1 နှစ် - ဘာသာပြန်ပါ။

သာစည်-မန္တလေး ရထားလမ်းပိုင်း၌ လူစီးရထား စတင်ပြေးဆွဲ

နိုဝင်ဘာ ၁၃

သာစည် - မန္တလေး ခရီးစဉ်အမှတ်(သ-၃၀၁) အဆန်နှင့် မန္တလေး - သာစည်ခရီးစဉ် အမှတ်(သ-၃၀၂) အစုန် RBE လူစီးရထားများကို နိုဝင်ဘာ ၁၁ ရက်မှ စတင်ပြေးဆွဲပေးပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

အဆိုပါ အမှတ် (သ-၃၀၁) အဆန် သာစည် - မန္တလေး RBE ရထားသည် သာစည်ဘူတာမှ နံနက် ၅ နာရီခွဲ တွင် စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ နံနက် ၉ နာရီခွဲတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်းနှင့် အမှတ်(သ- ၃၀၂)အစုန် မန္တလေး - သာစည် RBE ရထားသည် မန္တလေးဘူတာမှ ညနေ ၃ နာရီတွင် ပြန်လည်ထွက်ခွာ၍ သာစည်ဘူတာသို့ ည ၇ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

လမ်းခရီးတွင် ဘူတာစဉ်ရပ်တန့်ပေးသွားမည်ဖြစ်ပြီး အဆိုပါ RBE ရထားတွဲဆိုင်းတွင် ခရီးသည် ရပ်စီး/ထိုင်စီး စုစုပေါင်း ၁၀၀ စီးနင်းလိုက်ပါနိုင်ကာ ခရီးသွားလက်မှတ်ခအား ခရီးစဉ်အစမှ အဆုံးထိ တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ နှင့် ခရီးတစ်ဝက်လိုက်ပါစီးနင်းပါက ငွေကျပ် ၂၅၀၀ နှုန်းဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

မြန်မာ့မီးရထားအနေ ဖြင့် နိုင်ငံအနှံ့ရှိ ပြည်သူများ ကုန်ကျစရိတ်သက်သာစွာဖြင့် ခရီးသွားလာမှု၊ ကုန်စည်ပို့ ဆောင်မှုများ အဆင်ပြေချောမွေ့စေရေးအတွက် အမြန် လူစီးရထား ၁၈ စင်း၊ စာပို့ရထား ၁၆ စင်း၊ လူစီး ကုန်တင်ရထား ရှစ်စင်း၊ RBE လူစီး နှစ်စင်းတို့နှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထား ၃၅ စင်း စုစုပေါင်း လူစီးရထား ၇၉ စင်းနှင့် ကုန်ရထား ခြောက်စင်းကို နေ့စဉ်စီစဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

G Fatt က Video ကထက် အသားဖြူလာပြီး
နှာခေါင်းကပိုပြီး ကြီးလာတယ်နော် 😁🤓

image
1 နှစ် - ဘာသာပြန်ပါ။

အချစ်နဲ့ငွေကို သတိကြီးကြီးထား..အေးမောင်။
ငွေပုံအောမိရင်..ဆုံးတတ်တယ်၊
မေတ္တာပုံအောမိရင်...ရှုံးတတ်တယ်ကွ။

ငွေကျွံသွားရင်... ယူတောင်းရခက်တယ်။
မေတ္တာကျွံသွားရင်...လူပြောင်းရခက်တယ်။

ငါတို့က ငွေရော၊မေတ္တာရော ပေါလို့ပေးတာမဟုတ်ဘူး..ယုံလို့ပေးကြတာကွ။

လူဆိုတာမျိုးက...ခက်ပါတယ်။
မင်းလိုအပ်နေမှန်းသိလေ..
ပိုတိတ်ဆိတ်တတ်လေပဲ..အေးမောင်ရ။
နောက်ဆို ဆင်ခြင်ပေါ့ကွာ။

#ရဲသူလွင် (အင်ပင်မြို့)

image

တရုတ်ဒရုန်းကို အစားထိုးမယ့် ဒရုန်းတွေ ယူကရိန်းကုမ္ပဏီတွေ စမ်းသပ်ပျံသန်းနေ

နိုဝင်ဘာ ၁၃၊ နိုင်ငံတကာ။

ယူကရိန်းဒရုန်းထုတ်လုပ်ရေး ကုမ္ပဏီတွေဟာ ယူကရိန်းတပ်မတော်အတွက် တရုတ်ထုတ် Mavic တွေကို အ စားထိုးဖို့ ဒရုန်းအသစ်တွေထုတ်လုပ်ပြီး စမ်းသပ်ပျံသန်းခဲ့ပါတယ်။

