1 y - Translate

တရုတ်နိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်အလယ်က "သံမှိုအိမ်" ပိုင်ရှင်ရဲ့ နောင်တ

တရုတ်နိုင်ငံ၊ Jinxi မြို့မှာ Huang Ping ဆိုတဲ့ အမျိုးသားတစ်ဦးဟာ ထူးခြားတဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ သူ့အိမ်ဟာ အဝေးပြေးလမ်းမကြီးတစ်ခု ဖောက်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးရဲ့ အလယ်မှာ တည်ရှိနေတာကြောင့်ပါ။

လမ်းသစ်ကြီးရဲ့ အလယ်တည့်တည့်မှာ နေထိုင်နေရတဲ့ Huang Ping နဲ့ သူ့မြေးဟာ အိမ်ရှေ့တံခါးကို ရောက်ဖို့ ကြီးမားတဲ့ ပိုက်လုံးကြီးတစ်ခုကို ဖြတ်သန်းသွားလာနေရတဲ့ ဘဝကို ရောက်ရှိနေပါတယ်။

တကယ်တော့ Huang Ping ဟာ ဒီအိမ်ကနေ ပြောင်းရွှေ့ဖို့အတွက် လျော်ကြေးငွေနဲ့ ကမ်းလှမ်းခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် သူက သူ့အိမ်နဲ့ မြေနေရာဟာ ကမ်းလှမ်းခံရတဲ့ ပမာဏထက် ပိုပြီး တန်ဖိုးရှိတယ်လို့ ယုံကြည်တာကြောင့် ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး ဆက်လက်နေထိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာတော့ ဒီလိုမျိုး အိမ်တွေကို "Nail House" (သံမှိုအိမ်) လို့ ခေါ်ကြပြီး၊ အများစုဟာ ဆောက်လုပ်ရေးစီမံကိန်းတွေကြောင့် ဖယ်ရှားပေးရမယ့်နေရာမှာ မူလလျော်ကြေးထက် ပိုမိုလိုချင်လို့ ငြင်းဆန်ရင်း ကျန်ရစ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် အချိန်တွေကြာလာပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေကလည်း အဆက်မပြတ် ဆက်လက်လုပ်ဆောင်နေတဲ့အခါမှာတော့ Huang Ping ဟာ သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ် နောင်တရလာခဲ့ပါတယ်။

"ငါသာ အချိန်ကို နောက်ပြန်ဆုတ်လို့ရရင် သူတို့ကမ်းလှမ်းခဲ့တဲ့ ဖျက်သိမ်းရေး သဘောတူညီချက်ကို လက်ခံခဲ့မိမှာပဲ။ အခုတော့ အလောင်းအစားကြီးတစ်ခု ရှုံးနိမ့်သွားသလို ခံစားရတယ်" လို့ သူက ဝမ်းနည်းစွာ ဝန်ခံပြောကြားခဲ့ပါတယ်။

Huang Ping ရဲ့ အဖြစ်အပျက်ဟာ တရုတ်နိုင်ငံမှာ တွေ့ရတတ်တဲ့ "သံမှိုအိမ်" ပိုင်ရှင်တွေရဲ့ ဘဝကို ထင်ဟပ်ပြနေပါတယ်။ တချို့အိမ်တွေဟာ နှစ်ပေါင်းများစွာကြာတဲ့အထိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေရဲ့ အလယ်မှာ၊ တစ်ခါတစ်ရံ အန္တရာယ်ရှိတဲ့ အခြေအနေတွေကြားမှာတောင် ဆက်လက်တည်ရှိနေတတ်ကြပါတယ်။

#knowledgezone

image
1 y - Translate

Dumbo (2019)

