44 w - Translate

အဆီပြန်ပြီး ဝက်ခြံ၊ အဆီဖုထွက်ပြီး အသားအရေက ညစ်နေပြီဆို......Graymelin Trouble Solution Series လေးရှိမယ်နော်
Toner - 35000k
Cream - 35000k
ဒီ Series လေးက အဆီပြန်ပြီး ဝက်ခြံအဆီဖုထွက်တာ၊ အသားရည်မကြည်တာတွေကို အထူးသက်သာစေပါတယ်
ချွေးပေါက်ကျယ်တာကို ပြန်လည်ထိန်းညှိပေးပြီး အစိုဓာတ်ပြည့်ဝမှု့ကြောင့် အသားအရေကို ကြည်လင်စိုပြည်စေပါတယ်
အဆီပြန်ခြင်းမရှိဘဲ လိမ်းထားရင် အေးအေးလေးနဲ့ ကြည်လင်ချောမွေ့နေစေမယ့် Series လေးပါ

image
image
image
image
image
44 w - Translate

ဘီလီယံလေးရဲ့ အိပ်ငိုက်တဲ့ပုံစံကိုကြည့်ပြီး ချစ်မဝဖြစ်နေရတဲ့ ဖေဖေနဲ့မေမေ 🥰🥰🥰
ဘီလီယံလေးကတော့ ဖုန်းကြည့်နေရာကနေ အိပ်ငိုက်ပြီး ဘင်ဘင်လေး မိုးပေါ်ထောင်ကာ အိပ်ပျော်သွားခဲ့တာပါ။ ဘီလီယံလေးရဲ့ အိပ်ငိုက်သွားတဲ့ ပုံကိုကြည့်ပြီး မေမေနဲ့ဖေဖေက သဘောကျကာ ချစ်မဝတွေဖြစ်နေခဲ့တာပါ။ ဘီလီယံလေးဟာ ယခုဆိုရင် ညီမငယ်လေး ထရီလီယံလေးကို ပိုင်ဆိုင်ထားရပြီဖြစ်တာကြောင့် အမကြီးနေရာကိုရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။

#crd
#celenews

image

#cute

44 w - Translate

မင်္ဂလာပါ---
၂၄-၃-၂၀၂၅ ရက်နေ့
=================
အောက်မှာဖော်ပြထားတာကတော့ မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်တို့ပဲဖြစ်ပါတယ်-------

image
44 w - Translate

တစ်ဖက်သူတွေ
ဘယ်လိုပဲ ခံယူ ခံယူပေါ့

ကိုယ်ပေးလိုက်တဲ့မေတ္တာတွေထဲမှာ
အရောင်တွေ မပါဖို့က အဓိကပဲ မဟုတ်ပါလား

ကိုယ့်စိတ်ကို
အေးချမ်းအောင် ထားချင်လို့
လောကကို
အကောင်းဘက်ကပဲ ကြည့်ပါတယ်***

ကျေးဇူးတွေ အတင်မခံချင်ပါဘူး
ကိုယ်နဲ့တွေ့ရတာ
ကံမဆိုးဘူးလို့ ထင်သွားရင် တော်ပါပြီ

တစ်ဖက်သူတွေ
ဘယ်လိုပဲ ခံယူ ခံယူပေါ့
ကိုယ်ပေးလိုက်တဲ့ မေတ္တာတွေထဲမှာ
အရောင်တွေမပါဖို့က အဓိကပဲ မဟုတ်လား

ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်
လစ်လျှူရှုသင့်တာကို လစ်လျှူရှု....

မလိုတော့တာတွေကို ခေါင်းထဲက မေ့ပစ်
မဆိုင်တော့တာတွေကို ဘဝထဲက ထုတ်ပစ်ပြီး...

