Top-rated Indian Movies တွေထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့ Theri ဆိုတဲ့ ဇာတ်လမ်းဇာတ်အိမ် ခိုင်ခံ့ကောင်းမွန်တဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်

Indian Movie Soundtrack ခပ်လန်းလန်းလေးတွေ ပါ၀င်တဲ့အပြင် ဗီလိန်သရုပ်ဆောင်တွေပါ မကျန်... စိတ်နှစ်ပြီး ကြိုးစားအားဖြည့်ထားရတာကိုတွေ့ရှိရတဲ့အတွက်ကြောင့်... ကြည့်ရတာ တန်တယ်ကွာ..လို .. မှတ်ချက်ချမိကြမှာမလွဲပါဘူးခင်ဗျ။

Theri ဆိုတဲ့တမီလ် ဘာသာစကား  ခေါင်းစဉ်လို အစိတ်စိတ်အမြွာမြွာ ကွဲထွက်မနေတဲ့ Theri ရဲ့ ဇါတ်ကြောင်းဟာ..  Hollywood ရဲ့ မင်းသားကြီး Liam Neeson ပါ၀င်တဲ့ Taken movie sequel နဲ့ ယောင်ယောင်လေး တူပါတယ်။

အဓိက ကွဲပြားတာကတော့ Theri က Drama နဲ့ Action ကို သင့်တင့်မျှတအောင် ပေါင်းစပ်ထားတဲ့အပြင်... ရသမျိုးစုံပေးစွမ်းနိုင်အောင် ကြိုးစားထားတဲ့အတွက် အရှေ့တိုင်းရဲ့ Action ဇါတ်ကားတစ်ကား အထူးသဖြင့် တမီလ် ရုပ်ရှင်တွေထဲမှာ အတော်ကြီးကို အဆင့်အတန်းမြင့် တန်း၀င်တဲ့ Movie တစ်ခု အဖြစ် စာရင်းတိုထားရမှာဖြစ်ပါတယ်။

အာဏာရှင် ဆန်ဆန် လူတစ်စုကြောင့်  မိသားစု၀င်အတော်များများနဲ့ သေကွဲကွဲခဲ့ရတဲ့ ရဲအရာရှိတစ်ယောက်ဟာ... အသက်လိုချစ်ရတဲ့ သမီးငယ်ကလေးဆီကို အန္တရာယ် ကျရောက်လာတဲ့အခါ...

သက်စွန့်ဆံဖျား ကြိုးစားကာကွယ်ရင်းက အတိတ်မှာ ကျန်ခဲ့ပြီ ဖြစ်တဲ့ အရိပ်မည်းတစ်ချိုထည့်ပေါင်းပြီး  သွေးကြွေး၊ ရန်ငြိုး၊ ကလဲ့စားတွေနဲ့ မီးဟုန်းဟုန်းတောက်နေတဲ့ ဖခင်တစ်ယောက်အဖြစ်

ရိုးသားကြိုးစားတဲ့ အရာရှိကောင်းတစ်ယောက်ဘ၀ကနေ..  ဒုစရိုက်လောကထဲကို ခြေစုံပစ်၀င်ပြီး မွှေနှောက်ထိုးဖောက်၀င်ရောက်လာတဲ့..  ခပ်ကြမ်းကြမ်း လူတစ်ယောက်အဖြစ် မင်းသား Joseph Vijay ကို စိတ်အားရကျေနပ်စရာ ရှုစားကြရမှာဖြစ်ပါတယ်။

#crd
#storymode

image

ထက်မြတ်တဲ့မိန်းမတွေရဲ့ကြောက်ဖို့ကောင်းတဲ့အချက်ကမွေးထဲကပါလာတဲ့ဆဌမအာရုံကောင်းတာပဲ သူတို့ကနာမည်လေးတစ်ခု သဲလွန်စတစ်ခုပဲလိုတယ် သူတို့အပေါ်မဟုတ်တာလုပ်ထားရင် အနှေးအမြန်ကိုပေါ်လာတာ

အသားတွေအများကြီးစားဖို့ မတတ်နိုင်တဲ့ သူတွေအတွက်

#cute

တည်ဆောက်ဖို့ဆိုရင်

- တစ်နေ့တာလိုအပ်တာထက် အနည်းငယ်ပိုစားတာ
- အသားဓါတ် တိုးစားတာ
- အိပ်ချိန် ၇ ကနေ ၉နာရီထိရှိရမှာရယ်

ဒီ သုံးချက် အရမ်း အရေးက

Super jawline? #jawzrsize

မိဘအပေါ် အမြဲတမ်း သိတတ်တဲ့ ဝုလေး

မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ
နှစ်ပေါင်းများစွာ အကြပ်အတည်းကြုံနေပြီး ဖြေရှင်းရန် အခက်တွေ့နေရသည့် မြန်မာ့ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ စစ်ဘက် ၊ အရပ်ဘက် တာဝန်ရှိသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေးသမားများပါ တက်ရောက်ဆွေးနွေးနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ (၂၀၂၅) ကို ယနေ့ မတ်လ (၂၅) ရက် နံနက်ပိုင်းတွင် ဒုတိယနေ့အ‌ဖြစ် ဆွေးနွေးလျက်ရှိသည်။
အဆိုပါ ဆွေးနွေးပွဲကို နေပြည်တော် ၊ MICC (2) ရှိ အမျိုးသားစည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန(NSPC) တွင် မတ်လ (၂၄) ရက်က စတင်ကာ မတ်လ (၂၆) ရက်အထိ (၃) ရက်တာ ကျင်းပနေခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် တိုင်းပြည်၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ အကျယ်တဝင့်ဆွေးနွေးကြမည့်အပြင် ၂၀၂၅ ရွေးကောက်ပွဲအလွန်ငြိမ်းချမ်းရေးအလားအလာ ၊ ၂၀၂၁ နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သက်ရောက်မှု ၊ လုံခြုံရေးကဏ္ဍ ၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေးကဏ္ဍ၏ ကူးလူးဆက်နွယ်နေမှုများအပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် သက်ဆိုင်နေသည့် ကဏ္ဍစုံအကြောင်းအရာများကို ဆွေးနွေးကြမည်ဖြစ်သည်။
ဆွေးနွေးပွဲကို အစုအဖွဲ့(၂)ခုခွဲ၍ ကျင်းပနေခြင်းဖြစ်ပြီး နယ်ပယ်အသီးသီးမှ တက်ရောက်ဆွေးနွေးသူ (၁၂၀) ကျော်ရှိကြောင်းလည်း သိရသည်။
ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲ (၂၀၂၅)ကို အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနက (NSPNC) က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီ(NSPNC) မှတာဝန်ရှိသူများ ၊ တပ်မတော်က အငြိမ်းစားအရာရှိများ၊ JMC ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ၊ နိုင်ငံရေးပါတီများ ၊ ငြိမ်းချမ်းရေး အကျိုးဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပါဝင်သင့်ပါဝင်ထိုက်သူများ တက်ရောက်လျက်ရှိသည်။

image