Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘာလို့ ဒူးနာသလဲ
သင့်တသက်မှာ အနည်းဆုံးတခါလောက်တော့ ဒူးနာဖူးမှာ အမှန်ပါ။ ဘာလို့များ ဒူးနာရတာလဲလို့ သင်တွေးကောင်းတွေးမိမှာပါ။ ဒူးနာရခြင်း အကြောင်းရင်း အမျိုးမျိုး ရှိတဲ့အနက်က အဖြစ်အများဆုံး အကြောင်းရင်း သုံးမျိုးကို ဒီဆောင်းပါးမှာ ဖော်ပြပေးသွားမှာပါ။
အဆစ်အမြစ်ရောင်ခြင်း
အဆစ်အမြစ်ရောင်ခြင်း အမျိုးမျိုးရှိပြီး အောက်ပါ အမျိုးအစားတွေက ဒူးနာစေပါတယ်။
Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း)
Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း) ကြောင့် ဒူးနာလေ့ရှိပါတယ်။ ဒီရောဂါကို အဆစ်အမြစ်များ ယိုယွင်း ပျက်စီး ရောင်ရမ်းခြင်းလို့လည်း ခေါ်ပါသေးတယ်။ အချိန်ကြာမြင့်လာတာနဲ့အမျှ သင့်ဒူးဟာ ကွေးနိုင် ဆန့်နိုင်စွမ်း တဖြည်းဖြည်းနည်းပါးလာပြီး တောင့်တင်း နာကျင်လာပါတော့တယ်။ ဒူးမျက်နှာပြင်ကလည်း ထိခိုက် ပျက်စီးလို့ လာပါတယ်။ သင့်လှုပ်ရှားသွားလာတဲ့အချိန် ဒါမှမဟုတ် ညအိပ်ရာဝင်ချိန်မှာ ဒူးနာလေ့ရှိပြီး နားလိုက်ရင်တော့ အနည်းငယ် သက်သာသွားနိုင်ပါတယ်။ ရောင်ရမ်းတဲ့နေရာက မာနေရင် ဒါဟာ အရိုးအပို ထွက်လာလို့ဖြစ်ပြီး ပျော့နေရင်တော့ အရည်တွေစုပုံနေလို့ ဖြစ်ပါတယ်။
Rheumatoid အဆစ်အမြစ်ရောင်ရောဂါ
မိမိခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကနေ ကိုယ်ပိုင်တစ်ရှုးတွေကို ပြန်တိုက်တဲ့အခါ Rheumatoid အဆစ်အမြစ်ရောင်ရောဂါ ဖြစ်လာရပါတယ်။ဒီ အဆစ်အမြစ်ရောင်ရောဂါဟာ ဒူးအပါအဝင် ခန္ဓာကိုယ်ရဲ့ ဘယ်အဆစ်မှာမဆို ဖြစ်နိုင်ပါတယ်။ Rheumatoid အဆစ်အမြစ်ရောင်ရောဂါကြောင့် ခံစားရတဲ့ နာကျင်မှုဟာ ပြင်းထန်ပြီး နာတာရှည် ဖြစ်လာနိုင်သလို ပေါ်လိုက်ပျောက်လိုက်လည်း ဖြစ်နိုင်ပါတယ်။
ကူးစက်ပိုးဝင်ခြင်းကြောင့် ဖြစ်ပွါးသော အဆစ်အမြစ်ရောင်ရောဂါ
သင့်ဒူးဟာလည်း ပိုးဝင်နိုင်ပြီး နာကျင် နီရဲ ဖောင်းကားလာနိုင်ပါတယ်။ အဖျားလည်း တက်နိုင်ပါသေးတယ်။ ကူးစက်ပိုး မဝင်ခင်မှာ ထူးထူးခြားခြား ထိခိုက်မိတာ၊ ဒါဏ်ရာ အနာတရဖြစ်တာ ဒါမှမဟုတ် တခြား ပြဿနာတခုခု ဖြစ်တာမျိုး မရှိတတ်ပါဘူး။
ဂေါက်ရောဂါ
ဂေါက်ရောဂါကြောင့်လည်း ပြင်းထန်စွာ ဒူးနာခြင်း၊ နီရဲ ရောင်ရမ်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်က uric acid ထုတ်လုပ်တဲ့အခါ ဂေါက်ရောဂါ ဖြစ်ပေါ်လာပါတယ်။ ဘာလို့လဲဆိုတော့ ဒီအက်ဆစ်က ခရစ်စတယ်လ် အခဲလေးတွေကို အဆစ်အမြစ်တွေမှာ အနည်ထိုင်စေတဲ့အတွက်ကြောင့်ပါ။ ဂေါက်ရောဂါဟာ သင့်ရဲ့ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ပစ်လိုက်နိုင်ပါတယ်။
ဒူးဒါဏ်ရာများ
ဒူးတဝိုက်မှာရှိတဲ့ ကြွက်သား၊ အရွတ်၊ အရွတ်ကြော၊ အရိုး ဒါမှမဟုတ် အရိုးနုတွေမှာ ထိခိုက်ဒါဏ်ရာရရင် ဒူးနာနိုင်ပါတယ်။
