44 w - Translate

Arrival
2016 ‧ Sci-fi/Mystery ‧ 1h 56m

Arrival ဆိုတာ လေဆိပ်မှာဆိုရင်တော့ ဆိုက်ရောက်ပေါ့ဗျာ..
ဒီဇာတ်ကားထဲမှာလဲ တစ်စုံတစ်ဦးက တစ်နေရာရာကို ဆိုက်ရောက်လာတာနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကိုမြင်တွေ့ရမှာပါ။

အမှန်ပြောရရင် ကျွန်တော်ဒီကားကို Trailer လည်းမကြည့်ဖြစ်တော့ ဇာတ်ကားမကြည့်ခင်အထိ အာကာသနဲ့ ပတ်သက်တဲ့ ဇာတ်ကားလိုပဲထင်ခဲ့ဖူးတယ်။ တကယ်တမ်းမှာ ကမ္ဘာမြေကို ရောက်ရှိလာတဲ့ ဧည့်သည်တွေနဲ့ ပတ်သက်တဲ့ ဇာတ်ကားဖြစ်နေတာပါ။.. ဇာတ်ကားအမျိုးအစားကို Mystery/Science fiction လို ဖော်ပြကြပေမယ့် ကျွန်တော်ကတော့ Drama ဇာတ်ကားကောင်းတစ်ကားကို ကြည့်ခွင့်ရလိုက်တယ်လိုပဲ ခံစားရပါတယ်။
Director Denis Villeneuve က ရိုက်ကူးပြီး မင်းသမီး Amy Adams နဲ့ မင်းသား Jeremy Renner တိုက အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

လက်တွေ့ဘဝမှာလည်း လူတွေက မိမိတိုကြားနေမြင်နေတာတွေကို ကိုယ့်ရဲ့စိတ်ခံစားချက်ပေါ်မူတည်ပြီးအဓိပ္ပာယ်ကောက်လေ့ရှိကြတယ်မဟုတ်ပါလား…. ဒါကြောင့် ချစ်သောစိတ်ဖြင့် မြင်နိုင်ကြားနိုင်ကြပါစေလို ဆုတောင်းရင်း….

image

2006 ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်လေးတစ်ခုဖြစ်ပြီး IMDB မှာလည်း 7.4 ထိရရှိထားတဲ့ ကိုရီးယား အချစ်ရုပ်ရှင်လေးတစ်ခုအကြောင်းပြောပြချင်ပါတယ်။

အသက် ၂၅ နှစ်ပြည့်တဲ့အချိန်အထိ အချစ်ဦးလာမှာကို စောင့်နေတဲ့ ဟယ်ယောင်း ဆိုတဲ့ကောင်မလေးတစ်ယောက် သူ့အဘိုးရဲ့ ပစ္စည်းအဟောင်းဆိုင်မှာပဲ အလုပ်ဆက်လုပ်နေခဲ့ပါတယ်။ အားလပ်ရက်ဆို လမ်းပေါ်မှာ ပန်းချီဆွဲပါတယ်။ တစ်နေ့ တစိမ်းတွေကို ပန်းချီဆွဲပေးချိန် ၄နာရီ ၁၅ မိနစ်မှာ လူတစ်ယောက်က သူ့ရှေ့လာထိုင်လိုက်တယ်။ ဒီလိုရောက်လာတဲ့သူကတော့ ဂျောင်ဝူးပါ။ အရင်ကမသိကြပေမယ့်လည်း ဟယ်ယောင်း စိတ်ထဲမှာ ထူးဆန်းနေတယ်။ နောက်တော့ ဟယ်ယောင်းက သူ့ အဘိုးရဲ့ ရွာလေးကိုပြန်ပြီး ပန်းချီဆွဲရင်း အချိန်ကုန်‌တုန်းမှာလည်း သူ့ဆီကို နေ့တိုင်း ဒေစီ ပန်းလေးတွေ ရောက်လာပါတယ်။ ဒေစီ ပန်းလေးတွေကို ပို့တဲ့သူက ဘယ်သူလဲဆိုတာသိချင်တဲ့ ဟောယောင်း ပြတင်းပေါက်ကို လှမ်းကြည့်တော့လည်း ဘယ်သူမှမရှိ။
ဒေစီ ပန်းလေးတွေ ပို့နေတဲ့သူက ဂျောင်ဝူးဖြစ်မလား... ‌
ဒါမှမဟုတ် နောက်တစ်ယောက် ရှိနေဦးမလား...
ဒီတော့ လှပလွန်းတဲ့ မင်းသမီး Jun-Ji-Hyun နဲ့အတူ ရုပ်ရှင်လေးကို စီးမျောလိုက်ပါနော်...
အချစ်ဆိုတာဘာလဲ... ဒီလိုအချစ်မျိုးတွေရော ရှိပေါ့လားဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ကြည့်ပြီးတာနဲ့ မေ့ပစ်ဖို့ မလွယ်တဲ့ ၀မ်းနည်းဖွယ် "Daisy(2006)" ရုပ်ရှင်ကို ခံစားကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။

