2 yrs - Translate

တစ်ယောက်နဲ့တစ်ယောက်
သေလောက်အောင်ချစ်နေပါစေ
ကံမပါတော့ဘူးဆိုတဲ့အချိန်
သေချာပေါက်
ဝေးရတာပါပဲ ။
အတူတူရှိခဲ့တဲ့ နှစ်တွေကိုထားလိုက်
ပြီးတော့ ...
အတူတူ ဖြတ်သန်းခဲ့တဲ့ ဒုက္ခတွေကို
ထားလိုက်
လူနှစ်ယောက်
ရေစက်တွေ ကုန်ခါနီးရင်
အဆင်မပြေမှုတွေဟာ တန်းစီ၀င်လာတတ်တယ်
ပြဿနာသေးသေးလေးကအစ
ကြီးကြီးမားမားတွေ ဖြစ်လာတတ်သလို
ဘာမဟုတ်တာလေးနဲ့လည်း
မခေါ်နိုင်မပြောနိုင်တွေ ဖြစ်လာရတတ်တယ် ။
ချစ်တဲ့သူက မာနတွေချပေါ့တဲ့
နှစ်ယောက်လုံးမှာ မာနတွေ ထားမနေပဲ
တစ်ယောက်နဲ့တစ်ယောက်
အလိုလို စိမ်းသွားကြတာမျိုးပေါ့
အင်း ... ဖုန်းတွေဟာ အရင်ကလောက်
မဆက်ဖြစ်တော့ဘူး
စကားတွေဟာ အရင်တုန်းကလောက်
မပြောဖြစ်တော့ဘူး ။
တစ်ယောက်နဲ့တစ်ယောက်
လွမ်းနေကြရင်းက
တစ်ယောက်နဲ့တစ်ယောက် မရှိပဲနေနိုင်အောင်
ကြိုးစားဖြစ်နေကြတယ်
ပိုချစ်တဲ့သူက
နောက်ဆုံး လမ်းခွဲမှာ
ငိုရင်း ကျန်ရစ်ခဲ့တာပါပဲ
သေချာပေါက်တော့ ဝေးတယ် ။

#ကျေးကို

image
2 yrs - Translate

မိန်းကလေးတွေ အကြောက်ဆုံးက
လူတစ်ယောက်ကို သံယောဇဉ်တွယ်တယ်၊
အဲဒီလူကို ကိုယ့်အကြောင်း အကုန်ပြောပြတယ်၊
သူက ဆံပင်ရှည်ထားဆို ထားတယ်၊
ဘယ်အချိန် အိပ်၊ ဘယ်အချိန် စား၊
ဘာအင်္ကျီဝတ်၊ ဘယ်သူနဲ့ မပေါင်းနဲ့ဆို
အကုန်လိုက်နာတယ်။
နောက်တော့
သူ့အပေါ် မှီခိုအားထားမှု ဖြစ်လာတဲ့အခါ
အဲဒီလူက အဝေးကို ထွက်သွားတာပါပဲ။

လူတစ်ယောက်အပေါ် ကျင့်သားရနေ၊
အကျင့်ဖြစ်နေတာက
အလေးအနက် ချစ်မိတာထက်
ပိုကြောက်ဖို့ ကောင်းတယ်။


#နိုင်းနိုင်းစနေ

image
2 yrs - Translate

#ပျိုမနိုင်ပန်း
မပင်နဲ့မလိုက်အောင်ဖွေးထုပ်နေအောင်ပွင့်သောကံ့ကော်

image
2 yrs - Translate

ဟိုစကားလေးတစ်ခွန်းက အရမ်းမှန်တာပဲ
“တစ်ခါတလေမှာ ဘယ်သူနဲ့ ဘယ်လောက်ချစ်ပါတယ်၊ဘယ်သူက ဘယ်လောက်ချစ်တယ် ဆိုတာတွေထက် အရေးကြုံလာရင်ဘယ်သူက ကိုယ့်နားမှာရှိနေပေးလဲ အဆုံးသတ်မှာ ဘယ်သူက ကိုယ့်ကို
ရွေးချယ်လဲဆိုတာက အရေးကြီးဆုံးပဲ”တဲ့

ကဗျာဆန်ဆန်လေး ပြောရရင်
ဘယ်သူက ကိုယ်နဲ့အတူတူ
နေပူကိုအတူတူလျှောက်မလဲ
အဲ့လူနဲ့ပဲ ကြယ်တွေကိုအတူတူ ကြည့်ရင်း
ဘဝအကြောင်း ရယ်ရယ်မောမောနဲ့
ဒဿနတွေပြောချင်သေးတယ်

အတူတူရှိနေပေးတာ ကျေးဇူးပါ လို့လည်း
သေချာပေါက်ထည့်ပြောရမယ်

#nayvel
#motivation
#juu-ဂျူး

image
2 yrs - Translate

ဆေးဘဲဥ ကြက်သားဆန်ပြုတ်

1.ဆန်နို့ဆီဗူး တစ်လုံး
2. ကြက်ပြုတ်ရည် 2လီတာခွဲ
3. ကြက်ရင်အုံသား 300ဂရမ်
(အသားများကိုနွင်ထားပါ)
4.ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ဇွန်း
5.နုတ်နုတ်စဉ်းထားသောဂျင်း
လက်ဖက်ရည်ဇွန်း ၂ ဇွန်း
6. ဆေးကြက်ဥ ၂လုံး (ပါးပါးလှီးထားပါ )
7. ကြက်သွန်မြိတ် ၂ ပင်(ပါးပါးလှီးထားပါ)
8. နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
9. ဆားအနည်းငယ်

