51 w - Translate

Ballon d’Or ဆုဟာယုံကြည်ရမူပျောက်ဆုံးနေပြီဖြစ်ကြောင်း
ပြောလိုက်တဲ့ ခရစ္စတိယာနိုရော်နယ်ဒို

ဗုဒ္ဓဟူးနေ့ညတုန်းက France Football ကနေ ၂၀၂၄ ခုနှစ်
အတွက် Ballon d’Or ဆုချီးမြှင်ဖို့ရန် ဆန်ကာတင်အယောက်
(၃၀)ရဲ့ နာမည်စာရင်းကို အမည်တင််သွင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်း Ballon d’Or (၅)ကြိမ်
ဆုရှင် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်နာ
ဆာအသင်းအတွက် ပြိုင်ပွဲအရပ်ရပ်တွင် စုစုပေါင်း(၄၄)ဂိုး
သွင်းပေးနိုင်ခဲ့သော်လည်း အမည််စာရင်းတင်သွင်းခြင်းခံရတဲ့
စာရင်းထဲမှာ ပါဝင်မလာခဲ့ပါဘူး။ ရော်နယ်ဒိုရဲ့ ခေတ်ပြိုင်
ကစားသမား Ballon d’Or (၈)ကြိမ်ဆုရှင်လီယွန်နယ်မက်ဆီ
ဟာလည်း ၂၀၂၄ ခုနှစ်ရဲ့ ဆန်ကာတင်စာရင်းထဲကနေချန်လှပ်
ခြင်း ခံခဲ့ရပါတယ်။ ၂၀၀၃ ခုနှစ်က စတင်လို့ Ballon d’Or
ဆုပေးပွဲမှာ အမြဲတမ်းဆန်ကာတင်စာရင်းထဲမှာ ပါဝင်လာ
ခဲ့ကြတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနှင့် လီယွန်နယ်မက်ဆီတို့
နှစ်ဦးဟာ ၂၀၂၄ ခုနှစ်ကနေစတင်ပြီး နှစ်ယောက်စလုံး
ဆန်ကာတင်စာရင်းထဲမှာမပါဝင်လာခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်လာ
ခဲ့ပါတယ်။ ဒါနဲ့ပက်သက််ပြီး ရော်နယ်ဒိုက “ဒီဆုဟာ မက်ဆီ၊
ဟာလန်း၊ အမ်ဘတ်ပီတို့နဲ့ထိုက်တန်တယ်လို့ပြောနေတာ
မဟုတ်ပါဘူး။ ဒါပေမယ့် ကိန်းဂဏန်းတွေက အဲဒီတွေမှာရှိ
ခဲ့ပြီး ကိန်းဂဏန်းတွေကမလှည့်စားပါဘူး။ ခင်ဗျားအနေနဲ့
တစ်ရာသီလုံးအတွက် စဉ်းစားရပါမယ်။ ကိန်းဂဏန်းတွေ
က အချက်အလက်တွေဖြစ်တယ်။ မန်ချက်စတာယူနိုက်တက်
နှင့် နိုင်ငံအသင်းမှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို
ပြန်ကြည့်ရင် လူတွေက ကျွန်တော်ရှူံးတယ်လို့ ထင်နေကြ
ပေမယ့် အမှန်တရားကတော့ အယ်နာဆာအသင်းမှာ
ကျွန်တော်အာရုံစိုက်ပြီး ကောင်းမွန်တဲ့ အချိန်ကာလတစ်ခု
ကိုပိုင်ဆိုင်ထားနိုင်ခဲ့ကာ (၅၄)ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။
ကျွန်တော့် ခန္ဓာကိုယ်က အဆင်ပြေနေသ၍ ကျွန်တော်ဆက်
ကစားနေအုန််းမှာပါ။ အခုအချိန်မှာ ကျွန်တော်ခံစားချက်
ကောင်းပြီး ပျော်ရွှင်နေပါတယ်” လို့ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ကတည်းက Ballon d’Or ဆုနဲ့ပက်သက်ပြီး
ရော်နယ်ဒိုက ဒီဆုဟာ ယုံကြည််ရမူပျောက်ဆုံးနေပြီဖြစ်
ကြောင်း ပြောခဲ့ပါသေးတယ်။

