပါးတယ်။
မေတ္တာကို တစ်ရှူးတစ်စလောက်တောင် တန်ဖိုးမထားဘူး။

အချစ်ဆိုတာကို အဲ့အမျိုးသမီးဘယ်လိုခံယူထားလဲ။
ရင်ခုန်ခြင်းကိုရော ကြုံဆုံဖူးပါရဲ့လား။ မေးလိုက်ချင်တယ်။

ပေးချင်ပါရက်နဲ့ တစ်ယောက်တည်းအတွက် ရည်ရွယ်ပါရက်နဲ့
ပိုင်ရှင် မရှိသွားခဲ့တဲ့ မေတ္တာဓါတ်တွေ။

တကယ်ဆို နှမျောဖို့သိပ်ကောင်းတယ်။
ဘာပဲဖြစ်ဖြစ် အဆုံးထိ ရှိနေလိုက်သင့်တာမဟုတ်လား။
#girllovestorybyhsu

image
51 w - Translate

သူများတွေ ချစ်လာအောင်
ကျွန်တော့်ကိုကျွန်တော်
ပြောင်းလဲတာတွေ မလုပ်ချင်တော့ဘူး။

အဲဒီ့အစား ကျွန်တော့်ရဲ့ဖြစ်တည်မှု
အရှိအတိုင်းကို လက်ခံပြီး ချစ်ပေးမယ့်
လူတယောက်ကိုပဲ မျှော်လင့်တော့တယ်။

သိတယ်မလား
ကျွန်တော်မို့လို့ ကျွန်တော်ဖြစ်နေလို့ကို
ချစ်တာ ဆိုတာမျိုးလေးလေ။

💭 || 31.8.2024

image
51 w - Translate

တစ်ယောက်ယောက်ကို
လိုက်ရှာရင်းနဲ့ပဲ
တစ်ကမ္ဘာလုံးကိုကျပျောက်ခဲ့ရ ။ ။

#ငြိမ်းချမ်းအောင်
#သွေးရူးသွေးတန်းနေ့ရက်များ
@followers
𝙈𝙤𝙙𝙚𝙧𝙣 𝙋𝙤𝙚𝙩𝙧𝙮

image
51 w - Translate

အရာရာဟာ မင်းအပေါ်ပဲမူတည်တာမို့
မင်းသာပြောင်းလဲမသွားရင် ကိုယ်ကမင်းအတွက်ပါ။

💭 || 31.8.2024

image