37 w - Translate

တာချီလိတ်မြို၊ ရန်အောင်မြေရပ်ကွက်နှင့် ဆန်ဆိုင်းရပ်ကွက်တို၌ စိတ်ပြောင်းဆေးဝါးများ ၂ ရက်ဆက်တိုက်ဖမ်းဆီးရမိ
****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ငွေကျပ် ၃,၃၉၈ သိန်းခန့် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများကို ရန်အောင်မြေရပ်ကွက်နှင့် ဆန်ဆိုင်း (က) ရပ်ကွက်တို့တွင် မတ် 19 ရက်နှင့် 20 ရက်နေ့တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myamar ရဲ့ ထုတ်ပြန်ချက်အရ သိပါတယ်။အဆိုပါဖြစ်စဥ်မှာ မတ်လ ၁၉ ရက်ညနေ ၅ နာရီခွဲအချိန်ခန့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များ ပါ၀င်သော ပူးပေါင်းအဖွဲ့များက သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် ကော်ထူ (ခ) နေသူရိန် ငှားရမ်းနေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water ၁.၇ ကီလို(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁,၈၇၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

ထို့အတူ မတ်လ ၂၀ ရက်နံနက် ၁၁ နာရီခွဲအချိန်ခန့် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ လင်းထွဋ် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၈,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၃၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရ မိခဲ့ပြီးနောက်စစ်ဆေးချက်အရ ၎င်းငှားရမ်းနေထိုင်သည့် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၄,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၃၆ သိန်း)အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

အဲဒီနောက်ကွင်းဆက်ဖော်ထုတ်ချက်အရ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ (၅)လမ်းရှိ စိုင်းအွန်(ခ)စိုင်းခမ်း ၏နေအိမ်တွင် လည်းကောင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၂)၊ မြို့ရှောင်လမ်းအနီး၊ မယ်ဆိုင် ရေချောင်းဘေးတွင် ၎င်းသိုဝှက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀,၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၉၆၀)အား လည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

အဆိုပါဖြစ်စဥ်အရ ကော်ထူ(ခ)နေသူရိန်၊ ၂၁ နှစ်၊ လင်းထွဋ်၊ ၃၂ နှစ်နှင့် စိုင်းအွန်(ခ)စိုင်းခမ်း၊ ၅၃ နှစ်တို့အား သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရပါတယ်။

image
Like

imageimage
Like

ယိုးဒယားစတိုင်လ် အပ်မှို ပုစွန်သုပ်
*********************************
ပုစွန်ကို ရေပူထဲ စက္ကန့် ၃၀ နှစ်ပြီး ဆယ်ထားပါ။
အပ်မှိုကိုလည်း ရေပူထဲ တစ်မိနစ်ဖျော၍ ရေစစ်ထားပြီး
သံပုရာသီး, ကြက်သွန်ဖြူ
ငရုတ်သီးစိမ်း/နီ
ရှမ်းနံနံ,စပါးလင်,
အရသာမှုန့်, သကြား, ငါးငံပြာရည်