image

#ဘဲဥငံပြာရည်ချက်နည်း
°°°°°°°°°°°°°°°°


ဘဲဥ....................၅လုံး
ပုစွန်ငံပြာရည်........၁/၂ခွက်(လက်ဖက်ရည်ပန်းကန်)
ပုစွန်ခြောက်...........၂ဇွန်း (ထမင်းစားဇွန်း)
ကြက်သွန်နီ.............၂လုံး
ကြက်သွန်ဖြူ .. .........၅တက်
ငရုတ်ကြမ်းမှုန့်........၁/၂ ဇွန်း
ငရုတ်လှော်မှုန့့်.. ......၁/၂ ဇွန်း
ဟင်းခတ်မှုန့်.. ...........အနည်းငယ်

ဘဲဥကို ကျက်အောင်ပြုတ်ပြီး ရေအေးလောင်း၊ရေအေးစိမ်ကာအခွံခွာပါ။ ပတ်လည်ကို
ဓားပါးလေးဖြင့်မွှန်းထားပါ။

ပုစွန်ခြောက်ကိုမညှက်တညှက်လေးထောင်းပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ ကိုခပ်နုပ်နုပ်လေး
စဉ်းလှီးပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေး
ပြီးကြက်သွန်နီ၊ ဖြူ ကို နနွင်းမှုန့်အနည်းငယ်နှင့်အတူဆီသတ်ပါ။

အနည်းငယ်မွှေးလာလျှင်ထောင်းထားသောပုစွန်
ခြောက်ကိုထည့်ကြော်ပါ။

ပုစွန်ခြောက်တွေဆီပူပူမှာအမြုပ်ထာလာလျှင်
ဦးစွာငရုတ်သီးခွဲ ကြမ်းထောင်းကိုထည့်ပါ။

ထို့နောက်ငရုတ်လှော်မှုန့်ထည့်မွှေပြီးပုစွန်ငံ
ပြာရည်လောင်းထည့်ပါ။ရေကိုလည်းငံပြာရည်နှစ်ဆထည့်ပေါင်းပြီးဟင်းခတ်မှုန့်ဖြင့်အရသာဖြည့်ပါ။

ဓားနဲ့မွှန်းထားတဲ့ဘဲဥတွေကိုထည့်ပါ။
ထည့်ထားတဲ့ရေခမ်းသွားချိန်ဆိုဘဲဥအသားတွေတင်းလာပါမယ်။

နောက်တစ်ကြိမ်ရေ ပြန်ထည့်ပြီးပွက်လာတာနဲ့မီးဖိုပေါ်မှချပါ။

တို့စရာအဖြစ်ကတော့မိမိနှစ်သက်ရာပြုလုပ်နိူင်ပေမယ့်
ခရမ်းသီးပြုတ်၊ ရုံးပတီသီးပြုတ်၊ ဗူးသီးပြုတ်
လတ်ဆတ်တဲ့ဂေါ်ဖီရွက်၊သခွားသီး၊သရက်သီးစိမ်းစသည်တို့ဖြင့်ပိုမိုလိုက်ဖက်မှုရှိပါတယ်။

image
51 w - Translate

5.9.2024(9:30 AM) Update Exchange Rate

မနက်ပိုင်း ငွေလဲလှယ်နူန်းများ

#exchangerate
#ဘတ်စျေး
#ဒေါ်လာစျေး
#ငွေ
#ငွေစျေး

image
51 w - Translate

19 Street ( Yangon China Town )

၁၉ လမ်း ( သို့မဟုတ် ) ရန်ကုန်သားတို့ရဲ့ ဘဝနိဗ္ဗာန်

၁၉လမ်း အမှတ်တရတွေ ရှိခဲ့ရင် ၁၉လမ်းမှာပဲ ပြန်ဆုံကြရအောင်

image
51 w - Translate

ညီမရေ

image
51 w - Translate

When you finally find out who's been making all the terrible decisions in your life lately

image
51 w - Translate

ခံတွင်းသန့်စင်ဆေးရည် နဲ့ ဆေးသင့်၊ မဆေးသင့်။

ကျွန်ုပ်တို့အားလုံးသည် မွှေးပျံ့ချစ်ခင်ဖွယ်ကောင်းသောခံတွင်းရနံ့ကို နှစ်သက်ကြပါသည်။

