2 yrs - Translate

ပြောချင်တဲ့စကားတွေ
အများကြီးရှိနေရဲ့နဲ့မှ
ငါပြောလဲ
ဘာမှ ထူးမနေပါဘူးဆိုတဲ့
အတွေး ဝင်လာတဲ့အခါ

နှုတ်ဆိတ်လိုက်ဖို့ကိုပဲ
ရွေးဖြစ်တယ်။

//crd

image
2 yrs - Translate

နောက်ပိုင်းတိမ်တွေရယ် နေကြာပန်းတွေရယ်ကိုပိုသဘောကျလာတယ်☀️❤️‍🩹

image
2 yrs - Translate

အကိုဖြစ်နေလို့သာ သေဆိုသေ ၊ ရှင်ဆိုရှင် ဦးချိုးခံပေးနေတာ။
အနားမှာအုံနေတဲ့ ဘယ်ယောက်ျားကိုမှ အဖက်လှည့်မလုပ်တတ်တဲ့ဒီမိန်းမက ခပ်နိမ့်နိမ့်အမျိုးအစားမဟုတ်မှန်း သိစေချင်ရုံပဲအကို။
အရာရာဟာ အကိုဖြစ်နေလို့သာ။

#ပါရီယာနာ

image
2 yrs - Translate

ရင်ခုန်သံတွေဟာ ညာဖို့မကောင်းဘူးမောင်ရဲ့။
ချစ်နေသေးရင် ပြန်လာဖို့ဝန်မလေးရဘူး။

#ပါရီယာနာ

image
2 yrs - Translate

ရင်ခုန်သံတွေဟာ ညာဖို့မကောင်းဘူးမောင်ရဲ့။
ချစ်နေသေးရင် ပြန်လာဖို့ဝန်မလေးရဘူး။

#ပါရီယာနာ

imageimage
2 yrs - Translate

WAIT THIS IS JUST FACEBOOK WTF-

Shanzayyyy <3 changed her profile picture
2 yrs

image
Shanzayyyy <3 changed her profile picture
2 yrs

image

ဗုဒ္ဓ နှင့် နျာယ

ဗုဒ္ဓသည် နျာယ‌ ခေါ် တက္ကနည်း သဒ္ဒါနည်းကို လုံးဝပစ်ပယ်သည်မဟုတ်ပေ။

နိရုတ္တိပဋိသမ္ဘိဒါ ဆိုသော ပဋိသမ္ဘိဒါက သစ္စိကတဉာဏ်ချည်းကို မဆိုလိုနေပေ။

ထို့ပြင် "ပါဠိနယ" "ဗာတ္တိံသ တန္တယုတ္တိယော" (သဒ္ဒနီတိကျမ်း) နှင့်တကွ နည်းလေးဆယ် နေတ္တိဟာရ စသည် စသည်တို့ပါ တန္တြယုတ္တိ နှင့် နယ၊ နေတ္တိ စသည်တို့ပါ နီ ဓာတ်သည် တန္တြ-ယုက္တိ-နျာယ ဟူသော သက္ကတပုဒ်နှင့် ဓာတ်တူနံတူများသာ ဖြစ်ပါသည်။
ဆရာ ဦးဇော်မင်းဦးရဲ့ facebook page မှ (Zaw Min-Oo)

imageimage

ဓွနိ

အိန္ဒိယရသစာပေအယူအဆတွင် ဓွနိ အယူအဆဆိုသော သဘောတရားတခုရှိသည်။ ဒါကို စကားပြေအရေးအသားဘက်မှာပါ စွာသော အဘိနဝဂုပ္တ ဆိုသည့်ဆရာကြီးက ဦးဆောင်လက်ခံသည်။

စာ သို့မဟုတ် အနုပညာ၏ တန်ဖိုးမှာ ဓွနိဖြစ်သည်။ ဓွနိသည် အလင်္ကာ (တဲခနိက)၊ ရသ (စာဖတ်သူ့အကျိုးရသ)၊ ဂုဏ် (အကြောင်းအရာနှင့် တင်ပြမှုအရည်အသွေး) စသည်တို့ထက် တန်ဖိုးပိုရှိသည်။ ဓွနိ ဆိုတာကမှ အနုပညာ၏ အနုပညာမြောက်စေသောအကြောင်းတရားဟု ဓွနိဂိုဏ်းက လက်ခံသည်။

ဓွနိကို ပါဠိပြန်လျှင် ဓနိ ဖြစ်ပါသည်။ ဓွန ဓာတ်သည် သဒ္ဒေ အသံကို ညွှန်းသည်။ အနုပညာရှင်၏ အသံ၊ ဟန်၊ လေ၊ စိတ်ဇောစေတနာ စသဖြင့် အကုန်ယူရမလိုဖြစ်နေပြီး ဘာသာပြန်ရခက်သည်၊ သူတို့ ခုပြန်ကြတာက Suggestion ဟု ဖြစ်ပါသည်။ poeticness ကဗျာဓာတ်လည်း suggestive power ဟု ယူလိုက ယူနိုင်သည်။ ဘာမှန်းမသိတာကိုက အသိဖြစ်ပါသည်။

ဆရာ ဦးဇော်မင်းဦးရဲ့ facebook page မှ (Zaw Min-Oo)

ဆရာပါရဂူ ပြောသော သရော်စကား၊ ထေ့ငေါ့မှု ဘာညာသည် ဓွနိမဟုတ်ပါ။ အဓိပ္ပါယ်အကောက် လွဲပါသည်။ ဆရာဇော်ဂျီပြောသည့် စာစေတနာ ဘာညာကလည်း ပလေတိုလိုလို ဘာလိုလိုနဲ့ ဆိုရှယ်လစ်အကြိုက် မာ့က္စ်စ်ဝါဒယိမ်းနေသည်။

ဓွနိ သည် ဓွနိ ဖြစ်ပါ၏။

image