Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Vaseline နဲ့♥️အလှပရေးရာ
🖤မျက်တောင်✨☔
ညအိပ်ယာ ဝင်ခါနီးတိုင်း အုန်းဆီနဲ့ Vaseline ကိုရောစပ်ပြီး မျက်တောင်လေးတွေအပေါ် အသာအယာလိမ်းပေးပါ။
မိက်တောင်ရှည်ပြီးကော့စေပါတယ်
🖤မျက်ခုံးမွေး☔
မျက်ခုံးလေးတွေကို တစ်နေ့တာလုံး သပ်သပ်ရပ်ရပ် အကြာကြီးခံချင်တယ်ဆို Vaseline လေး နည်းနည်းလောက်လိမ်းပြီးမှ ပုံသွင်းပါ။
🖤လက်သည်းအိမ်☔
Vaseline လေးတွေကို လက်သည်းအိမ်လေးပေါ်တင်၊ အသားအယာလေးလိမ်းပြီး နှိပ်နယ်ပေးသွားရင် နူးညံ့ပျော့ပျောင်းပြီး လှပတဲ့လက်ချောင်းလေးတွေရရှိစေပါတယ်
🖤မိတ်ကပ်ဖျက်ခြင်း☔
Eye Liner, Eye Shadow နဲ့ နှုတ်ခမ်းနီတွေ ပေကပ်ကပ်နဲ့ မျက်နှာပေါ်က မခွာချင် ဖြစ်နေပြန်ပြီလား? Vaseline ကို Cotton Pad လေးပေါ် တင်ပြီးသုတ်ပေးလိုက်ရင်ရပါပီ
🖤ဆားဝက်ခြံ☔
Vaseline ထူထူလေးသာ ဆားဝက်ခြံရှိတဲ့အပေါ်လိမ်း၊ ပလတ်စတစ်ခုနဲ့ကပ်၊ အပေါ်ကရေနွေးငွေ့ပေးထားတဲ့ အဝတ်စလေးအုပ်၊ ၁၅ မိနစ်လောက်ထားပြီး Vaseline တွေဖယ်ပစ်လိုက်ရင် Blackhead တွေပါ ပျောက်ပါတယ်
🖤နှုတ်ခမ်း☔
စိုစိုအိအိနဲ့ စွဲမက်စရာနှုတ်ခမ်းလေးရဖို့ကလည်း Vaseline နဲ့ သကြားပဲလိုတာပါ။
၂ ခုကို ဆတူရောပြီး ၂ မိနစ်လောက် နှုတ်ခမ်းပေါ်မှာ ပွတ်ပေးလိုက်ရင် စိုစိုအိအိနှုတ်ခမ်းလေးရပါပီ
🖤ရေမွှေး☔
အနံ့ကြိုက်တဲ့ ရေမွှေးလေးမို့ ကြာကြာခံအောင်သုံးချင်ရင် Vaseline လေးကို အပူပေး၊ ရေမွှေးလေးကို Vaseline ပမာဏအလိုက် သင့်လျော်သလိုရောပြီး ပြန်အအေးခံထားလိုက်ရင် ဘယ်အချိန်မဆို အလွယ်တကူလိမ်းထားလို့ရတဲ့ စိတ်ကြိုက်အနံ့နဲ့ Cream လေးဖြစ်လာမှာပါ😇
🖤တင်ပါး☔
ဆန်မှုန့်ညက်ညက်နဲ့ Vaseline ကို နှံ့စပ်အောင်နယ်ပြီးတော့လည်း တင်ပါးအတွက် Scrub အဖြစ်သုံးလို့ရပါသေးတယ်။
ရလဒ်ကတော့ အကြောပြတ်ရာတွေသက်သာပြီး အသားအရေကိုချောမွေ့ပြေပြစ်စေကာ၊ တင်ပါးမှာ ဖြစ်တတ်တဲ့ အဖုတွေဒဏ်ကနေ ကာကွယ်ပေးမှာပါ
🖤ခြေဖနောင့်☔
ခြေဖနောင့် အသားမာတက်တဲ့အခါ Vaselineလိမ်းပြီး နူးညံ့တဲ့ခြေဖဝါးလေးကို ပြန်လည်ရယူနိုင်ပါတယ်
ရေဘေးသင့်ပြည်သူများအား ထမင်းဘူး ဆက်လက်လှူဒါန်း
----------------
နေပြည်တော်ကောင်စီနယ်မြေက ရေဘေးသင့် ပြည်သူတွေကို ရွှေသံလွင် Group SKY NET နှင့် SHWE BANK မိသားစုတို့က စက်တင်ဘာ ၁၆ ရက်မှာ ထမင်းဘူးတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။