နေ့စဉ်ခံတွင်းကျန်းမာသန့်ရှင်းရေးအတွက် သွားတိုက်ခြင်းနှင့် သွားပွတ်ကြိုးဖြင့် သွားကြားထဲရှိအစာများကို သန့်ရှင်းခြင်းက လိုအပ်တယ်ဆိုတာကိုတော့ ပြောစရာမလိုပါဘူး။ ဒါပေမယ့် ခံတွင်းဆေးခြင်းကလည်း လိုအပ်တယ်ဆိုတာကိုတော့ ကျွန်ုပ်တို့ တော်တော်များများ မသိကြပါဘူး။ ခံတွင်းဆေးခြင်းက ခံတွင်းရနံ့ကို ပြောင်းလဲစေရုံသာမက ခံတွင်းကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

ခံတွင်းသန့်စင်ဆေးရည် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ သွားပေါက်များမဖြစ်အောင် ကာကွယ်ခြင်း ဖလိုရိုက်ဒ် (Fluoride ) ပါသော ခံတွင်းသန့်စင် ဆေးရည်ကတော့ သွားပေါက်များ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သွားမျက်နှာပြင်သည် အညစ်အကြေးနှင့် ကပ်ညှိနေသောအခါ ဖလိုရိုက်ဒ်ဓာတ်သည် သွားမျက်နှာပြင်ထဲသို့ စိမ့်ဝင်သွားပြီး အပေါ်ယံကြွေလွှာကို အား ဖြည့်ပေးပါတယ်။ သွားဖုံးရောဂါများ မဖြစ်အောင် ကာကွယ်ပေးခြင်း သွားဖုံးနှင့် သွားဖုံးပေါက် များသည် သွားကြားထဲရှိ အစာများ ကြောင့် ပျက်စီးနိုင်ပါတယ်။

အယ်လ်ကိုဟော (သို့) ကလိုဟက်စီဒင်း (chlorhexidine) ပါသော ခံတွင်းဆေးရည်ဖြင့် ဆေးခြင်းဟာ ရောဂါပိုးမွှားကို သေစေနိုင်ပြီး သွား၊ သွားဖုံးနှင့် ပတ်သက်သောရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ လတ်ဆတ်သော ခံတွင်းရနံ့ ခံတွင်းဆေးရည်သုံးခြင်းဟာ ခံတွင်းရနံ့ဆိုးခြင်းကိုတော့ ခဏတာ သက်သာစေနိုင်ပါတယ်။ ခံတွင်းဆေးရည်များကို မိမိလိုချင်သော ရနံ့မျိုးစုံဖြင့် စတိုးဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ်။ လူကြိုက်အများဆုံးကတော့ ပူရှိန်းပါသော ခံတွင်းဆေးရည် ဖြစ်ပြီး ၎င်းသည် ခံတွင်းနံ့ဆိုးခြင်းကို အဓိကဖြစ်စေသော ရောဂါပိုးမွှားများကို သေစေနိုင်ပါတယ်။

