up work added new photos to Ultra wide wallpaper
2 yrs

image
image
2 yrs - Translate

အားကြတယ်...
ဖွားဖွားရေ😍😍😍😍😍
ကျွန်မလည် တစ်နေ့နေ့...
ခွက်ကိုင်ပြီးဓါတ်ပုံရိုက်အုံးမယ်🤣🤣🤣🤣

image
2 yrs - Translate

ကိုယ့်ရဲ့ Partner က
" ရှေ့သွားတိုင်း နောက်ဖြောင့်ရတယ် ။ နောက်ကွယ်မှာလဲ စိတ်ချရတယ် " ဆိုတဲ့ စိတ်လုံခြုံမှုမျိုးကို အပြည့်အဝပေးနိုင်တာကလေ ဘာနဲ့မှလဲလို့မရဘူးနော် ။
တကယ်ပါ ပစ္စည်းဥစ္စာတွေလဲ မမက်မောဘူး ၊ သံသယကင်းကင်းနဲ့ ချစ်ရရင်ပဲ လုံလောက်ပြီ ။

🌼💛
#crd_to_owner_with_respect

image
2 yrs - Translate

လူနှစ်ယောက်ချစ်ကြပြီဆိုရင်
တစ်ယောက်ကိုတစ်ယောက်က
နားလည်ပေးနိုင်ရတယ် ။

ကိုယ်ဖြစ်ချင်တဲ့ ဘောင်ထဲ အတင်းဆွဲသွင်းပြီး
ကိုယ်လိုချင်တဲ့ ဘက်ကို သိမ်းသွင်းလို့မရဘူး
တစ်ယောက်နဲ့တစ်ယောက်ဖြတ်သန်းလာတဲ့
မှုလဗီဇ အသိုင်းအဝိုင်းအခြေခံတွေကို
မတူညီကြဘူး ဆိုတဲ့ အတွေးကိုတွေးထားရမယ်။

အဲ့ဒီတော့ ညှိယူပေးရမယ် ။
အချိန်ပေးရမယ် ။ ကိုယ်ဖြစ်ချင်တိုင်း
မဖြစ်ရလို့ အပြစ်တင်မယ် ဆိုရင်
ဒါဟာ ကိုယ်အတ္တ ကြီးနေတာလို့ခေါ်တယ်။

လူတွေဟာ တစ်ဦးကိုတစ်ဦး ဖြတ်သန်းစီးဆင်း
လာတဲ့ ပတ်ဝန်းကျင်တွေ မတူညီကြဘူး ။
အဲ့ဒီအခြေအနေမှာ လူနှစ်ယောက်ဆုံလာတဲ့အခါ
သူတို့ရှင်သန် လာတဲ့ ပတ်ဝန်းကျင်အသိုင်းဝိုင်းက
အသက်သွင်းပေးလိုက်တဲ့ အကျင့်တွေ
ခံယူချက်တွေဟာလည်းကွဲပြားနေတတ်တယ်
ဒါကို သိဖို့လိုတယ် ။

ဒီနေရာမှာ တစ်ယောက်ကိုတစ်ယောက်က
တူညီနိုင်မယ့် အချက်တွေ အားသားချက်တွေကို
ပေါင်းစပ်ပြီး မတူညီတဲ့ အချက်တွေအပေါ်မှာ
ဖြည့်တွေးပေးရမယ် အချိန်ပေးရမယ်
နားလည်ပေးရမယ် အပြစ်မတင်ရဘူး ။

Relationship တစ်ခုမှာ တစ်ခုခုဆို
ငါ့မှုဘောင်အတိုင်းပဲ ဖြစ်ရမယ်
ငါ့အကြိုက်ပဲ လိုက်ရမယ်
ငါ့ဖြစ်ချင်တာကိုပဲ ဖြစ်ပေးရမယ်ဆိုတဲ့
ငါစွဲအတ္တတွေ များလာရင် အဲ့ဒီ ချစ်ခြင်းမေတ္တာဟာ
ပျော်စရာတွေချို့တဲ့လာတယ်
ပြီးရင် အမြဲတမ်း ဘာတွေ အပြစ်ဖြစ်အုံးမလဲ
ဆိုပြီး ကျန်တဲ့ လူတစ်ဖက်သားက
စိုးရိမ်လာရတယ် ။