👉 အားလုံးရောနယ်၍ ချဉ် ငံ စပ် သုပ်စားပါ

image
Like

ကြက်သားလေးတစ်တုံးစားမိတာကို

Like
37 w - Translate

Dimensity 6300 chip နဲ့ 6500mAh ဘက်ထရီသုံး vivo V50 Lite 5G ထွက်ရှိ
premium ဒီဇိုင်းနဲ့ mid-range မော်ဒယ်သစ်ကို vivo က မိတ်ဆက်သွားပါတယ်။
vivo V50 Lite 4G ထွက်ပြီး သိပ်မကြာခင် 5G ဗားရှင်း ဈေးကွက်ဝင်လာတာပါ။ ဒီဇိုင်းနဲ့ specs အတော်များများမှာ vivo V50 Lite 5G က 4G မော်ဒယ်နဲ့ အတူတူပါပဲ။ မတူတာက chipset နဲ့ connectivity ပိုမြင့်လာတာပါ။
vivo V50 Lite 5G က SoC ကို Snapdragon 685 ကနေ Dimensity 6300 ကို upgrade လုပ်လာပါတယ်။ LPDDR4X RAM 8/12GB ၊ UFS 2.2 storage 256/512GB တွေနဲ့ လာပြီး microSD slot မပါပါဘူး။
Dimensity 6300 chip မှာက 5G ရတဲ့အပြင် Bluetooth လည်း version 5.4 ဖြစ်လာလို့ 5.0 ဗားရှင်းထက် လိုင်းဆွဲအားပိုကောင်းပြီး multi-device ချိတ်နိုင်စွမ်းရှိလာပါတယ်။ WiFi specs တော့ vivo က ပြောမထားပေမယ့် WiFi 5 (AC) ပါမယ်လို့ ယူဆရပါတယ်။
ကျန်တဲ့အပိုင်းတွေက 4G အတိုင်းပါပဲ။ flat body သုံး ၆.၇၇ လက်မ 120Hz OLED FHD+ display နဲ့ လာပြီး brightness nits 1800 အထိ ထွက်ပါတယ်။ display အောက်မှာ optical လက်ဗွေထည့်ထားပြီး punch hole မှာ 32MP selfie ကင်မရာ တပ်ပေးထားပါတယ်။
ကင်မရာပိုင်းမှာ 50MP main sensor (Sony IMX882 1/2.0' က အရင်အတိုင်း ဆိုပေမယ့် Ultrawide lens ကို အရင် 2MP ကနေ 8MP sensor ပြောင်းလာပါတယ်။ ကင်မရာ lens နှစ်ခု အောက်မှာ Aura Light တပ်ထားပါတယ်။
ဘက်ထရီနဲ့ Charging ပိုင်းမှာလည်း ၅ နှစ်သုံးပြီးတဲ့နောက်မှာ ဘက်ထရီ Health ၈၀% ကျန်နေမယ့် အကြီးစား 6500mAh ဘက်ထရီ နဲ့ ၅၃ မိနစ်အတွင်း အားပြည့်နိုင်မယ့် 90W Fast Charging စနစ်ကို သုံးလာတာပါ။
vivo V50 Lite 5G ကို Titanium Gold နဲ့ Phantom Black နှစ်ရောင်နဲ့ လာပြီး Fantasy Purple နဲ့ Silk Green အရောင်ဆန်းတွေလည်း ထပ်ထွက်လာဖို့ ရှိပါတယ်။ စပိန်မှာတော့ 12/512GB ဗားရှင်းကို ပေါင် ၄၀၀ ဈေးနဲ့ ရောင်းနေပြီလို့ ဆိုပါတယ်။

image
Like
37 w - Translate

မနက်ဖြန်မှာ သမီးဦးလေးကိုမွေးဖွားမယ့် နီနီခင်ဇော်အတွက် ဘုရားမှာ ဆုတောင်းပေးခဲ့တဲ့ ဂျွန်လွင်🥰
ဆရာဂျွန်လွင်က မနက်ဖြန် မတ်လ ၂၃ ရက်နေ့မှာ မွေးဖွားမယ့် နီနီခင်ဇော်အတွက် ရွှေတိဂုံဘုရားမှာ ဆုတောင်းပေးခဲ့တာပါ။ မွေးဖွားရာမှာ ချောချော မွေ့မွေ့ မွေးဖွားနိုင်ဖို့နဲ့ မိဘကို ချစ်မြတ်နိုးပြီး လောကကို အကျိုးပြုတဲ့ သားသမီးရတနာလေး မွေးဖွားနိုင်ပါစေလို့ ဆုတောင်းပေးခဲ့တာပါ။ အဆိုတော်နီနီခင်ဇော်က မနက်ဖြန် မတ်လ ၂၃ ရက် တနင်္ဂနွေနေ့မှာ သူမရဲ့ သမီးဦးလေးကို ပထမဆုံးဖွားမြင်မှာပဲဖြစ်ပါတယ်။

#crd
#celenews

image
Like
37 w - Translate

ဘဝမှာလေ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ
တကယ်မရှိပါဘူး ။ အဲဒီစကားကို အစွန်းရောက်အောင် လက်ကိုင်ထားပြီး အမှားအမှန်ကို မခွဲခြားနိုင်ရင် ဒုက္ခရောက်တတ်တယ် ။

ဘဝမှာဖြစ်ဖို့ ကံပါမလာတာတွေ ရှိတယ် ၊
ကိုယ်မရနိုင်မဲ့အရာတွေ ရှိတယ်
ကိုယ့်အတွက် မဖြစ်နိုင်တာတွေ ရှိတယ် ။
ဒါကို လက်ခံနိုင်ဖို့ လိုတယ် ။