90’s born အစောပိုင်း ကလေးတွေ ကာတွန်းကားအဖြစ် ခဏခဏ ပြန်ကြည့်ပြီး အသည်းစွဲကြိုက်ခဲ့ရသလို၊
အရမ်းချစ်စရာကောင်းတဲ့ 1941 ခုနှစ်ကထွက်ထားတဲ ့ Disney’s Dumbo ကိုအခြေခံပြီး
ယခုလက်ရှိမှာတော့ ဒါရိုက်တာ Tim Burton ကနေပြန်လည်အသက်သွင်းထားပါတယ်။
1941 ခုနှစ်တုန်းက Dumbo ကားဟာ ကာတွန်းအနေနဲ ့အောင်မြင်မှုတွေရယူခဲ့ပြီး
ယခု Dumbo (2019) ဇာတ်ကားကိုတော့ 3D Animation ရယ် Human Characters တွေရယ် ပေါင်းစပ်ထားပြီး
Live Action အနေနဲ့ Walt Disney Studios Motion Pictures ကနေ ဇာတ်လမ်းအတွက်
US 170 milion လောက်ကို သုံးထားပြီး ရိုက်ကူးဖြန့်ချီထားတယ်လို ့လည်းသိရပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ Colin Farrell, Michael Keaton, Danny DeVito နဲ့ Eva Green တို့က အဓိကပါဝင်ထားပြီး
ဇာတ်လမ်းကြာချိန်ကတော့ 112 minutes လောက် ကြာမြင့်မှာဖြစ်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားလေးပဲဖြစ်ပါတယ်။
Dumbo လေးကို အမှတ်မထင် ရထားပေါ်မှာတွေ့မိပြီး မွေးကတည်းက နားရွက်ကလေးက ကြီးနေလို့
အထူးအဆန်း ဆင်ပေါက်ကလေးအနေနဲ့ မိခင်နဲ့ခွဲခံရကာ ဆပ်ကပ်အဖွဲ့ထဲရောက်ခဲ့ရပါတယ်။
အဲ့အချိန်မှာ Dumbo လေးက သူ့ဟာသူရော ဘယ်သူကမှပါ ပျံသန်းတတ်တာမသိကြသေးပါဘူး…
Dumbo လေးက ချစ်စရာလေးမို ့ကလေးလေးတွေနဲ ့ဆော့ရင်း မတော်တဆပျံသန်းမိခဲ့သလို ့ဖြစ်ခဲ့ရာကနေ
Dumbo ရှိတဲ့ ့ဆပ်ကပ်လေးက လူသိများလာတဲ့အခါ…ဆပ်ကပ်အဖွဲ့ရဲ့နောက်ကွယ်ဇာတ်လမ်းတွေအပေါ်မှာ
Dumbo လေး ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာကိုတော့။