လူနှစ်ယောက်ချစ်ကြပြီ ဆိုရင်
ပျော်စရာနည်းလာတဲ့အပြင် ဘာတွေထပ်ပြီး
အပြစ်တင်ခံရအုံးမလဲလို့ တွေးနေရပြီဆိုရင်
အဲ့ဒါ ချစ်နေကြတာမဟုတ်ဘူး
တစ်ယောက်ကိုတစ်ယောက် အတ္တတွေနဲ့
ဘောင်လိုက်ခတ်နေကြတဲ့ လူတွေဖြစ်နေပြီဆိုတာ
သတိထားဖို့လိုလာပါပြီ ။

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်
ဖြည့်တွေးပေးတဲ့ ချစ်ခြင်းမေတ္တာတွေမှာ
ပျော်ရွှင်စရာ ရာခိုင်နှုန်းတွေပိုများလာတယ်
စိတ်လုံခြုံမှုတွေနဲ့ ယုံကြည်မှုနဲ့တွေ ရလာတယ်
ရဲရဲဝံ့ဝံ့ရှေ့ဆက်နိုင်ကြတဲ့ သတ္တိတွေ အပြည့်နဲ့
အတူတူ ဘယ်အရာတွေကိုမဆို
ရင်ဆိုင်ရဲလာကြတယ် ။

အဲ့တာကြောင့် တစ်ယောက်ကိုတစ်ယောက်
ချစ်ကြပြီ ဆိုရင် အတ္တတွေမများစေနဲ့
ကိုယ်ဖြစ်ချင်တာတွေကို ဆွဲမယူကြပါနဲ့ ။

" ချစ်ခြင်းမေတ္တာတွေဟာ
ကျန်းမာနေဖို့လိုတယ် "

🍂❤️
#ᗩᒪoᑎᗴ

image
2 yrs - Translate

အဲ့ဒီမိန်းမရဲ့
နောက်ကျောကို ကြာကြာတောင်
ကြည့်ခွင့်မရဖူးပါဘူး။
အဲသလို ကြွယ်ပြတာကိုလည်း
အဲ့ဒီမိန်းမက မကြိုက်ပြန်ဘူးတဲ့။

ဒီဘက်နှစ်တွေမှာ
တစ်ယောက်ကိုတစ်ယောက်လိုအပ်တယ်ဆိုတာ
ခေတ်ကတောင်းဆိုတဲ့ ဆိုးဆေးကင်းတဲ့အနုပညာပါ

ကျွန်တော်က
သာမှန်လူတစ်ယောက်ဖြစ်လို့
သူ့ကို လိုအပ်ခဲ့ပြီး
သူကတော့ သာမှန်ထက်ပိုတဲ့သူမို့
ကျွန်တော့်ကို မလိုအပ်ခဲ့ပါဘူး ။

ဒါတွေကိုသိလို့
ဆရာဆန်းကျော်စွာဝင်းက
"အချစ်က ရေမှမဟုတ်တာ
နိမ့်ရာဘဝထဲ ဘယ်စီးဝင်ချင်ပါ့မလဲ"လို့
ကြိုရေးထားခဲ့လို့
သူငယ်ချင်းတွေက စကားနာထိုးရင်
ပြန်ပြောစရာစကား ရခဲ့ပါတယ်..။

