39 w - Translate

ငါတို့အတွဲ

image
39 w - Translate

Curly🦋💫🌻⚡

image
39 w - Translate

Curly🦋💫🌻⚡

image
39 w - Translate

Curly🦋💫🌻⚡

image
39 w - Translate

Curly🦋💫🌻⚡

image
39 w - Translate

Curly🦋💫🌻⚡

image
39 w - Translate

Curly🦋💫🌻⚡

image
39 w - Translate

Curly🦋💫🌻⚡

imageimage
+4
39 w - Translate

အစိုးရလုပ်ငန်းများတွင်ကျယ်ရေးဌာနသစ်ကိုအီလွန်မတ်စ်ဦးဆောင်မည်

ဝါရှင်တန်၊‌နိုဝင်ဘာ ၁၃

အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ပ်သည် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်သော အစိုးရတစ်ဖြစ်‌ေစရန်ရည်ရွယ်လျက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ကို အစိုးရလုပ်ငန်းများတွင်ကျယ်ရေးဌာနကို အသစ်ထူထောင်၍ အဆိုပါဌာနကို သူ့ကို ဦးဆောင်စေခဲ့သည်။

မတ်စ်နှင့် ယခင်ရီပတ်ဘလစ်ကန် သမ္မတလောင်းဗီ‌ဗက်ရာမာဆွာမိတို့သည် အစိုးရပြင်ပ၌လုပ်ဆောင်မည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် အသစ်ဖွဲ့စည်းထလိုက်သောအစိုးရဌာနကို ပူးတွဲဦးဆောင်မည်ဖြစ်ကြောင်းသိရသည်။

"မတ်စ်နဲ့ရာမာဆွာမိတို့က အစိုးရရဲ့ ရှုပ်ထွေးပြီးအရာမရောက်တဲ့စည်းမျဉ်းနဲ့နည်းလမ်းတွေ၊အပိုဖြစ်နေတဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ အပိုကုန်ကျစရိတ်တွေကိုပြင်ဆင်ဖို့ အစိုးရပြင်ပကနေဆောင်ရွက်သွားမှာဖြစ်ပြီး ဖက်ဒရယ်အေဂျင်စီတွေကို ပြန်လည်ဖွဲ့စည်းပါလိမ့်မယ်" ဟုလည်း ထရမ့်ပ်ကဆိုသည်။

မတ်စ်နှင့်ရာမာဆာမီတို့၏ အခန်းကဏ္ဍသည် အလွတ်သဘောဖြစ်သဖြင့် အထက်လွှတ်တော်ဆုံးဖြတ်ချက်ကိုခံယူစရာမလိုဘဲ မတ်စ်အနေဖြင့် ပုံမှန်အတိုင်း ၎င်း၏လုပ်ငန်းများဖြစ်သည့် တယ်လ်ဆာကားကုမ္ပဏီ၊လူမှုကွန်ရက် X နှင့် Space X တို့ကိုလည်း ပုံမှန်အတိုင်းဆက်ဦးစီးနိုင်မည်ဖြစ်သည်။

ထရမ့်ပ်က မတ်စ်နှင့်ရာမာဆာမီတို့၏ဌာနသစ်သည် ကာလရှည်ကြာကတည်းက မျှော်မှန်းခဲ့သော ရီပတ်ဘလစ်ကန်ပါတီ၏အိပ်မက်များကို အကောင်အထည်ဖော်ပြီး အစိုးရပြင်ပမှ အကြံဉာဏ်နှင့်လမ်းညွှန်မှုများပေးသွားမည့်‌အနေအထားဖြစ်သည်ဟုဆိုခဲ့သည်။

image
39 w - Translate

ဘဝမှာ ကိုယ်အမြဲကြွေးကြော်ခဲ့တဲ့ စကားတစ်ခွန်းရှိတယ်။ “ငါက ဘယ်သူ့ကိုမှ ပေးဆပ်ချင်တဲ့စိတ်မရှိဘူး။ ငါလုပ်ပေးသမျှ၊ ငါကောင်းပေးသမျှ အရာတိုင်းဟာ ငါပြန်လိုချင်တဲ့ အရာပဲ” လို့။

တကယ်တမ်းမှာလည်း ကိုယ်က အဲ့လိုလူမျိုးပဲ။ ဘဝမှာ တဖက်သတ်ချစ်ရတာတွေ၊ ပေးဆပ်ရတာတွေကို နည်းနည်းမှ မကြိုက်ဘဲ အဲ့လိုဖြစ်လာရင်တောင် အမြဲပြန်ပြင်ဆင်နေထိုင်တယ်။

ဒီလိုနဲ့ ရှင်သန်လာခဲ့ပြီး ဒီကာလတွေထဲမှာ ကိုယ်ဘာမှပြန်မလိုချင်တဲ့ အချစ်မျိုး ရှိလာပြီဆိုတာ သိလာတယ်။ အဲ့ဒါကတော့ ဒီကလေးမလေးပဲ။

