51 w - Translate

အမှန်မှာ တရားရှိသလို
အမှားမှာလဲ တရားရှိမှာပါ..။
ငါက အရွယ်ရောက်ပြီဆိုတာနဲ့
လင်ယူသားမွေးဖို့ပဲ စိတ်ကူးနေတဲ့
ပုဂ္ဂိလ်တွေကို သိပ်မုန်းတာ ဘာလို့လဲဆိုတော့
သူတို့နှလုံးသားမှာ တရားမရှိလို့..။

(ဆရာ)မောင်ချောနွယ်ရဲ့
'လူကြိုက်နည်းတဲ့ကောင်'ကဗျာရှည်ကို ခဏခဏငါပြန်ဖတ်တယ် ဘာလို့လဲဆိုတော့
ကုန်ပစ္စည်းတစ်ခုလို ကိုယ့်ကိုယ်ကိုယ်ပြောင်လက်အောင် တမင်တကာလုပ်ယူနေရတာကို စိတ်ပျက်လာလို့..။

ငါဟာ ခေတ်ပေါ်သီချင်းတစ်ပုဒ်မဟုတ်ဘူး။
မီးညှိထားယုံနဲ့ သူ့အလိုလိုကုန်သွားမဲ့ ဒုက္ခအိုးပဲ။
ဒီလိုပဲ ငါ့ကိုငါ အဆိုးမြင်ပြီး
အခြားသူတွေကို ဖြည့်တွေးပေးတတ်လာတာက
ငါမသေခင် ငါ့ရဲ့ အကောင်းဆုံးသတင်းဖြစ်မှာပါ..။

#ရိုးတံ
5.9.2024

image
51 w - Translate

ကျော်ကြီးတစ်ယောက်
ခွက်ပုန်းကစ်ပြီး ညည KTV သွားတာကို
သူ့မိန်းမ အတန်အသင့် သတိထားမိလေပြီ...။

တစ်နေ့ ကျော်ကြီး ရေချိုးနေတုန်း
ကျော်ကြီး မိန်းမ ဖုံးဖွင့်စစ်ဆေးရာ တွေ့လေပြီ...

#လမင်းမေ တဲ့

ဒေါသတကြီး ချက်ချင်းခေါ်ကြည့်ရာ
သားပြောလေဆိုသော ယောက္ခမ အသံကြားရလေသည် ။

သံသယစိတ်က မပျောက်သေး
ထပ်ရှာကြည့်ရာ တွေ့ပါပြီ ဒီတစ်ခါ 😉

#ကြယ်စင်မေ တဲ့

ကျော်ကြီးမိန်းမလည်း
အောင်နိုင်သူ အပြုံးဖြင့် တစ်ချက်ပြုံးပြီး ဆက်လိုက်ရာ
ကိုကျော် ပြောဟူသော
ယောင်းမ အသံသာ ထွက်လာလေသည်...။

ဖုန်းကို ပိတ်မည်ပြုစဉ် Miss call ဝင်ထားသော
#မောင့်အိပ်မက်မေ ဆိုသော အမည်အား တွေ့သောအခါ ကျော်ကြီးမိန်းမလည်း ဒေါသမီး တဟုန်းဟုန်းတောက်လောင်ပြီး ဖုန်းဆက်ကြည့်လိုက်ရာ ဘေးမှ ဖုန်းက အသံ ထမြည်လေသည်။

#မောင့်အိပ်မက်မေ ဆိုသည်မှာ ငါပါတကားဟု 😘

ယောက်ျား သူတော်ကောင်းကြီးအား
စော်ကားမိလေချင်းဟု စိတ်မကောင်းကြီးစွာဖြစ်ကာ
ငိုချ လိုက်မိလေသည်...။

ထိုစဉ် မက်ဆေ့ တစ်စောင်ဝင်လာလေပြီ
#ဦးသုမန တဲ့ 🙄

ဒကာကြီး တရားပွဲ စမယ် ဟူသတည်း...