သွားတိုက်ခြင်း၊ ခံတွင်းဆေးခြင်း၊ သွားကြားရှိအစာများကို ရှင်း ခြင်း၊ ဘယ်အရာကိုအရင်ဆုံး လုပ်သင့်ပါသလဲ။ ဘယ်အရာကို အရင်ဆုံး လုပ်မလဲဆိုတာ အရေးမကြီးပါဘူး။ ၎င်းတို့ကို နေ့စဉ်ပုံမှန်ပြုလုပ်သွားမယ်ဆိုရင် တူညီသောအကျိုးကျေးဇူးရမှာပါ။ သို့သော်လည်း လူအများစုသည် သွားမျက်နှာပြင် သန့်ရှင်းအောင် သွားအရင်တိုက်ပြီးမှသာ သွားကြားထဲရှိ အစာများကို ရှင်းလင်းလေ့ရှိပါတယ်။ ထို့ နောက် ခံတွင်းဆေးရည်ကို အသုံးပြုပါတယ်။ သို့သော်လည်း ခံတွင်းဆေးရည်တွင် ဖော်ပြထားသော အသုံးပြုပုံကြည့်ရှုပြီးမှ သာ ဘယ်လိုအသုံးပြုမလဲဆိုတာ သိနိုင်ပါတယ်။ ကလေးများကလည်း ခံတွင်းဆေးရည် အသုံးပြုနိုင်ပါသလား။

ယေဘူယျအားဖြင့် (၆)နှစ်အောက် ကလေးငယ်များအတွက် ခံတွင်းဆေးရည်သည် မသင့်လျော်ပါဘူး။ အထူးသဖြင့် ဖလိုရိုက်ဒ် (fluoride) ပါသော ခံတွင်းဆေးရည်သည် ကလေးငယ်များ ကြိုက်နှစ်သက်ကာ မျိုချတတ်သောအရာဖြစ်သည်။ ထို့ ကြောင့် ခံတွင်းဆေးရည်တွင်ပါဝင်သောသ သတိပြုရန် အညွှန်းနှင့် အသက် သတ်မှတ်ချက် အညွှန်းများကို စစ်ဆေးသင့်သည်။ ခံတွင်းသန့်စင်ဆေးရည်တွင် ဘာကိုကြည့်ရှုသင့်သလဲ။ ခံတွင်းဆေးရည်ဝယ်ရာတွင် အရေးကြီးဆုံး အရေးပါသော စံနှုန်းကတော့ ADA seal ဖြစ်ပါတယ်။

ADA seal ဟာ ခံတွင်း ဆေးရည်၏ထိရောက်မှုရှိခြင်းနှင့် ဘေးထွက်ဆိုးကျိုးနည်းခြင်း ကို ဖော်ပြပါတယ်။သွားဆရာဝန်အများစုသည် အယ်လ်ကိုဟောမပါဝင်သော ခံတွင်းဆေးရည် သည် သာမန်ခံတွင်းဆေးရည်ထက် ပိုကောင်းသည်ဟု ထောက်ခံကြပါတယ်။ ခံတွင်းဆေးရည်ထဲရှိ အယ်လ်ကိုဟော သည် ရေအလုံအလောက် မသောက်ပါက ခံတွင်းကို ခြောက်သွေ့စေပြီး အနံ့ကို ဆိုးရွားစေနိုင်ပါသည်။

ခံတွင်းရနံ့ဆိုးသောသူ၊ သွားပိုးစားသောသူများအတွက် သင့်လျော်သော ကုန်ပစ္စည်းများရှိတာကြောင့် ခံတွင်းသန့်ရှင်းရေးပစ္စည်းများ(သွားတိုက် ဆေး၊ ခံတွင်းဆေးရည်) မဝယ်ခင်မှာ မိမိ၏ ခံတွင်းပြဿနာ ကို သေချာစွာ စဉ်းစားပြီးမှ ဝယ်ယူသင့်ပါတယ်။ သင်နှင့် သင့်လျော်သော ခံတွင်းဆေးရည်ကို ရွေးချယ်အသုံးပြုခြင်းက သင်၏ခံတွင်းကျန်းမာရေးကို များစွာအထောက်အကူ ပြုမှာ ပါ။ အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် သင့်ပါတယ်။

Credit: ရေးသားသူ Dr. Sandar Lin ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

image
51 w - Translate

ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ဘဲ လမ်းပြင်စေနိုင်မယ့် ရွေ့လျားခုံးကျော်တံတား

