လားရှိိုးက ပြန်ဆုတ်ရန်ငြင်းဆန်သည့် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရတု်အစိုးရက အကျယ်ချုပ်ဖမ်းထားလိုက်ပြီဖြစ်ကြောင်း Myanamr Now သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
#သတင်းဟင်းလေးအိုးကြီး

Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လားရှိိုးက ပြန်ဆုတ်ရန်ငြင်းဆန်သည့် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရတု်အစိုးရက အကျယ်ချုပ်ဖမ်းထားလိုက်ပြီဖြစ်ကြောင်း Myanamr Now သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
#သတင်းဟင်းလေးအိုးကြီး
ရုံးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူများ၏မသိနားမလည်မှုအပေါ် အခွင့်ကောင်းယူ၍ ငွေကြေးရယူ အမြတ်ထုတ်သူများအား ထိရောက်စွာအရေးယူမည်
နိုဝင်ဘာ ၁၈
ရုံးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူများ၏ မသိနားမလည်မှုအပေါ် အခွင့်ကောင်းယူ၍ ငွေကြေးရယူ အမြတ်ထုတ်သူများအား ထိရောက်စွာ ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် လဝကရုံး (ဟစ်တိုင်) ဟု အမည်ပေးထားသော Facebook Group တွင် ပွဲစားများနှင့်ချိတ်ဆက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား(အတု)၊ Unique ID (UID) အတုများဖြင့် နိုင်ငံကူး လက်မှတ်လျှောက်ထား ဆောင်ရွက်လျက်ရှိပြီး ယင်းသို့ဆောင်ရွက်ရာ တွင် နိုင်ငံတော်နှင့် ပြည်သူလူထု၏ လုံခြုံရေးကို များစွာထိခိုက်စေသဖြင့် ဝန်ကြီးဌာနမှ ယင်းဖြစ်စဉ် အား စစ်ဆေးဖော်ထုတ်ခဲ့ရာ Jack But Jaxk အကောင့်ပိုင်ရှင် ချစ်မင်းခိုင်ပါ (၃)ဦးအား သင်္ကန်းကျွန်းမြို့မရဲစခန်းတွင်လည်းကောင်း၊ Aent Hmue အကောင့် ပိုင်ရှင် အံ့မှူး ပါ (၁၁)ဦးအား မင်္ဂလာဒုံမြို့မရဲစခန်းတွင်လည်းကောင်း၊ ရဲထက်စိုးပါ (၅)ဦးအား မြဝတီမြို့မ ရဲစခန်းတွင်လည်းကောင်း၊ သန့်ဇင်ထွန်းအား အင်းစိန်မြို့မရဲစခန်း၊ အောင်သူထက်အား စမ်းချောင်းမြို့မရဲစခန်း၊ ခင်မောင်ကျော် အား မော်လမြိုင်မြို့မရဲစခန်းနှင့် ထက်မြတ်အောင်အား ဒလမြို့မရဲစခန်းတွင်လည်းကောင်း စုစုပေါင်း ၂၃ ဦးအား တည်ဆဲ ဥပဒေနှင့်အညီ တရားစွဲဆို အမှုဖွင့်လှစ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
သို့ဖြစ်ပါ၍ ရုံးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူများ၏ မသိနားမလည်မှုအပေါ် အခွင့် ကောင်းယူ၍ ငွေကြေးရယူ အမြတ်ထုတ်သူများအား ထိရောက်စွာ ဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်းနှင့် e-ID စနစ်ဖြင့် UID နံပါတ် ရယူလိုသည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာလဝက မြို့နယ်ရုံးများတွင် မိမိ ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့်အတူ လူကိုယ်တိုင် သွားရောက်၍ အခကြေးငွေ ကုန်ကျမှုမရှိဘဲ ဆောင်ရွက်နိုင်ကြောင်း၊ လုပ်ငန်းဆိုင်ရာအခက်အခဲများရှိပါက အီလက်ထရောနစ်မှတ်ပုံတင် စနစ်ဦးစီးဌာန၏ Facebook စာမျက်နှာဖြစ်သည့် www.facebook.com/eIDDept မှတစ်ဆင့် ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