ကျော်ကြီးမိန်းမလည်း
ယောက်ျား သူတော်ကောင်းကြီး စော်ကားမိလေချင်းဟု
မျက်ဝန်းမှ မျက်ရည်စများအား လူမမြင်အောင် ခိုးသုတ်လိုက်ရင်း 🤧

တရားပွဲမှာ လှူရအောင်
၅ သိန်းအုပ်လေး စားပွဲပေါ် တင်ပေးပြီး
ဟင်းနွေးချင်ဟန်ဆောင်ကာ
မီးဖိုခန်းထဲသို့ ဝင်သွားလေသည်...

ကျော်ကြီးလည်း ၅ သိန်းအုပ်ကို
ဟန်ပါပါယူရင်း အိမ်ပြင်ရောက်သည်နှင့်

#ဉီးသုမန ထံဖုံးဆက်ပြီး

ကလေး ကိုကြီးထွက်လာပြီ.... တဲ့

😁😂🤣

image
Sofia Cooking Diary changed her profile cover
51 w

image

ကြက်သားမွန်ဟင်း

ပါဝင်ပစ္စည်း
၁။အိမ်ကြက် နုနု တစ်ခြမ်း ၃၀သား
၂။မရမ်းသီး အစိမ်း အရွယ်တော် ၆လုံး(မရမ်းပြားခြောက်ရရင် မရမ်းပြားခြောက်သုံးပါ။)
၃။စိမ်းစားငပိ လက်ဖက်စားဇွန်း ၁ဇွန်း
၄။စပါးလင် ၂ပင်
၅။ကြက်သွန်နီ ဥကြီး ၁ဥ
၆။ကြက်သွန်ဖြူ ၁ဥ
၇။ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
၈။ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊
၉။ရှမ်းနံနံ ၃ရွက်
၁၀။ငရုတ်သီးစိမ်း အတောင့်၂၀(အစပ်စားနိုင်ရင်ပိုထည့်ပါ)
၁၁။နေကြာဆီ ထမင်းစားဇွန်း ၃ဇွန်း
၁၂။နနွင်း လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ

၁။ကြက်သားကို အနေတော်တုံး ဆား၊ ဟင်းခတ်မှုန့် ၊နနွင်း ၊စိမ်းစားငပိတို့နဲ့ အရသာဝင်အောင် ရောနယ်ထားပါ။
၂။ကြက်သွန်နီ ကြက်သွန်ဖြူ စပါးလင်၁ပင်ပါးပါးလှီး ညက်အောင်ထောင်းထားပါ ။
၃။မရမ်းသီး ကို ထက်ခြမ်းခြမ်းပြီး အစေ့ထုတ်ထားပါ။
၄။ငရုတ်သီးစိမ်း ကို ဒါးနဲ့ထက်ခြမ်းအရာပေးခွဲထားပါ။
၅။ရှမ်းနံနံ ကို ရေဆေးထားပါ။
၆။အရသာနယ်ထားသော ကြက်သားကို ကြက်သွန်ဖြူနီစပါးလင်ထောင်းထားတာနဲ့ မရမ်းသီးပါထည့် နေကြာဆီ ထမင်းစားဇွန်း ၃ဇွန်းပါ ရောနယ်ထားပါ။

ချက်ပြုတ်ပုံ

ဒယ်ထဲကြက်သားနယ်ထားတာထည့် အဖုံးအုပ်ပြီး မီးအနေတော်နဲ့ တည်ပါ။ ဆီသံဖြစ်ဖြစ်မြည်လာရင် အဖုံးဖွင့် အိုးမကပ်အောင်မွှေပေးပါ။
အိုးအရမ်းကပ်ရင် ငရုတ်ဆုံကျင်းထားတဲ့ရေကို နဲနဲချင်းထည့်ပေးပါ။
ကြက်သားအသားကျစ်လာတဲ့အထိလုံးပါ။
ကြက်သားအသားကျစ်လာရင် ဆုံကျင်းရေထည့် အသားနူးသည်အထိတည်ပါ။
အသားနူးရင် အရသာမြည်း ဟင်းအရည်ကို ကိုယ်ကြိုက်နှစ်သက်သလောက်ထားပါ။
အရည်လဲအနေတော် အရသာလဲ အနေတော်ရင် စပါးလင်တစ်ပင်ကို ထုံးချည်ပြီးထည့်လိုက်ပါ။
ပြီးနောက် မီးပိတ်၍ ငရုတ်သီးစိမ်း ထည့်၊ ရှမ်းနံနံ ကို လက်နဲ့ခြွေထည့်ပါ။
ရပါပြီ အရသာ ချိုချဉ်ငံစပ်လေးနဲ့ စပါးလင်နံ့မွှေးမွှေး ကြက်သားမွန်ဟင်း လေးပါ။ ခံတွင်းပျက်သူတွေ ထမင်းစားမမြိန်သူတွေ စားကြည့်ပါ။ ဒီဟင်းတစ်ခွက်ထဲနဲ့တင် ထမင်းမြိန်သွားမှာ အသေအချာ။

