မလေးရှားကိုတရားမဝင်သွားတဲ့ မြန်မာ ၂၄ ဦး ထိုင်းမှာ ဖမ်းမိ

နိုဝင်ဘာ ၁၃

မလေးရှားနိုင်ငံကို သွားမယ့် တရားမဝင်မြန်မာနိုင်ငံသား ၂၄ ဦးကို ထိုင်းနိုင်ငံ၊ ဟတ်ယိုင်ခရိုင်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းဘက်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

ဟတ်ယိုင်ခရိုင်အတွင်းက လမ်းမတခုပေါ်ဖြတ်သန်းသွားတဲ့ pickup အမျိုးအစား ထရပ်ကားတစ်စင်းကို မနေ့ နိုဝင်ဘာ ၁၂ ရက်မနက် အစောပိုင်းမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတွေက ပူးပေါင်းစစ်ဆေးခဲ့ရာကနေ တရားမဝင်မြန်မာသုံးဦးကို အရင်ဆုံးဖမ်းဆီးမိခဲ့တာပါ။

ဒီလိုတရားမဝင်လိုက်ပါလာတဲ့ မြန်မာသုံးဦးကိုတွေ့ဆုံဖို့ မော်တော်ဆိုင်ကယ်နဲ့လိုက်ပါလာတဲ့ အသက် ၂၅ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။

အဲဒီအမျိုးသားကတဆင့် ဟတ်ယိုင်မြို့ပေါ်က နေအိမ် ၃ လုံးကို ဆက်တိုက်ရှာဖွေခဲ့ပြီး တရားမဝင်မြန်မာ ၂၁ ဦးကို ထပ်မံဖမ်းဆီးမိခဲ့တာလို့လည်း ထိုင်းသတင်းတွေအရသိရပါတယ်။

တရားမဝင် မြန်မာသုံးဦးကိုတင်ဆောင်လာတဲ့ ထရပ်ကားကို အသက် ၇၀ အရွယ် ထိုင်းအမျိုးသားတစ်ဦးက မောင်းနှင်လာတာဖြစ်ပြီး ဆူရက်သနီပြည်နယ်ကနေ ဟတ်ယိုင်ပြည်နယ်ကိုပို့ဆောင်ပေးခ ဘတ် ၁,၅၀၀ ရတယ်လို့ ဆိုပြီး အသက် ၂၅ နှစ်အရွယ် မြန်မာအမျိုးသားကတော့ မလေးရှားကိုပို့ဆောင်ဖို့ တာဝန်ယူထားတယ်လို့ ပြောပါတယ်။

ဒီလိုတရားမဝင်လူပို့ဆောင်တဲ့ ထိုင်းကားသမားရော မြန်မာကိုပါ ထိုင်းဥပဒေအရအရေးယူဖို့လည်းရှိနေပါတယ်။ ထိုင်းအာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်အရ ဇွန်ကနေ အောက်တိုဘာလအထိ တရားမဝင်မြန်မာ ၂ သိန်းကျော် ဖမ်းဆီးခဲ့ပါတယ်။

#centtalnewsnaypyitaw

image

ရွှေလုပ်ငန်း လုပ်ကိုင်သူတွေအားလုံး သုံးလအတွင်း လိုင်စင်ပြန်လည် လျှောက်ထားရမယ်


နိုဝင်ဘာ၁၃

ရွှေလုပ်ငန်းလုပ်ကိုင်သူတွေအားလုံး အရေးကြီးကုန်စည်ဝန် ဆောင်မှုဥပဒေအရ လာမယ့်နိုဝင်ဘာလ (၁၈) ရက်နေ့မှ စကာ သုံးလအတွင်း ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကလည်း မနေ့က နိုဝင်ဘာ၁၂ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။

ရွှေအရောင်းအဝယ်လုပ်ငန်းတွေကို သံယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန က ပြီးခဲ့တဲ့အောက်တိုဘာလ၂၅ရက်က အရေးကြီးကုန်စည်ဝန်ဆောင်မှုလုပ်ငန်းတွေ အဖြစ်သတ်မှတ်လိုက်ပြီး လုပ်ငန်းလိုင်စင်ထုတ်ပေးမယ်လို့ အသိပေးခဲ့ပြီး နောက် လက်ရှိမှာ လုပ်ငန်းလိုင်စင် လျှောက်ထားရယူဖို့လိုအပ်တဲ့ အချက်အလက်တွေကို အသိပေးလာကာ သုံးလအတွင်းလိုင်စင် လျှောက်ဖို့ဖော်ပြထားပါတယ်။

