Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရေဘေး ကပ်ဆိုးကြီးနှင့်အတူ တိလေးတွေရော
ခုနှစ်ရက်သားသမီးတွေအားလုံးဘေးအန္တရာယ်ကင်းရှင်း အသက်ဘေးလုံခြုံကြပါစေ
အရာခပ်သိမ်း ငြိမ်းချမ်းကြပြီး ကပ်ဆိုးကြီးကို အတူတကွ
အချင်းချင်းဖေးမကူညီပြိီး ကျော်လွှားနိုင်ကြပါစေ🙏🏼
Crd: to original uploader
#saveanimals
#savemyanmar
#praymyanmar
#puppyandmeowhome
ရေဘေး ကပ်ဆိုးကြီးနှင့်အတူ တိလေးတွေရော
ခုနှစ်ရက်သားသမီးတွေအားလုံးဘေးအန္တရာယ်ကင်းရှင်း အသက်ဘေးလုံခြုံကြပါစေ
အရာခပ်သိမ်း ငြိမ်းချမ်းကြပြီး ကပ်ဆိုးကြီးကို အတူတကွ
အချင်းချင်းဖေးမကူညီပြိီး ကျော်လွှားနိုင်ကြပါစေ🙏🏼
Crd: to original uploader
#saveanimals
#savemyanmar
#praymyanmar
#puppyandmeowhome
ရေဘေး ကပ်ဆိုးကြီးနှင့်အတူ တိလေးတွေရော
ခုနှစ်ရက်သားသမီးတွေအားလုံးဘေးအန္တရာယ်ကင်းရှင်း အသက်ဘေးလုံခြုံကြပါစေ
အရာခပ်သိမ်း ငြိမ်းချမ်းကြပြီး ကပ်ဆိုးကြီးကို အတူတကွ
အချင်းချင်းဖေးမကူညီပြိီး ကျော်လွှားနိုင်ကြပါစေ🙏🏼
Crd: to original uploader
#saveanimals
#savemyanmar
#praymyanmar
#puppyandmeowhome

မွန်ပြည်နယ်ရေဘေးတုန်းက ရှိတာအကုန်ပြောင်သွားတဲ့အထိရေဘေးခံခဲ့ရဖူးတယ်။ ဒုက္ခသည်နေရာကနေပဲ လိုအပ်တာလေးတွေကို လိုတိုရှင်းရေးကြည့်ပါမယ်။
(၁) ရေကျပြီးစအချိန်
((ဗိုက်အရမ်းဆာတယ်၊ ရေတအားငတ်တယ်။ တပတ်လောက်မိုးမိထားလို့ အရမ်းချမ်းနေတယ်။))
ရေကျပြီးစအချိန်မှာ ဆန်နဲ့ဆီနဲ့လာပေးရင် ဘာလုပ်ရမှန်းမသိဘူး၊ မီးမလာ၊ထင်းမရှိ၊ ဂတ်စ်မရှိမို့လို့ပါ။
ထမင်းထုပ်နဲ့ရေသန့်ဗူးတွေလာပေးရင်တအားပျော်တယ်။ ထမင်းထုပ်ကအမြဲဝေနိုင်မှာမဟုတ်တော့ တပတ်လောက်စားလို့ရမယ့် EXP Date ကျန်သေးတဲ့ ပေါင်မုန့်နဲ့ လက်နဲ့ဆွဲဖွင့်လို့ရတဲ့ ငါးသေတ္တာဗူးတွေရရင်လည်းပျော်ပါတယ်။(လက်နဲ့ဆွဲဖွင့်လို့ရမှဖြစ်မယ် ငါးသေတ္တာဖောက်စရာ ဓါးကိုမရှိတော့)
((အဝတ်နဲ့ အိပ်ယာလိပ်တွေရေစိုလို့ကုန်ပြီ))
အဝတ်လေးနှစ်စုံလောက်နဲ့ စောင်ပါးလေးတထည်လောက်ရရင်လည်းအရမ်းပျော်ပါတယ်။ ခြင်ထောင်ပါးလေးပါရရင်ပိုကောင်းတာပေါ့၊ ခြင်မကိုက်တဲ့လူးဆေးတို့ ဖြန်းဆေးတို့ပေးနိုင်လည်းကောင်းပါတယ် ။
((ဖိနပ်တွေလည်းမျောကုန်ပြီ))
ခြေညှပ်ဖိနပ်လောက်ရရင်အဆင်ပြေပါတယ်
((အအေးမိထားလို့တချို့ကဖျားနေကြပြီ))
ပါရာစီတမောလို အိမ်သုံးဆေးတွေလိုပါတယ်၊ ဝမ်းရောဂါနဲ့ပက်သက်တဲ့ဆေးတွေ၊ ရေသန့်ဆေးပြားတွေ၊ နာတာရှည်သမားတွေအတွက် နေ့စဉ်သောက်ဆေးလည်းလိုတယ်၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေလည်းလိုတယ်။
((လျှပ်စစ်ပစ္စည်းတွေဘာမှမရှိတော့ဘူး))
ဖုန်းတွေပျက်ကုန်တယ်၊ ကွန်ပြူတာ၊ ကား၊ ဆိုင်ကယ်၊ မီးစက် အကုန်ပျက်တယ်၊ ဓါတ်တိုင်ကျိုးလို့မီးလည်းမလာဘူး။
နိုကီယာလိုဟန်းဆက်လေးနဲ့ ဘေတသောင်းတန်ကဒ်လေးတွေ အယောက်စီတိုင်းမဟုတ်တောင် အစုအဖွဲ့အလိုက်ပေးသင့်ပါတယ်။
ပါဝါဘန့်လိုတယ်၊ မီးတလလောက်ပျက်နိုင်တဲ့အတွက် မီးစက်အသေးလေးနဲ့ဆီပေးနိုင်ပိုကောင်းတယ်။ မိုးရွာနေအုံးမယ် ဆိုလာအလုပ်မဖြစ်ပါ။
((ရေကျပြီးတပတ်အကြာ ပြန်လည်ထူထောင်ခါစအချိန်))
ဒီအချိန်မှာ ဆန်၊ဆီ၊ဆားနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေလိုပါပြီ။ ထင်း၊ မီးသွေး ရဖို့မလွယ်သေးတာမို့ ဂတ်စ်အိုးတွေလိုပါတယ်။
ရေသန့်ဗူးတွေလည်းလိုနေအုံးမှာပါ။
ပိုက်ဆံလိုပါပြီ၊ အလှူငွေရရင်အရမ်းပျော်ပါတယ်။
ဒီလောက်ပါပဲ၊ အတွေ့အကြုံအတိုင်းလိုတိုရှင်းရေးလိုက်တာပါ။
((ရှောင်ရန်))
ဘုရားဆင်းတုတို့ စာအုပ်တို့လာပေးရင် ဘယ်နားထားရမှန်းမသိပါ။
Crd