တိုက်ရိုက် မသက်ဆိုင်တဲ့ အရာတွေကို
မနီးမဝေးကနေ စောင့်ကြည့်တာပဲ ကောင်းပါတယ်

ကိုယ်စိတ်တိုင်းကျ ဖြစ်စေချင်ရုံတစ်ခုနဲ့
အရာရာက ပြောင်းလဲလာမှာမှ မဟုတ်တာ

ကျော်တက်ချင်သူကို
လမ်းဖယ် ပေးလိုက်လို့လည်း
ကိုယ် နောက်ကျ မကျန်ခဲ့ပါဘူး

အနိုင်ယူသူတွေကို အရှုံးပေးလိုက်လို့လည်း
ကိုယ့်ဘဝ ပျက်မသွားပါဘူး

မနာလိုသူတွေကို ပြုံးပြလိုက်လို့လည်း
ကိုယ် ဘာမှ ထိခိုက်မသွားပါဘူး

မဆက်သွယ်ချင်တဲ့ သူတွေကို
မေ့လိုက်လို့လဲ ကိုယ် မနစ်နာသွားပါဘူး

ထွက်သွားတဲ့ သူတွေအပေါ်....
ကိုယ့်ဘက်က
တကိုယ်ကောင်း မဆန်ခဲ့ဘူးဆိုရင်....
ကိုယ့်ဘက်က
အကောင်းဆုံး ဆက်ဆံရေးကို ပေးခဲ့မယ်ဆိုရင်.....

ထားပစ်ခဲ့တဲ့ နေရာလေးမှာဘဲ
သိက္ခာရှိစွာ ကျန်ရစ်တတ်ရမယ် မဟုတ်လား

ပြောပါ....
ဘဝမှာ ဘာတွေရှိမှ ပျော်ရမှာလဲ

ပြောပါ....
အနားမှာ ဘယ်သူတွေရှိမှ အဆင်ပြေမှာလဲ

ကိုယ့်ကိုကိုယ် မှ ဂရုမစိုက်ရင်
ဘယ်သူက ဂရုစိုက်မှာလဲ

ကိုယ့်ကိုကိုယ် မှ မချစ်ရင်
ဘယ်သူက လာပြီး ချစ်မှာလဲ

ဘယ်သူရှိမှ ဖြစ်မယ်ဆိုတာမျိုးနဲ့တော့
ကိုယ့်စိတ်ကို မချိုးနှိမ်သင့်ဘူးလေ

ဘဝထဲက
ဒီအရာတွေ ထွက်သွားရင်
နောက်လူတွေ
နောက်အရာတွေ
ရောက်လာကြဦးမှာပါဘဲ

သူတို့လည်း ရှေ့လူတွေလို
အကြောင်း အမျိုးမျိုးနဲ့ ထွက်သွားဦးမှာ

ဘဝထဲက ရှိရှိသမျှ အရာရာကို
နည်းအမျိုးမျိုးနဲ့ ဆုံးရှုံးရဦးမှာဘဲ

သူ မထွက်ခင်ကတည်းက
ကိုယ် လက်လွှတ်တတ်မယ် ဆိုရင်...

တကယ် ထွက်သွားတဲ့ အခါကျ
စိတ် သက်သာရာ ရတာပေါ့

မဆုံးရှုံးခင် ကတည်းက
လက်ခံတတ်ဖို့ ကိုယ့်ဘက်က ပြင်ဆင်ထားရင်
တကယ်ဆုံးရှုံးလိုက်ရတဲ့ အခါကျ
ကိုယ့်တရားနဲ့ကို ဖြေသာတာပေါ့

ကိုယ်ကတော့
လုပ်သလောက် ရမယ်လို့ဘဲ တွက်တယ်
ရသလောက်တော့ မြဲမယ်မထင်ဘူး

ကိုယ့်ဘက်က
ကောင်းတယ်လဲ မပြောဘူး ဆိုးတယ်လဲ မပြောဘူး
ချစ်တယ်လဲမဆိုဘူး မုန်းတယ်လဲ မဆိုဘူး
ထွက်သွားပါလို့ မနှင်သလို
လာပါလို့လဲ မခေါ်ဘူး

