36 w - Translate

အေးလို့ ကွေး နေတာ မဟုတ်ဘူး
ဝေးလို့ ဆွေး နေတာ

image
36 w - Translate

Stylish Layered Haircuts with Bangs ❤

image
36 w - Translate

Stylish Layered Haircuts with Bangs ❤

image
36 w - Translate

Stylish Layered Haircuts with Bangs ❤

image
36 w - Translate

Stylish Layered Haircuts with Bangs ❤

image
36 w - Translate

Stylish Layered Haircuts with Bangs ❤

image
36 w - Translate

Stylish Layered Haircuts with Bangs ❤

image
36 w - Translate

Stylish Layered Haircuts with Bangs ❤

imageimage
+4
36 w - Translate

ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် ပထမနှစ်သင်တန်းတက်ရောက်ခွင့်ရသူများ(၂၉၁၀)ဦးရှိ

ကျန်းမာ‌ရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်း အားအရင်းအမြစ်ဦးစီးဌာနနှင့် တိုင်းရင်းဆေးပ ညာဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊ Naypyitaw State Academy, Faculty of Medicine ဆေးပညာနှီးနွှယ်တက္ကသိုလ်များနှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့တွင် ပထမနှစ်သင်တန်းတက်ရောက်ခွင့်ရသူ(၂၉၁၀)ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ သင်တန်းများကို နိုဝင်ဘာ ၂၁ ရက်မှစတင်၍ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ကျောင်းသား၊ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအား Naypyitaw State Academy ရှိ Function Hall ၌ နိုဝင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီကကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ခဲ့သည်။

ယခု ပညာသင်နှစ်တွင် ဆေးနှင့်ဆေးနှီးနွှယ်တ က္ကသိုလ်များ၌ ပထမနှစ်တက်ရောက်ခွင့်ရသော ကျောင်းသား/ကျောင်းသူ(၂၇၈၈)ဦး၊ တိုင်းရင်းဆေးတက္ကသိုလ်တွင် ပထမနှစ်တက်ရောက်ခွင့်ရသူ ကျောင်းသား/ကျောင်းသူ(၁၂၂)ဦး(စုစုပေါင်း ၂၉၁၀ ဦး)ရှိသည်။

image
36 w - Translate

လက်ဘနွန်တောင်ပိုင်းရှိ ရွာပေါင်း ၆၀ တွင် နေထိုင်သူများကို အိမ်ပြန်ခြင်းမပြုရန် အစ္စရေးတားမြစ်ထား

အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်းရှိ အရပ်သားများ သွားလာလှုပ်ရှားမှုကို တားမြစ်ထားပြီး နယ်စပ်ဒေသရှိ ကျေးရွာ ၆၀ ကျော်မှ ဒေသခံများအား နေရပ်သို့ မပြန်ရန် တားမြစ်ထားကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောရေးဆိုခွင့်ရှိသူ Avichay Adraee က X ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်တွင် ပြောကြားခဲ့သည်။

အစ္စရေးနှင့် ကပ်လျက်နယ်စပ်ရှိ လက်ဘနွန် ဒေသ ၁၀ ခုကို ဆက်သွယ်ထားသည့် စိတ်ကူးမျဉ်း၏ တောင်ဘက်သို့ ရွှေ့ပြောင်းခြင်းမပြုရန် တားမြစ်ထားသည်။ တပ်မတော်၏ ထုတ်ပြန်ချက်အရ မျဉ်း၏ တောင်ဘက်သို့ ရွေ့ပြောင်းသူများသည် မိမိကိုယ်ကို အန္တရာယ် ဖြစ်စေနိုင်‌ကြောင်းသိရသည်။

ထို့အပြင် အစ္စရေးစစ်တပ်သည် ဒေသခံများ မပြန်ရန် တားမြစ်ထားသည့် လက်ဘနွန်ကျေးရွာ ၆၀ ကျော်စာရင်းကို ထုတ်ပြန်ခဲ့သည်။

အစ္စရေးနှင့် လက်ဘနွန်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် အမေရိကန်-ပြင်သစ်၏ ပဏာမခြေလှမ်းကို အခြေခံ၍ နိုဝင်ဘာ ၂၇ ရက်တွင် စတင်အသက်ဝင်ခဲ့သည်။ အဆိုပါသဘောတူညီချက်က လက်ဘနွန်နိုင်ငံတောင်ပိုင်းနယ်စပ်တစ်လျှောက်တွင် ကုလသမဂ္ဂယာယီတပ်ဖွဲ့မှ ကျောထောက်နောက်ခံပြုထားသော လက်ဘနွန်တပ်များ ဖြန့်ကျက်ချထားရေးအတွက် ပံ့ပိုးပေးသည်။ အစ္စရေးတပ်ဖွဲ့များသည် ရက် ၆၀ အတွင်း လက်ဘနွန်တောင်ပိုင်းမှ တဖြည်းဖြည်းဆုတ်ခွာသွားမည်ဖြစ်သည်။

image