51 w - Translate

ဒိုလေးကို အတုခိုးလိုက်တာ ထမင်း တစ်ပတ်လောက်မစားနိုင်ဘူး ဖြစ်သွားတယ်
😂😂😂

51 w - Translate

ဂိုး ၉၀၀ သွင်းနိုင်သည့် ပထမဆုံးကစားသမားအဖြစ် ရော်နယ်ဒို စံချိန်တင်

ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ ဂိုးပေါင်း ၉၀၀ သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။

ရော်နယ်ဒိုဟာ ခရိုအေးရှားနဲ့ကစားခဲ့တဲ့ ယူအီးအက်ဖ်အေ နေရှင်းလိဂ်ပြိုင်ပွဲမှာ ၉၀၀ မြောက်ဂိုး သွင်းနိုင်ခဲ့တာပါ။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ပွဲမှာ နူနိုမန်ဒက်စ်ရဲ့ ပေးပို့မှုကို အနီးကပ် ဗော်လီကန်သွင်းပြီး သူ့ကစားသမားဘဝတလျှောက် ၉၀၀ မြောက်ဂိုး သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ကစားသမားဘဝတလျှောက် ဂိုးပေါင်း ၈၀၀ ပြည့်အောင် ပထမဆုံး စွမ်းဆောင်နိုင်တဲ့ ကစားသမားဖြစ်သလို ဂိုးပေါင်း ၉၀၀ ပြည့် မှတ်တိုင်သစ်စိုက်ထူနိုင်တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်ပါတယ်။

“ဂိုး ၁,၀၀၀ ပြည့်အောင် သွင်းချင်ပါတယ်။ ကျနော့်အတွက်တော့ ဘောလုံးသမိုင်းမှာ ဂိုးပေါင်း ၉၀၀ ပြည့်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အကောင်းဆုံးအမှတ်အသားကို စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂိုး ၉၀၀ သွင်းပြီးတော့ ဂိုး ၁,၀၀၀ သွင်းနိုင်ဖို့က ကျနော့်ရဲ့ စိန်ခေါ်မှုပါ။ ဒဏ်ရာမရဘူးဆိုရင် ဂိုး ၁,၀၀၀ သွင်းနိုင်ဖို့က ကျနော့်အတွက် အရေးကြီးဆုံးအရာ ဖြစ်လာမှာပါ” လို့ ရော်နယ်ဒိုက ပြောပါတယ်။

ချန်ပီယံလိဂ်မှာ ၁၄၁ ဂိုးနဲ့ စံချိန်တင်ထားတဲ့ ရော်နယ်ဒိုဟာ လက်ရွေးစင်အသင်း အတွက်လည်း ဂိုးပေါင်း ၁၃၁ ဂိုးနဲ့ လက်ရွေးစင်အသင်းအတွက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ လက်ရွေးစင်အသင်းအတွက် ၁၃၁ ဂိုး၊ ရီးရဲလ်မက်ဒရစ်အတွက် ဂိုး ၄၅၀၊ မန်ချက်စတာယူနိုက်တက်အတွက် ၁၄၅ ဂိုး၊ ဂျူဗင်တပ်အတွက် ၁၀၁ ဂိုးနဲ့ လက်ရှိကလပ် အယ်နာဆာအတွက် ၆၈ ဂိုး၊ ပထမဆုံးအသင်းဖြစ်တဲ့ စပို့တင်းလစ္စဘွန်းအတွက် ၅ ဂိုး သွင်းယူခဲ့သူဖြစ်ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကတော့ ဂိုးအများဆုံးသွင်းသူ စာရင်းမှာ ၈၅၉ ဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တန်းဂိုးသွင်းသူစာရင်းမှာ ဘရာဇီးဂန္ထဝင်ကစားသမား ပီလီက ၇၆၂ ဂိုးနဲ့ တတိယနေရာမှာ ရပ်တည်နေပြီး ဘရာဇီးတိုက်စစ်မှူး ရိုမာရီယိုက ၇၅၅ ဂိုးနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။

