အဝေးကြီးကိုပြေးသွားမှ
ဝေးသွားတယ်လို့ခေါ်တာမဟုတ်ဖူး
နှစ်ယောက်ကြားထဲ
တစ်ယောက်ယောက်
၀င်လာတာလဲ ဝေးသွားတာပဲ။
#ဂန္ဓမာ
#ကွာဝေးမှတ်တိုင်-၂
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အဝေးကြီးကိုပြေးသွားမှ
ဝေးသွားတယ်လို့ခေါ်တာမဟုတ်ဖူး
နှစ်ယောက်ကြားထဲ
တစ်ယောက်ယောက်
၀င်လာတာလဲ ဝေးသွားတာပဲ။
#ဂန္ဓမာ
#ကွာဝေးမှတ်တိုင်-၂
နေညိုညို - ပီမိုးနင်း
" မင်္ဂလာဆောင်ခြင်းဆိုတာ အချစ်သင်္ချိုင်းဖြစ်ပါတယ် လင်မယားရယ်လို့ဖြစ်သွားရင် အချစ်ဟာ
ရိုးပြီးအခုချစ်သမျှတွေဟာ မြေမြှုပ်သင်္ဂြိုဟ်ခြင်း
ခံရတာလို ပျောက်ပျက်ပြီး ငြီးငွေ့သွားမှာကို
စိုးပါတယ် "
ဆရာကြီး ပီမိုးနင်းရဲ့ နေညိုညို ။ နေရီရီ ကိုသိရင် အလိုလိုတွဲသိနေတတ်တဲ့ စာအုပ်ပါ ။ ဝတ္ထုဆန်တဲ့ မြန်မာဝတ္ထုတွေကို လမ်းစသစ်ဖွင့်ပေးခဲ့တဲ့ စာအုပ်လို့ နာမည်ကြီးပြီး နှစ် ၁၀၀ မြန်မာဝတ္ထု ၁၀၀ ထဲပါတဲ့ စာအုပ်ပါပဲ ။
နေရီရီ ဝတ္ထုဟာ မောင်နေဝင်းဆိုတဲ့ အမျိုးသားဇာတ်ကောင်အကြောင်း ဦးစားပေးဖော်ပြပြီး
နေညိုညို ထဲမှာတော့ ညိုညို ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို ဦးစားပေးထားတဲ့ဇာတ်လမ်းပါ ။
ညိုညို ဆိုတာ ပြည်မြို့နဲ့ နီးတဲ့ရွာငယ်လေးမှာ မိဘနှစ်ပါးက တိတ်တဆိတ်လာမွေးပြီး ခြံပိုင်ရှင်တွေ လက်ထဲမှာ မွေးဖို့ ထားပစ်ခံခဲ့ရတဲ့မိန်းကလေး ။ မွေးစားဖခင် ရဲ့ မြန်မာစာ ကျမ်းတွေ လင်္ကာတွေဖတ်ပြီး စာပေအရာမှာ ကျွမ်းကျင်နေတဲ့ မိန်းကလေးပေါ့ ။
မွေးစားမိဘတွေရဲ့ သူတို့ သားဖြစ်သူ မောင်နေဦး နဲ့ လက်ထပ်ပေးချင်မှုကို မနှစ်သက်ဘဲ အစ်ကိုလိုသာ ချစ်ပါရစေလို့ ဆိုပြီး သူ့ရဲ့ မျိုးရိုးမိဘတွေအကြောင်း သိချင်နေခဲ့တာ ။
တစ်နေ့တော့ ချစ်ရတဲ့ ခြံကြီးနဲ့ မောင်နေဦး တို့ကို ထားပြီး ရန်ကုန်ကို တက်ခဲ့တယ် ။ ဗဟန်းက ဖွားသီလရှင်တွေနဲ့ နေရင်း သတင်းစာတိုက်တွေကို စာတွေရေးပို့ပြီး အောင်မြင်ဖို့အတွက် ကြိုးစားရုန်းကန်ခဲ့တယ် ။