" လက်ရှိမှာ တရားဝင်ဖွင့်နေတဲ့ရွှေဆိုင်တွေက လိုင်စင်သက်တမ်းက ကုန်သွားပြီအဲ့ဒီတော့ ဒီသုံးလကာလအတွင်း ဆိုင်ဆက်ဖွင့်မယ်ဆိုရင်လိုင်စင်ကိုအပြီးလျှောက်ရမယ်။အခုပြောထားတဲ့၃လအတွင်းမှာ ဝန်ကြီးဌာနက ရှိသမျှ ရွှေလုပ်ငန်းလိုင်စင်တွေကိ ုစီမံချက်နဲ့အပြီးလုပ်ပေးမှာပေါ့။ အဲဒီ့နောက်ပိုင်းလည်း လျှောက်လို့တော့ရတယ်။ ခရီးသွားနေလို့မလျှောက်ဖြစ်ဘူးဘာညာဆိုရင်တော့အရောင်းအဝယ်လုပ်တာကို လိုင်စင်ရမှဆက်လုပ်ပေါ့။ လိုင်စင်မရလို့ လုပ်ငန်းမလုပ်ရ ရင်နစ်နာမယ့်အခြေအနေမျိုးမဖြစ်အောင် လို့ တော့သုံးလအတွင်း အပြီးလျှောက်ရမယ်လို့ပြောတာပါ။လိုင်စင်မရှိပဲ အရောင်းအဝယ်လုပ်တာကို သုံးလနောက်ပိုင်းတွေ့ရင်တော့ အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေတွေနဲ့ အရေးယူခံရနိုင်ပါတယ်လို့ "ရွှေလုပ်ငန်းရှင်များအသင်း ရဲ့တာဝန်ရှိသူတယောက်ကပြောပါတယ်။

ရွှေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် တွေအနေနဲ့ ယခင်က စည်ပင်လိုင်စင်နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပေးတဲ့အဖိုးတန်သတ္တုရွှေကိုင်ဆောင်ခွင့်လိုင်စင် နှစ်မျိုး သာရှိခဲ့ပြီး ယခုလျှောက်ထားဖို့အသိပေးလိုက်တဲ့ သံယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကထုတ်ပေးမယ့် ရွှေလက်ဝတ်ရတနာရောင်းချခွင့်ရွှေဆိုင်လိုင်စင်နဲ့ ရွှေတုံးရွှေခဲအတုံးလိုက်ရောင်းချခွင့်လိုင်စင်နှစ်မျိုးပါ အပါအဝင်ဆိုပါက ရွှေလုပ်ငန်းလုပ်ကိုင်သူတွေဟာ လုပ်ငန်းလိုင်စင်အမျိုးအစား လေးမျိုးကို ကိုင်ဆောင်ပြီး လုပ်ငန်းလုပ်ကိုင်ရမယ်လို့သိရပါတယ်။

" လိုင်စင်လုပ်ဖို့ကြေငြာတာတော့သိပါတယ်။ ဘာတွေထပ်ပြီးတင်းကျပ်မလို့လဲတော့မသိဘူးပေါ့။ လိုင်စင်လုပ်တာက လည်း တခါလာလိုင်စင်တမျိုးနဲ့ လုပ်ငန်းတစ်ခုတည်းကိုပဲအခုလိုတွေ လုပ်ခိုင်းနေတော့ကြာလာတော့စီးပွားရေးလုပ်ရတာ ပိုပြီးအခြေအနေဆိုးလာတယ်။ အခုခေတ်က လူတွေကကျပ်တည်းလာတော့ ရွှေဝယ်တာကို အတော်စိတ်ဝင်စားမှုနည်းလာပြီး အခြား ဘက်တွေမှာပဲ ငွေကိုအသုံးပြုလာကြတာဆိုတော့ ၊ အမှန်ပြောရရင် အခု လိုင်စင်ထပ်လျှောက်ခိုင်းတာကို အလုပ်ထပ်ရှုပ်ရဦးမယ်လို့ပဲ တွေးမိပါတယ်" လို့ ရွှေအရောင်းအဝယ်ပြုလုပ်နေသူ တယောက်ကပြောပါတယ်။

ရွှေလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ပြုလုပ် ပေးမယ့်စီမံချက်ကာလ သုံးလနောက်ပိုင်းမှာ လိုင်စင်တွေမရှိဘဲ ရွှေအရောင်းအဝယ် ပြုလုပ်နေသူတွေ ကိုတွေ့ရှိပါကလည်း အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ ထောင်ဒဏ် ၆လမှ ၃နှစ် နဲ့ ငွေကျပ်၅သိန်းထက်မပိုတဲ့ငွေဒဏ်တွေ နဲ့အရေးယူမှာဖြစ်ကြောင်း သံယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန က အသိပေးထုတ်ပြန်ထားပါတယ်။

