36 w - Translate

Beautiful Hairstyles with Braids 😍😍😍

imageimage
+6
36 w - Translate

သက်ဆိုင်ရာနိုင်ငံ၏ လေယာဉ်လက်မှတ်ပြနိုင်မှသာ OWIC ကတ် ထုတ်ပေးမည်

ပြည်ပသို့အလုပ်သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် မိမိသွားရောက်မည့် နိုင်ငံ၏ လေယာဉ်လက်မှတ်ပြနိုင်မှသာ OWIC ကတ် ထုတ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထို့ကြောင့် ယခင်သတ်မှတ်ထားသည့် အချက်အလက်များအပြင် လေယာဉ်လက်မှတ်ကိုပါ တပါတည်းပြရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အလုပ်အကိုင်အမျိုးအစား(PJ) နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအနေဖြင့် OWIC ကတ်ရှိမှသာ ပြည်ပထွက်ခွာခွင့်ရရှိမည်ဖြစ်သည့်အတွက် OWIC ကတ်ကို မဖြစ်မနေလျှောက်ထားရန် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။

OWIC ကတ်လျှောက်ထားရာတွင်လည်း လူသစ်ဖြစ်ပါက နိုင်ငံကူးလက်မှတ်၊ သန်းခေါင်စာရင်း၊ အလုပ်ခေါ်စာ၊ အေဂျင်စီထောက်ခံချက်၊ စမတ်ကတ်တို့ပြရမည်ဖြစ်ပြီး ခွင့်ပြန်အလုပ်သမားများအနေဖြင့် မိသားစုဆီလွှဲပို့ငွေ၊အခွန်ဆောင်ထားသည့် အထောက်အထားနှင့် အလုပ်ခွင့်စာတို့လိုအပ်ကြောင်း သိရသည်။

image
36 w - Translate

မွေးမြူရေးလုပ်ငန်းများ၌ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်ရန် နစက ဥက္ကဋ္ဌတိုက်တွန်း

မွေးမြူရေးလုပ်ငန်းများ၌ လျှပ်စစ်ဓာတ်အားအထောက်အကူပြုစေရေး နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၃၀ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ တွံတေးမွေးမြူရေးဇုန်သို့ ရောက်ရှိစဉ် တိုက်တွန်းပြောကြားခဲ့သည်။

၎င်းက ဇုန်များအလိုက် ရေရရှိရေးမှာအဓိကကျ ၍ မွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လုံလောက်သည့်ရေပမာဏပေးဝေနိုင်ရေးကို စနစ်တကျတွက်ချက်ဆောင်ရွက်ပေးရမည်ဟု ပြောသည်။

ဇုန်များအလိုက် လျှပ်စစ်ဓာတ်အားရရှိရေးဆောင်ရွက်ရန်လိုပြီး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်းများဆောင်ရွက်ပါက မွေးမြူရေးလုပ်ငန်းများ အတွက်အထောက်အကူဖြစ်စေနိုင်မည်ဟု တိုက်တွန်းပြောကြားသည်။

ထို့ပြင် တိရစ္ဆာန်အစာများကို ဇုန်များအလိုက် ဒေသထွက်ကုန်ကြမ်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများဖြင့် အသုံးပြုကာ ဇုန်များအလိုက် Green zone Area များဖော်ဆောင်ပေးခြင်း၊ မြက်နှင့် အရိပ်ရလေကာပင်များစိုက်ပျိုးခြင်းတို့ကိုလည်း ထည့်သွင်းပြောကြားသည်။

အလားတူ ကုန်ထုတ်လုပ်ရေးနှင့်ပတ်သက်ပြီး ရေရှည်အကျိုးစီး ပွားနှင့်စဉ်ဆက်မပြတ်သည့် ထုတ်လုပ်မှုဖြစ်စေရေး စနစ်တကျတွက်ချက်၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကိုအခြေခံသော တန်ဖိုးမြင့်စက်မှုကုန်ထုတ်လုပ်ငန်းများကိုထုတ်လုပ်နိုင်ရန်လည်း မှာကြားသည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအောင်မြင်ခြင်းဖြင့် လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက်လည်း များစွာအထောက်အကူဖြစ်စေနိုင်မည်ကို နစကဥက္ကဋ္ဌက အသိပေးပြောကြားခဲ့သည်။

Omar Marmoush!!!

ဒီရာသီထဲ ပြိုင်ပွဲစုံ (၁၈)ပွဲကစား (၁၅)ဂိုးသွင်းပြီး (၁၁)ဂိုးဖန်တီးထားနိုင်တဲ့ ဖရန့်ဖတ်အသင်းရဲ့ အီဂျစ် တိုက်စစ်ကစားသမား အိုမာ မာမွတ်ရှ်ကို လက်ရှိမှာ ဥရောပ ထိပ်သီးကလပ် အသင်းများစွာက အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။

ဒီလို ခြေစွာနေတဲ့ မာမွတ်ရှ်ကို ဘယ်အသင်းကများ ခေါ်ယူသွားနိုင်မလဲ...?

image
36 w - Translate

မိမိမှာ ဘယ်နေရာမှ အသုံ:မ ကျ သော်လည်း အိမ်မှာ အင ယ် ဆုံ: ဖြစ်နေသောအခါ

image

မှိုစုံနှမ်းဆီမွှေး
°°°°°°°°°°°°

ဒီမှိုစုံနှမ်းဆီမွှေးလေးကတော့သက်သတ်လွတ်
စားသုံးသူတွေအတွက်သာမကအရံဟင်းကောင်းကောင်းစားချင်သူတွေအတွက်ပါရည်ရွယ်ပါတယ်။

