45 w - Translate

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၄ ကို ဒီဇင်ဘာတွင် ကျင်းပမည်

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၄ ကို လာမည့် ဒီဇင်ဘာလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ကိုရီးယား(KOGAM) ၊ ဟောင်ကောင် (HKMMA) တို့မှ အသင်းဝင်စက်ရုံများ၏ Pavilion များ၊ အခြားသော အာဆီယံနိုင်ငံများ၏ Pavilion ကိုလည်း သက်ဆိုင်ရာအသင်းများနှင့် အတူခင်းကျင်း ပြသသွားမည် ဖြစ်သည်။

" မြန်မာ့အထည်ချုပ်လုပ်ငန်းမှ ထုတ်ကုန်များအတွက် ဈေးကွက်အသစ်များရရှိစေရန် ကုန်စည်ပြပွဲများ၊ စီးပွားရေးမိတ်ဖက်များနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးခြင်းနှင့် အပြည်အပြည်ဆိုင်ရာကုန်စည်ပြပွဲများတွင် ဝင်ရောက်ပြသခြင်းဖြင့်၊ ယခုလို အထည်အလိပ် နှင့် စက်ပစ္စည်းများပြပွဲမှ မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍ၏ လုပ်ကိုင်နိုင်စွမ်းကို တစ်ကမ္ဘာလုံးမှ ဝယ်လက်များ သိအောင် ပြသနိုင်မှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။

ထို့ပြင် နိုင်ငံတကာ မိတ်ဖက်များ အနေဖြင့်လည်း ပြပွဲတွင်ခင်းကျင်းပြသမည့် ဒေသတွင်း အထည်အလိပ်နှင့် အထည်ချုပ်စက်ရုံများ၏ လုပ်ငန်းစွမ်းဆောင်ရည်နှင့် လက်မှုပညာများကို လေ့လာနိုင်မည်ဖြစ်သလို လာရောက် လည်ပတ်သူများသည် ရိုးရာနည်းပညာများမှစ၍ ခေတ်မီဆန်းသစ်တီထွင်မှုများအထိ Made in Myanmar ထုတ်လုပ်သူများထံမှ ရောင်စုံဆန်းပြားသော အထည်အလိပ်ထုတ်ကုန်ပစ္စည်းများ၊ စက်ပစ္စည်းများကို လေ့လာခွင့်ရရှိမည်ဖြစ်သည်။

အဆိုပါ Made in Myanmar ပြပွဲအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆၊၇၊၈ ရက်တို့တွင် Inya Lake Hotel, Yangon Convention Center (YCC) ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

image

imageimage
45 w - Translate

BREAKING: အသင်းဖော်မှ နည်းပြအဖြစ်သို့...

♦️@ CLMerlo ရဲ့ ဖော်ပြချက်အရ အင်တာမိုင်ယာမီအသင်းသည် နည်းပြသစ် အဖြစ် လီယွန်နယ်မက်ဆီ နဲ့ အတူကစားခဲ့ဖူးတဲ့ အသင်းဖော်ဖြစ်သူ Javier Mascherano ကို ခန့်အပ်နိုင်တော့မယ်လို့သိရပါတယ်။

♦️အာဂျင်တီးနားလူမျိုး နည်းပြ နဲ့ အသင်းကြား သဘောတူညီမှု အပြည့်အဝ ရခဲ့ပြီဖြစ်ပြီး Javier Mascherano က လီယွန်နဲ့မက်ဆီ နဲ့ အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်ပါတယ်။

♦️စာချုပ်စာတမ်းတွေပြင်ဆင်ပြီးပြီဖြစ်ပြီး လက်မှတ်ထိုးဖို့သာလိုအပ်တော့တာဖြစ်ပါတယ်။

image
45 w - Translate

တနေကုန် စရင်တွေတွက် အခုမှအားတယ်...

image

image
45 w - Translate

ကိုယ် အလေးထားတဲ့သူက
ကိုယ့်ကို အလေးမထားဘူးဆိုရင်
ရပ်နေလဲ အလကားပဲ
တစ်နေ့တစ်နေ့
မျက်ရည်တွေ ကျလာရရုံ
ပြီးတော့
၀မ်းနည်းရရုံကလွဲလို့
ဘာမှ ထူးမလာဘူးလို့တော့
ထင်တာပါပဲ
တစ်ခါတစ်လေ
တန်ဖိုးဆိုတာကလဲလေ
ပိုင်ဆိုင်ရတဲ့လူနဲ့လဲ ဆိုင်တယ်
ဘယ်လောက်ပဲ တန်ဖိုးရှိရှိ
တန်ဖိုးမှ သိမနေရင်
တန်ဖိုး ထားတတ်မှာ မဟုတ်ဘူးလေ။

🍂🖤
#ᗩᒪoᑎᗴ

image
45 w - Translate

ဒဏ်ရာတွေလာပေးတဲ့ kpay ရယ်

image
45 w - Translate

နောက် ၁ဝ နှစ်ကြာရင်
ကိုယ်နဲ့ အတူရှိနေမယ့်လူဟာ
အခုချိန် ကျနော်ချစ်နေတဲ့လူပဲဖြစ်ချင်တယ်
အဲ့ဒီလူဟာ မင်းပါပဲ။

#1918a

image
45 w - Translate

ဘဝမှာ နေရတာပျော်လားလို့မေးခဲ့ရင်
သိပ်ပျော်တယ်လို့ပဲ ကျွန်မဖြေမယ်...

