ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဇလွန်ပြည်တော်ပြန်ဘုရားတွင် (၅၃) ကြိမ်မြောက် မသိုးသင်္ကန်းတော်မြတ် ရက်လုပ်ကပ်လှူပွဲနှင့် တန်ဆောင်တိုင်မီးထွန်းပွဲကို ကျင်းပမည်
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့ရှိ မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရား၏ (၅၃)ကြိမ်မြောက် မသိုးသင်္ကန်းတော်မြတ် ရက်လုပ်ကပ်လှူပွဲနှင့် တန်ဆောင်တိုင်မီးထွန်းပွဲကို နိုဝင်ဘာလ (၁၄) ရက်မှ (၁၇) ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရား၏ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲကို နိုဝင်ဘာလ (၁၄) ရက်တွင် စတင်ရက်လုပ်ပူဇော်သွားမည်ဖြစ်ပြီး ကိန္နရီစင်တော်၊ သမ္ဘူလစင်တော်၊ မယ်မဒ္ဒီစင်တော်နှင့် အမရာစင်တော်များက ရက်လုပ်ကြမည်ဖြစ်သည်။
တန်ဆောင်မုန်းလပြည့်နေ့ နံနက် (၄) နာရီတွင် မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားနှင့် ဂန္ဓကုဋိတိုက်အတွင်းရှိ ဗုဒ္ဓရုပ်ပွားဆင်းတုတော် သုံးဆူတို့ကို မသိုးသင်္ကန်းပူဇော်မည်ဖြစ်ပြီး တန်ဆောင်တိုင်မီးထွန်းပွဲအဖြစ် မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ကိန်းဝပ်စံပယ်ရာ ဂန္ဓ ကုဋိတိုက်တော်ကြီးနှင့် ဝန်းကျင်နေရာများတွင် လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် ဆီမီးပူဇော်ပွဲလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းသီးနှံအတွက် ချေးငွေများ ထုတ်ချေးပေးနေ
၂၀၂၄ ခုနှစ် ဆောင်းသီးနှံအတွက် ချေးငွေများကို စတင်ထုတ်ချေးပေးလျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်မှ သိရသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ငွေကျပ်(၁၄၀ ဒသမ ၀၅)ဘီလီယံ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး မိုးစပါးသီနှံအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၄) ခုရှိ ဘဏ်ခွဲ (၄၀) မှငွေကျပ် (၃၁၂၁) သန်းထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဆောင်းသီးနှံတွင် နွေစပါး၊ ဆီထွက်သီးနှံ၊ ချည်မျှင်၊ ပဲမျိုးစုံ၊အစေ့ထုတ်ပြောင်းနှင့် ကြက်သွန်တို့ပါဝင်ပြီး စပါးတစ်ဧကလျှင် ကျပ် (၁)သိန်းခွဲ၊ အခြားသီးနှံတစ်ဧကလျှင် ကျပ် (၁)သိန်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းသီးနှံ ချေးငွေကာလမှာ ၂၀၂၅ ခုနှစ် မေလမှ အောက်တိုဘာလအထိ သတ်မှတ်ထားကြောင်း သိရသည်။