image
44 w - Translate

လာမယ့် October လမှာစတင်ထုတ်လွှင့်ပြသမယ့် My Hero Academia: Final Season

image

ထင်မှတ်မထားတဲ့ အိန္ဒိယအက်ရှင်ရုပ်ရှင်များ | (Kill) (Marco)
ဒီနှစ်ပိုင်းထဲမှာ အိန္ဒိယရုပ်ရှင်လောကရဲ့ action genre မှာ လုံးဝမထင်ထားတဲ့ action ရုပ်ရှင်နှစ်ကားကို ရှားရှားပါးပါးတွေ့ခဲ့ရတယ်။
ဘာလို့ဒီလိုပြောရလဲဆိုရင် များသောအားဖြင့် အိန္ဒိယရဲ့အက်ရှင်ရုပ်ရှင်အများစုက ပရိသတ်အပေါ်မူတည်ပြီးတော့ရိုက်တာဆိုတော့ မလိုအပ်တဲ့ masala တွေ အများကြီးပါတဲ့အပြင် shot တွေတိုင်းလိုလိုမှာ protagonist (ဟီးရိုး)ကို အဓိကထားပြီး ရိုက်ပြတတ်တယ်၊ ဥပမာ Jailer မှာ Rajinikanth ရဲ့ မျက်မှန်တပ်တဲ့ pose ကို ပိုပြီးမြင်အောင်ပြထားတာမျိုးပေါ့။
၂၀၂၄ ထဲမှာ အဲဒီ pose တွေကနေ ဖောက်ထွက်သွားတဲ့ action ရုပ်ရှင်နှစ်ကားကို မထင်မှတ်ပဲနဲ့ တွေ့ခဲ့ရတယ်။ ပထမတစ်ကားက Hindi ရုပ်ရှင် Kill, နောက်တစ်ခုက Malayalam ရုပ်ရှင် Marco. Kill ကို ပထမဆုံးသတိထားမိတာက Dharma Production ကနေပြလာတဲ့ first poster မှာပေါ့။ အဲဒီ production က အိန္ဒိယရဲ့အကောင်ကြီးကြီး Production ထဲမှာပါတယ်၊ Star Kid တွေရဲ့ ခေါင်းကိုင်ဖခင်ကြီး Karan Johar ရဲ့ production ဆိုတော့ Kill ကို သာမန်ပါပဲ ဆိုပြီးပစ်ထားခဲ့တယ်။ ဒါပေမယ့် နောက်ကျ International Distribution ကို Lionsgate က တာဝန်ယူထားပြီး Lionsgate ရဲ့ YouTube မှာ Kill ကို trailer ပြလာတော့ကျမှ ဒီရုပ်ရှင်က Hindi action ရုပ်ရှင်အနေနဲ့ဆိုရင် တော်တော်အဆင့်မြင့်တဲ့အထဲမှာပါတယ်ဆိုတာကို သတိထားမိတာပါပဲ။
အိန္ဒိယမှာ revenge drama, revenge action thriller တွေက တော်တော်ပေါပေါများများရှိတယ်။ ဒါပေမယ့် ရိုးရှင်းတဲ့ဇာတ်ကွက်နဲ့ လှပတဲ့အက်ရှင်ခန်းတွေကိုသုံးမယ့်အစား plot twist တွေ တသီကြီးသုံးတဲ့ action တွေများလွန်းတယ်။ ဥပမာပြရရင် Tony Jaa ရဲ့ Ong Bak လို ဘုရားဆင်းတုခိုးခံရတာကို ပြန်လုရတဲ့ဇာတ်လမ်းရိုးရိုးလေးကိုမှ အက်ရှင်ခန်းကောင်းကောင်းနဲ့ ရိုက်ပြခဲ့တာမျိုး၊ Ong Bak မှာ ဓာတ်ဆီဆိုင်က ဖိုက်တင်ခန်းမျိုးက လက်ရှိ ကမ္ဘာ့အက်ရှင်ရုပ်ရှင်တွေရဲ့ အကောင်းဆုံး action ခန်းထဲမှာ အခုထိရှိနေသေးတယ်။