အရွတ်စုတ်ပြဲခြင်း
ပေါင်ရိုးနဲ့ ခြေသလုံးရိုးတို့ကို ဆက်သွယ်ချိတ်ဆက်ပြီး ဒူးဆစ်ဖြစ်လာအောင် ပြုလုပ်ပေးတဲ့ အရွတ်လေးခုရှိပြီး သူတို့ထဲက တခုဖြစ်တဲ့ anterior cruciate ligament (ACL) စုတ်ပြဲရင်၊ အလွန်အကျွံ ဆွဲဆန့်ခံရရင် ဒူးနာနိုင်ပါတယ်။ ဒူးအရွတ် စုတ်ပြဲတာကို ဘောလုံးသမား၊ ဘတ်စကတ်ဘောကစားသမား စတဲ့ အားကစားသမားတွေမှာ အဓိက တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေဟာ ကစားနေရင်း ခန္ဓာကိုယ် ဦးတည်ရာကို ရုတ်တရက် ပြောင်းရလေ့ရှိတဲ့အတွက် ဖြစ်ပါတယ်။ ဒီလိုမျိုး ရုတ်တရက် ပြောင်းရတာကို အရွတ်က ခံနိုင်ရည် မရှိပါဘူး။
အရိုးကျိုးခြင်း
အရိုးကျိုးတာဟာလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတခု ဖြစ်ပါတယ်။ အမြင့်က ပြုတ်ကျခြင်း၊ ယာဉ်မတော်တဆဖြစ်ခြင်း၊ အားကစားလုပ်စဉ် ထိခိုက်ဒါဏ်ရာရခြင်း ဒါမှမဟုတ် ခိုက်ရန်ဖြစ်ပွါးခြင်းတွေကြောင့် အရိုးကျိုးနိုင်ပြီး အရိုးကျိုးရင်လည်း ဒူးနာနိုင်ပါတယ်။ ဒူးခေါင်းရိုးကို ငြိမ်အောင်ထားခြင်းအားဖြင့် အရိုးကျိုးခြင်းကို ကုသနိုင်ပါတယ်။
အရိုးနုစုတ်ပြဲခြင်း
ပေါင်ရိုးနဲ့ ခြေသလုံးရိုးတို့ကြားမှာရှိတဲ့ အရိုးနုလေး စုတ်ပြဲသွားရင်လည်း ဒူးနာနိုင်ပါတယ်။ ဒူးကို ပံ့ပိုးထောက်,မပေးထားတဲ့ အရိုးနု နှစ်ခုရှိပြီး တော်ရုံ ထိခိုက်ဒါဏ်ရာတွေကို ကာကွယ်ပေးပါတယ်။ သူတို့ရှိလို့သာ ပေါင်ရိုးနဲ့ ခြေသလုံးရိုးတို့အကြား ပွတ်တိုက်မှုမရှိဘဲ ကွေးနိုင် ဆန့်နိုင်တာ ဖြစ်ပါတယ်။ ရုတ်တရက် လှုပ်ရှားမှုတွေကြောင့် အဆိုပါ အရိုးနုလေးတွေ စုတ်ပြဲသွားနိုင်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ
ဒီပြဿနာတွေကြောင့်လည်း ဒူးနာနိုင်ပါတယ်။
ဂုံညင်းရိုးလွဲခြင်း
ဂုံညင်းရိုးလို့ခေါ်တဲ့ ဒူးဆစ်အရိုးဟာ မူလနေရာကနေ အပြင်ကို ထိုးထွက်လာတဲ့ အခြေအနေကို ဆိုလိုပါတယ်။ ဂုံညင်းရိုးဟာ ဒူးဆစ်အရှေ့ပိုင်းကို ကာထားတာမို့ ခြေထောက် ရှေ့ဖက်မှာပဲ ဒီပြဿနာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ခံစားရတတ်တဲ့ ရောဂါ လက္ခဏာလေးတွေကတော့ နာကျင်ခြင်းနဲ့ ကောင်းကောင်းမလှုပ်ရှားနိုင်ခြင်း တို့ပဲ ဖြစ်ကြပါတယ်။
တင်ပါး သို့မဟုတ် ခြေထောက်နာခြင်း
တင်ပါး သို့မဟုတ် ခြေထောက်နာရင် သင်လမ်းလျှောက်တဲ့ ပုံစံပါ ပြောင်းလဲသွားနိုင်ပါတယ်။ ဖိအားတွေအားလုံးက ဒူးနှစ်ဖက်လုံးကို ညီညီမျှမျှ မရောက်ရှိတဲ့အတွက် ဒူးပိုလာနိုင်ပါတယ်။
ဒူးနာခြင်းဟာ နောက်ခံအကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်တဲ့အတွက် သူတို့အကြောင်းကို သိထားမယ်ဆိုရင် သင့်ရဲ့ စိုးရိမ်ပူပန်မှုတို့ကို လျှော့ချပေးနိုင်မယ့်အပြင် ဖြစ်မလာအောင်လည်း ကြိုတင်ကာကွယ်နိုင်မှာပါ။
#knowledge
ကြက်အူဆီပြန်ဟင်း ***
ကြက်အူကို မညှီပဲ အနံ့လေး မွှေးနေအောင် ချက်ကြရအောင်...
ကြက်အူဆီပြန်လေးကို မဆလာနံ့လေး တသင်းသင်းနဲ့ မွှေးနေအောင် ချက်ထားပါတယ်။ စားနေချိန်မှာရော စားပြီးသွားရင်ရော လက်မှာ မဆလာအနံ့လေး သင်းပြီး ဆွဲနေအောင် ကောင်းလှပါတယ်..
ကြက်အူကို မညှီအောင် ဆေးရတာကတော့ လက်ဝင်ပါတယ်။ အချိန်လဲကြာတယ်။
ကြက်အူကို ဆေးမယ်ဆိုလျှင် ပထမဆုံး ဆားကြမ်း၊ ဆနွင်းနဲ့ခပ်ကြမ်းကြမ်းလေး နယ်ဆေးပြီး ရေများများနဲ့ ဆေးချပါ။
နောက်တထပ်ဆို ပဲမှုန့်အစိမ်းထည့်ပြီး လက်နဲ့ အားရပါးရနယ်ပြီး ဆေးပါ။
အညှိအရွဲတွေဟာ ပဲမှုန့်စိမ်းနဲ့အတူ ပါသွားပါလိမ့်မယ်။ ရေအေးနဲ့ပြန်ဆေးချပါ။ လေးငါးထပ်ပေါ့ ။
နောက်ဆုံးမှ ရေနွေးနွေးလေးထည့်၊ ရှာလကာရည် နှစ်ဇွန်းလောက် ထည့်ပြီး မြန်မြန်ဆေးချပါ။
စိမ်ပြီးဆေးလျှင် အချဉ်ဓာတ်တွေ စိမ့်ဝင်သွားမှာ ဆိုးလို့ပါ။
ပြီးရင်ရေနဲ့ အထပ်ထပ်ပြန်ဆေးရင် မညှီတော့ပါဘူး။ အားလုံး သန့်စင်သွားရင် ဆေးတဲ့ရေလေး ကြည်သွားတာ တွေ့ရပါမယ်။
အဲ့ဒီတော့မှ ထုံးပြီးချက်ချင်တယ်ဆိုရင်လည်း အူတွေကို အနေတော်အရှည်လေးတွေ ဖြတ်ပြီးထုံးပါ။
မထုံးချင်လည်း ကပ်ကြေးနဲ့ အနေတော်အပိုင်းလေးတွေ ဖြတ်ပါ။
ပြီးရင် ကြက်သားမှုန့်၊ ဆနွင်း၊ မဆလာ ထည့်နယ်ထားပါ။ ဆားမထည့့်ပါဘူး။
ကြက်သွန်နီဖြူ ၊ ချင်းကို ထောင်းထားပါ။
ငရုတ်သီးအပုတောင့်ကို ရေနွေးနဲ့ စိမ်ပါ။ ပွလာရင် အစေ့ထုတ် ညက်အောင် ထောင်းထားပါ။
စပါးလင်တပင်ကို အရိုးထုပြီး သေချာစည်းထားပါ။
ချက်လို့ရပါပြီ။ ဆီအိုးပူရင် ကြက်သွန်နီဖြူ၊ ချင်းထောင်းတာထည့်၊ ဆီသတ်ပြီး ကရဝေးရွက်ပါ တခါတည်း ထည့်ပါ။
အနံ့မွှေးရင် ဆနွင်း၊ ငရုတ်သီးထောင်းတာ ထည့်ပါ။
အရောင်လည်းလှ အနံ့လေး မွှေးနေပြီဆိုမှ ကြက်အူတွေကိုထည့်ပြီးမွှေပေးပါ။ ရေမထည့်ပါနဲ့။
ကြက်အူက သူ့ရေနဲ့သူ ထွက်လာတာ အများကြီးမို့လို့ ပါ။
