39 w - Translate

နင့်လိုလူမျိုးကို လွမ်းလို့ဆိုပြီး
ထိုင်ငိုနေမယ့်မိန်းမထဲ ငါမပါဘူး။

image
39 w - Translate

တောင်ကြီးစျေးနေ့ 🤗

image
39 w - Translate

Kimmyလေးက လှတာ

Crdpt

#အကိုမေ

image
39 w - Translate

Me cooking his favorite dish because I fell in love:

image
39 w - Translate

စကားပြောလိုက်ရရင်
စိတ်သက်သာရာရတဲ့
လူတစ်ယောက်ကိုယ့်မှာရှိရင်
ဘဝဟာ သိပ်ကံကောင်းတယ်။

image

ကျယ်ဂေါင် နယ်စပ်ဂိတ်ကနေ ကုန်စိမ်းသယ် မရတော့လို့ ကုန်စိမ်းတွေ အလကား ဝေနေရ

နိုဝင်ဘာ ၁၃၊ ပြည်တွင်း။

မြန်မာ - တရုတ် နယ်စပ်၊ ကျယ်ဂေါင် နယ်စပ်ဂိတ်ကနေ လတ်တလော ကုန်စိမ်း သယ် မရတော့လို့ ကုန်စိမ်းတွေ အလကား ဝေနေရကြောင်း နယ်စပ် ကုန်သည်တွေ ဆီက သိရပါတယ်။

"တရုတ်တွေ ပစ္စည်းပေး မဖြတ်လို့ တရုတ်ဘက်ခြမ်းက ကုန်စိမ်း သည်တွေ အလကား ဝေပေးနေရတယ်။" လို့ နယ်စပ် ကုန်သည် တယောက်က ပြောပါတယ်။

လက်ရှိ မူဆယ် ကနေ တရုတ်ဘက် ကျယ်ဂေါင်ကို သွားတဲ့ နယ်စပ်ဂိတ်ပေါက် သုံးခု ရှိပေမယ့် ဘယ်ဂိတ်မှ ကုန်ပစ္စည်း သယ်လို့ မရဘူးလို့ သူက ပြောပါတယ်။

"အခုက နန်းတော် (အလယ်ပေါက်)ဂိတ်ပေါက်နဲ့ ဆင်ဖြူဂိတ်ပေါက် ကဖွင့်တယ်။ လူပဲ ဖြတ်လို့ရတယ်။ ပစ္စည်း သယ်လို့ မရဘူး" လို့ ဒေသခံ တယောက်က ပြောပါတယ်။

လောလောဆယ် အခွန်ဆောင်ပြီး သွားတဲ့လမ်းေကြာင်း မန့်ဝိန်းဂိတ် ကနေလည်း အိမ် တောက်ပစ္စည်းတွေတောင် သယ်လို့ မရဘူးလို့ အိမ်ဆောက်ပစ္စည်းရောင်းတဲ့ ကုန်သည် တယောက်ကလည်းပြောပါတယ်။

အဝတ်အထည်တွေကလည်း အသစ်ကို မြန်မာဘက် သယ်ထွက်လာလို့ မရဘူးလို့ အွန်လိုင်း အဝယ်တော် ကုန်သည် အမျိုးသမီး တယောက်က ပြောပါတယ်။

အောက်တိုဘာလ လကုန်ခန့်ကတည်းက တရုတ်ဘက်ခြမ်း ကျယ်ဂေါင် ကနေ မြန်မာဘက်ခြမ်း မူဆယ် ဆင်ဖြူဂိတ် ကနေတဆင့် စားသောက် ကုန် ကုန်စိမ်းဖြစ်တဲ့ အာလူးတွေကို သယ်ဆောင်ခွင့် ရုတ်တရက် ပိတ်လိုက်တာကြောင့် ဂိုဒေါင်တွေမှာ ပုပ်ကုန်လို့ ကုန်သည်တွေ အများကြီး ဆုံးရှုံးခဲ့တာရှိတယ်လို့ ဆိုပါတယ်။

တရုတ်ဘက်ကတော့ နှစ်နိုင်ငံ အခွန်ဆောင်ပြီး သွားရတဲ့ လမ်းကြောင်း ဖြစ်တဲ့ မန့်ဝိန်းပေါက် ကနေ ကုန်တင်ကားကြီးတွေနဲ့ ကုန်စည်သယ်ဆောင်ဖို့ နိုဝင်ဘာလ ၁၁ ရက်နေ့ကစ ဖွင့်ပေးပေမယ့် မြန်မာဘက်ခြမ်းက မဖွင့်တာကြောင့် နယ်စပ်ကုန်သည်တွေ အခက်အခဲ ဖြစ်နေကြရတယ်လို့ နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။

မူဆယ်မြို့ပေါ်မှာ တရုတ်ဘက် ကျယ်ဂေါင် ကိုသွားတဲ့ နယ်စပ်ဂိတ်ပေါက် သုံးခု ရှိပြီး မန့်ဝိန်း - ကျယ်ဂေါင် နယ်စပ်ဂိတ်က နှစ်နိုင်ငံ အခွန်ဆောင်ပြီး ၆ ဘီး အထက် ကုန်တင်ကားကြီးတွေနဲ့ ကုန်သွယ်တဲ့ ဂိတ် ဖြစ်ကာ နန်းတော် (အလယ်ပေါက်) - ကျယ်ဂေါင်နယ်စပ်ဂိတ်ကတော့ လူ အဝင်အထွက် သီးသန့်ဂိတ် ဖြစ်ပါတယ်။

ဆင်ဖြူ - ကျယ်ဂေါင် နယ်စပ်ဂိတ်က လူ၊ ဆိုင်ကယ် နဲ့ လေးဘီးကားတွေ၊ တနိုင်တပိုင် ကုန်စည်တွေ ဝင်ထွက်ခွင့် ပြုတဲ့ ဂိတ် ဖြစ်ပေမယ့် လက်ရှိတော့ ကုန်ပစ္စည်းတွေ သယ်ဆောင်ခွင့် မပေးတော့တာ ဖြစ်ပါတယ်။

ဆင်ဖြူ - မန့်ဝိန်းဂိတ် ကနေ တနိုင်တပိုင်၊ ဆိုင်ကယ်၊ ကားလေးတွေနဲ့ ကုန်ပစ္စည်း သယ်ဆောင်ခွင့် ပိတ်လိုက်တာကြောင့် နယ်စပ်ဂိတ်ကို အမှီပြု အသက် မွေးဝမ်းကျောင်း ပြုနေတဲ့ နယ်စပ် ဒေသခံတွေ ရာချီ အလုပ်လက်မဲ့ ဖြစ်ကာ အခက်ကြုံနေကြရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Photo Crd# နယ်စပ်ဒေသခံ

Credit - VOM

#သတင်းဟင်းလေးအိုးကြီး

imageimage
39 w - Translate

အိုင်ဒီယာလေးတွေ ☀️ 🦋

image
39 w - Translate

အိုင်ဒီယာလေးတွေ ☀️ 🦋

image
39 w - Translate

အိုင်ဒီယာလေးတွေ ☀️ 🦋

image
39 w - Translate

အိုင်ဒီယာလေးတွေ ☀️ 🦋

image