ဒရုန်းအမျိုးမျိုးထုတ်လုပ်နေတဲ့ ယူကရိန်းဒရုန်းကုမ္ပဏီ ၈ ခုဟာ တရုတ်ဒရုန်း DJI Mavic နဲ့ ဆင်တူတဲ့ ဒရုန်း တွေကို မဟာဗျူဟာစက်မှုဝန်ကြီးဌာနအစီအစဉ်နဲ့ စမ်းသပ်ပျံသန်းခဲ့တာဖြစ်ပါတယ်။

အဖွဲ့ ၆ ဖွဲ့ဟာ ၆.၂ မိုင် (၁၀ ကီလိုမီတာ) အကွာအဝေးမှာရှိတဲ့ ပစ်မှတ်တစ်ခုကို အမြင့်ပေ ၈၂၀ (မီတာ ၂၅၀) ကနေ သွားရောက်ရှာဖွေတဲ့ ဒရုန်း လေ့ကျင့်ပျံသန်းမှုကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဒရုန်းတွေရဲ့ အရည်အသွေး၊ သွင်ပြင်လက္ခဏာနဲ့ ထုတ်လုပ်မှုစွမ်းရည်တွေကိုတော့ စစ်ဦးစီးဌာန၊ မောင်းသူမဲ့ လေယာဉ်တပ်ဖွဲ့ဌာနချုပ်၊ လော်ဂျစ်စတစ်တပ်ဖွဲ့ဌာနချုပ်၊ အစိုးရပစ္စည်းဝယ်ယူရေးအဖွဲ့များနဲ့ တပ်မတော်တပ်ဖွဲ့ ဝင်များက ဆန်းစစ်လေ့လာအကဲဖြတ်ခဲ့ကြပါတယ်။

ယူကရိန်းတပ်မတော်ရဲ့ လိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ဆည်းပေးသွားနိုင်တဲ့ ဒရုန်းတွေကို ဝယ်ယူသွား မှာဖြစ်ပါတယ်။

“အခုလို ဒရုန်းမျိုးကို ယူကရိန်းနိုင်ငံထဲမှာ ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် ယူကရိန်းဒရုန်းထုတ်လုပ်ရေး ကုမ္ပဏီတွေ ကို ကျေးဇူးတင်ပါတယ်။ ကုန်ကျစရိတ်မများဘဲ အလုပ်ဖြစ်ပြီး အလွယ်တကူ မောင်းနှင်နိုင်တဲ့ ဒရုန်းတွေဖြစ်ပါ တယ်။” လို့ မဟာဗျူဟာစက်မှုဝန်ကြီး ဟာမန်စမစ်တာညင်က တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။

“အရေးအကြီးဆုံးကတော့ အဲဒီဒရုန်းတွေကို ပြည်တွင်းမှာပဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ပထမအချက်က ပြည်ပ နိုင်ငံတွေကို မှီခိုနေရတာကို ပိုပြီးလျှော့ချနိုင်တယ်။ ဒုတိယအချက်က ကုန်ကျငွေတွေကို ကိုယ့်နိုင်ငံအတွင်းမှာပဲ သုံးစွဲနိုင်တာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

ရုရှားနဲ့ ဖြစ်ပွားနေတဲ့စစ်ပွဲမှာ မိမိဘက်က အသာစီးရဖို့အတွက် ၂၀၂၄ ခုနှစ် မကုန်ခင် ယူကရိန်းနိုင်ငံမှာ တစ် နှစ်ကို ဒရုန်းအစင်းရေ တစ်သန်း ထုတ်လုပ်နိုင်ဖို့ စီစဉ်နေကြောင်း ပြီးခဲ့တဲ့နှစ်က ယူကရိန်းသမ္မတဗလာဒီမာ ဇီ လန်စကီးက ပြောကြားခဲ့ပါတယ်။

လက်ရှိထုတ်လုပ်မှုဟာ ယူကရိန်းနိုင်ငံတွင်း ဒရုန်းတွေ အစုလိုက်အပြုံလိုက်ထုတ်လုပ်ဖို့အတွက် အထောက်အ ပံတစ်ရပ်ဖြစ်ပါတယ်။