လမ်းပြင်ရင် ယာဉ်ကြောပိတ်ဆို့တတ်တယ်ဆိုတဲ့ ပြဿနာကို ဆန်းသစ်တီထွင်မှုတစ်ခုကြောင့် ဖြေရှင်းနိုင်ခဲ့ပါပြီ။ ဆွစ်ဇာလန်နိုင်ငံ လမ်းပြုပြင်ထိန်းသိမ်းရေးအာဏာပိုင်အဖွဲ့က ရွေ့လျားခုံးကျော်တံတားကို အသုံးပြုပြီး ယာဉ်ကြောပိတ်ဆို့မှုမရှိအောင် လမ်းပြင်သွားခဲ့တာပါ။

Astra Bridge လို့ အမည်ပေးထားတဲ့ ရွေ့လျားခုံးကျော်တံတားဟာ ၂၅၇ မီတာ ရှည်လျားပြီး ခုံးကျော်တံတားတစ်ခုလို လုပ်ဆောင်ပေးနိုင်ပါတယ်။ ပြုပြင်စရာရှိတဲ့ လမ်းပိုင်းမှာ အဲဒီရွေ့လျားခုံးကျော်တံတားခင်းထားရင် ကားတွေက ခုံးကျော်ပေါ်ကနေ ဖြတ်သန်းမောင်းနှင်နိုင်ပြီး လမ်းပြင်သူတွေကလည်း ခုံးအောက်မှာ လမ်းပြင်နေနိုင်မှာ ဖြစ်လို့ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်မှာ မဟုတ်ပါဘူး။

Astra Bridge ပရောဂျက်ကို ဦးဆောင်သူကတော့ ဂျက်မာရီယန်လို့ အမည်ရပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က သြစတြီးယားမှာတွေ့တဲ့ ယာယီခုံးကျော်တံတားတစ်ခုကို သဘောကျသွားပြီး ဝယ်သုံးခဲ့ပေမဲ့ ခပ်နိမ့်နိမ့် ဖြစ်နေတာ၊ အသံဆူညံလွန်းတာ၊ ရွှေ့ပြောင်းလို့မလွယ်ကူတာ စတဲ့အချက်တွေကြောင့် သူ့ဘာသာ ပြန်လည်ဆန်းသစ်တီထွင်ဖို့ စိတ်ကူးရခဲ့တာပါ။

လမ်းအကျယ် ၅ မီတာ၊ အမြင့် ၃ မီတာရှိပြီး တစ်နာရီ မိုင် ၆၀ နှုန်း မောင်းနှင်ရာမှာ အဆင်ပြေချောမွေ့စေဖို့ လမ်းအခုံးကိုလည်း ပြေပြစ်အောင် တွက်ချက်ထားရပါတယ်။ ဆွစ်ဇာလန်မှာ အသုံးပြုနေတဲ့ ရွေ့လျားခုံးကျော်တံတားကို နော်ဝေ၊ ဂျာမနီနဲ့ နယ်သာလန်နိုင်ငံတွေကပါ စိတ်ဝင်စားနေပြီး ဆွစ်ဇာလန်နိုင်ငံဘက်ကလည်း အဲဒီနည်းပညာကို ဝေမျှပေးဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။

Ref: Innovative Mobile Bridge Allows Workers to Pave Roads Without Stopping Traffic

image
51 w - Translate

heavy metal လိုမျိုးသီချင်းများကို နားထောင်ခြင်းက စိတ်တည်ငြိမ်စေနိုင်

သီချင်းတွေဟာ မယဉ်ပါးတဲ့ တိရစ္ဆာန်တစ်ကောင်ကိုတောင် ယဉ်ပါးလာအောင်လုပ်ယူနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် heavy metal လို သီချင်းအမျိုးအစားများဟာ နွေးထွေးပြီး စိတ်တည်ငြိမ်အောင်လုပ်ပေးနိုင်မယ်လို့ တွေးမိကြဖူးပါသလား။