-ရိုးတံ

image
2 yrs - Translate

- 25 -

ဖြေးဖြေးချင်းစီ ထွက်ပြေးဖို့
နည်းနည်းချင်းစီ ရွေ့လျားနေရင်းကပဲ
အပြေးပြိုင်နေတဲ့ ကြွက်တွေရဲ့လမ်းထဲ
တစ်ခေါက်ပြန်ရောက်ခဲ့တယ်။
ပြွတ်သိပ်မွန်းကြပ်မှုဟာ အရည်သွေးကောင်းတဲ့
ကြာရှည်ခံပစ္စည်း...။

လမ်းကိုတွေ့ရင် လူတွေဟာ စိတ်အေးကြတာပါပဲ။
ဘယ်ကိုရောက်မယ်မှန်းမသိတောင် လျှောက်နေဖို့ကိုပဲ။
ဒီလိုနဲ့ နှစ်ဆယ့်ငါးနှစ်တာ နင်းဖြစ်ခဲ့တဲ့လမ်းတွေ...

ဆောင်းဟာ ထပ်ဝင်လာတယ်။
ခပ်ဝေးဝေးပြေးမယ် တွေးခဲ့တဲ့နောက်
အချိန်တွေကုန်တာ မြန်လာတယ်။

အများကြီးမမုန်းတော့ဘဲ
အများကြီးမချစ်တော့ဘဲ
အများကြီးကာကွယ်ရင်းနဲ့ပဲ
ထုတ်မဖတ်ဖြစ်တော့တဲ့ စာအုပ်တွေ...
ဆေးပြယ်သွားတဲ့ ဓာတ်ပုံတွေ...
ချောင်ထိုးခေါက်သိမ်းထားတဲ့ ဝါသနာအပိုင်းအစတွေ...
လက်ခံလိုက်ယုံအပြင် ဘာမှမတတ်နိုင်ခဲ့တဲ့ ပစ္စုပ္ပန်တွေ...။

အခက်ခဲတွေကြားထဲ
ကိုင်တွယ်ရခက်တဲ့ ငါ့ကိုယ်ငါလည်း ချစ်ပေးရတယ်။
ရှင်သန်နိုင်ဖို့ဆို ခက်ခဲနေတဲ့ ငါ့ကိုယ်ငါလည်း ချစ်တတ်ရမယ်။

#ur_four_leaf_clover
#piccredit

Long story short, I survived.

image
2 yrs - Translate

မိခင်ကို ဘန်ကောက် Central World က Merry Ville ဆီ အလည်ခေါ်သွားခဲ့တဲ့ ဂျွန်လွင် 🥰🥰🥰
ဂျွန်လွင်က သူ့ရဲ့တစ်ဦးတည်းသော မိခင်ကို Bangkok Central World မှာပြင်ဆင်ထားတဲ့ ခရစ္စမတ်အပြင်အဆင်တွေရှိရာ Merry Ville ဆီအရောက်ခေါ်သွားခဲ့ပါတယ်။ အသက်တွေကြီးသွားခဲ့ပေမယ့် သားတစ်ယောက်ရဲ့တာဝန်တွေကျေပွန်မှုကြောင့် Central World က Merry Ville ဆီအလည်အပတ်ရောက်ရှိခဲ့တာပါ။ ဂျွန်လွင်ဟာ မိခင်ကိုအရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်စောင့်ရှောက်လေ့ရှိသူတစ်ဦးပါ။

#crd

image
2 yrs - Translate

မလိုချင်ဘူးဆိုတော့လည်း
စိတ်မကောင်းဖြစ်ရုံကလွဲပြီး
ဘယ်တတ်နိုင်ပါ့မလဲကွယ်
ပိုလျှံလို့ ပေးနေတဲ့
မေတ္တာတွေမှ မဟုတ်ခဲ့တာ…
မင်း မို့လို့ စိတ်လိုလက်ရပေးနေမိတဲ့
မေတ္တာတွေပါပဲဲ မင်း ဖြစ်နေလို့ပါ

💭 | | 17.11.2024

image
2 yrs - Translate

မနောက်ပါနဲ့ဗျာ🙂‍↕️

image
2 yrs - Translate

“Offline is a new peace of mind.”

image