Ref: Ukraine Tests Domestic Drones to Replace Chinese Mavics

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

အာဆီယံနိုင်ငံတပ်တွေသေနတ်ပစ်ပြိုင်ပွဲမှာ မြန်မာ့တပ်မတော် ဝင်ပြိုင်

နိုဝင်ဘာ ၁၃၊ နေပြည်တော်။

ဖိလစ်ပိုင်နိုင်ငံက ဦးစီးကျင်းပတဲ့ ၃၂ ကြိမ်မြောက် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ကြည်းတပ်တွေရဲ့ သေနတ်ပစ်ပြိုင်ပွဲမှာ မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းက ဝင်ပြိုင်ဖို့ရှိနေတယ်လို့ ဒီနေ့ နိုဝင်ဘာ ၁၃ ရက် ထုတ်သတင်းစာမှာ ဖော်ပြပါတယ်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တပ်တွေကြား ပူးပေါင်းဆောင်ရွက်မှုကို ဆက်တိုးမြှင့်ဖို့ ရည်ရွယ်ပြီး ဒီသေနတ်ပစ်ပြိုင်ပွဲကို နှစ်စဉ်ကျင်းပလေ့ ရှိနေတာပါ။

သေနတ်ပစ်ပြိုင်ပွဲ (ASEAN Armies Rifle Meet၊ AARM) ကို ဒီနှစ်မှာ ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်ကျင်းပတာဖြစ်ပြီး ဒီပြိုင်ပွဲဟာ အာဆီယံနိုင်ငံတပ်တွေ ပူးပေါင်းဆောင်ရွက်တဲ့ ထိပ်သီးတွေ့ဆုံမှု ၃ ခုထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။

အခုနှစ်ပြိုင်ပွဲကို နိုဝင်ဘာ ၁၂ ရက်ကနေ ၂၃ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး မြန်မာစစ်တပ်သေနတ်ပစ် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီးသိန်းစိုးထွန်း ဦးဆောင်ကာ မြန်မာတပ်ဖွဲ့ဝင် ၄၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မယ့်အကြောင်း သတင်းစာမှာ ဖော်ပြထားတာပါ။

ရိုင်ဖယ်အသင်း၊ ကာဘိုင်အသင်း၊ စက်​သေနက်အသင်း၊ ပစ္စတိုအမျိုးသားအသင်းနဲ့ ပစ္စတိုအမျိုးသမီးအသင်းတို့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်စစ်အာဏာထိမ်းပြီးနောက်ပိုင်းလည်း အာဆီယံနိုင်ငံတပ်တွေရဲ့ တွေ့ဆုံပွဲတွေမှာ မြန်မာစစ်တပ်ဆက် ပါဝင်နေဆဲဖြစ်ပြီး လေးနှစ်အတွင်း မြန်မာတပ်ဘက်က ပါဝင်ယှဉ်ပြိုင်သူအရေအတွက်လည်းများလာတာကို နှစ်စဉ်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

