Minecraft နဲ့ ဆင်တူတဲ့ ကမ္ဘာ့ပထမဆုံး AI Video Game
AI ကို စက်ရုပ်တွေ လမ်းတံတားတွေ သင်္ချာပုစ္ဆာတွေ စသဖြင့် နယ်ပယ်အသီးသီးမှာ အသုံးချနေတာ အချိန်တစ်ခုရှိလာပြီဆိုတော့ AI နဲ့ဖန်တီးထားတဲ့ ဂိမ်းတွေထွက်လာမှာလည်း ဒုနဲ့ဒေးပါပဲ။ ဟုတ်ပါတယ် အခုပြောပြပေးမှာကလည်း AI နဲ့ အစအဆုံးဖန်တီးထားတဲ့ AI Video Game ပါ။ အစ္စရေးမှာရှိတဲ့ Decart AI ကုမ္ပဏီတစ်ခုကနေ မိတ်ဆက်လာတာပါ။
ဒီ AI Video Game ကိုတော့ “Oasis” လို့ အမည်ပေးထားပြီး အခမဲ့ဆော့ကစားနိုင်မှာပဲဖြစ်ပါတယ်။ Oasis ဂိမ်းကတော့ Minecraft ကို အခြေခံထားပြီး AI နဲ့ပဲ အစအဆုံး 100% ဖန်းတီးထားတဲ့ ဂိမ်းပါ။ AI ရဲ့ လုပ်ဆောင်နိုင်စွမ်းကို စမ်းသပ်တဲ့ပရောဂျက်လည်း ဖြစ်ပါတယ်။ Decart ဟာ ဒီပရောဂျက်အတွက် Hardware Startup ဖြစ်တဲ့ Etched နဲ့ပူးပေါင်းခဲ့တဲ့အပြင် ဒေါ်လာ ၂၁ သန်းအထိ ရင်းနှီးမြုပ်နှံမှုတွေ ရခဲ့တယ်လို့လည်း ဆိုပါတယ်။
လက်ရှိ Demo ကို ဆော့ကြည့်တဲ့အခါမှာတော့ ကြည်လင်ပြတ်သားမှု အားနည်းသေးတဲ့အပြင် တချို့ Feature တွေက ကောင်းကောင်းအလုပ်မလုပ်တာမျိုး ဆော့ရတာထစ်သယောင်ယောင်မျိုးတွေ ဖြစ်တယ်လို့ YouTuber အချို့က ဆိုပါတယ်။ ဒါ့အပြင် Oasis မှာဆိုရင် Player တွေဟာ ကိုယ်ကစားတဲ့ပေါ်မူတည်ပြီး ဂိမ်းရဲ့တုံ့ပြန်ချက်တွေကို မတူအောင်တွေ့မြင်ရမှာဖြစ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက်လည်း ဂိမ်းကစားရတဲ့ပုံစံ မတူညီလောက်ပါဘူး။
Oasis ကိုတော့ အောက်တိုဘာလကုန် နိုဝင်ဘာအစလောက်မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး အခမဲ့ဆော့ကစားနိုင်ပါပြီ။ Minecraft ပုံစံနဲ့ ဆင်တူဆိုတော့ minecraft ဆော့ရတာကြိုက်တဲ့သူတွေ ဆော့လို့ကောင်းမယ့်ဂိမ်းပါပဲ။ ဆော့ပြီးတဲ့သူတွေရှိရင်လည်း ကောင်းမကောင်း comment လေးပြန်ပြောပေးသွားပါဦးခင်ဗျာ...
Akhayar Tech