ဇာတ်ကားလင့်
https://t.me/c/2186686827/189

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
1 y - Translate

Sinden Gaib (2024) ကပ်ပါလာသူတစ်ဦး

Imdb 7.5/10

အင်ဒိုကားတွေကြောက်ဖို့ကောင်းပြီဆို တော်ရုံကားက လိုက်မမီကြဘူးဆိုတာ
ဒီကားကြည့်ရင်းသိနိုင်ပါတယ် ဒီကားကဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာဆိုတော့
အပြင်မှာတကယ်ဖြစ်ခဲ့တာပါလားဆိုတဲ့အသိက ပိုပြီးတော့ ချောက်‌ချားစေမှာပါ
အာယူတို့အဖွဲ့က သဘာဝလွန်တွေကို လိုက်လံရိုက်ကူးတဲ့ရိုက်ကူးရေးအဖွဲ့သားတွေပါ
ဒီတစ်ခါသူတို့ရိုက်ကူးတဲ့နေရာက ဝါတူကန်ဒန်ဆိုတဲ့ကျွန်းလေးပေါ့
အဲဒီမှာအဖွဲ့သားထဲကတစ်ယောက်က ပစ္စည်းတစ်ခုကိုယူလိုက်မိတယ်
ယူပြီးပြီးချင်းပဲ ဇာတ်ဆောင်ဖြစ်တဲ့အာယူက ဂျာဗန်သီချင်းနဲ့ အကကိုစကပါတော့တယ်ဒီဇာတ်လမ်းရဲ့အဓိက ဆွဲဆောင်သူက ဒီအကပါပဲ ကျောချမ်းစရာကောင်းလောက်အောင် လက်တစ်ဆစ်ချိုးအကတွေ
ကွေးကောက်နေအောင်ကတဲ့ ကြက်သီးထစရာကကွက်တွေက ကြည့်ရှုသူတွေကိုပါ အသည်းယားလာစေမှာပါ
ဒီလိုရုတ်တရက် မျက်ဖြူကြီးလန်ပြီး ထကတော့ အပူးခံရပြီဆိုတာအဖွဲ့သားတွေက သိကြပါတယ် ရိုက်ကူးရေးကိုရပ်
အိမ်ကိုချက်ချင်းပြန်လာကြပြီး အာယူသတိပြန်ရလာတော့ ကိုယ့်မွေးရပ်မြေကိုပြန်လာကြတာပေါ့ဒါပေမဲ့မပြီးဆုံးခဲ့တာကတော့ ကပ်ပါလာသူတစ်ယောက်ပါ အာယူ့အိမ်ထဲမှာ အရိပ်အယောင်တွေတွေ့ပေမဲ့
တကယ်လက်တွေ့ကြုံလာတဲ့နေ့က ကျောင်းစည်းဝေးပွဲတစ်ခုမှာပေါ့ ဒီကြောက်စရာအကကိုထကရင်း
အစုလိုက်အပြုံလိုက်သရဲပူးကပ်ခံရပြီး အုတ်အော်သောင်းတင်းတွေဖြစ်လာချိန်မှာတော့ ။။
သူတို့ဘယ်လိုဖြေရှင်းသွားမလဲ ဘယ်လိုထိတ်လန့်စရာတွေက ရှေ့ဆက်သူတို့ကိုစောင့်မျှော်နေမယ်ဆိုတာကိုတော့။။

image
1 y - Translate

ထူးဆန်းတဲ့ Bank ဖောက်တဲ့ ဖြစ်စဥ်နဲ့ မထင်မှတ်ထားတဲ့ နောက်ကွယ်က ကြိုးကိုင်တဲ့သူတစ်ယောက်ရှိနေတဲ့အခါ

Masterminds
2016 ‧ Comedy/Crime ‧ 1h 36m

ယနေ့ခေတ် Hollywood ရဲ့Comedy ဇာတ်ကားများတွင် နေရာအရဆုံးလိုပြောရမဲ့ သရုပ်ဆောင်တွေနီးပါး အကုန်ပါဝင်ထားတယ်။ Zach Galifianakis, Owen Wilson, Kristen Wiig, Kate McKinnon, Leslie Jones နဲ့Jason Sudeikis တိုဆိုမှတော့ နောက်ထပ်ဟာသ သရုပ်ဆောင်တွေမလိုအပ်တော့လောက်အောင်ကို ပြည့်စုံနေပြီ။ ထိုအပြင် ဇာတ်လမ်းကလည်း ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုကို အခြေခံထားတာ။ 1997 ခုနှစ်တုန်းက America မှာ ထူးဆန်းတဲ့ ဘဏ်ဖောက်ထွင်းမှူကြီးတစ်ခုဖြစ်ခဲ့တယ်။ ဖောက်တဲ့သူက ထိုဘဏ်ရဲ့ဝန်ထမ်းကိုယ်တိုင်ဖြစ်နေခဲ့တော့ ပိုပြီးထူးဆန်းတယ်လိုဆိုလိုရတယ်။ ထိုဝန်ထမ်းဟာ ပိုက်ဆံတွေအကုန်ယူကာ ထွက်ပြေးလွတ်မြောက်သွားတယ်လိုအာဏာပိုင်တွေအပါအဝင် လူတိုင်းကထင်ကြတယ်။ ဒါပေမဲ့ဖြစ်ရပ်မှန်က သူက အသုံးချခံသွားရတာပါ။ ပိုက်ဆံတွေကို အကုန်ရသွားတာ သူကိုယ်တိုင်မဟုတ်သလို ထိုပိုက်ဆံတွေကိုရသွားခဲ့တဲ့ လူတွေကလည်း သူ့ကိုသတ်ရန် လူသတ်သမားတစ်ယောက် လွှတ်လိုက်တယ်။ ထိုအပြင် ရဲတွေကလည်း သူ့နောက်ကို လိုက်နေကြပြီ။ အခုလိုပြောလိုက်လိုသဲထိပ်ရင်ဖိုကြီးလိုဆိုလိုရပေမဲ့ ရယ်ရတာတော့ အပြုံးတွေက ကျွန်တော်မျက်နှာကကို မခွာတော့လောက်အောင်ပါပဲဗျာ။