#centralnewsnaypyitaw
တာမွေမြို့နယ် မြို့ဦးဘုန်းတော်ကြီးကျောင်းတွင် ပါဆယ်ထုပ်မှ ပေါက်ကွဲမှုဖြစ်ပြီး ဆရာတော် ပျံလွန်တော်မူ
နိုဝင်ဘာ ၁၈
ရန်ကုန်မြို့၊ တာမွေမြို့နယ်၊မေတ္တာညွန့်ရပ်ကွက်၊မြို့ဦးကျောင်းတိုက်ဘုန်းကြီးကျောင်းဝင်းအတွင်း ယနေ့(၁၈.၁၁.၂၀၂၄)ရက်နေ့ နံနက်(၀၉း၀၀)အချိန်ခန့်တွင် ပါဆယ်ထုပ်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျောင်းထိုင်ဆရာတော်မှာ ပျံလွန်တော်မူသွားကြောင်း ကနဦး သိရသည်။
#သတင်းဟင်းလေးအိုးကြီး
တာမွေမြို့နယ် မြို့ဦးဘုန်းတော်ကြီးကျောင်းတွင် ပါဆယ်ဗုံး ပေါက်ကွဲမှုဖြစ်ပြီး ဆရာတော် ပျံလွန်တော်မူ
နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ မြို့ဦးကျောင်းတိုက် ဘုန်းကြီးကျောင်းဝင်းအတွင်း ပါဆယ်ထုပ်မှ ပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး ဆရာတော် ပျံလွန်တော်မူသွားကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာလ (၁၈)ရက် နံနက် (၉)နာရီအချိန်က မြို့ဦးကျောင်းတိုက် ဘုန်းကြီးကျောင်းဝင်းအတွင်း ပါဆယ်ထုပ်ပေါက်ကွဲရာမှ ကျောင်းထိုင်ဆရာတော်မှာ ပျံလွန်တော်မူသွားကြောင်း ကနဦး သိရသည်။
#centralnewsnaypyitaw
ပြည်တွင်းရွှေဈေး ကျပ် သိန်း ၆၀ အောက် ရောက်ရှိ
နိုဝင်ဘာ ၁၈
ပြည်တွင်းက ပြင်ပရွှေဈေးကွက်မှာ မနေ့ နိုဝင်ဘာ ၁၇ ရက်ကစလို့ အခေါက်ရွှေ တကျပ်သား ကျပ် သိန်း ၆၀ အောက်အထိ ကျဆင်းလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ကစလို့ ကျပ် သိန်း ၆၀ ကျော် ဝန်းကျင်မှာ တောက်လျှောက် ရှိနေခဲ့တဲ့ ပြင်ပဈေးကွက်က အခေါက်ရွှေဈေးဟာ နှစ်လကျော်ကြာ မနေ့ နိုဝင်ဘာ ၁၇ ရက်၊ နေ့လယ်ပိုင်းမှာတော့ ကျပ် ငါးဆယ့်ကိုးသိန်း ကိုးသောင်းဝန်းကျင်ကို စတင်ကျဆင်း ရောက်ရှိလာတာ ဖြစ်ပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်၊ မနက်ပိုင်းမှာတော့ ကျပ် ငါးဆယ့်ကိုးသိန်း ခုနစ်သောင်းဝန်းကျင်နဲ့ ဈေးဖွင့်ခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ ကျပ် ငါးဆယ့်ကိုးသိန်း ခြောက်သောင်းခွဲဝန်းကျင်ကို ရောက်ရှိနေကာ တရက်အတွင်း နှစ်သောင်းခွဲဝန်းကျင် ကျဆင်းလာတာ ဖြစ်ပါတယ်။
အခုလို ပြည်တွင်းရွှေဈေးနှုန်း ကျဆင်းလာတာနဲ့ ပတ်သက်လို့ ရွှေလုပ်ငန်းရှင် တယောက်က “ရွှေဈေးကတော့ တအိအိနဲ့ ဆင်းနေပါတယ်။ အရောင်းအဝယ်တွေလည်း ပါးပါတယ်။ အဓိက ကတော့ ဒေါ်လာဈေးတွေအေးတယ်။ ကမ္ဘာ့ရွှေဈေးတွေ အေးတယ်။ ဒီနှစ်ခု အဓိက အချက်ပါပဲ။ ဒီအချက်တွေကြောင့် ပြည်တွင်းရွှေဈေးက ပြန်အေးသွားတယ်ပေါ့နော်။ ဒေါ်လာဈေးကို ဒီလိုပဲ တောက်လျှောက် အေးနေအောင်၊ ပြန်မတက်အောင် ထိန်းထားမယ်ဆိုရင်တော့လည်း ဈေးက ဆက်အေးသွားမယ်ပေါ့။ လောလောဆယ် အနေအထားကတော့ သိန်း ၆၀ ဝန်းကျင်မှာပဲ ငြိမ်နေမယ်လို့ ထင်ပါတယ်။ သိပ်အများကြီး အတက်အကျမဖြစ်လောက်ဘူး ထင်ပါတယ်” လို့ ပြောပါတယ်။
ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ နှစ်လကျော်ကာလအတွင်း အမြင့်ဆုံးဈေး ၆၉ သိန်းဝန်းကျင်အထိ ရှိခဲ့ပြီး အနိမ့်ဆုံးဈေးကတော့ ၆၁ သိန်းခွဲအထိ ရှိခဲ့တာဖြစ်ပါတယ်။
“ရွှေဈေးက ၆၀ အောက် ဆင်းသင့်နေတာ ကြာပြီ။ ဒါပေမယ့် ဈေးကစားပြီး အတင်းဆွဲတင်ထားကြတော့ သိန်း ၆၀ အောက်ရောက်ဖို့ တဝဲလည်လည်နဲ့ ဖြစ်နေခဲ့တာပေါ့။ ဒါပေမယ့် နောက်ဆုံးတော့လည်း မကျမဖြစ် ကျလာရတာပါပဲ။ ဒေါ်လာဈေးလည်း ကျတယ်၊ ကမ္ဘာ့ရွှေဈေးကလည်း ထိုးကျနေတော့ ပြည်တွင်းရွှေဈေးက လက်ရှိ ဈေးတန်းကနေ ဆက်ကျနိုင်တယ်လို့ ယူဆပါတယ်။ အဝယ်သမားတွေအတွက်ကတော့ ဒီအချိန်က ဝယ်သင့်တဲ့အချိန်ပါ” လို့ ရွှေကုန်သည်တယောက်က ပြောပါတယ်။
အမေရိကန်ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်၊ ညနေပိုင်းကစလို့ တဒေါ်လာ ၄၅၈၀ ဝန်းကျင်ကို ရောက်ရှိလာတာဖြစ်ပြီး အဲဒီမတိုင်ခင်က တဒေါ်လာ ၄၆၀၀ ကျော်၊ ၄၇၀၀ ကျော် ဝန်းကျင်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။
မနေ့ နိုဝင်ဘာ ၁၇ ရက်နေ့၊ မနက်ပိုင်းမှာတော့ တဒေါ်လာ ၄၄၈၀ ဝန်းကျင်ကို ထပ်မံကျဆင်း ရောက်ရှိလာကာ ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်၊ မနက်ပိုင်းမှာတော့ ၄၄၅၀ ဝန်းကျင်နဲ့ ဈေးဖွင့်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်၊ ညနေပိုင်းကစလို့ တအောင်စ ၂၇၂၁ ဒေါ်လာကို မြင့်တက် ရောက်ရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးကတော့ နိုဝင်ဘာ ၆ ရက်၊ ညနေပိုင်းကစလို့ တအောင်စ ၂၆၉၈ ဒေါ်လာကို ပြောင်းလဲရောက်ရှိ ကျဆင်းလာပါတယ်။
နိုဝင်ဘာ ၁၄ ရက်နေ့၊ မနက်ပိုင်းမှာတော့ ကမ္ဘာ့ရွှေဈေးကို တအောင်စ ၂၅၆၆ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့ပြီး ထပ်မံ ကျဆင်းလာကာ ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်နေ့မှာတော့ တအောင်စ ၂၅၉၂ ဒေါ်လာနဲ့ ဈေးဖွင့်ထားပါတယ်။
Photo:CJ
Credit - Myanmar News Network
#သတင်းဟင်းလေးအိုးကြီး
မဟာအောင်မြေမြို့နယ်ရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် ဓားထောက်လုယက်သည့် အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိ
နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁)ရပ်ကွက်၊ ၆၉ လမ်း၊ ၃၈×၃၉ လမ်းကြားရှိ POWER KAW LIN ဖုန်းအရောင်းဆိုင်တွင် ဓားထောက်လုယက်သည့် အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ (၁၈)ရက် နံနက် (၉)နာရီ (၁၅)မိနစ်အချိန်က POWER KAW LIN ဖုန်းဆိုင်အတွင်းသို့ အသက် (၂၃)နှစ်အရွယ် မမိုးပွင့်ဖြူ မင်းလှဇာတိ၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူ ရောက်ရှိလာပြီး Kpay သိန်း (၅၀) ထုတ်ချင်ကြောင်းပြောရာ ဆိုင်ဝန်ထမ်းများမှ ဘဏ်သွားထုတ်ရန် ပြောဆိုခဲ့ကြောင်းနှင့် ၎င်းနောက် မမိုးပွင့်ဖြူမှ ၎င်းဖုန်းအား စစ်ဆေးပေးရန်ပြသခဲ့ကြောင်း သိရသည်။