Photo:CJ

Credit - VOM

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၁၃-၁၁-၂၀၂၄)

image
1 y - Translate

Roadtrip + Camping With You 🛵🌊🐚✨️

image
1 y - Translate

Roadtrip + Camping With You 🛵🌊🐚✨️

image
1 y - Translate

Roadtrip + Camping With You 🛵🌊🐚✨️

image
1 y - Translate

Roadtrip + Camping With You 🛵🌊🐚✨️

image
1 y - Translate

Roadtrip + Camping With You 🛵🌊🐚✨️

image
image
image
image

နော်ဝေလူစာရင်းကနေ အိုဒီဂတ် နုတ်ထွက်

နိုဝင်ဘာ ၁၃

အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ဟာ သူ့ခန္ဓာကိုယ်ရဲ့စကားကို နားထောင်ရမယ်လို့ပြောပြီး နော်ဝေ အသင်းရဲ့ နေးရှင်းလိဂ် လူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။

အိုဒီဂတ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာနိုင်ငံတကာပွဲစဉ်အတွင်းမှာ ခြေချင်းဝတ် အရွတ်ထိခိုက်ဒဏ်ရာ ရခဲ့တာကြောင့် ၇ ပတ်ကျော်ကြာ အနားယူခဲ့ရတာပါ။

အိုဒီဂတ်ဟာ ပြီးခဲ့တဲ့ အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်၊ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ မှသာ အာဆင်နယ်အသင်းအတွက် ပါဝင်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အိုဒီဂတ်ဟာ နော်ဝေအသင်း လူစာရင်းကနေ ထွက်ခွာခဲ့ပေမယ့် ဆေးအဖွဲ့ရဲ့ အကဲဖြတ်မှုတွေကို ခံယူဖို့ အော်စလိုကို သွားရောက်ခဲ့တာပါ။

အိုဒီဂတ်က “နိုင်ငံအသင်း ဆေးအဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက်မှာ ဒီပွဲတွေကို ကစားဖို့အတွက် အခြေအနေက လုံလောက်မှု မရှိပါဘူး။ ကျနော်ဟာ ၁၀၀ ရာခိုင်နှုန်း မဖြစ်သေးတဲ့အတွက် ခန္ဓာကိုယ်ရဲ့ ပြော စကားကို နားထောင်ရမှာပါ။ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို ပြီးဆုံးအောင်လုပ်ပြီးရင် ကျနော့်ရဲ့ ခြေထောက်တွေဟာ ကောင်းမွန်တဲ့ပုံစံကို ပြန်ရမှာပါ”လို့ ပြောခဲ့တာပါ။

အိုဒီဂတ်ဟာ ဒဏ်ရာကြောင့် အာဆင်နယ်အသင်းရဲ့ ပွဲစဉ် ၁၂ ပွဲအထိ လွဲချော်ခဲ့ပြီး နော်ဝေအသင်းရဲ့ နေးရှင်းလိဂ် ပွဲစဉ် အချို့ကိုလည်း ပါဝင်နိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အိုဒီဂတ် မပါဝင်နိုင်တဲ့ပွဲတွေမှာ ရလဒ်တွေဆိုးခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၉ မှတ် ကွာဟနေတာပါ။

နော်ဝေအသင်းကတော့ နေးရှင်းလိဂ်ပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ရမှတ် ၇ မှတ်နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါ တယ်။

နော်ဝေအသင်းဟာ နေးရှင်းလိဂ် B အုပ်စု နောက်ဆုံးပွဲစဉ်တွေအဖြစ် နိုဝင်ဘာ ၁၄ ရက်မှာ ဆလိုဗေးနီးယား၊ ၁၇ ရက်မှာ ကာဇက်စတန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: BBC

ပုံ - အိုဒီဂတ်ကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

သူ့ ကောင်မလေးက
လေးနှစ်အတွင်းမှာ တခါမှ စိတ်မကောက်ဘူးတဲ့..

စက်ရုပ်ကြီးများလား🙄🙄🙄

သမိုင်းမှာလည်း မရှိဘူး
ခဝဲခြံမှာလည်း မရှိဘူး
အင်းစိန်မှာလည်း မရှိဘူး
.. အံဩဘ ကမ္ဘောဇ🙄🙄🙄

နင့်တို့ဆီမှာရော ရှိလား😳

ဥရောပ ကိုလည်း ဖုန်းဆက်ပြီး ပေးမေးစမ်းပါဦး

ရှိလားလို့🙄🙄🙄

#crd

image