ဒီမှာ ဆရာပီမိုးနင်းက သူ့ရဲ့ စာပေအမြင်တွေ ခံယူချက်တွေကို ညိုညို့ နေရာကနေ ပြောပြသွားခဲ့တယ် ၊ ရှေးဆရာတွေနဲ့ ထပ်တူရေးနေရင် ဉာဏ်သစ်မတိုးဘဲ ဉာဏ်ဟောင်းချည်းဖြစ်နေမှာပဲတဲ့ ။
စာရေးတဲ့အခါ လင်္ကာပြောင်ဖို့ကိုပဲ အားထုတ်နေရင် မှတ်သားဖို့ အတွေးအခေါ်ဉာဏ်သစ်တွေမပါရင်
စာဖတ်သူတွေ အကျိုးမဲ့ဖြစ်မှာပါတဲ့ ။
ညိုညိုဟာ ဝတ်လုံကိုထွန်းခင် ဆိုတဲ့သူနဲ့တွေ့မှ
အချစ်ဆိုတဲ့ စိတ်တွေပွင့်လန်းပြီး မောင်နှမထက်ပိုတဲ့ စိတ်တွေဖြစ်ခဲ့ရတယ် ၊ ဝတ်လုံကိုထွန်းခင်ကရော ညိုညို့ကို အတည်တကျ လက်ထပ်ပေါင်းသင်းမှာလား ။
မွေးပြီးပစ်ထားခဲ့တဲ့ ညိုညို့ရဲ့ မိဘတွေနဲ့ ပြန်ဆုံတွေ့အုံးမှာလား ။ လူလားမြောက်အောင် ပြုစုပေးခဲ့တဲ့ မောင်နေဦးတို့ဆီ ညိုညို ပြန်သွားအုံးမှာလား ။
လွန်ခဲ့တဲ့ 103 နှစ်နီးပါးက မြန်မာဝတ္ထုတွေရဲ့ ပုံစံ နဲ့ ခေတ်အခြေအနေတစ်ခု ကို တွေ့ရမဲ့ စာအုပ်ပါ။
ကြိုးစားရုန်းကန်မှုကြောင့် အောင်မြင်မှုတွေရရှိသွားတယ်လို့ ဆိုချင်တဲ့ ဝတ္ထုလေးပါ ။ ဖတ်ခါစတော့ ပျင်းစရာကောင်းပေမဲ့ နောက်ပိုင်းမှာ စိတ်ဝင်စားစရာကောင်းအောင် အဖုံးအဖိလေးတွေနဲ့ ရေးထားတာမို့ သိပ်တော့ ပျင်းစရာမကောင်းတော့ပါဘူး ။
ဇာတ်လမ်းအရဆိုရင်တော့ နေရီရီ ကို ပိုသဘောကျပါတယ် ။ စာပေအရေးအသားတွေ အကြောင်းဆိုရင်တော့ နေညိုညို မှာ အတော်လေး ရှင်းပြပြောပြထားပါတယ် ။
ငါ့ကိုယ်ငါ ဂုဏ်ယူမိတယ်။
ရှင်သန်ဖို့ ခက်ခဲနေပြီဆိုတဲ့ နေ့ရက်တွေကိုလည်း ကောင်းကောင်း ဖြတ်ကျော်နိုင်ခဲ့တယ်
နာကျင်စရာ ကိစ္စတွေကိုလည်း
ငါ့ကိုယ်ငါ ထွေးပွေ့ရင်း ရင်ဆိုင်နိုင်ခဲ့တယ်
မျှော်လင့်ချက်တွေ ၊ အနာဂတ်တွေ
ဝေဝါးနေလည်း အားမလျော့ဘူး။
ပြိုလဲစေချင်ကြတဲ့ လူတချို့
လက်လျော့ရလောက်တဲ့အထိ
ငါဟာ သန်မာနေခဲ့တယ်။
ဘယ်လောက်ပဲ မှောင်မိုက်နေပါစေ
သေးငယ်တဲ့ အလင်းရောင်ကအစ
ငါ ရှာဖွေနေဦးမှာပဲ...