image
51 w - Translate

ယနေ့ ရွှေစျေး ဒေါ်လာစျေး ဘတ်စျေးနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ

(5.Sep.24) 12:15pm
ပြင်ပစျေးကွက်၌ ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ..

အမေရိကန်ဒေါ်လာ 5550 – 5700
စင်ကာပူဒေါ်လာ 4050 – 4200
ဥရောပယူရို 5870 – 6070
ဂျပန်ယန်း 36.80 – 37.98
တောင်ကိုရီးယားဝမ် 3.98 – 4.11
အိန္ဒိယရူပီး 62.50 – 64.52
မလေးရှားရင်းဂစ် 1200 – 1260
တရုတ်ယွမ် 750 – 780
ထိုင်းဘတ် 156.25 – 161.29

ပြင်ပ ရွှေဈေးကွက်မှာတော့..

၁၆ ပဲရည် မီးလင်း
ရောင်းစျေး 7,200,000
ဝယ်စျေး 7,150,000

၁၅ ပဲရည်
ရောင်းစျေး 6,750,000
ဝယ်စျေး 6,700,000

ရွှေကုန်သည်အသင်း (YGEA) သတ်မှတ်စျေးကတော့..

၁၆ ပဲရည် မီးလင်း - 5,015,000
၁၅ ပဲရည် - 4,703,000
ကမ္ဘာ့ရွှေဈေးနှုန်းမှာ တအောင်စ 2496 ဒေါ်လာ ဖြစ်သည်။

#ရွှေစျေး
#ဒေါ်လာစျေး
#ဘတ်စျေး

image
51 w - Translate

အမြင့် ၅၃၆၄ မီတာမှာရှိတဲ့ ဧဝရက်တောင်အခြေစိုက်စခန်းကို ရောက်အောင် တက်နိုင်ခဲ့တဲ့ ၈ နှစ်သားလေး

အသက် ၈ နှစ်အရွယ် ဖရန့်ကီ မက်မီလန်ဆိုတဲ့ ကောင်လေးဟာ ၉ ရက်ကြာ ခြေလျင်တောင်တက်ခရီးထွက်ခဲ့ပြီးနောက် ဧဝရက်တောင်ရဲ့အခြေစိုက်စခန်းကို ရောက်အောင် တက်နိုင်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်က ဂရိနိုင်ငံရဲ့Olympus တောင်ကို တက်ခဲ့တဲ့ အသက်အငယ်ဆုံးဗြိတိန်နိုင်ငံသားဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ဖရန့်က အမြင့်၁၇၅၉၈ ပေ (၅၃၆၄ မီတာ) ရှိတဲ့ ဧဝရက်တောင်အခြေစိုက်စခန်းကို ရောက်အောင် တက်နိုင်ခဲ့တာပါ။ သူဟာ အသက် ၁၀ နှစ်ကျရင် ဧဝရက်တောင်ထိပ်ကို ရောက်အောင်တက်ဖို့ စီစဉ်ထားပါတယ်။

ဖရန့်က သူ့မိခင်ဖြစ်သူ ဘာဆီယာနဲ့အတူ တောင်တက်ခဲ့တာပါ။ သူ့အမေကတော့ ဒီခရီးက မမေ့နိုင်စရာအတွေ့အကြုံဖြစ်ခဲ့ပြီး သူ့သား အခြေစိုက်စခန်းကို ရောက်တာကြည့်နေရတာ၊ သူ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာကို ကြည့်နေရတာ မဂုဏ်ယူဘဲမနေနိုင်ဘူးလို့ ဆိုပါတယ်။