ကိုယ်မပိုင်တဲ့ အရာတွေကို
သူ့သဘော အတိုင်းဘဲ ရှိစေမယ်

ရလိုချင်တဲ့ စိတ်ထက်
ပေးဆပ်တတ်အောင် သင်မယ်

ပိုင်ဆိုင်ဖို့ များများ မတွေးဘဲ
လက်လွှတ်တတ်ဖို့ ကြိုးစားမယ်

တကယ်တော့
လက်လွှတ်လိုက်တယ် ဆိုတာ
ဘာမှ မရှိတော့တာကို ပြောတာ မဟုတ်ပါဘူး

အမှန်က လက်လွှတ်လိုက်တယ် ဆိုတာ
ကိုယ် အရင်ဆုံး လွတ်မြောက်သွားတာပါ

image
44 w - Translate

Nail Gallery

image
44 w - Translate

Nail Gallery

image
44 w - Translate

Nail Gallery

image
44 w - Translate

Nail Gallery

image
image
image
44 w - Translate

လူငယ်တွေကို ဖတ်စေချင်မိတဲ့ စာအုပ်တစ်အုပ်
ဦးနုနဲ့ ပတ်သက်ရင် ကိုယ့်စိတ်ထဲ စွဲစွဲထင်ထင် ကျန်နေတာကတော့ မိတ္တဗလဋီကာ စာအုပ်ပါပဲ ။ ကျန်တဲ့စာအုပ်တွေ သိပ်မဖတ်ဖူးခဲ့ပါဘူး ။ မိတ္တဗလဋီကာ စာအုပ်ဟာ ဘာသာပြန်စာအုပ်တစ်အုပ်ဆိုပေမဲ့ ဘာသာပြန်လို့ မထင်ရလောက်အောင် ဖတ်လို့ကောင်းတဲ့ (ဘာသာပြန်သည့်ပုံစံ ကောင်းခြင်းကိုဆိုလိုသည်)စာအုပ်တစ်အုပ်ပါ ။ အဲဒီစာအုပ်နဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် ညွှန်းဆိုခဲ့ပြီးပြီဖြစ်လို့ ဒီနေရာမှာ ထပ်မပြောတော့ပါဘူး ။ ဒီ “ တာတေစနေသား ” စာအုပ်ထဲမှာတော့ ဦးနုရဲ့ ငယ်ဘဝကနေ ၁၉၆၂ ခုနှစ် မတ်လ(၂)ရက်နေ့ (ဦးနေဝင်းက အာဏာသိမ်းလိုက်တဲ့နေ့) အထိ ဦးနုကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ ၊ နိုင်ငံရေး အရှုပ်ထုတ်တွေ ၊ လွတ်လပ်ရေးရပြီးကာစ မြန်မာပြည် အခြေအနေတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ် ။ ဒီစာအုပ်ဟာ ဦးနုကောင်းကြောင်းကြီးပဲ ရေးထားတာ မဟုတ်ပါဘူး ။ သူ မကောင်းတာတွေကိုလည်း ပေါ်ပေါ်တင်တင် ရေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ် ။ သူ့ကိုယ်သူလည်း ကောင်းတယ်လို့ လုံးဝ မရေးထားပါဘူး ။ ၁၉၂၀ ဝန်းကျင်ကနေ ၁၉၆၀ ဝန်းကျင်လောက်အထိ ဖြစ်ပျက်ခဲ့သမျှ မြန်မာနိုင်ငံရဲ့ သမိုင်းတွေကို သိချင်တဲ့ လူငယ်တွေဆိုရင် ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ် ။
လူငယ်တွေကို နိုင်ငံရေး စိတ်ဝင်စားဖို့ ခဏခဏ ကျွန်တော် တိုက်တွန်းနေသလို ကျွန်တော် ကိုယ်တိုင်လည်း မသိတာတွေကို လိုက်လံ ရှာဖွေ ဖတ်ရှုနေဆဲဖြစ်ပါတယ် ။ ဒီတစ်အုပ်တည်းဖတ်ပြီး လွတ်လပ်ရေး မရမီကာလနဲ့ လွတ်လပ်ရေး အလွန်ကာလတွေအကြောင်း နှံ့စပ်ပြည့်စုံသွားမယ်လို့ ကျွန်တော် မပြောလိုပါဘူး ။ အခြား စာအုပ်တွေ အများကြီး ဖတ်ဖို့လိုဦးမှာ ဖြစ်ပါတယ် ။ ဒါပေမဲ့ အဲဒီကာလမှာ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေခဲ့လဲ ၊ ဘာကြောင့် ဖြစ်ခဲ့တာလဲ ၊ ဦးနု