ကောက်ရိုးမှို..............၅ကျပ်သား
ကြက်နားရွက်မှိုအစို.....၅ကျပ်သား
ပင်အပ်မှို................... ၅ကျပ်သား
ငွေနှင်းမှို....................၅ကျပ်သား
ဂျပန်မှိုအညို................၅ကျပ်သား
ကြက်သွန်နီ................၁လုံး
ကြက်သွန်ဖြူ................ ၃တက်
ကြက်သွန်မြိတ်.............၃ပင်

အားလုံးပေါင်းရင်(၂၅)ကျပ်သားဆိုလို့များတယ်ထင်နေပါလိမ့်မယ်။ ဆိုလိုတာကအချိုးတူပါ။

ကြွက်နားရွက်မှိုအစိုမရပါကအခြောက်ကိုရေစိမ်ပြီးလဲသုံးနိူင်ပါတယ်

မှိုတွေကိုအရွယ်ညီသန့်စင်လှီးဖြတ်ပါ။

ရေနွေးပွက်ပွက်ဆူမှာဆားအနည်းငယ်နှင့်သံပုရာသီးတစ်စိတ်ညှစ်ထည့်ပြီးရေနွေးဖျောပါ။

ရေအေးစိမ်ပြီးရေစစ်ထားပါ။

ကြက်သွန်နီ၊ ဖြူ ကိုပါးပါးလှီးပြီးကြက်သွန်မြိတ်ကိုလက်တဆစ်ခန့်လှီးပါ။

ဒယ်ပြားတစ်ခုမှာနှမ်းဆီကိုအပူပေးပြီးကြက်သွန်နီ၊ ကြက်သွန်ဖြူ ကိုဆီသတ်ပါ။

မွှေးလာလျှင်ရေနွေးဖျောထားတဲ့မှိုတွေထည့်ပါ။

သီးရွက်စုံငံပြာရည်(မက်ဂီ)၊ ပဲငံပြာရည်အကြည်၊
သကြား၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်ပါ။

သက်သတ်လွတ်မဟုတ်သူများကခရုဆီ၊ကြက်သားမှုန့်တို့အသုံးပြုနိူင်ပါတယ်။

အနှုးမလွန်ခင်မီးဖိုပေါ်မှချပါ။ မီးဖိုပေါ်ကချခါနီးမှာမှကြက်သွန်မြိတ်လေးဖြူ းပေးပါ။

image
36 w - Translate

#ရွှေတွက်နည်း #မြန်မာ့ရွှေစျေးတွက်နည်း
၁ကျပ်= ၁၆ ပဲ
၁ပဲ= ၈ ရွေး
၁ကျပ်= ၁၂၈ ရွေး
၁ကျပ်= ၁၆.၆၀၆ ဂရမ်

၂ပဲ= ၁ မူး
၄ပဲ= ၁ မတ်
၈ပဲ= ၅ မူး
ချွင်းချက်အနေနဲ့ (၂) ပဲဲကို (၁) မူးလို့ ခေါ်ကြပေမယ့် (၈)ပဲဲကို (၅) မူးလို့ ခေါ်ကြပါတယ်ဗျ။ (၁၆)ပဲရဲ့ တစ်ဝက်မို့ (၈)ပဲကို (၅) မူးလို့ခေါ်တာပါ။

၁ကျပ်သား မှာ (၁၆)ပဲ ရှိလို့
(၁) ပဲ တန်ဖိုးသိချင်ရင် (၁၆) နဲ့စားလိုက်ရုံပါဘဲ။
၁ ပဲဲဖိုး= ရွှေစျေး ÷ ၁၆

ဥပမာ- ၁၆ ပဲရည်စျေးနှုန်း= 60,00000 ကျပ်
60,00000 ÷16= 375000
(၁) ပဲဲ တန်ဖိုးသိရပြီဆိုလျှင်
(၂) ပဲဲဖိုးကိုသိချင်ရင် (၂) နဲ့မြှောက်လိုက်ရုံပါပဲ။

၁ ရွေးဖိုးသိချင်ရင်
၁ကျပ်= ၁၂၈ ရွေး
60,00000÷128=23437
၁ ရွေး = 46875
(၂) ရွေးကိုဖိုးသိချင်ရင် (၂) နဲ့မြှောက်လိုက်ရုံပါပဲ။

image
36 w - Translate

မြန်မာ့ရိုးရာသင်္ကြန်ကို ကမ္ဘာ့အမွေအနှစ်ဖြစ်မဖြစ် ဒီဇင်ဘာ လဆန်းပိုင်းတွင် ဆုံးဖြတ်မည်

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ကမ္ဘာ့အမွေအနှစ်ဖြစ်မဖြစ် လာမည့်ဒီဇင်ဘာလဆန်းပိုင်းတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်Asunción မြို့တွင်ကျင်းပမည့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညီလာခံဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၁)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာလ (၂) ရက်နှင့် (၇) ရက်အတွင်းဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအ မွေအနှစ်ညီလာခံ အစည်းအဝေးသို့တက်ရောက်မည့်ကိုယ်စားလှယ်အဖွဲ့သည့် ယနေ့ နိုဝင်ဘာလ (၃၀) ရက်တွင် ရန်ကု န်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တဆင့်သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးကို H.E. မစ္စ Nancy Ovelar de Gorostiaga၊ ပါရာဂွေး သမ္မတ နိုင်ငံသံအမတ်ကြီးနှင့် အမြဲတမ်းကိုယ်စားလှယ်များတက်ရောက်ကြမည်ဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းထားသည့်မြန်မာနိုင်ငံမှ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်စန္ဒာခင်နှင့် တာဝန်ရှိသူများ တတ်ရောက်ကြမည်ဖြစ်ကြော င်း သိရသည်။