မဖြစ်နိုင်တာကို မမျှော်လင့်မိဖို့လိုတယ် ၊
ကိုယ့်အတွက် ပိုင်ဆိုင်ဖို့ကံပါမလာတဲ့ ဝါသနာ ၊
အလုပ်ကိုင် ၊ ရာထူး ၊ နေရာ ၊ လူ … စတာတွေကို
မစွဲလမ်းမိစေဖို့ ၊ သံယောဇဉ်ဖြတ်နိုင်ဖို့လိုတယ် ၊
စိတ်ထားတတ်ဖို့ လိုပါတယ် ။

ဒီလိုမှမဟုတ်ရင် ကိုယ့်ကိုရော ၊
ကိုယ့်ဘေးကအရာတွေကိုပါ ပျက်စီးစေတတ်ပါတယ် ။

လူတွေက အတိတ်ကံရဲ့ အထောက်အပံ့ရရှိပုံချင်း
မတူတာကြောင့် ဘဝက အမျိုးမျိုး ကွဲပြားနိုင်ပါတယ် ။ ဘယ်လောက်ပဲ ကြိုးစားပါစေဦးတော့
ကိုယ့်အတွက် ဘယ်တော့မှ မရနိုင်မဲ့အရာတွေ ရှိတယ် ။
ဒါကြောင့် ဖြစ်သင့်တာကို လုပ်ရင်းက ကိုယ့်ဘဝကို
ပျော်ရွှင်နိုင်ဖို့ ကြိုးစားရမှာပါ ။

ဖြစ်ချင်တာတွေကို ဖြစ်ခွင့်ရတဲ့ ဘဝဟာ အကောင်းဆုံး
ဆိုပေမဲ့ ၊ ဖြစ်ခွင့်မရလည်း အခြားတစ်ခုနဲ့ အစားထိုးပြီး ဘဝကို တန်အောင်နေထိုင်ပါ ။

ကိုယ့်ရရှိတဲ့ ကိုယ့်ဘဝကို ကျေနပ်စွာ လက်ခံနေထိုင်တတ်ပါမှ ကြည်လင်အေးချမ်းတဲ့ နေ့ရက်တွေ ပိုင်ဆိုင်ရမှာ
ဖြစ်တယ် ။

- Thar Htwe -

#ကြည်လင်ခြင်းရဲ့နေ့စွဲများ

image
Like
37 w - Translate

ကမ္ဘာ့အကြီးဆုံး နှင့် အလေးဆုံး ဗုံးကြဲလေယာဉ် - Tupolev Tu-160 (Blackjack)

ကမ္ဘာ့လေကြောင်းသမိုင်းမှာ အင်အားကြီးမားမှု၊ စွမ်းဆောင်ရည်မြင့်မားမှုတို့နဲ့ ထင်ရှားတဲ့ ဗုံးကြဲလေယာဉ်တွေ အများအပြားရှိခဲ့ပါတယ်။ ဒီအထဲမှာမှ ဆိုဗီယက်ပြည် ထောင်စုရဲ့ နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ ဗျူဟာမြောက်ဗုံးကြဲလေယာဉ် Tupolev Tu-160 (နေတိုးအခေါ် Blackjack) ဟာ ထူးခြားတဲ့စံချိန်တွေနဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။

Tu-160 ဟာ ကမ္ဘာ့အကြီးဆုံးနဲ့ အလေးဆုံး တိုက်ခိုက်ရေးလေယာဉ်ဖြစ်ရုံသာမက အသံထက်မြန်တဲ့ အမြန်ဆုံးဗုံးကြဲလေယာဉ်တွေထဲက တစ်စင်းလည်း ဖြစ်တယ်ပါတယ်။ Tu-160 ကို ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ စတင်ဒီဇိုင်းရေးဆွဲခဲ့ပြီး ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ စတင်တာဝန်ထမ်းဆောင်ခဲ့တာပါ။

အဓိကရည်ရွယ်ချက်ကတော့ အမေရိကန်ပြည်ထောင်စုရဲ့ B-1 Lancer ဗုံးကြဲလေယာဉ်ကို ယှဉ်ပြိုင်ဖို့ပါ။ ဒါပေမယ့် Tu-160 ဟာ B-1 ထက် ပိုမိုကြီးမားပြီး စွမ်းဆောင်ရည်လည်း ပိုမိုမြင့်မားတယ်ဆိုတာ ငြင်းလို့မရပါဘူး။