သိပ္ပံပညာအရ ဒါဟာအမှန်တကယ်ပါပဲ
သီချင်းနားထောင်ခြင်းက လူကိုစိတ်ရောကိုယ်ပါ သွက်လက်စေပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပိုငယ်ရွယ်သွားတယ်ထင်ရစေပြီး ကောင်းကောင်းအိပ်ပျော်စေပါတယ်။ ပုံမှန်အားဖြင့် classical အမျိုးအစားက လူကို စိတ်တည်ငြိမ် ငြိမ်းချမ်းစေတယ်လို့ တော်တော်များများက မှတ်ယူကြပါတယ်။ ဒါပေမယ့် အသံကျယ်ကျယ်နဲ့ ခပ်မြူးမြူးသီချင်းတွေကလည်း ဒီလို အကျိုးသက်ရောက်မှုမျိုး ရနိုင်ပါတယ်လို့ သိပ္ပံပညာက သက်သေပြထားပါတယ်။ heavy metal, emo, hardcore နဲ့ punk သီချင်းအမျိုးအစားတွေဟာလည်း ဒေါသထွက်တာတို့၊ စိတ်မတည်မငြိမ် အခြေအနေမျိုးတွေမှာ စိတ်ကိုတည်ငြိမ် အေးချမ်းစေတယ်လို့ သြစတြေးလျနိုင်ငံရှိ ကွင်းစ်လန်းတက္ကသိုလ် (University of Queensland) က လေ့လာချက်တစ်ရပ်က ဆိုပါတယ်။

လေ့လာချက်အရ ကျယ်လောင်ပြီး အစီအစဉ်မကျပဲနဲ့ သီချင်းစာသားထဲတွေမှာ စိုးရိမ်စိတ်၊ စိတ်ဓာတ်ကျမှုနဲ့ အထီးကျန်မှုတွေကို ပြေပြစ်စွာ ထည့်သွင်း သီကုံးရေးဖွဲ့ထားတဲ့ သီချင်းအမျိုးအစားတွေဟာ နားထောင်သူတွေကို အဆိုးမြင်စိတ်တွေကို တဖြည်းဖြည်းတိုက်ထုတ်နိုင်ပြီး အကောင်းမြင်စိတ်ဘက်ကို တွန်းပို့ပေးနိုင်တယ်လို့ ဆိုပါတယ်။ သုတေသနပညာရှင် ဂျန်နီဗီးလ်ဒင်ဂယ်လ် (Genevieve Dingle) နဲ့ သူမရဲ့တပည့်ဖြစ်သူ လီယာ့ရှာမန် (Leah Sharman) တို့ဟာ heavy music ကြိုက်နှစ်သက်တဲ့ အသက် ၁၈ မှ ၃၄နှစ်ကြား လူ ၃၉ ယောက်ကို စမ်းသပ်ခဲ့ပါတယ်။ ပထမဆုံးသူတို့ကို ဒေါသထွက်အောင် လုပ်ပါတယ်။ အဲ့ဒီနောက်မှာ နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့ကို ခဏလောက် ငြိမ်သက်စွာ နေခိုင်းပါတယ်။ တစ်ဖွဲ့ကိုတော့ သီချင်းကို ပေးနားထောင်ပါတယ်။

မျှော်လင့်ထားသလိုပါပဲ။ သီချင်းနားထောင်သူများရဲ့ နှလုံးခုန်နှုန်းဟာ ပိုကောင်းလာတာကို တွေ့ရပါတယ်။ စိတ်ပိုင်းဆိုင်ရာဟာလည်း အကောင်းဘက်ကို ဦးတည်သွားတာတွေ့ရှိရပါတယ်။ တစ်ခြားလေ့လာချက်အချို့မှာလည်း metal၊ punk နဲ့ hardcore အမျိုးအစားသီချင်းတွေဟာ လူကိုပိုပြီးယုံကြည်မှုရှိစေပြီး အလုပ်လုပ်ရာမှာလည်း အဆင်ပြေစေတယ်လို့ ဆိုပါတယ်။ ဒီလေ့လာချက်ဟာ ဒီသီချင်းအမျိုးအစား ကြိုက်နှစ်သက်သူများအတွက် ဝမ်းသာစရာသတင်းတစ်ခု ဖြစ်ပါတယ်။

Ref: Reader’s Digest : Why Listening to Heavy Metal Music can actually make you calmer-seriously

image
51 w - Translate

သူငယ်ချင်းရယ် နင်ပဲစဉ်းစားကြည့် 🥹

image