မနက်ခင်းနိူးထလို့ အသက်ရှင်ခွင့်‌ရှိနေသေးတာဟာလည်း ကံကောင်းခြင်းတစ်ခုပါပဲ...

အလကားရတဲ့ "လေ"ကိုရှုရှိုက်ပြီး ရှင်သန်လှုပ်ရှားခွင့်ရနေသေးတာဟာလည်း ကံကောင်းခြင်းထဲကတစ်ခုပါပဲ...

မြင်နိူင်တဲ့ မျက်လုံးတွေရှိနေတုန်း အကောင်းမြင်စိတ်မွေးပြီး ကြားနိူင်တဲ့နားတွေရှိနေခိုက် သာယာနာပျော်ဖွယ် သဘာဝရဲ့တေးသံတချို့ကိုနားဆင်းခွင့်ရတာကလည်း မင်္ဂလာတစ်ပါးပါပဲ...

ကိုယ့်မှာရှိတဲ့အရာကို တန်ဖိုးထားပြီး မိမိကိုယ်ကိုယ်ချစ်တတ်ခြင်းကလည်း ဘဝ နေပျော်ခြင်းတစ်ခုပါပဲ...

ရှင်သန်ခြင်းနေ့ရက်တွေမှာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ကိုယ့်ကြောင့် နစ်နာဆုံးရှုံးခြင်းမရှိရင် ဘဝနေရတဲ့ အခိုက်အတန့်တိုင်းက လိပ်ပြာလုံပါတယ်...

ငယ်ငယ်က အမေက ဘယ်မှာပဲ‌ေဆာ့‌ေဆာ့မပျော်တော့ရင် အိမ်ပြန်ခဲ့လို့ ပြောခဲ့ပေမဲ့ ဘဝရဲ့လောကဓံနဲ့အံတု ပြီး"ကစား" နေကြရတဲ့ လူတန်းစားတွေမို့ မပျော်ပေမဲ့ အိမ်ပြန်ချိန်နဲ့ဝေးတဲ့အချိန်တွေမှာတော့ ပျော်အောင်နေကြရအုံးမှာပါ...

ကိုယ်လိုချင်သလို စိတ်တိုင်းကျ ရနေတဲ့ဘဝမဟုတ်လို့ ဒဏ်ရာတွေကြားမှာလည်း နေပျော်ပါတယ်...

#mayhsuyarmanyamyae

image
45 w - Translate

မင်းကို တကယ် ချစ်တဲ့သူက
မင်းကို စိတ်ညစ်အောင် မလုပ်ဘူးတဲ့ ။

အဲ့ဒီစကားကို ကြားရပြီးကတည်းက
လူတစ်ယောက်က လိုတာထက်ပိုပြီး
ကိုယ့်ကို စိတ်ညစ်စေရင်
ဒီလူဟာ ကိုယ့်ကို တကယ် မချစ်တာပါလားဆိုတဲ့
အသိကလေးပါ ဒွန့်တွဲပြီး ဝင်လာတယ် ။

ကိုယ့်ကို ချစ်တဲ့သူတစ်ယောက်က
သူ့အတွက်နဲ့ ကိုယ့်က်ို စိတ်ညစ်ရအောင် မလုပ်ဘူး ။
စိတ်ညစ်အောင်လည်း မထားဘူး ။
အမြဲကိုယ်ပျော်ဖို့ပဲ လိုက်လျောပေးတဲ့ လူစားမျိုးပေါ့ ။

ကိုယ့်ကို မျက်ရည်ကျစေတဲ့သူဟာ
ကိုယ်ချစ်ရတဲ့သူဖြစ်ပြီး
ကိုယ့်မျက်ရည်ကို နားလည်တာကတော့
ကိုယ့်ကို ချစ်တဲ့သူပဲ ။

ဒီစာသားလေးကို နိုင်နိုင်းစနေရဲ့ စာအုပ်လေးထဲမှာ
ဖတ်မိထားတာ ကြာတော့ကြာပြီ ။
သဘောကျလို့
ခုချိန်ထိ အမြဲလိုလို ခေါင်းထဲ ရှိနေတဲ့စာသားလေး ။

လူတစ်ယောက်က ကိုယ့်ကို ချစ်တယ်ပြောပြီး
နေ့စဉ်နှင့်အမျှ ဒူးနဲ့မျက်ရည်သုတ်ရအောင် လုပ်နေရင်
သူပြောတဲ့ ချစ်တယ်ဆိုတာဟာ အလကားပဲ ။

တကယ်ချစ်ရင် ပျော်အောင်ထား ။
လူတစ်ယောက်ကို
ကိုယ့်ကြောင့် အမြဲပျော်ရွှင်အောင် လုပ်ပေး ။
ဒါမျိုးမှ တကယ် ချစ်တာ ...

စိတ်ညစ်စရာတွေ လာပေးတဲ့သူက တကယ်ချစ်တာလား
ကိုယ့်ကို အမြဲပျော်အောင်ထားတဲ့သူက
တကယ်ချစ်တာလားဆိုတာ ခင်ဗျားလည်း သိမှာပါ။

အမေက အဖေ့ကို ဘာလို့ရွေးချယ်ခဲ့လဲ ဆိုတော့
အမေက အဖေ့ကြောင့် တစ်ခါမှ စိတ်မညစ်ရဖူးဘူးလို့
ဖြေတယ် ။

လူတစ်ယောက်ရဲ့ ချစ်တယ် ဆိုတာဟာ
ကိုယ့်ကို ပျော်အောင်ထားခြင်းပါပဲ ။

🍂❤️
#ᗩᒪoᑎᗴ

image