2 yrs - Translate

မတန်လို့
•••••••••••

" မတန်လို့ ဒီတိုင်းလွတ်ထားတာကို မသိဘူးလို့တော့မထင်ပါနဲ့"

သူတောင်းစားမ ကိုယ်ဝန်ရတော့ ဘုရင့်ပွဲတော်အုပ်မှ
စားချင်တယ်လို့ ချဉ်ချင်းတပ်တယ်..
အဲ့တော့ သူ့ယောက်ျား သူတောင်းစားကို ပူစာတယ်။

မောင်တော် ဘုရင့်ပွဲတော်အုပ် စားချင်တယ်လို့
နှမတော်ချဉ်ချင်းတပ်တယ် .. ဘုရင့်ပွဲတော်အုပ်မှ
မစားရရင် နှမတော် သေရပါလိမ့်မယ်မောင်တော်
ရအောင်ယူပေးပါ။ "

ဪနှမတော်ရယ် သူတောင်းစားနဲ့
ဘုရင့်ပွဲတော်အုပ် မတန်မရာ တခြားဟာဆိုတော်သေး..
"ဒို့က သူတောင်းစား "ဘုရင့်ပွဲတော်အုပ် မတန်မရာ
ဘယ်လိုယူလို့ရမလဲ.."

" မောင်တော် နှမတော်ကိုချစ်ရင် ယူပေးရမယ်
မဟုတ်လို့ကတော့ နှမတော်ဒေါသကို သိတယ်နော် "

အဲ့ဒီတော့ သူတောင်းစား စဉ်းစားတယ်
နန်းတော်ထဲဝင်ခိုးလို့ မလွယ်ဘူး မိရင် ငါသေမှာ..
အဲ့ဒီတော့ ရဟန်းအသွင်ဆောင်ပြီး ဆွမ်းခံကြွရင်
အဆင်ပြေမယ်..ခေါင်းတုံး သင်္ကန်းပတ် သပိတ်လွယ်ပြီး
နန်းတော်ရှေ့ကိုကြွ.. သူတောင်းစားဆိုတော့
ဟန်ဆောင်ကောင်းတယ်။

နန်းတော်ရှေ့မှာ ဣနြေ္ဒ အပြည့်နဲ့ ရပ်နေတာ
ဘုရင်ကတွေ့တော့ ပညာရှိဘုရင်ပဲ သိတာပေါ့.

ဘုရင်က"ငါဒီရဟန်းအတုကို မောင်းထုတ်လိုက်ရင်
ဒီဘုရင်ရဟန်းကို မရိုမသေ လုပ်တယ်ဆိုပြီး
အများပြည်သူတွေက ငါ့ကို ကဲ့ရဲ့ရှုတ်ချကြမယ်."

ဒီတော့ ဘုရင်ကအမတ်ကိုပြောတယ်..
`ဒီရဟန်းထူးခြားတယ် ခေါင်းကလဲ ခုမှရိပ်ထားသကဲ့သို့
စိမ်းလို့ ဣနြေ္ဒ အပြည့်နဲ့ ,, ဒါနဲ့ အမတ်တစ်ယောက်ကို
လွှတ်ပြီး ``ဘာအလိုရှိလဲ လျောက်လိုက်စမ်း..
ဆိုပြီးခိုင်းတယ်။

အမတ်က ရဟန်းတုကိုမေးပြီးပြန်လာ
ဘုရင်ကိုပြန်လျောက်တင်တယ်`` ဘုရင့်ပွဲတော်အုပ်
အလှူခံချင်တယ်တဲ့ဘုရားပေါ့ လျောက်တယ်။

ဘုရင်က"ဒါဆို ယူပြီးကပ်လိုက်စမ်း."ပြီးတော့
ဘုရင်က အမတ်ကိုပြောတယ်"ဒီရဟန်းထူးခြား
တယ်၊အနောက်ကနေ မသိမသာ လိုက်ချောင်းစမ်း၊
ဘာလဲသိရအောင်"ပေါ့။

ဒါနဲ့အမတ်က အနောက်ကနေလိုက်
မြို့ပြင်ဇရပ်နားရောက်တော့ သူတောင်းစားက
သင်္ကန်းကိုချွတ်လိုက်တော့
အောက်ကလူဝတ်ကိုလည်းမြင်ကော
" ဒီကောင်သူတောင်းစားပဲ."ဆိုတာ သိလိုက်တယ်။

အမတ်ကလဲ ပညာရှိအမတ်ဆိုတော့
စဉ်းစားတယ်`` ငါ ဘုရင်ကို အမှန်အတိုင်း
ပြန်လျောက်ရင် ဘုရင်က ဒီသူတောင်းစားကို
သတ်လိမ့်မယ်..ဒီသူတောင်းစား အဆင့်လောက်နဲ့
ငါ့ဘုရင် အကုသိုလ် ဖြစ်ရတာ
"မတန်ပါဘူး"လို့ စဉ်းစားပြီ နန်းတော်ကိုပြန်တယ်။