ပီလီဟာ ကမ္ဘာ့ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် နှစ်ပေါင်း ၅၀ ကျော် ရပ်တည်နိုင်ခဲ့သူဖြစ်ပြီး သူ့ရဲ့စံချိန်ကို ရော်နယ်ဒိုနဲ့ မက်ဆီ ၂ ယောက်တည်းကသာ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ မက်ဆီပြီးရင် လက်ရှိကစားနေတဲ့ ကစားသမားတွေအနက် ဘာစီလိုနာ တိုက်စစ်မှူး လီဝန်ဒေါ့စကီးက ကစားသမားဘဝတလျှောက် ဂိုးပေါင်း ၆၃၅ ဂိုးနဲ့ သမိုင်းတလျှောက် ကမ္ဘာ့ဂိုးအများဆုံးသွင်းသူစာရင်းမှာ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။

ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်က ၅၇၈ ဂိုးနဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေတာ တွေ့ရပါတယ်။

နိုင်ငံတကာဘောလုံးသမိုင်းနဲ့ စာရင်းပြုစုရေးအဖွဲ့ IFFHS ရဲ့ ဖော်ပြမှုအရ ထိပ်တန်းအဆင့် နိုင်ငံတကာနဲ့ ကလပ်အသင်းတို့မှာ ဂိုးပေါင်း ၅၀၀ ပြည့်အောင် သွင်းနိုင်တဲ့ ကစားသမား ၂၄ ယောက်သာ ရှိတယ်လို့ သိရပါတယ်။
DVB

image
51 w - Translate

မသန်စွမ်းသူများအတွက် ရန်ပုံငွေရှာဖို့ နိုင်ငံအနှံ့ စက်ဘီးစီးနှင်သွားမယ့် အသက် ၆ နှစ် ကလေးလေး

အသက် ၆ နှစ်အရွယ် စင်ကာပူနိုင်ငံသားလေးက တစ်ရက်အတွင်း စင်ကာပူအနှံ့ ကီလိုမီတာ ၁၂၀ စက်ဘီးစီးနှင်နိုင်တဲ့ အသက်ငယ်ဆုံးပုဂ္ဂိုလ်ဖြစ်လာဖို့ စိန်ခေါ်မှုတစ်ခုကို လက်ခံဖြစ်ခဲ့ပါတယ်။ ဖခင်ဖြစ်သူပါ လိုက်ပါအဖော်ပြုပေးမယ့် အာရမ်ဆိုတဲ့ အဲ့ဒီကလေးလေးက အခုလို စက်ဘီးစီးနှင်ပြီးတော့ မသန်စွမ်းသူများအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ SUN-DAC အတွက် ရန်ပုံငွေရှာပေးသွားမှာလည်းဖြစ်ပါတယ်။

သူဟာ သူ စက်ဘီးစီးနှင်တဲ့ ကီလိုမီတာတိုင်းအတွက် စင်ကာပူဒေါ်လာ ၁၀၀ ရရှိဖို့ မျှော်လင့်ထားတာပါ။ ကီလိုမီတာ ၁၂၀ ဝန်းကျင်လောက် စက်ဘီးစီးနှင်သွားမှာဖြစ်ပါတယ်။ အာရမ်ဟာ အသက် ၄ နှစ်ကတည်းက စက်ဘီးစီးတာကို စိတ်ပါဝင်စားခဲ့ပြီး စက်ဘီးမြန်မြန်စီးရတာကို ကြိုက်ခဲ့တာလို့ ဖခင်ဖြစ်သူ ဘဂျမင် ဆွန်းက ပြောပါတယ်။

အာရမ်က အသက် ၄ နှစ်မှာ Jurong East ကနေ သူ့အဘွားအိမ်ရှိတဲ့ Bukit Panjang အထိ ၁၀ ကီလိုမီတာ စက်ဘီးစီးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်အစောပိုင်းက East Coast Park မှာ ၅၂ ကီလိုမီတာ စက်ဘီးစီးနှင်နိုင်ခဲ့ပြီးတဲ့နောက်မှာ ဖခင်ဖြစ်သူက သူ့ကို ကီလိုမီတာ ၁၂၀ စက်ဘီးစီးနှင်ဖို့ စိန်ခေါ်ခဲ့တာပါ။