ပင်ပန်းလွန်းရင် ခဏတာငိုပြီး
ခေါင်းပြန်မော့နေဦးမှာပဲ
လဲကျဖို့ ငါ့ကိုယ်ငါ ခွင့်မပြုသရွေ့
ငါဟာ အမြဲသန်မာနေဦးမှာပဲ ။
#စာတို
◾️Kitchen Helper - Yangon
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23144
◾️Customer Service - Yangon
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23050
◾️Junior Accountant - Yangon
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23310
◾️Senior Accountant - Yangon
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23066
◾️Digital Marketing Manager - Yangon
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23022
အကုန်သိ အကုန်တတ် strong women
တစ်လောကလုံးနဲ့ တစ်ယောက်လဲ ရန်ဖြစ်ရဲတယ်ဆိုတဲ့ အမျိုးသမီး တစ်ယောက်
ကိုကိုက “အာဘွား” ဆိုပြီးပို့တာ “emoji 😙” မပါလို့ တစ်လောကလုံးကို စိတ်ကောက်
#crd
" အချစ်တဲ့
ခြင်္သေ့တွေအားလုံး သိုးသူငယ်ဖြစ်သွားတဲ့ တောအုပ်
နှုတ်ဆက်ပါတယ်။
ဟယ်လင်ကဲလား ပြောတဲ့အတိုင်းဆိုရင်
ခင်ဖုန်းသက်ဝေ မှန်ပါတယ်။
ချစ်စရာကောင်းတဲ့ ဘယ်မိန်းမပျိုက
အကြာကြီး စောင့်နေမှာမို့လို့လဲ။
ရှေ့ကို သွားနေတဲ့ ရထားမှာ
နောက်ပြန် ထိုင်စီးရင်း
ဝေးကွာခြင်းဆိုတာကို ပိုနားလည်လာရတယ်။
မဲဇလီပင်တန်းတွေ တရွေ့ရွေ့ ကျန်ခဲ့ပြီ။
ဖဲကြိုးရောင်စုံတွေ ကျန်ခဲ့ပြီ။
ဖိုးချိုသီချင်းတွေ ကျန်ခဲ့ပြီ။
ပန်းသင်္ချိုင်းက စောင့်နေမယ် ဆိုတာတွေ ကျန်ခဲ့ပြီ။
ကျောင်းသားကဒ် ပြပြီး
စက်ဘီးငှားလို့ရတဲ့ ဆိုင်လေးတွေ ကျန်ခဲ့ပြီ။
ဟိုနားက သီချင်းစသင်တဲ့ နေရာ
ဒီနားက အချစ်စသင်တဲ့ နေရာ အားလုံး ကျန်ခဲ့ပြီ။
ဘယ်သူ့ခေါ်သံမှ ကြားရလို့တော့ မဟုတ်ပါဘူး။
ရွာရိုးကိုးပေါက်
ကျွန်တော် လျှောက်သွားနေခဲ့တာ
ဆယ်စုနှစ် တစ်ခုစာ တစ်ယူဇနာ၊
နှစ်ယူဇနာ ခြေရာတွေတောင် ပြာလို့။
ပင်လယ်ပက်ပင်းနဲ့
ကျွန်းကြိုကျွန်းကြားမှာ အိပ်တဲ့အခါ အိပ်တယ်။
တစ်ခါတလေ ကမ်းခြေတွေ
ကျောက်ညိုနန်းဆောင်မြင့်တွေ
ခရုခွံတွေ
ဖွေးဖွေးလှုပ်အောင် ခင်းထားတဲ့
ရိုးမြေကျ လမ်းကလေးတွေ။
တစ်ခါတစ်ခါ
ဆန်းပြားလွန်းတဲ့ ခင်တန်းသာယာတွေ
ခင်ဖုန်းသက်ဝေလို
လူစကားပြောတတ်တဲ့ ပန်းပွင့်လေးတွေ။
တစ်ခါတလေ
တချို့တောင်ပေါ်ရွာလေးတွေမှာ
တစ်ဆောင်း တစ်နွေ
ကျွန်တော် ပျော်သလောက် နေပစ်လိုက်တာပဲ။
သူတို့ဘာသာစကားနဲ့
ထိကရုန်းပင်လေးကို “ရှက်တတ် မ” တဲ့။
ဒီလို တိုက်ဆိုင်လာတဲ့ ညတွေဆိုရင်
လူတခြား အိပ်မက်တခြားပဲ ။
▪️သန်းတင့် ( ခင်ဖုန်းသက်ဝေဂယ်လာရီ )