46 ပတ် - ဘာသာပြန်ပါ။

မြောက်ဥက္ကလာပမြို့နယ်တွင် သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် တရားခံ ၄ ဦးအား ဖမ်းဆီးရမိ
……………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် ငွေကျပ်သိန်း ၃,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များနှင့်အတူ တရားခံ ၄ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၁၀ အချိန် ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ သုဓမ္မာလမ်းရှိ ကားဂိတ်အား ဝင်ရောက်ရှာဖွေရာ အောင်မြင့်ဦး(ခ) အောင်ကြီး၊ မစိုးစိုးလှိုင်(ခ)မစိုး တို့နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၃,၀၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၃နာရီ ၃၀ အချိန် အဆိုပါ စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ မသီသီဆင့်(ခ)မဆင့် အား ဒိုက်ဦးမြိုနယ်၊ ကျွဲတဲအင်းကျေးရွာအနီးတွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း၊ ည ၈နာရီ ၃၀ အချိန် မောင်စိန်ညွန့်(ခ) ဆရာ(ခ)ကိုရခိုင် အား အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်တွင် လက်ကိုင်ဖုန်း ၂ လုံးနှင့်လည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့သဖြင့် အောင်မြင့်ဦး(ခ)အောင်ကြီး(၅၂)နှစ်၊ မစိုးစိုးလှိုင်(ခ)မစိုး(၄၀)နှစ်၊ မသီသီဆင့်(ခ) မဆင့် (၅၂)နှစ်နှင့် မောင်စိန်ညွန့်(ခ)ဆရာ(ခ)ကိုရခိုင်(၅၁)နှစ်တို့အား မြောက်ဥက္ကလာပမြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#cwntralnewsnaypyitaw

image
46 ပတ် - ဘာသာပြန်ပါ။

ညစ်ညမ်းစာများဖော်ပြပါရှိသည့် ထုတ်ဝေစာများအား အရေးယူဆောင်ရွက်ပြီး၊ ရွှေနိုင်ငံ စာပေနှင့် ပိုစတာ ဖြန့်ချိရေးမှ ထုတ်ဝေသူအား ပုံနှိပ်ဥပဒေလိုက်နာရန်ပျက်ကွက်၍ ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြု လက်မှတ်ရုပ်သိမ်း

နိုဝင်ဘာ ၁၄

ညစ်ညမ်းစာများဖော်ပြပါရှိသည့် ထုတ်ဝေစာများအား အရေးယူဆောင်ရွက်ပြီး ရွှေနိုင်ငံစာပေနှင့် ပိုစတာ ဖြန့်ချိရေးမှ ထုတ်ဝေသူအား ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၁၁ (ခ)နှင့် ပုဒ်မ ၁၈ တို့ကို လိုက်နာရန် ပျက်ကွက်ကြောင်းတွေ့ရှိရသဖြင့် ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ် ရုပ်သိမ်း လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ကြေညာထားသည်။

ပုံနှိပ်သူ ဦးရာဇာရဲထွဋ် (Right ပုံနှိပ်တိုက်-၀၁၃၃၇) နှင့် ထုတ်ဝေသူ ဒေါ်စိန်ကြည် (The Destiny Book House- ၀၃၂၆၆) တို့မှ ပုံနှိပ်ထုတ်ဝေသောစာရေးသူ Mahuyar ရေးသားသည့် 1500 Miles to you နှင့် “အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ” စာအုပ်များတွင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) ပါ စည်းကမ်းချက်ကိုဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့် ခံစား နားလည်မှုကို လွဲမှားစေနိုင်သော ညစ်ညမ်းစာများ ဖော်ပြပါ ရှိကြောင်း တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) ပါ စည်းကမ်းချက်ကို ဖောက်ဖျက်၍ ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့သည့် ပုံနှိပ်သူ ဦးရာဇာရဲထွဋ် (Right ပုံနှိပ်တိုက်-၀၁၃၃၇) နှင့် ထုတ်ဝေသူ ဒေါ်စိန်ကြည် (The Destiny Book House-၀၃၂၆၆) တို့၏ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်များကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ရုပ်သိမ်းခဲ့ပြီး ယင်းစာအုပ်များအား တရားမဝင်ထုတ်ဝေစာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်းနှင့် ပုံနှိပ်သူနှင့်ထုတ်ဝေသူတို့အား ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ဆက်လက်ပြီး ထုတ်ဝေသူ ဦးမောင်မောင်လှ (ရွှေနိုင်ငံစာပေနှင့်ပိုစတာဖြန့်ချိရေး)သည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၁၁ (ခ)နှင့် ပုဒ်မ ၁၈ တို့ကိုလိုက်နာရန် ပျက်ကွက်ကြောင်းတွေ့ရှိရသဖြင့် ၎င်းအားထုတ်ပေးထားသည့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း၊ ယင်းထုတ်ဝေခြင်းလုပ်ငန်းသည် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကိုအသုံးပြု၍ဖြစ်စေ မည်သည့်ထုတ်ဝေစာကိုမျှ ထုတ်ဝေဖြန့်ချိ ဆောင်ရွက်ခြင်းမပြုရန် အသိပေးကြေညာထားသည်။

#centralnewsnaypyitaw

imageimage
46 ပတ် - ဘာသာပြန်ပါ။

အချစ်တွေအများကြီး ပေးချင်တယ်။
အချစ်တွေအများကြီး ပြန်ရချင်တယ်။

image
46 ပတ် - ဘာသာပြန်ပါ။

မေမေတို့ရဲ့ ဘဝ 😍

image
46 ပတ် - ဘာသာပြန်ပါ။

HAPPY BIRTHDAY TO NOUSSAIR !