စပါးလင် ထည့်ပြီး အဖုံးအုပ်ပေးထားပါ။ အိုးထဲ ဆီပြန်တဲ့ အသံကြားမှ အဖုံးဖွင့်ပါ။
အနံ့လေး အတော်မွှေးနေပြီဆိုရင် ရေထပ်ထည့့်ပြီး အူမနူးမချင်း တည်ပေးပါ။
အရသာအတွက် ဆားငံပြာရည်ကို ထည့်ပါ။
ဆီလည်းပြန် အူလည်းနူးပြီဆိုရင် စားရန်အသင့်ဖြစ်ပါပြီ။
အရမ်းမွှေးပြီး ခပ်စပ်စပ်လေးပေါ့။ညှီနံ့လည်းမရှိတော့ပါဘူး။
ထမင်းနဲ့စားရင် အရမ်းထမင်းမြိန်တဲ့ ဟင်းတခွက်ပါ။ ကြိုက်ရင် ချက်စားကြည့်နော်...
#cooking
ကျွန်တော် ပင်ပန်းနေပြီထင်တယ် ...
နေရတာ ပျော်မနေတော့ဘူး
မနက်ဖြန်တွေကို မျှော်စရာအကြောင်းပြချက်တွေ
ရေရေရာရာရှိမနေတော့ဘူး
ပြီးတော့ ...
ရီရတယ်ဆိုတဲ့ရက်တွေ ရှားလာပြီ
ပင်ပန်းလိုက်တာလို့ မညည်းချင်တော့လောက်အောင်
တချို့ရက်တွေက
ရှင်သန်ရတာ ပင်ပန်းတယ် ။
ကျွန်တော် ပင်ပန်းနေပြီထင်တယ်
ပြီးတော့ ...
ကျွန်တော် နာကျင်နေပြီထင်တယ် ။
#crd
ကိုယ့်အတွက် သီးသန့်မှ မဟုတ်ရင်
မမက်မောတတ်တဲ့ အကျင့်လေးလဲ ရှိတယ်---"
ကိုယ့်အပိုင် ပစ္စည်းမှ မဟုတ်ရင်
မပြ၊စ်မှားတတ်တဲ့ အကျင့်လေးလဲ ရှိတယ်---"
ကိုယ့်အတွက် ဖြစ်တည်လာတာမျိုးမှ မဟုတ်ရင်
လုမယူတတ်တဲ့ အကျင့်လေးလဲ ရှိတယ်---"
ကိုယ့်ကို လိုလိုလားလား မရှိတဲ့ ရပ်ဝန်းမျိုးဆိုရင်
ရပ်မနေတတ်တဲ့ အကျင့်လေးလဲ ရှိတယ်---"
ဒါကိုပဲ "မာန" လို့ ခေါင်းစဥ်တပ်ရင်
"ကျွန်တော်" ဆိုတဲ့ လူက အဲဒီ မာနကို
Thayတဲ့အထိ ရင်ဝယ်ပိုက်သွားမယ့် သူ---"
#နေခြည် (ဧရာမြေ)
#crd
မင်းကိုဆုံးရှုံးသွားပါပြီလို့
အတည်ပြုနိုင်ဖို့
ငါ့ဘယ်လောက်ထိပင်ပန်းခဲ့ရလဲ
မင်းသိလား..။
#credi
ငါက လူငယ်တစ်ယောက်ပဲ
ဟုတ်တယ် မင်းက မရင့်ကျက်နိုင်သေးတဲ့ လူငယ်
အရှုံးသမားနဲ့ လူငယ် ကိုယ့်ဘဝကို မကျေနပ်
လောကကြီးပဲ အပြစ်ဖွဲ့တဲ့ လူငယ်
ကိုယ့်ဘဝ ကိုယ့်အခြေအနေမှန်မှ လက်မခံတတ်ရင်
ဘဝမှာ ဘာတွေ ဖြစ်မြောက်လာနိုင်မယ် ထင်လဲ ။
#ခွန်ထွန်း