တန်းတက်ပြီးနောက် နေမာကိုခေါ်ဖို့ ဆန်းတို့စ် စိတ်ဝင်စား

နိုဝင်ဘာ ၁၄

ဆန်းတို့စ်အသင်းဟာ ဘရာဇီးလ်စီးရီးဘီကနေ စီးရီးအေကို တန်းတက်ပြီးနောက် သူတို့ရဲ့ တိုက်စစ်မှူးဟောင်း နေမာကို ပြန်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

၂၀၂၃ ခုနှစ်ရာသီက သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် စီးရီးဘီထံ တန်းဆင်းခဲ့ရတဲ့ ဆန်းတို့စ်အသင်းဟာ တစ်ရာသီအကြာမှာ စီးရီးအေကို တန်းပြန်တက်နိုင်ခဲ့တာပါ။

ဆန်းတို့စ်အသင်းဟာ ကော်ရီတီဘာအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် စီးရီးဘီပြိုင်ပွဲပြီးဆုံးဖို့ ၂ ပွဲ အလိုမှာ တန်းပြန်တက်ဖို့ သေချာသွားခဲ့တာ ဖြစ်ပါတယ်။

ဆန်းတို့စ်အသင်းဟာ ဘရာဇီးလ်စီးရီးဘီပွဲစဉ် ၃၆ ပွဲ ကစားအပြီးမှာ ရမှတ် ၆၈ မှတ်ရရှိကာ တန်းတက်မယ့် ၄ နေရာထဲက ၁ နေရာကို ရရှိခဲ့တာပါ။

ဆန်းတို့စ်အသင်းအကြီးအကဲ မာဆယ်လိုတိုင်ဇီရာက နေမာနဲ့ အယ်လ်ဟီလယ်အသင်းတို့ရဲ့ အနာဂတ် ဆုံးဖြတ် ချက်ကို စောင့်ဆိုင်းနေတယ်လို့ သူတို့တန်းပြန်တက်ပြီးနောက်မှာ ပြောခဲ့ပါတယ်။

နေမာနဲ့ အယ်လ်ဟီလယ်အသင်းရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပြီး ဆော်ဒီကလပ်ဟာ သူ့ရဲ့ စာချုပ်ကို ဇန်နဝါရီလမှာ ဖျက်သိမ်းဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဆန်းတို့စ်အသင်း လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ နေမာဟာ ၂၀၁၃ ခုနှစ်မှာ ဘာစီလိုနာအသင်းထံ ပြောင်းခဲ့တာပါ။

မာဆယ်လိုတိုင်ဇီရာက “ကျနော်တို့ဟာ နေမာနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့ ရည်ရွယ်ချက်ရှိပါတယ်။ ဒါကို နေမာရဲ့ ဖခင်နဲ့ သူ့ရဲ့အဖွဲ့တွေက သိပါတယ်။ သူတို့က ကျနော့်ကိုလည်း သိသလို ဆန်းတို့စ်အသင်း အကြောင်းကိုလည်း သိပါတယ်။ သူ့မှာ စာချုပ်ရှိနေတဲ့အတွက် ကျနော်တို့ စောင့်ဆိုင်းရမှာပါ”လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် ပြောခဲ့ပါတယ်။

နေမာဟာ တစ်နှစ်ကြာ အနားယူခဲ့ရတဲ့ ဒူးအရွတ်(ACL)ဒဏ်ရာကနေ ပြန်သက်သာပြီးနောက် အယ်လ်ဟီလယ် အသင်းအတွက် ၂ ပွဲ ပါဝင်ကစားအပြီးမှာ နောက်ထပ်ဒဏ်ရာ ရရှိခဲ့တာကြောင့် ရက်သတ္တပတ်အနည်းငယ် ထပ်ပြီး အနားယူရဦးမှာ ဖြစ်ပါတယ်။

Source: ESPN

ပုံ - နေမာကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image
46 ပတ် - ဘာသာပြန်ပါ။

Nail arts design for a Christmas 2024 trendy 💅

imageimage
+4
46 ပတ် - ဘာသာပြန်ပါ။

တနင်္သာရီတိုင်းအတွင်းရှိ ဘုရားထံ(ဌာန်) ကျောက်တောင်ဂူအား ထိန်းသိမ်းရေး လုပ်ဆောင်ရန် လိုအပ်နေ

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ လေညာသစ်တောကြိုး ဝိုင်းအတွင်းရှိ ဘုရားထံ(ဌာန်) ကျောက်တောင်ဂူကိုထိန်းသိမ်းရေး လုပ်ဆောင်ရန် လိုအပ်နေကြောင်း သိရသည်။

ယင်းဂူသည် ရှားပါးမျိုးစိတ်များဖြစ်သည့် တောင်ငုံးရင်မည်း၊ အောက်ချင်း၊ အောင်လောင်၊ အောက်ချင်းမြီးရှည် (ငှက်မင်းသား)မျိုးစိတ်တို့ ကျက်စားတတ်သည့် ကျောက်တောင်ဂူတခုဖြစ်ကြောင်းလည်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး (BANCA) အဖွဲ့က ထုတ်ပြန်ချက်တွင် ပြောသည်။

လက်ရှိတွင် ယင်းဂူအနီးထိ အဆောက်အဦးများ ချဲ့ထွင်လာခြင်း၊ ခဲမိုင်းအလွန်အကျွံ့တူးဖော်ခြင်းနှင့် သစ်ထုတ်လုပ်မှုများကြောင့် ပျက်စီးခြင်းများ ဖြစ်ပေါ်နေကာ ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်နေကြောင်းလည်း (BANCA) အဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် အထက်ပါဂူသည် ဆင်နှင့် ကျားကဲ့သို့ နို့တိုက်သတ္တဝါ မျိုးစိတ်များ အတွက်လည်း မှီခိုနေထိုင်ရာဂေဟစနစ်တစ်ခု ဖြစ်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။