ကိုယ့်ကိုယ် တစ်ခုခု ပြန်လုပ်ပေးရတာမျိုး ကိုယ်မလိုလားဘူး။ မလိုချင်ဘူး။ တစ်နေ့နေ့မှာ ဝန်ထုတ်ဝန်ပိုး ပေးမိမှာစိုးလို့ အခုကတည်းက ပိုကြိုးစားနေထိုင်ရမယ်လို့ သတိခဏခဏဝင်မိတယ်။ စိတ်ပိုင်းဆိုင်ရာ မှီခိုမှုမျိုးသော်မှ မလုပ်ချင်တာမို့ ပိုသန်မာအောင် နေထိုင်ရမယ်၊ ကျန်းမာရေးအရ မှီခိုရမှာစိုးလို့ ပိုကျန်းမာအောင် နေထိုင်ရမယ်လို့ တွေးမိတယ်။

ဒီကလေးလေးဆီက ဘာလိုချင်မိလဲလို့ တွေးမိရင် “စိတ်ဒဏ်ရာကင်းကင်း ပျော်ပျော်ရွှင်ရွှင် ငြိမ်းချမ်းတည်ငြိမ်စွာ ကြီးပြင်းသွားတာမျိုး” ပဲ လိုချင်တယ်။ အဲ့ဒါက ကိုယ့်ရဲ့ သူနဲ့ပတ်သက်တဲ့ အန္တိမပန်းတိုင်ပဲ။

သူဘာဖြစ်ချင်လဲ…. ဖြစ်ချင်တာ ဖန်တီးပေးချင်တယ်။ ကူညီပေးချင်တယ်။ သူဘာမှ မဖြစ်ချင်ဘူးဆိုရင် မဖြစ်ခွင့်ပေးချင်တယ်။ ဘာကိုမှ ငဲ့စရာ၊ ပင်ပန်းသည်းခံနေစရာ၊ တောင့်ခံရှင်သန်နေစရာ မလိုတဲ့ ဘဝမျိုး ဖန်တီးပေးချင်တယ်။

ဒီလိုနဲ့ ရှင်သန်နေခဲ့ရင်း ဘဝရဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ အမောတွေ၊ တာဝန်ယူတတ်မှုရဲ့ နောက်ဆက်တွဲ လေးလံမှုတွေ။ အများကြီးသင်ယူခဲ့ရပြီးပြီမို့ ဒီအရာတွေနဲ့ ကင်းပရာဘဝမှာ ရှင်သန်ခွင့် ရစေချင်တယ်။

သမီးကို ဘာဖြစ်စေချင်တယ်ရယ်ဆိုတဲ့ အတ္တနွယ်တဲ့ ဆန္ဒတွေ မရှိခဲ့ပေမယ့် သမီးကို အမေ့လို မဖြစ်စေချင်တာကတော့ သေချာတယ်။ ဘဝဆိုတာကလေ လွှတ်မချနိုင်တာတွေများရင် အများကြီးလေးလံရတာမို့ အမေလို မနိုင်ဝန်ထမ်းပြီး စူပါမန်းစိတ်ဝင်နေတဲ့ အမျိုးသမီးမျိုး မဖြစ်စေချငိတာတော့ အမှန်ပဲ။

လွတ်လွတ်လပ်လပ် ပျံသန်းနိုင်စေချင်တယ်။ မှန်တာတွေလုပ်သလို မှားတာတွေလည်း လုပ်ချင်လုပ်နိုင်တယ်။ ဘယ်အချိန်ဖြစ်ဖြစ် ပြန်လာလို့ရတဲ့ အမေ့အိမ်တံခါးလေး ရှိနေမယ်။

တစ်နေ့နေ့မှာ အများကြီး ကြီးပြင်းလာခဲ့ပြီး အတောင်အလက်အသိုက်အမြုံအသစ်လေးတွေ ရှိလာတဲ့အခါ၊ အမေနဲ့ ခဏခဏ မတွေ့နိုင်တာမျိုးတွေ ရှိလာတဲ့အခါ၊ အမေနဲ့ အဝေးကြီး ရောက်သွားတာမျိုးတွေ ရှိလာတဲ့အခါ၊ ပန်းစည်းလေးတွေ ပိုစ့်ကဒ်လေးတွေ Mother Day လို့ နေ့မျိုးလောက်မှာ တစ်နှစ်တစ်ခါပဲ ရောက်လာရင်တောင် ကျေနပ်နေမယ့် အမေမျိုး ဖြစ်ချင်တယ်။

ဘဝမှာ ဘာကိုမှ အလကားမပေးတတ်သူတစ်ယောက်ဆီက အချစ်တွေ မေတ္တာတွေ အများကြီး ရခဲ့တယ်လို့ ဘယ်အသက်အရွယ်ရောက်ရောက် ဘယ်အချိန်ပြန်တွေးတွေး သူကျေနပ်နေမိတာမျိုး ဖြစ်စေချင်မိတယ်။

ဒီမေမေက အဲ့လို ကြိုးစားပြီး နေသွားပါ့မယ်လို့။
❤️

image