အာရမ်က ဒီစိန်ခေါ်မှုခရီးစဉ်ပြီးမြောက်ခဲ့ရင် Asia Book of Records မှာ စံချိန်ချိုးနိုင်မယ်လို့ သူ့မိဘတွေက ယုံကြည်ထားပါတယ်။ Asia Book of Records မှာ လက်ရှိစံချိန်ကိုင်ဆောင်ထားသူက တစ်ရက်အတွင်း ကီလိုမီတာ ၁၀၀ စက်ဘီးစီးခဲ့တဲ့ ဗီရက်တ် ဗီဂျေပါပဲ။ ဗီရက်တ်က အသက် ၉ နှစ်အရွယ်၊ ၂၀၂၂ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ဒီစံချိန်ကို ချိုးခဲ့တာပါ။

အခုတော့ အာရမ်က ကီလိုမီတာ ၁၂၀ စက်ဘီးစီးနှင်နိုင်ဖို့ စက်ဘီးစီးလေ့ကျင့်နေပါတယ်။

image
51 w - Translate

Antony သည်

CR-7 ရဲ့ ကစားသမားဘဝမှာ သွင်းယူထားတဲ့
ပြိုင်ပွဲစုံ သွင်းဂိုး (90 အား

လိုက်မှီနိုင်ရန်

(857) ဂိုးသာ လိုတော့သည် ။

image

ဘဲဥနှောက်ချက်

ဘဲဥတွေကိုဆားအနည်းငယ်ထည့်
ဇွန်းနဲ့ကြာကြာလေးခေါက်ပြီး
ခွက်ကလေးတွေထဲထည့်ပါတယ်
ပြီးမှပေါင်းအိုးနဲ့ကျက်အောင်ပေါင်းပြီး
မထူမပါးလှီးထားပါတယ်
ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးတို့ကို
ညက်အောင်ထောင်းပြီး ဆီသပ်ပါ
ကြက်သွန်တွေကြွပ်ရင်
မဆလာထည့်ပါ
ခရမ်းချဉ်သီးတွေပါးပါးလှီးထည့်ပြီး
ကြေသွားတဲ့အထိချက်ပါ
ဘဲဥတွေထည့် အချိုအငန်အရသာ ထည့်ပါ
ဆီပြန်ပြီဆိုမှ
နံနံပင် နဲ့ ငရုတ်သီးစိမ်း အုပ်ပါတယ်

image
51 w - Translate

ယနေ့ ⛽️ဆီစျေး

image
51 w - Translate

ကရင်ပြည်နယ် ဘားအံမြို့အနီး နောင်ကမြိုင်ရွာအကျော် တခင်းလုံရွာက

ပဒုံဂူ

ဘားအံမြို့ကနေ လာရင် ဘားအံ လှိုင်းဘွဲလမ်းအတိုင်း ၁၀မိနစ်ခန့် လာတဲ့အခါ ဘယ်ဖက်အခြမ်းမှာ မြိုင်ကြီးငူမုတ်ဝကို တွေ့ရပါမယ်။ မုတ်ဝထဲကို ဝင်ပြီး မိနစ် ၁၅မိနစ်ခန့် ထပ်သွားလိုက်ရင် (နောင်ကမြိုင်ရွာအကျော်) တခင်းလုံရွာနဲ့ ပဒုံဂူ အဝင် ကျောက်ဆိုင်းဘုတ်လမ်းညွှန်ကို ဘယ်ဖက်အခြမ်းမှာ တွေ့ရပါပြီ။ တခင်းလုံရွာရောက်တဲ့အခါ ရွာခံများကိုမေးပြီးလည်း အလွယ်တကူ သွားနိုင်ပါတယ်။

ပဒုံဂူက အနဲငယ်ရှည်ပြီး အနောက်ဂူထွက်ပေါက်ရှိပါတယ်။ နောက်ဂူထွက်ပေါက်ကနေ ထွက်ပြီး အရှေ့တည့်တည့်က လှေခါးအတိုင်းလည်း တောင်တက်လို့ရပါတယ်။ တောင်တစ်ဝက်မှာ နတ်ရေကတ်လို့ခေါ်တဲ့ နွေရာသီတောင် ရေမပြတ်တဲ့ ကျောက်ရေကန်လေးတစ်ခု ရှိပါတယ်။

ဘားအံ ခရီးသွား
Hpa An Traveller