ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တရုတ်က နောက်ဆုံးပေါ် ကိုယ်ပျောက် တိုက်လေယာဉ်သစ်ကို ပြသ
နိုဝင်ဘာ ၁၃၊ နိုင်ငံတကာ။
တရုတ်နိုင်ငံတောင်ပိုင်း၊ ကျူဟိုင်း (Zhuhai) မြို့တွင် နိုဝင်ဘာ ၁၂ ရက်က လေကြောင်းပြပွဲတစ်ခု ပြုလုပ်ခဲ့ပြီး နောက်ဆုံးပေါ် ကိုယ်ပျောက် တိုက်လေယာဉ်ဖြစ်သည့် J-35 တိုက်လေယာဉ်ကို ပြသခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံတကာလေကြောင်းနှင့် လေကြောင်းအာကာသပြပွဲ အမည်ရှိ ထိုပွဲတွင် ရေဒါထောက်လှမ်းမှုကို ရှောင်ရှားနိုင်သည့် J-35 တိုက်လေယာဉ်ကို ယာယီပျံသန်းပြခဲ့ပြီး ပရိသတ်၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်ဟု ဆိုသည်။
အင်ဂျင် ၂ လုံး တပ်ထားသည့် ထိုလေယာဉ်သည် တပ်တော်ဝင်မည်ဆိုပါက တရုတ်သည် အမေရိကန်ပြီးလျှင် ကိုယ်ပျောက် တိုက်လေယာဉ် အမျိုးအစား ၂ မျိုးကို ပိုင်ဆိုင်ထားသည့် ဒုတိယမြောက်နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။
တရုတ်သည် ၂၀၁၇ ခုနှစ်က ၎င်း၏ ပထမဆုံး ကိုယ်ပျောက် တိုက်လေယာဉ်ဖြစ်သည့် J-20 တိုက်လေယာဉ်ကို တပ်တော်ဝင်ခဲ့သည်။
အမေရိကန်စစ်တပ်ကမူ Lockheed Martin ကုမ္ပဏီက ထုတ်လုပ်ထားသည့် F-22 Raptor နှင့် F-35 Lightning II ကိုယ်ပျောက် တိုက်လေယာဉ်များကို လေတပ်တွင် အသုံးပြုနေသည်။
J-35 ကိုယ်ပျောက် တိုက်လေယာဉ် ပိုင်ဆိုင်မှုသည် တရုတ်အနေဖြင့် ခြေထောက် ၂ ချောင်းဖြင့် လမ်းလျှောက်နိုင် ပြီဆိုသည့် အဓိပ္ပာယ်မျိုးဖြစ်ကြောင်း ရှန်ဟိုင်းအခြေစိုက် စစ်ရေးကျွမ်းကျင်သူ နီ လီရှုံ (Ni Lexiong) က ပြောကြား ခဲ့သည်။
နီက တရုတ်၏ J-20 တိုက်လေယာဉ်နှင့် J-35 တိုက်လေယာဉ်တို့ကို ခြေထောက် ၂ ချောင်းအဖြစ် တင်စားပြောဆို ခဲ့ခြင်းဖြစ်ကာ ထိုလေယာဉ်များသည် ရန်ဘက်များ၏ ခြိမ်းခြောက်မှုများကို ဟန့်တားရာတွင် ကြီးမားစွာ အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။
J-35 ကိုယ်ပျောက် တိုက်လေယာဉ်၏ အချို့နေရာ အစိတ်အပိုင်းများသည် အမေရိကန်၏ အင်ဂျင် ၁ လုံးတပ် F-35 ကိုယ်ပျောက် တိုက်လေယာဉ်နှင့် အနည်းငယ် ဆင်တူနေကြောင်း လေ့လာသူများက ပြောသည်။
သို့သော် တရုတ်၏ J-35 ကိုယ်ပျောက် တိုက်လေယာဉ်သည် အမေရိကန်၏ F-35 ကိုယ်ပျောက် တိုက်လေယာဉ် ကဲ့သို့ ဒေါင်လိုက် အတက်၊ အဆင်း ပြုလုပ်နိုင်ခြင်း မရှိကြောင်း ကျွမ်းကျင်သူများက ထောက်ပြခဲ့သည်။
Source: Nikkei Asia
ပုံ - တရုတ်ရဲ့ J-35 ကိုယ်ပျောက်တိုက်လေယာဉ်ကိုတွေ့ရစဉ်
#centralnewsnaypyitaw