ပြုလုပ်နည်း

ဆန်ကို ရေစင်ကြယ်စွာဆေး၍ အိုး
အကြီးတစ်လုံးထဲသို့ထည့်ပါ
ကြက်ပြုတ်ရည်နှင့် ရေနှစ်လီတာတို့ကို ထည့်ကာ ဆူပွက်အောင်တည်ထားလိုက်ပါ။
ဆူပွက်ပါက ကြက်သား၊ဟင်းချက်ဝိုင်၊ဂျင်းတို့ကိုထည့်ပြီး ၁၅ မိနစ်ခန့် ထပ်တည်ပါ။
ကြက်သားနူးညံ့ပြီး အိသွားပါက ဆေးကြက်ဥ၊
ကြက်သွန်မြိတ်၊ဆား တို့ကို ထည့်ကာ
သမအောင် မွှေပေးလိုက်ပါ
အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက်
အရသာကောင်းမွန်တဲ့ ဆေးကြက်ဥ
ကြက်သားဆန်ပြုတ်လေး ရရှိပါပြီနော်

Credit See less

image
2 yrs - Translate

ငါးဆန်ပြုပ်

ငါးဆန်ပြုပ် ဆိုယင် ကျနော်ကတော့ ငါးမုတ် အဖြူနဲ့ ကြိုက်ပါတယ်

ငါးမုတ် အဖြူ က အသား နုညံ့ပြီး အလွန် ချိူတဲ့ အတွက် ဆန်ပြုပ်ကို အရသာ ပို ကောင်းစေပါတယ်

တကယ်လို့ ငါးမုတ် အဖြူ မရှိယင် ငါးရံ့ အသားလွှာကို သုံးပါ

ငါးမုတ်/ငါးရံ့ကို အသားလွာထားပါ

ချင်းနုနု ကို အမျှင် လှီးထားပါ

ဆား

ငရုပ်ကောင်းမုန့် အဖြူ

အရသာမူန့်

plain ဆန်ပြုပ် တပွဲစာ ကို အိုး အသေး တလုံးမှာ ထည့်ပြီး ဆူအောင် တည်ပါ

ဆူရင် ငါးနဲ့ ချင်းထည့်ပါ

ဆား .ငရုပ်ကောင်းထည့်ပြီး တည် ထားပါ.ကြိုက်နှစ်သက်ပါက အရာသာမူန့်ထည့်ပါ

ငါးကျက်ယင် အဆင်သင့် ဖြစ်ပါပြီ

ကျနော်ကတော့ နံနံပင် ထည့်ပြီး စားရတာ ကို ကြိုက်ပါတယ်.
Credit MyintOoTha See less

image
2 yrs - Translate

ပျော်အောင်ထားပါ့မယ်လို့ ပြောတဲ့လူဟာ
ငိုအောင်လုပ်ရင် လုပ်မိလိမ့်မယ် ၊
ပျော်အောင်ထားပါ့မယ် မပြောတဲ့လူက
ပျော်အောင်ထားရင် ထားမိလိမ့်မယ် ။

တကယ်တမ်းက
စကားလုံးတွေလှအောင်ပြောနေတာထက်
အလုပ်နဲ့သက်သေပြတဲ့လူကိုသာ
ကျွန်မတို့ ပိုလိုအပ်ပါတယ် ။ ❣
#crd#

image
2 yrs - Translate

Profile ဆင်တူ change ချင်တဲ့သူများအတွက် 😉

image
image
image
image
2 yrs - Translate

အနုပညာကို လေးစားသည် ❤
အနုပညာရှင် - Omar Ortiz

image
2 yrs - Translate

တကယ်တော့လေ...
လူတွေက unsent လုပ်ခံရရင်သာ
စိတ်ဆိုးကြတာ...
တကယ်တမ်း Unsent လုပ်တဲ့လူတွေ
ဘယ်လိုခံစားရလဲ ဆိုတာ မတွေးမိဘူး...
ဘယ်သူကမှတော့ တမင်တကာကြီး
unsent ကိုထိုင်နှိပ်မနေပါဘူးလေ...
သူချစ်တဲ့တယောက်က အဖက်မလုပ်ရင်...
သူအားကိုးယုံကြည်ပြီး ရင်ဖွင့်ပြမိတဲ့သူက
တန်ဖိုးမထားရင်...
သူ့ရင်ထဲက စကားတွေကို လျစ်လျူရှူလိုက်ရင်...
ရွေးချယ်စရာမရှိဘဲ unsent လုပ်ရတော့တာပဲ...
ဒါက ရင်ထဲက မာနသေးသေးလေးကြောင့် ဖြစ်နိုင်သလို...ရှ"က်လို့လဲ ဖြစ်နိုင်တယ်။
တကယ်တန်ဖိုးထားမခံရလို့ ဖြစ်နိုင်သလို...
အနှောက်ယှ"က်ပေးမိမှာကြော"က်လို့လဲ...ဖြစ်နိုင်ပါတယ်...

-crd

image