Kill မှာလဲ ရိုးတယ်၊ စုံတွဲတစ်တွဲ ရထားစီးရင်းနဲ့ ရထားကို ဓားပြဝင်တိုက်တာကနေ မင်းသားက ဓားပြတွေကို သမတယ်။ ဒါပဲ။ ဒါဆိုဘာလို့ အဲလောက်ထိ ညွှန်းနေရတာလဲဆိုရင် action scene တွေက ပုံမှန် အိန္ဒိယအက်ရှင်ကားတွေမှာတွေ့မြင်နေကျလိုမဟုတ်ပဲ အရမ်းမြန်ဆန်လွန်းတဲ့အပြင် မြင်ဖူးနေကျ သွေးထွက်သံယိုပုံစံတွေကနေ လုံးဝကွဲထွက်နေလို့ပါပဲ။
နောက်ထပ်ပြောရရင် Kill မှာ antagonist နဲ့ protagonist က အရမ်းမျှတယ်၊ ဇာတ်သိမ်းကိုကြိုသိပေမယ့် ဒီနှစ်ယောက်ကနေဖြစ်လာတဲ့ climax က ပရိသတ်တွေကြိုက်နေစေမယ့် အက်ရှင်ပြကွက်တွေကို အများကြီးထုတ်ပြနိုင်ခဲ့တာကို တွေ့ခဲ့ရတယ်။
Marco ကျတော့ ဘာလို့သဘောကျရလဲဆိုရင် အသစ်အဆန်းတွေကို ဖောက်ထွက်တတ်တဲ့ industry ရဲ့ မတူညီတဲ့ပြကွက်တွေပါလို့ပဲ။ သွေးထွက်သံယိုအများဆုံးပြတဲ့ရုပ်ရှင်တွေမှာ အရင်ကဆိုရင် အာရှမှာ ကိုရီးယားနဲ့ ဟောင်ကောင်ပြီးရင် အင်ဒိုနီးရှားနဲ့ ထိုင်းက လိုက်လာတယ်၊ ဥရောပမှာဆိုရင် ဒိန်းမတ်၊ ပြင်သစ်နဲ့ ပိုလန်ဒါရိုက်တာတွေက လက်စွမ်းပြတတ်တယ်။ Malayalam ရုပ်ရှင်လောကက အိန္ဒိယရဲ့ တခြား industry တွေနဲ့မတူပဲ အမြဲအသစ်အဆန်းတွေဖန်တီးတတ်သလို အခုပြောင်းလဲနေပါတယ်ဆိုတဲ့ Tamil ရုပ်ရှင်တွေထက်တောင် Malayalam ရုပ်ရှင်တွေက creative ပိုဖြစ်တယ်။
Marco ကို ပရိသတ်က ဘာလို့သဘောကျလဲလို့ပြောရရင် one shot fight scene နဲ့ Cyrus ရဲ့ ကလဲ့စားချေတဲ့ဇာတ်ဝင်ခန်းက ပိုပြီးအက္ခရာကျလို့ပါပဲ။ မြင်ရခဲတဲ့ revenge scene တွေက Marco ကို ပိုပြီးလူသိများစေတာပေါ့။ ဥပမာ The Untold Story ကလို violence မျိုးကို Marco မှာ ပြန်ခံစားမိတယ်။
ဒါပေမယ့် Marco က အရမ်းအဆုံးသတ်ပေါလွန်းတယ်လို့ပြောရမှာပဲ၊ မလိုအပ်ပဲ အဖျားရှုးသွားတော့ကျ ရှေ့မှာကောင်းထားသမျှက သိပ်အရာမထင်ခဲ့တော့ လိုသလောက်မရောက်ခဲ့ဘူး။ Cyrus နဲ့ Tony လို antagonist မျိုးက Marco တင်မကပဲ တခြား revenge action တွေမှာ မြင်သင့်တဲ့ ရုပ်ရှင်ဇာတ်ကောင်မျိုး၊ ဒါပေမယ့် အဖျားရှူးတာတွေရှိတော့ လိုသလောက်မရောက်ခဲ့တာပါပဲ။
Ravi Basur ရဲ့ နောက်ခံတေးတွေကလဲ Marco ကို ပိုပြီးကြွတက်လာ​ခဲ့တော့ကျ အဖျားရှူးတာက သိပ်တော့မသိသာတော့ဘူး။
ဆိုတော့ ပြောရရင် Kill နဲ့ Marco က ဒီနှစ်ထဲမှာတွေ့ရတဲ့ အိန္ဒိယရုပ်ရှင်လောကရဲ့ action genre မှာ လုံးဝမထင်ထားတဲ့ ရှားရှားပါးပါး action ရုပ်ရှင်နှစ်ကားပါပဲ။