image
1 y - Translate

အမြန်လမ်းယာဥ်ရပ်နားစခန်းမှာ EV လျှပ်စစ်ဓာတ်အားသွင်းရုံတစ်ခု ထပ်မံဖွင့်လှစ်
*******************
(ပြည်တွင်း) မတ်လ ၂၄
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရဲ့ ဘောနတ်ကြီးလမ်းဆုံရှိ (၃၉) မိုင် ယာဥ်ရပ်နားစခန်းမှာ EV ကားများ အတွက် လျှပ်စစ်ဓာတ်အားသွင်းရုံကို မတ်လ ၂၁ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ EV ကားများအတွက် လျှပ်စစ်ဓာတ်အားသွင်းရုံကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေနှင့် တာဝန်ရှိသူများတက်ရောက် ဖွင့်လှစ်ပေးခဲ့ကြပြီး ဒုတိယ ဝန်ကြီး ဦးဝင်းဖေမှ နိုင်ငံအတွင်း လျှပ်စစ်ကားများကို ပိုမိုသုံးစွဲလာနိုင်သည်နှင့်အမျှ ရုပ်ကြွင်းလောင်စာ ဆီတင်သွင်းမှုအား လျော့ချသုံးစွဲ နိုင်ပြီး နိုင်ငံအတွက် ကြီးမားသည့်အကျိုးကျေးဇူးဖြစ်၍ လျှပ်စစ်ကားပြေးဆွဲမှုပိုမို တွင်ကျယ်အောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြစေလိုသည်ဟု ပြောကြားခဲ့ပါတယ်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက EV ကားများအတွက် လျှပ်စစ် ဓာတ်အား ဖြည့်သွင်းရုံအတွင်း EV ကားများ လျှပ်စစ်ဓာတ်အားဖြည့်သွင်း နေမှုကိုကြည့်ရှုခဲ့ကြပါတယ်။

အဆိုပါ ဖွင့်လှစ်ခဲ့တဲ့ EV ကားများအတွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံမှာ EV ကား ၁၀ စီးနှင့် EV ဘတ်စ်ကား ၆ စီး လျှပ်စစ်ဓာတ်အား ဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

image
1 y - Translate

Rurouni Kenshin Season 3 ဆက်လက်ထွက်ရှိဖို ကြေညာသွားခဲ့

image
1 y - Translate

ပုံမှန်ထက် ပိုထွက်လာတဲ့ ဗိုက်ကိုကြည့်ပြီး ပီတိဖြစ်နေတဲ့ မိခင်လောင်းလေး နေခြည်ဦး 🥰
သူမအတွက်တော့ ကျေနပ်ပီတိဖြစ်စရာပဲဖြစ်ပါတယ်။ ခင်ပွန်းသည်သာ ဆန္ဒရှိရင် ယူပြီးတာနဲ့ ကလေးလည်း မွေးပေးမယ်လို့ ပွင့်ပွင့်လင်းလင်း ပြောပြထားတဲ့ နေခြည်ဦးက သူမရဲ့ ဗိုက်လေးကိုကြည့်ပြီး ဂုဏ်ယူနေတာပါ။ သူမက ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း လွန်ခဲ့တဲ့ လတွေကပဲ အသိပေးခဲ့ပြီးပြီပဲဖြစ်ပါတယ်။ ကိုယ်ဝန်လွယ်ထားရပေမယ့် Active Mommy တစ်ဦးဖြစ်ချင်တာကြောင့် သူမရဲ့ work out တွေကိုတော့ မလျှော့ပဲ ဆက်လုပ်နေဆဲပါ။

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image