2 yrs - Translate

အမှတ်တရတွေကို ခဏ‌လေးဆိုသလို
ဖြတ်တောက်ပစ်လိုက်နိုင်တဲ့ အမျိုးသမီး။

မျက်နှာများတယ်။ သစ္စာပါးတယ်။
မေတ္တာကို တစ်ရှူးတစ်စလောက်တောင် တန်ဖိုးမထားဘူး။

အချစ်ဆိုတာကို အဲ့အမျိုးသမီးဘယ်လိုခံယူထားလဲ။
ရင်ခုန်ခြင်းကိုရော ကြုံဆုံဖူးပါရဲ့လား။ မေးလိုက်ချင်တယ်။

ပေးချင်ပါရက်နဲ့ တစ်ယောက်တည်းအတွက် ရည်ရွယ်ပါရက်နဲ့
ပိုင်ရှင် မရှိသွားခဲ့တဲ့ မေတ္တာဓါတ်တွေ။

တကယ်ဆို နှမျောဖို့သိပ်ကောင်းတယ်။
ဘာပဲဖြစ်ဖြစ် အဆုံးထိ ရှိနေလိုက်သင့်တာမဟုတ်လား။
#girllovestorybyhsu

image
2 yrs - Translate

သူများတွေ ချစ်လာအောင်
ကျွန်တော့်ကိုကျွန်တော်
ပြောင်းလဲတာတွေ မလုပ်ချင်တော့ဘူး။

အဲဒီ့အစား ကျွန်တော့်ရဲ့ဖြစ်တည်မှု
အရှိအတိုင်းကို လက်ခံပြီး ချစ်ပေးမယ့်
လူတယောက်ကိုပဲ မျှော်လင့်တော့တယ်။

သိတယ်မလား
ကျွန်တော်မို့လို့ ကျွန်တော်ဖြစ်နေလို့ကို
ချစ်တာ ဆိုတာမျိုးလေးလေ။

💭 || 31.8.2024

image
2 yrs - Translate

တစ်ယောက်ယောက်ကို
လိုက်ရှာရင်းနဲ့ပဲ
တစ်ကမ္ဘာလုံးကိုကျပျောက်ခဲ့ရ ။ ။

#ငြိမ်းချမ်းအောင်
#သွေးရူးသွေးတန်းနေ့ရက်များ
@followers
𝙈𝙤𝙙𝙚𝙧𝙣 𝙋𝙤𝙚𝙩𝙧𝙮

image
2 yrs - Translate

အရာရာဟာ မင်းအပေါ်ပဲမူတည်တာမို့
မင်းသာပြောင်းလဲမသွားရင် ကိုယ်ကမင်းအတွက်ပါ။

💭 || 31.8.2024

image
2 yrs - Translate

တစ်ယောက်ယောက်ကို ရင်ထဲမှာ သိမ်းထားရင်
မည်သူတစ်ဦးတစ်ယောက်ကိုမှ ချစ်ကြောင်းမပြောရဘူး
ဒါဟာ ကိုယ်မြတ်နိုးတဲ့လူတစ်ယောက်အပေါ်မှာရော
ကိုယ့်ကို ချစ်မြတ်နိုးတဲ့လူတစ်ယောက်အပေါ်မှာရော
စောင့်ထိန်းရမဲ့စည်းပဲ။

#ဖားစည်ရည်ကျော်

image
2 yrs - Translate

တိုက်ဆိုင်တာလားဘာလားတော့ မပြောတတ်ဘူး...

သိပ်ချစ်တတ်ပါတယ်ဆိုတဲ့သူအများစုကိုကြည့်လိုက်ရင် ဘဝမှာ သိပ်အချစ်မခံခဲ့ရတဲ့သူတွေဖြစ်နေတတ်တယ်...

ကိုယ့်ဖက်ကအများကြီးချစ်ပေးရင်တော့ အများကြီးပြန်အချစ်ခံရမှာပဲဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ သူတို့တွေ ချစ်ပေးခဲ့ကြတာပဲ...

ဝမ်းနည်းစရာတစ်ခုကတော့ အဲ့လိုတူညီတဲ့တုံ့ပြန်မှုမျိုး သူတို့တွေ ဘယ်တော့မှ ပြန်မရခဲ့ကြတာပါပဲ...

- မိုးနေ့ l အပိုင်းအစများ

image
2 yrs - Translate

ငါက ဝမ်းနည်းကြေကွဲနေသလောက် နင်တို့က တအားပျော်နေတာနော်အေး😒😒

#crdphoto
#kuukuu

image
2 yrs - Translate

မိန်းမနှစ်ယောက် ချစ်နေတာကို မြင်လို့
နင်တို့နှစ်ယောက်မှာ ဘယ်သူက ယောကျာ်းလဲလို့မေးရင်
ဖြေစရာအဖြေမရှိသလိုပဲ ခံစားမိတယ်။

သို့ပေမဲ့ မဖြေတော့လဲ ဘယ်ပြီးပါ့မလဲ။
ဘယ်သူယောကျာ်း၊ဘယ်သူမိန်းမမှ မဟုတ်ပါဘူး။
ဒီတိုင်းလေး မိန်းမနှစ်ယောက် ချစ်မိကြတာပဲ ပြန်ဖြေမိတယ်။

image
2 yrs - Translate

သိပ်ချစ်ရတော့လဲ အရိပ်တကြည့်ကြည့်ပါပဲ။

💭 || 1.9.2024

image
2 yrs - Translate

ကျွန်တော် ခင်ဗျားကို လက်လျှော့လိုက်ပြီမို့ ... နေပျော်သလိုသာ နေပါ

စကားတွေ အများကြီးမပြောတော့ဘူး မျှော်လင့်ချက်တွေ အများကြီး မထားတော့ဘူး စကားတွေ အများကြီးပြောရင် ရန်တွေ ဖြစ်ရတယ် ဖြစ်ချင်စိတ်နဲ့ မျှော်လင့်ချက်တွေထားလို့ ဖြစ်မလာခဲ့ရင် ကိုယ်ပဲ ရင်မောရတယ်

ပြီးတော့ မမျှော်တော့ဘူးသိလား ဘာလို့လဲဆိုတဲ့ မေးခွန်းတွေ မမေးတော့ဘူး ဘယ်တော့လဲဆိုတဲ့အချိန်တွေ မစောင့်တော့ဘူး မျှော်နေရင်း မောသွားတဲ့ လူတစ်ယောက်လို့ပဲထားပါ

ပြီးတော့ ... ကျွန်တော်က အတွေးသိပ်များပြီး ပွစိပွစိလုပ်တတ်တဲ့ လူတစ်ယောက်လို့ပဲ ထားပါ နေပျော်သလို နေလို့ရပါပြီ

ပြီးတော့ ... ခင်ဗျား ပျော်မယ်လို့ထင်တာကိုပဲ လုပ်ပါ

ပင်ပန်းနေပြီမို့ ကျွန်တော် ... လက်လျှော့လိုက်ပါပြီ

image