image
44 w - Translate

Bone tattoo

image
44 w - Translate

Bone tattoo

image
44 w - Translate

Bone tattoo

image
44 w - Translate

Bone tattoo

image
44 w - Translate

Bone tattoo

image
image
image
image
44 w - Translate

နီနီလင်းအိမ် ဂုဏ်သတင်းနဲ့အသားပေး ကြော်ငြာခဲ့တဲ့ MGM ကို ထူးအံ့လွင်ပေါက်ကွဲ
Miss Grand Myanmar ရဲ့ ND တစ်ဦးဖြစ်ခဲ့ဖူးသူ ဆရာထူးအံ့လွင်က 'အရှက်မရှိ အဲ့တစ်ယောက်က မင်းတို့မွေးထုတ်ပြီး ရွေးခဲ့တဲ့သူလား' လို့ မေးခွန်းထုတ်လိုက်ပါတယ်။ ND ရာထူးကနေစွန့်လွှတ်ပြီး တပည့်ဖြစ်သူ သဲစုညိမ်းနဲ့အတူ အနုပညာလောကထဲ ဝင်ရောက်လာခဲ့တဲ့ ထူးအံ့လွင်က MGM ရဲ့ လက်ရှိကြော်ငြာနေမှုအပေါ် ပေါက်ကွဲနေတာပါ။ Miss Grand International 2023 ရဲ့ 1st Runner Up ရခဲ့သူ နီနီလင်းအိမ်ကို သူတို့က မွေးထုတ်ခဲ့တဲ့ပုံစံမျိုးနဲ့ ကြော်ငြာနေလို့ပဲဖြစ်ပါတယ်။ 2024 ခုနှစ်မှာ ကျင်းပခဲ့တဲ့ MGI 2024 မှာလည်း သဲစုညိမ်းဟာ 2nd Runner Up ရရှိပြီးနောက် ယခုကဲ့သို့ ပြဿနာတွေဖြစ်ပွားခဲ့တာပါ။

image