ဘာတွေမှန်ခဲ့လဲ ၊ ဦးနု ဘာတွေ မှားခဲ့လဲ စသဖြင့် သင်ခန်းစာတွေ အများကြီးရမဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ် ။ ဒါ့အပြင် ထပ်ပြီး စိတ်ဝင်စားဖို့ကောင်းတာက ဒီစာအုပ်ဟာ မြန်မာနိုင်ငံမှာ ထုတ်ဝေခွင့်ရဖို့ ၃၃ နှစ်တောင် စောင့်ဆိုင်းခဲ့ရတဲ့ အချက်ပါပဲ ။ ဦးနုဟာ သူ့ရဲ့စာမူ စာအုပ်အဖြစ် ထွက်ရှိလာတာကိုတောင် မြင်ခွင့် မရလိုက်ခဲ့ပါဘူး ။ ဦးနုဟာ သူ့ရဲ့အမှားတွေကို လူငယ်တွေ သင်ခန်းစာယူပြီး သူ့ထက်ပိုတော်ပိုကောင်းတဲ့ အနာဂတ်လူငယ်တွေ ပေါ်ထွန်းလာစေချင်ခဲ့ပေမဲ့ “ တာတေစနေသား ” ဟာ ခေတ်အဆက်ဆက် စာပေစိစစ်ရေးရဲ့ ပယ်ချခြင်းကို ခံခဲ့ရပါတယ် ။ စာပေစိစစ်ရေး ဖျက်သိမ်းပြီးမှသာ စာအုပ်ထုတ်ဝေခွင့်ရခဲ့တာဖြစ်ပါတယ် ။ ဦးနု မြန်မာပြည်ကို ပြန်ရောက်တဲ့ ခုနှစ်ဟာ ၁၉၈၀ ခုနှစ်ဖြစ်ပြီး စာအုပ်ထုတ်ခွင့်ရတဲ့ နှစ်ဟာ ၂၀၁၂ ခုနှစ် နှောင်းပိုင်းဖြစ်လို့ ကြားထဲမှာ ၃၃ နှစ် ခန့်တောင် စောင့်ဆိုင်းခဲ့ရတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ် ။ တကယ်တမ်းမှာ ဒီစာအုပ်ဟာ ၁၉၆၉ ဝန်းကျင်လောက်က ရေးခဲ့တဲ့စာအုပ်ဖြစ်လို့ ရေးပြီးချိန်နဲ့ စာအုပ်ထွက်ချိန်ကြားမှာ ၄၄ နှစ်လောက် ကြာမြင့်ခဲ့တယ်လို့ ပြောလို့ရပါတယ် ။
သူ့အမှားတွေကနေ သင်ခန်းစာ ရပါစေတော့လို့ ဦးနုရည်ရွယ်ခဲ့တဲ့ “ လူငယ် ” ဆိုသူတွေဟာ အဲဒီအချိန်ကာလအတွင်းမှာ ဦးနုရဲ့ စာအုပ်ကို ဖတ်ခွင့်မရခဲ့ကြဘဲ အခု ၂၀၂၀ လောက်မှာ အဘိုး ၊ အဘွား အရွယ်တွေတောင် ဖြစ်နေကုန်ကြပါပြီ ။ စာအုပ်ကောင်း တစ်အုပ် ၄၄ နှစ်လောက် တိမ်မြုပ်ခဲ့ခြင်းကို ကျွန်တော်ကတော့ စာဖတ်သူ တစ်ယောက် ၊ သမိုင်းကို သိချင်သူတစ်ယောက် ၊ ရှေးကလူတွေ မှားခဲ့တဲ့ အမှားတွေကို သင်ခန်းစာ ယူချင်သူ တစ်ယောက်အနေနဲ့ နှမြောမိပါတယ် ။ ကျွန်တော်ကတော့ ဖြစ်နိုင်ရင် ဒီစာအုပ်လေးကို လူငယ်တွေ ဝယ်ဖတ်ကြည့်စေချင်ပါတယ် ။ ဖတ်ပြီးတဲ့ လူတွေလည်း ရှိမှာပါ ။ ဒီစာကတော့ မဖတ်ရသေးတဲ့ လူငယ်တွေကိုသာ ရည်ရွယ်ပါတယ် ။ နောက်ပြီး ဒီစာအုပ် တစ်အုပ်တည်းနဲ့ ၁၉၂၀ ကနေ ၁၉၆၀ ဝန်းကျင် နိုင်ငံရေးအကြောင်း စုံစုံလင်လင် သိသွားမယ်လို့ ကျွန်တော် မဆိုလိုဘူးဆိုတာလည်း ထပ်ပြီး ပြောချင်ပါသေးတယ် ။ စာအုပ်တစ်အုပ်တည်း ၊ စာရေးသူ တစ်ယောက်တည်းရဲ့ အာဘော်နဲ့ သမိုင်းဆိုတာကို စုံစုံလင်လင် ရှုထောင့်ပေါင်းစုံက မသိနိုင်ပါဘူး ။ ဒါပေမဲ့ ဒီစာအုပ်ဖတ်ပြီးတဲ့အခါ မြန်မာ့သမိုင်း ၊ နိုင်ငံရေး သမိုင်းနဲ့ ပတ်သက်တဲ့ အခြား စာအုပ်တွေလည်း ဖတ်ချင်စိတ်ပေါ်လာမယ်ဆိုရင် ဒီစာအုပ်လေးကို ညွှန်းရကျိုးနပ်မိမှာပါ
#မိုးရှင်း (I.M.T) #ဦးနု #တာတေစနေသား

image