ဒီကနေ့ကတော့ ယူနိုက်တက်နောက်ခံလူ မာဇာရာဝီရဲ့ အသက် (27) နှစ်ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။

image
46 ပတ် - ဘာသာပြန်ပါ။

ငါဝိတ်ရှော့မှရမယ် 3min အကြာ

image
46 ပတ် - ဘာသာပြန်ပါ။

ငါဝိတ်ရှော့မှရမယ် 3min အကြာ

image
46 ပတ် - ဘာသာပြန်ပါ။

ငါဝိတ်ရှော့မှရမယ် 3min အကြာ

imageimage
46 ပတ် - ဘာသာပြန်ပါ။

ငါးခေါင်းချဉ်စပ်
============
ပါဝင်ပစ္စည်းများ

သန့်စင်ပြီး နှစ်သက်ရာ ငါးခေါင်း - ၂ ခေါင်းခရမ်းချဉ်သီးမှည့် - ၂ လုံးမျှစ်ချိုနုနု - အနည်းငယ် (ရေစိမ်ထားပါ)နှစ်သက်ရာ မှို - အနည်းငယ်ငုံးဥ - ပြုတ်ထားပါနံနံပင်ငရုတ်စိမ်းတောင့်ပင်စိမ်းသံပုရာသီးဂျင်း - လက်တဆစ်ကြက်သွန်ဖြူငြုပ်ပွ - ၁ တောင့်စပါးလင် - ၁ ပိုင်း (ထုချေထားပါ)ဆားနနွင်းငံပြာရည်

ပြုလုပ်နည်း

ဂျင်း လက်တဆစ် ၊ ကြက်သွန်ဖြူ ၊ ငြုပ်ပွတစ်တောင့် တို့ကို ရောထောင်းထားပါ ။ စပါးလင် တစ်ပိုင်းကိုလည်း ထုချေ ထားပါ ။ငါးခေါင်းကို ဆား ၊ နနွင်း ၊ ငံပြာရည် ထည့်နယ်ထားပါ ။ ငုံးဥပြုတ်ထားပါ ။ မျှစ် ကိုရေစိမ်ထားပါ ။ချက်မယ့်အိုးထဲ ငါးခေါင်းထည့် ၊ ဆီ ဇွန်းသေး ၁ ဇွန်းထည့် ၊ ကြက်သွန်ထောင်းထည့် ၊ စပါးလင်ထည့် ၊ ခရမ်းချဉ်သီးထည့် ၊ ဆုံဆေးရေအနည်းငယ်ထည့် တည်ထားပါ ။ဆူပွက်လာရင် အရသာမြည်းပါ မိမိစိတ်ကြိုက် ပြင်ဆင်ပါ ။ ရေကို ငါးခေါင်းမြုပ်အောင်ထည့် ပြန်တည်ထားပါ ။ငါးခေါင်းနူးလာရင် မှို ၊ မျှစ် ၊ ငုံးဥထည့် ၊ နံနံ ၊ ငြုပ်စိမ်း ၊ ပင်စိမ်းအုပ်ပါ ။ ချခါနီးမှ သံပရာရည်ညှစ် ပူပူလေး သုံးဆောင်ပါနော် ။
-

image
46 ပတ် - ဘာသာပြန်ပါ။

ကုမ္ပဏီ(၂)ခုမှတင်သွင်းလာသည့် EV ကားများနှင့် EV ဆိုင်ကယ်များ ရန်ကုန်ဆိပ်ကမ်းရောက်ရှိ

ကုမ္ပဏီ(၂)ခုမှတင်သွင်းလာသည့် လျှပ်စစ်သုံး (EV)ကားများနှင့် EV ဆိုင်ကယ်များ ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်က ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

Great Motor Myanmar Co., Ltd. မှတရုတ်နိုင်ငံထုတ် JMC JMEV EV3 အမျိုးအစားလျှပ်စစ်သုံး (EV)ကားများနှင့် Aung Kan Bo Motorcycle Industrial Co., Ltd. မှတရုတ်နိုင်ငံထုတ် KENBO အမျိုးအစားလျှပ်စစ်သုံး(EV)ဆိုင်ကယ်များကိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ EV ကားများနှင့် EV ဆိုငိကယ်များအား ယင်း ကုမ္ပဏီ(၂)ခုက အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် တင်သွင်းခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

image