ဖရန့်က ကမ္ဘာ့တိုက်ကြီး ၇ တိုက်မှာရှိတဲ့ အမြင့်ဆုံးတောင်တွေကို တဖြည်းဖြည်းချင်း တက်သွားချင်တယ်လို့ ပြောပါတယ်။ ဖရန့်တို့သားအမိက ပရဟိတအဖွဲ့အစည်း Make-A-Wish UK အတွက် ရန်ပုံငွေရှာပေးဖို့ အခုလိုတောင်တက်ခဲ့တာဖြစ်ပါတယ်။

image
51 w - Translate

လူတစ်ယောက်ကို မအိပ်ခင်သတိရပြီး
အိပ်ယာနိုးလာလည်း သတိရတယ် ဆိုရင်
သူ့ကိုမေ့ဖို့ အချိန် ၇ နှစ် ကြာ သ တဲ့ ...

image
51 w - Translate

Jerry 🤣😅🤣

image
51 w - Translate

Adult coloring book တွေရဲ့ ကျန်းမာရေးအပေါ် အကျိုးကျေးဇူးများ

အခုအချိန်မှာ Adult coloring book တွေကို တော်တော်များများအသုံးပြုလာကြပါပြီ။ ရောင်စုံခြယ်တဲ့စာအုပ်လေးတွေဟာ ကလေးတွေအတွက် သာမဟုတ်တော့ပဲ လူကြီးတွေအတွက်ပါ ရည်စူးထုတ်လုပ်လာကြတာပါ။

သုတေသနပညာရှင်နဲ့ အနုပညာရှင်တွေက ဆယ်စုနှစ် တစ်ခုကျော်ကြာအောင် လေ့လာခဲ့ကြပြီး ရလဒ်ကောင်းတွေ တွေ့ရှိခဲ့ကြပါတယ်။ ရောင်စုံခြယ်ခဲတံတွေကိုလည်း Adult coloring book တွေမှာ သုံးနိုင်အောင် ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်လာကြပါတယ်။ ဒါကလည်း ဈေးကွက်တစ်ခုဖြစ်လာပါတယ်။

တကယ်တော့ နိုင်ငံခြားမှာ ၂၀၁၂ လောက်ကစပြီး အတော်ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာတော့ ၂၀၁၅ လောက်မှာမှစပြီး တွင်ကျယ်လာတာကိုတွေ့ရပါတယ်။ အမေရိကန်အနုပညာနဲ့ ကုစားခြင်းအဖွဲ့အစည်းက အနုပညာနဲ့ကုစားခြင်းဟာ စိတ်ပိုင်းဆိုင်ရာကိုကောင်းမွန်စေပြီး ခံစားချက်တွေကို ရှာဖွေနိုင်ခြင်း၊ ပြင်းပြတဲ့ခံစားချက် ရှုပ်ထွေးမှုတွေကို ပြန်လည်ညှိနှိုင်းပေးနိုင်ခြင်း၊ ကိုယ့်ကိုယ်ကိုယ်ဂရုပြု ဂရုစိုက်မိစေခြင်း၊ အပြုအမူတွေကို ထိန်းသိမ်းနိုင်ခြင်း၊ လူမှုဆက်ဆံရေးနယ်ပယ်တွေမှာ ပိုမိုအဆင်ပြေခြင်း၊ လက်ရှိဘဝကို ပိုနှစ်သက်တတ်လာခြင်း၊ စိုးရိမ်စိတ်တွေကို လျှော့ချနိုင်ခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တိုးတက်လာနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရနိုင်တယ်လို့ဆိုပါတယ်။

ရောင်စုံခြယ်တာက လုံးဝကြီးအနုပညာ သက်သက်တော့ မဟုတ်ပေမယ့် ဒီကုစားခြင်းရဲ့ အကျိုးကျေးဇူးကို ရရှိနိုင်ပါတယ်။ အရောင်တွေခြယ်ပြီး ကုစားပေးခြင်းကို ၉၀ ခုနှစ်အလည်ပိုင်းတွေမှာ စတင်ခဲ့တယ်လို့ သိရပါတယ်။ စိုးရိမ်စိတ်နဲ့သောကတွေကို လျှော့ချပေးနိုင်ပြီး အာရုံစိုက်နိုင်စွမ်းနဲ့ စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ အဝန်းအဝိုင်းပုံစံတွေနဲ့ မြေမျက်နှာသွင်ပြင်ပုံစံ သျှက္ကရ(Sanskrit-Mandala) ပုံစံတွေကို အရောင်ခြယ်တာက စိုးရိမ်စိတ်တွေကိုလျှော့ချနိုင်ပါတယ်။ အရောင်ခြယ်ခြင်းဖြင့် ဦးနှောက်ရဲ့အတွေးတွေကို ထိန်းချုပ်နိုင်ပြီး တစ်ခုထဲကိုအာရုံစိုက်စေပါတယ်။ ဒါက စိတ်သောကတွေကို သက်သာစေပါတယ်။