ထမင်းဘူးလှူဒါန်းမှုအနေ နဲ့ စက်တင်ဘာ ၁၆ ရက်၊ မနက်ပိုင်းမှာတော့ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ညောင်ပင်သာ ကျေးရွာနဲ့ ကျောက်အိုး ကျေးရွာ ရွာဦးကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်းက ရေဘေးသင့် ပြည်သူတွေကို ထမင်းဘူး အရေအတွက် ၂၀၀၀ လှူဒါန်းခဲ့ပါတယ်။
ဆက်လက်ပြီး တပ်ကုန်းမြို့နယ်၊ ကင်းသာ ရေဘေးကယ်ဆယ်ရေးစခန်းမှာ ထမင်းဘူး (၇၀၀)၊ အမှတ်(၁၀၉) ခြေမြန်တပ်ရင်းမှာ ဖွင့်လှစ်ထားတဲ့ ရေဘေး ကယ်ဆယ်ရေးစခန်းမှာ ထမင်းဘူး (၅၀၀)၊ ကပစ (၁)နဲ့ (၄) တို့မှာ ဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေး စခန်းမှာ ထမင်းဘူး (၁၃၀၀) လှူဒါန်းခဲ့ပါတယ်။
ထမင်းဘူးလှူဒါန်းရာမှာ မနက်ပိုင်းမှာ ထမင်းဖြူ၊ ကြက်သားဟင်း၊ ငရုတ်သီးကြော် ပါတဲ့ ထမင်းဘူးအရေ အတွက် ၄၅၀၀ နဲ့ ညနေပိုင်းမှာ ထမင်းဘူးအရေအတွက် ၅၅၀၀ ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ဒုတိယ ပတ်အတွင်းက အာရှဒေသမှာဖြစ်ပေါ်ခဲ့တဲ့ တိုင်ဖွန်း မုန်တိုင်း ရာဂိ အရှိန်ကြောင့် အရှ ဒေသတချို့အပြင် မြန်မာ နိုင်ငံမှာလည်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ်အချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
စားအုန်းဆီရည်ညွှန်းဈေး တစ်ပိဿာ ကျပ် ၆၇၀၀ ကျော်လာ
------------------------
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေမှာ ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်မှုတွေအရ စက်တင်ဘာလ ၁၆ ရက်ကနေ ၂၂ ရက်အထိ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးအဖြစ် စားအုန်းဆီတစ်ပိဿာကို ၆၇၂၀ ကျပ် သတ်မှတ်ထားတယ်လို့ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးဟာ တစ်ပိဿာကို ၆၆၀၅ ကျပ် သတ်မှတ်ခဲ့တဲ့အတွက် အခုတစ်ပတ်မှာ ၁၁၅ ကျပ် ဈေးနှုန်းမြင့်တက်သွားတာ တွေ့ရပါတယ်။
စားအုန်းဆီရည်ညွှန်းဈေးတွေကို စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဈေးနှုန်း တွေကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်တွေ၊ ဘဏ်စရိတ်တွေ၊ အခွန်အခတွေ ထည့်သွင်း တွက်ချက်ပြီး ပြည်တွင်းဈေးကွက်မှာ ရောင်းဝယ်ရမယ့် အခြေခံလက်ကားရည်ညွှန်းဈေးတွေကို ထုတ်ပြန်ပေး နေတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်တွင်းဈေးကွက်ထဲမှာ စားအုန်းဆီကို ဈေးကစားဖို့ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ ဈေးနှုန်းမြှင့်တင် ရောင်းချတာနဲ့ မသမာတဲ့လုပ်ဆောင်မှုတွေပြုလုပ်ရင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေး ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
"ကျနော့်ကို တွန်းအားပေးဖို့အတွက် ဂွါဒီယိုလာက အမြဲတမ်း မက်ဆီအကြောင်းပဲ ပြောနေခဲ့တာပါ၊ ကျနော် တဂိုးသွင်းရင် မက်ဆီက ၃ဂိုးတောင်သွင်းတာ၊ အကောင်းဆုံးကစားသမားဆုရရင် မက်ဆီက ပွဲတိုင်းရနေတာဆိုပြီးတော့ပဲ ပြောတာ၊ မက်ဆီလိုမျိုး ကျနော့်ကို ဖြစ်စေချင်တာလားလို့ မေးရင်လည်း မဟုတ်ဘူး၊ မက်ဆီလို ကြိုးစားစေချင်တာလို့ သူ ပြန်ပြောတယ်၊ ငါက မင်းကို အကောင်းဆုံးဖြစ်ချင်တာ၊ ဂိုးတွေပဲ သွင်းစေချင်တာ၊ လေ့ကျင့်ကွင်းမှာ မက်ဆီလို အကောင်းဆုံးအဆင့်ကို ပြစေချင်တာလို့ သူပြောပါတယ်"
- ဟာလန်း
Be + Adj = လုပ်ပါ
1.Be happy-ပျော်ပျော်နေစမ်းပါ။
2.Be polite-လိမ္မာယဉ်ကျေးပါ။
3.Be wise-ဉာဏ်အမြော်အမြင်ရှိပါ။
4.Be quiet-တိတ်တိတ်နေပါ။
5.Be pious-ဘုရားတရားလုပ်ပါ။
6.Be honest-ရိုးသားပါ။
7.Be punctual-အချိန်မှန်ပါ။
8.Be brave-သတ္တိရှိပါ။
9.Be good-ကောင်းစမ်းပါ။
1၀.Be beautiful-လှပစမ်းပါ။
11.Be gentle-နူးညံ့ညင်သာပါ။
12.Be good natured-စိတ်ကောင်းထားပါ။
13.Be patient-စိတ်ရှည်သည်းခံပါ။
14.Be active-တက်တက်ကြွကြွနေပါ။
15.Be strong-သန်မာပါ။
16.Be keen-စိတ်ထက်သန်ပါ။
17.Be friendly-ဖော်ရွေပါ။
18.Be diligent-လုံ့လနဲ့ကြိုးစားပါ။
19.Be ambitious-ရည်မှန်းချက်ရှိပါ။
20.Be cautious-သတိဝီရိယထားပါ။
21.Be helpful-အသုံးကျသူဖြစ်ပါ။
22.Be healthy-ကျန်းမာအောင်နေပါ။
23.Be safe-လုံခြုံအောင်နေပါ။
24.Be faithfulသစ္စာရှိစမ်းပါ။
25.Be famous-ကျော်ကြားစမ်းပါ။
26.Be humble-ကိုယ့်ကိုကိုယ်နှိမ့်ချပါ။
27.Be careful-ဂရုစိုက်ပါ။
28.Be balanced-မျှမျှတတလုပ်ပါ။
29.Be creative-တီထွင်ဖန်တီးမူရှိပါ။
30.Be different-အများနဲ့မတူအောင်လုပ်ပါ။
31.Be generous-ရက်ရောပါ။
32.Be positive-အကောင်းမြင်ပါ။
33.Be responsible-တာဝန်သိတတ်ပါ။
34.Be kind-ကြင်နာပါ။
35.Be clever-လိမ္မာစမ်းပါ။
#postcredit
#speakingpractice
#englisheverywhere