သူ့ရဲ့ အရွယ်အစားဟာ အလျား ၅၄.၁ မီတာ၊ အတောင်ပံအကျယ် (အပြန့်အနေအထား) ၅၅.၇ မီတာ နဲ့ အမြင့် ၁၃.၁ မီတာ ရှိပါတယ်။ ဒီအရွယ်အစားဟာ တိုက်ခိုက်ရေးလေယာဉ်တွေထဲမှာ အကြီးဆုံးဖြစ်စေတဲ့ အချက်ပါ။

လေယာဉ်ရဲ့ အမြင့်ဆုံးတက်နိုင်တဲ့အလေးချိန် (Maximum Takeoff Weight) ကလည်း ၂၇၅ တန် ရှိတာကြောင့် တိုက်ခိုက်ရေးလေယာဉ်တွေထဲမှာ အလေးဆုံးစံချိန်ကို ပိုင်ဆိုင်ထားပါတယ်။

အမြန်နှုန်းပိုင်းမှာလည်း Tu-160 က ထိပ်တန်းပါပဲ။ အသံထက် နှစ်ဆကျော်မြန်တဲ့ Mach 2.05 (တစ်နာရီကို ၂,၂၂၀ ကီလိုမီတာနှုန်း) အထိ ပျံသန်းနိုင်စွမ်းရှိပါတယ်။

လက်နက်တပ်ဆင်မှုအပိုင်းမှာလည်း အတွင်းပိုင်း ဗုံးဂိုဒေါင်နှစ်ခုမှာ စုစုပေါင်း တန် ၄၀ အထိ သယ်ဆောင်နိုင်ပြီး နျူကလီးယားလက်နက်တွေ၊ သမားရိုးကျဗုံးတွေနဲ့
ခရုဇ်ဒုံးကျည်တွေကို တပ်ဆင်နိုင်ပါတယ်။ အဓိကအား ဖြင့် Kh-55 နဲ့ Kh-101/102 ခရုဇ်ဒုံးကျည်တွေကို သယ် ဆောင်အသုံးပြုတာ တွေ့ရပါတယ်။

ထူးခြားတာကတော့ သူ့ရဲ့အတောင်ပံတွေပါ။ အတောင်ပံများကို လိုအပ်သလို အဖွင့်အပိတ်ပြုလုပ်နိုင်တဲ့ (Variable-sweep wing) နည်းပညာကို အသုံးပြုထားတာကြောင့် အမြန်နှုန်းမြင့်စွာ ပျံသန်းသည့်အခါမှာ လေခွင်းအားကို လျှော့ချနိုင်ပြီး၊ အနိမ့်ပျံသန်းရာတွင် ပိုမိုတည်ငြိမ်စေဖို့ အထောက်အကူပြုပါတယ်။

Tu-160 ကို ရုရှားလေယာဉ်မှူးတွေက သူ့ရဲ့လှပတဲ့ အဖြူရောင်အသွင်အပြင်နဲ့ ကျော့ရှင်းတဲ့ ပုံသဏ္ဍာန်ကြောင့် (Belyy Lebed) လို့ခေါ်ကြပြီး အဓိပ္ပာယ်ကတော့ "White Swan" (ငန်းဖြူ) ဖြစ်ပါတယ်။ ဒါပေမယ့် နေတိုးတပ်ဖွဲ့တွေကတော့ သူ့ကို Blackjack လို့ သတ်မှတ်ခေါ် ဝေါ်ကြပါတယ်။

Tu-160 ကို အဓိကအားဖြင့် ရုရှားလေတပ်က အသုံးပြုပြီး အကွာအဝေးဝေးလံတဲ့နေရာတွေကို ဗျူဟာမြောက်တိုက်ခိုက်ဖို့ ရည်ရွယ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ဆီးရီးယားစစ်ပွဲမှာ ပထမဆုံးအကြိမ် စစ်ဆင်ရေးမှာ ပါဝင်ခဲ့ပြီး ခရုဇ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ သမိုင်းမှတ်တမ်းတွေမှာ တွေ့နိုင်ပါတယ်။