အခုအခါမှာတော့ စူပါမားကတ်တွေ စတိုးဆိုင်တွေမှာ Adult coloring book တွေကို အလွယ်တကူဝယ်ယူရရှိနေပြီဖြစ်ပါတယ်။ အားလပ်ချိန်မှာ ဖုန်းတွေ ကွန်ပျူတာတွေခဏ ဘေးချိတ်ပြီး စာအုပ်လေးနဲ့ရောင်စုံခဲတံလေးယူပြီး ခြယ်ကြည့်ပါ။ ဒါက စိတ်ငြိမ်တဲ့ယောဂကျင့်တာမျိုးနဲ့ ဆင်တူပါတယ်။ အာရုံကိုတစ်ခုထဲမှာ စူးစိုက်နေစေပြီး စိတ်ငြိမ်စေပါတယ်။ စိတ်ငြိမ်လာတာနဲ့အမျှ ပတ်ဝန်းကျင်အပေါ် ဒါမှမဟုတ် ပြဿနာတစ်ခုခုအပေါ် မြင်တဲ့အမြင်တွေက ပိုကောင်းလာနိုင်ပါတယ်။ စိတ်ကိုလည်း ကြည်လင်စေပြီး လူမှုပတ်ဝန်းကျင်မှာလည်း ပေါင်းသင်းဆက်ဆံမှုတွေ တိုးတက်လာနိုင်ပါတယ်။

image
Digital Daily shared a post  
51 w

51 w

တောင်သူတစ်ဦးက ပိုလျှံနေတဲ့ အာလူးသန်းချီကို လိုအပ်နေသူတွေအတွက် လှူဒါန်း

ကနေဒါနိုင်ငံမှ တောင်သူတစ်ဦးဟာ ပိုလျှံနေတဲ့ အာလူးသန်းချီကို လိုအပ်နေသူတွေအတွက် လှူဒါန်းပေးခဲ့ပါတယ်။ မာနီတိုဘာမြို့မှာ နေထိုင်တဲ့တောင်သူ ဟိုဖာဟာ အခုနှစ် အာလူးထွက်ချိန်မှာ အာလူး အလွန်အထွက်တိုးပြီး အလေးချိန် ပေါင် ၁၀ သန်းလောက်အထိ ပိုလျှံနေခဲ့လို့ ကြံရာမရ ဖြစ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ The Farmlink Project နဲ့ ဆက်သွယ်ပြီး ပိုလျှံနေတဲ့ အာလူးတွေကို လိုအပ်နေသူတွေထံ လှူဒါန်းပေးနိုင်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၄ နှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ The Farmlink Project ဟာ တောင်သူတွေရဲ့ ပိုလျှံနေတဲ့ သီးနှံတွေကို လိုအပ်နေသူတွေထံ ဖြန့်ဖြူးပေးတဲ့ အဖွဲ့အစည်းပါ။ အမေရိကန်နိုင်ငံနဲ့ မြောက်အမေရိကတိုက်တစ်ဝန်းမှာ ပိုလျှံနေတဲ့ ထွက်ကုန်ပစ္စည်း အလေးချိန် ပေါင်သန်း ၂၂၀ ကို လိုအပ်နေသူတွေထံ ပို့ဆောင်ပေးနိုင်ခဲ့ပြီး အဲဒီပမာဏက အိမ်ထောင်စုတွေအတွက် အစားအစာအနပ်ပေါင်း ၁၈၃ သန်းနဲ့ ညီမျှပါတယ်။

Ref: Manitoba Farmer Gives Away Millions Of Potatoes To People In Need

image