ယင်းနောက်တွင် ဆိုင်ဝန်ထမ်းမှ ဖုန်းအား ကြည့်ပေးနေစဉ် မမိုးပွင့်ဖြူက ဓားဖြင့်လှမ်းထိုးခဲ့သဖြင့် ဆိုင်ဝန်ထမ်းများ ထွက်ပြေးပြီး မမိုးပွင့်ဖြူအား ဆိုင်ထဲတွင် တံခါးအားပိတ်ထားခဲ့ကြောင်း သိရသည်။
ယင်းအတွက်ကြောင့် မမိုးပွင့်ဖြူအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီးခဲ့ပြီး အမှုဖွင့် အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#centralnewsnaypyitaw
Miss Grand India က MGI အဖွဲ့အစည်းနှင့်ဆက်လက်လုပ်ကိုင်တော့မဟုတ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။
ကြေညာချက်မှာ အဖွဲ့အစည်း၏ အမြင်နှင့်ရည်မှန်းချက်များမှသွေဖီနေသဖြင့် ဒီဆုံးဖြတ်ချက်ကိုချဖြစ်ရတဲ့အကြောင်းကို ဖော်ပြထားပါတယ်။
အသက် ၂၀ နှစ်အရွယ် Rachel Gupta သည် Miss Grand International ချန်ပီယံဆုကို ပထမဆုံးရရှိခဲ့သည့် အိန္ဒိယနိုင်ငံသားလည်းဖြစ်ပါတယ်။
Miss Grand International အဖွဲ့အစည်းသည် ထိုင်းနိုင်ငံအခြေစိုက် အလှမယ်ပြိုင်ပွဲတစ်ခုဖြစ်ပြီး ပထမအကြိမ်ပြိုင်ပွဲကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့တာဖြစ်ပါတယ်။
#photocredit
#updatenews
Miss Grand India က MGI အဖွဲ့အစည်းနှင့်ဆက်လက်လုပ်ကိုင်တော့မဟုတ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။
ကြေညာချက်မှာ အဖွဲ့အစည်း၏ အမြင်နှင့်ရည်မှန်းချက်များမှသွေဖီနေသဖြင့် ဒီဆုံးဖြတ်ချက်ကိုချဖြစ်ရတဲ့အကြောင်းကို ဖော်ပြထားပါတယ်။
အသက် ၂၀ နှစ်အရွယ် Rachel Gupta သည် Miss Grand International ချန်ပီယံဆုကို ပထမဆုံးရရှိခဲ့သည့် အိန္ဒိယနိုင်ငံသားလည်းဖြစ်ပါတယ်။
Miss Grand International အဖွဲ့အစည်းသည် ထိုင်းနိုင်ငံအခြေစိုက် အလှမယ်ပြိုင်ပွဲတစ်ခုဖြစ်ပြီး ပထမအကြိမ်ပြိုင်ပွဲကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့တာဖြစ်ပါတယ်။
#photocredit
#updatenews
Miss Grand India က MGI အဖွဲ့အစည်းနှင့်ဆက်လက်လုပ်ကိုင်တော့မဟုတ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။
ကြေညာချက်မှာ အဖွဲ့အစည်း၏ အမြင်နှင့်ရည်မှန်းချက်များမှသွေဖီနေသဖြင့် ဒီဆုံးဖြတ်ချက်ကိုချဖြစ်ရတဲ့အကြောင်းကို ဖော်ပြထားပါတယ်။
အသက် ၂၀ နှစ်အရွယ် Rachel Gupta သည် Miss Grand International ချန်ပီယံဆုကို ပထမဆုံးရရှိခဲ့သည့် အိန္ဒိယနိုင်ငံသားလည်းဖြစ်ပါတယ်။
Miss Grand International အဖွဲ့အစည်းသည် ထိုင်းနိုင်ငံအခြေစိုက် အလှမယ်ပြိုင်ပွဲတစ်ခုဖြစ်ပြီး ပထမအကြိမ်ပြိုင်ပွဲကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့တာဖြစ်ပါတယ်။
#photocredit
#updatenews