နန်းတော်ပြန်ရောက်တော့ ဘုရင်ကမေးတယ်
ဟိုရဟန်း အခြေနေဘာထူးလဲအမတ်လို့ မေးတော့

အမတ်က`` မှန်လှပါ အရှင်ဘုရားရဲ့ဘုန်းတော်ကြောင့်
မြို့ပြင်ဇရပ်တစ်နေရာမှာ ကြည့်ရင်းကြည့်ရင်းနဲ့
ရဟန်းအသွင်ပျောက်သွားပါတယ်ဘုရား လို့
လျောက်တင်တော့

အရေးတယူ လုပ်ရမည့်ကိစ္စမဟုတ်တော့
ဘုရင်ကလည်း သိလျက်နဲ့ ပြုံးတော်ပဲ မူလိုက်တယ်။

" မတန်လို့ ဒီတိုင်းလွှတ်ထားတာကို မသိဘူးလို့တော့
မထင်ပါနဲ့တဲ့

တစ်ချို့ကိစ္စတွေက ကိုယ်မှန်ပေမယ့် အရေးတယူ
လုပ်ဖို့ မတန်တာတွေ အများကြီးမို့ တုဖက်ပြိုင်ပြီး
ငြင်းမနေကြဘဲ ဥပေက္ခာ ပြုလိုက်ကြပါနော်။

image
2 yrs - Translate

အပူစာ
=====
ကလိမ်ကကျစ် လုပ်ပြီး ရတဲ့ငွေက အပူစာပါ။
ပူတတ်လို့ အပူစာ ခေါ်တာ။
လောင်တတ်လို့ အပူစာလို့ခေါ်တာ။

ကိုယ်ရှာလာတဲ့ အပူစာက မသိဘဲစားမိတဲ့
မိသားစုမှာပါ သွားပြီး ပူတတ်တယ်။

ကလိမ်ကကျစ်တွေ ပတ်လုပ်ပြီး
ငါ ချမ်းသာသွားပြီဆိုပြီး
ပြီးသွားပြီမထင်နဲ့။
မသန့်ရှင်းတဲ့ငွေ ကြာကြာမခံသလို
ဘေးဖြစ်တတ်ပါတယ်။
ကိုယ့်မိသားစုပါ ရောပြီး လောင်တတ်ပါတယ်။

လိမ်သလိုဖြစ်သွားရင် တောင်းပန်ပြီး
ကြေအောင်ဆပ်ပါ။

ထပ်ပြောပါမယ်။
စားမိရင် လောင်တတ်လို့
အပူစာလို့ ​ ပြောတာကို မမေ့ပါနဲ့။

ရိုးသားစွာ ငွေရှာနိုင်ကြပါစေ။

image
2 yrs - Translate

When lighting meets lava??
Mother nature

2 yrs - Translate

Racing simulator
မိုက်တယ်ကွာ

2 yrs - Translate

ဟဲ့ 🤨

image
2 yrs - Translate

မဲဇလီ ရေလွှဲဆည်

11:30 am ရေမှတ်
209.6ပေ
နှစ်နာရီတစ်လက်မခန့်တိုးနေဆဲပါ
မိုးက မရွာတော့ပါ

Credit

image
2 yrs - Translate

မဲဇလီ ရေလွှဲဆည်

11:30 am ရေမှတ်
209.6ပေ
နှစ်နာရီတစ်လက်မခန့်တိုးနေဆဲပါ
မိုးက မရွာတော့ပါ

Credit

image
2 yrs - Translate

မဲဇလီ ရေလွှဲဆည်

11:30 am ရေမှတ်
209.6ပေ
နှစ်နာရီတစ်လက်မခန့်တိုးနေဆဲပါ
မိုးက မရွာတော့ပါ

Credit

image
2 yrs - Translate

မဲဇလီ ရေလွှဲဆည်

11:30 am ရေမှတ်
209.6ပေ
နှစ်နာရီတစ်လက်မခန့်တိုးနေဆဲပါ
မိုးက မရွာတော့ပါ

Credit

image
image
image
2 yrs - Translate

မိုးခွာမုန်တိုင်း
စာကိုသေချာဖတ်ပါ
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေသောလေဖိအားနည်းလေဝဲ 93Bသည် နောက်၄၈နာရီအတွင်း ဘင်္ဂလားဒေချ် နိုင်ငံကမ်းခြေဒေသတွေကိုဝင်ရောက်ကာအိန္ဒိယနိုင်ငံအနောက်ဘင်ဂေါပြည်နယ်ကိုသွားရောက်မှာဖြစ်ပြီး
အထက်လေစီးကြောင်းတွေက မြန်မာနိုင်ငံအလယ်ပိုင်းကလေတွေကိုဆွဲယူသွားမှာဖြစ်လို့ လက်ရှိရေကြီးရေလျှံဖြစ်နေ့တဲ့ မန္တလေးတိုင်း နှင့်နေပြည်တော် ဒေသတွေမှာ မိုးခွာသွားတော့မှာဖြစ်လို့ မိုးခွာမုန်တိုင်းလို့အမည်ပေးလိုက်ပါတယ်
အားလုံးဘေးရန်ကင်းကွာကြပါစေ
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

image