#centralnewsnaypyitaw

imageimage
1 နှစ် - ဘာသာပြန်ပါ။

#ထရမ့်ရဲ့ကာကွယ်‌ရေးဝန်ကြီးနဲ့အမိမြေလုံခြုံရေးဝန်ကြီး
-----------------
Pete Hegseth ကို နောက်လာမည့် ကာကွယ်ရေးဝန်ကြီးလို့ ထရမ့်က ကြေညာလို့ ဂယက်ရိုက်သွားတယ်။
Hegseth က စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပေမယ့် Fox News ရဲ့ အစီအစဉ်တင်ဆက်သူ။ ထရမ့်ဘက်တော်သား ရှေးရိုးစွဲမီဒီယာကြီးရဲ့ အစီအစဉ်မှူးကို ကာကွယ်ရေးဝန်ကြီးခန့်မယ်ဆိုတော့ အရင်ထရမ့် ခန့်ခဲတဲ့ ဗိုလ်ချုပ်ကြီးဟောင်းတွေက ပြောသမျှမနာခံလို့ နာခံမယ့်သူ ရွေးတာများလား။
Hegseth က အစောင့်တပ်ထဲ အရာရှိငယ်ဘဝနဲ့ တပ်စုမှူးလောက်ပဲ စစ်မှုထမ်းခဲ့တာ၊ အီရတ်တို့ဘာတို့ တာဝန်ကျဖူးတယ်၊ အာဖဂန်မှာ နည်းပြလုပ်ဖူးတယ်၊ အရန်တပ်ဗိုလ်မှူးဘဝနဲ့ တပ်ကထွက် သတင်းလောကထဲ ရောက်နေတာ။ စစ်မှုထမ်းဟောင်းတွေအတွက် ထောက်ခံအားပေးရေးအဖွဲ့တွေ ခေါင်း‌ေ ဆာင်ခဲ့ပေမယ့် Minnesota မှာ အထက်လွှတ်တော်အမတ် ဝင်ရွေးတော့ မရခဲ့။
...
အမိမြေလုံခြုံရေးဌာနကို ဦးဆောင်ဖို့တော့ South Dakota ပြည်နယ်အုပ်ချုပ်ရေးမှူး အမျိုးသမီး Kristi Noem ကို ခန့်မယ်တဲ့။ Noem က နွေရာသီတုန်းက အလားအလာရှိ ဒုတိယသမ္မတလောင်းလို့ နာမည်ကြီးဖူးတယ်။ ထရမ့်ကိုယ်စား အပြင်းအထန်မဲဆွယ်ခဲ့သူ။
အခုနှစ်အစောပိုင်းက သူ့ အမှတ်တရမှတ်တမ်းမှာ လေ့ကျင့်မရဘဲ အန္တရာယ်ကြီးလို့ မွေးထားတဲ့ခွေးကို ကိုယ်တိုင် သေနတ်နဲ့ပစ်သတ်ခဲ့တယ်ပြောတာ ထပ်တန်းသတင်း ဖြစ်ဖူးတယ်။
Credit

Natalia new skill invincible Outplayed enemies
ငစားတွေကွာ 😁

ရိုးရာဖိုက်တာ ထွန်းမင်းအောင်နှင့် ဘရာဇီးဖိုက်တာ ပွဲပျက်

နိုဝင်ဘာ ၁၃

ယခုလ နိုဝင်ဘာ (၂၂)ရက်တွင် ပြုလုပ်မည့် ONE Friday Fights ပွဲစဉ်အတွင်း ယှဉ်ပြိုင်ထိုးသ-တ်ရမည့် ရိုးရာဖိုက်တာ ထွန်းမင်းအောင်နှင့် ဘရာဇီးဖိုက်တာတို့၏ ပွဲပျက်ခဲ့ပြီး ထွန်းမင်းအောင်အနေဖြင့် အခြားဖိုက်တာတစ်ဦးဖြင့် အစား ထိုးယှဉ်ပြိုင်ထိုးသ-တ်ရမည်ဖြစ်ကြောင်း ရိုးရာလက်ဝှေ့နှင့် နီးစပ်သူတစ်ဦးထံက သိရသည်။

ဘရာဇီးဖိုက်တာဘက်မှ ပွဲပျက်ခဲ့ရသော်လည်း ၎င်း၏ နေရာအစားအခြား ဖိုက်တာတစ်ဦးနှင့် ထွန်းမင်းအောင် ယှဉ်ပြိုင်ထိုးသ-တ်သွားရမည်ဖြစ်သည်။

"ဒါမျိုးက ဖြစ်တတ်တာပဲ။ ကစားသမားမှာလည်း သူ့အကြောင်းကိစ္စသူရှိမှာပေါ့။ ONE ဘက်ကတော့ အစားထိုးကစားသမား စိစစ်ပြီး ရွေးထုတ်ပေးသွားမယ်ထင်ပါတယ်။ ဘယ်သူဖြစ်မလဲဆိုတာတော့ မသိရသေးဘူးပေါ့"ဟု ၎င်းက ဆိုသည်။

ထွန်းမင်းအောင်သည် နိုဝင်ဘာ (၄)ရက် ညနေပိုင်းအချိန်၌ ထိုင်းနိုင်ငံရှိ Look -suan Muay Tai Club ၌ လေ့ကျင့်ရန် ထွက်ခွာခဲ့ပြီး လက်ရှိတွင် အကိုဖြစ်သူ ထွန်းမင်းနိုင်(ခ)စူလမန်နှင့်အတူ လေ့ကျင့်ရန် ပြင်ဆင်လျှက်ရှိသည်။

" ဘယ်သူဖြစ်စေချင်လဲ"ဟု ထွန်းမင်းအောင်ကလည်း သူ၏ လူမှုကွန်ရက်မှတဆင့် မျှဝေထားသည်။

Credit - Popular News Jouranl

#သတင်းဟင်းလေးအိုးကြီး

image