လက်ရှိမှာတော့ Tu-160M လို့ခေါ်တဲ့ အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းတွေကို ထုတ်လုပ်နေပြီး အင်ဂျင်အသစ်များ၊ အီလက်ထရောနစ်စနစ်များနဲ့ ပိုမိုကောင်းမွန်တဲ့ လက်နက်စနစ်တွေ ပါဝင်လာတာကြောင့် ပိုမိုကြောက်မက်ဖွယ်ကောင်းတဲ့ စစ်လက်နက်ဖြစ်လာပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရရင် Tupolev Tu-160 (Blackjack) ဟာ စွမ်းအားကြီးမားတဲ့ ဗျူဟာမြောက်ဗုံးကြဲလေယာဉ်ဖြစ်ပြီး သူ့ရဲ့ထူးခြားတဲ့ အရွယ်အစား၊ အလေးချိန်၊ အမြန်နှုန်းတို့ကြောင့် ကမ္ဘာ့စစ်ရေးသမိုင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေဆဲဖြစ်ပါတယ်။

ရုရှားရဲ့ စစ်အင်အားကို ပြသနေတဲ့ သင်္ကေတတစ်ခုဖြစ်သလို၊ စစ်ဘက်နည်းပညာရဲ့ အထွတ်အထိပ်ရောက်ရှိမှုကိုလည်း သက်သေပြနေတဲ့ လေယာဉ်တစ်စင်းအဖြစ် သတ်မှတ်နိုင်မှာ အသေအချာပါပဲ။

#knowledgezone

image
Like
37 w - Translate

Carl's Date (2023)

အားလုံးရင်ထဲစွဲနေတဲ့ ကာတွန်းကားလေးတစ်ကားဖြစ်တဲ့ Up (2009) ကိုမှတ်မိကြဦးမယ်ထင်ပါတယ်။ ယခုဇာတ်လမ်းတိုလေးကတော့ အဲ့ Up ဇာတ်ကားအပြီး Carl နဲ့ ခွေးလေး Dug တို့တူတူနေကြတဲ့အချိန်ကိုဇာတ်လမ်းတည်ထားတာပါ။ Carl တစ်ယောက်ကို မိုင်ယာဆိုတဲ့အမျိုးသမီးတစ်ယောက်က ဒိတ်ဖို့ခေါ်တဲ့အခါ Carl ရဲ့ ဂယက်တွေနဲ့ ခွေးလေးရဲ့ပံ့ပိုးမှုတွေကို ပေါ့ပေါ့ပါးပါးလေးမြင်ရမှာပါ။ ထပ်တိုးပြောရမယ်ဆိုရင်တော့ လူတစ်ယောက်ဟာ အတိတ်မှာပဲ ပိတ်မိနေရင် ရှင်ရက်နဲ့သေနေသလိုပါပဲတဲ့။ ဒါ့ကြောင့် ကျွန်တော်တို့တွေဟာ ဆက်လက်ရှင်သန်ဖို့အတွက် အတိတ်ကနေရုန်းထွက် move on နိုင်ကြရမှာပါ။ ချစ်ရသူအယ်လီကိုလွမ်းဆွတ်ရင်း အမြဲ ဝမ်းနည်းနေတတ်တဲ့ Carl တစ်ယောက် အတိတ်မှာပဲပိတ်မိနေမှာလား ရှေ့ဆက်လျှောက်မလားဆိုတာကို ဇာတ်ကားလေးထဲမှာ ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါဦး။

ဇာတ်ကားလင့်
https://t.me/c/2186686827/182

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
Like
37 w - Translate

🙄So'ul to Keep (2018)
----------------------------------

(ဇာတ်လမ်းအညွှန်း)

သူငယ်ချင်းအုပ်စုတစ်စုမြို့ပြင်ကလူမနေတာကြာသည့်အိမ်တစ်လုံးကိုအပန်းဖြေဖို့အတွက်ခရီးထွက်လာရာမှဘီအဲဇဘတ်လို့အမည်ရသည့်စွမ်းအားကြီးသည့်နတ်ဆိုးတစ်ကောင်နဲ့တွေ့ကြုံလာရသောအခါ…

ထိုနတ်ဆိုးကဘာအတွက်ကြောင့်သူတို့သူငယ်ချင်းအုပ်စုကို ဒုက္ခပေးနေရသလဲဆိုတာနဲ့ နတ်ဆိုးရန်ကနေဘယ်လိုတွေ လွတ်မြောက်အောင်ရုန်းကန်ကြမလဲဆိုတာကိုတော့Horror ကြိုက်တဲ့လူတွေ စိတ်၀င်စားစွာနဲ့ကြည့်ရမှာဖြစ်ပါတယ်….

image
Like