တရုတ်နှင့်အိန္ဒိယ ဆက်ဆံရေး ပြန်လည်ပြေပြစ်လာ

နိုဝင်ဘာ ၃၀

တရုတ်နှင့်အိန္ဒိယ စစ်သားများအကြား ဟိမဝန္တာနယ်စပ်ဒေသတွင် ခိုက်ရန်ဖြစ်ပွားမှုများရှိခဲ့သဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာခဲ့ပြီးနောက် လက်ရှိမှာတော့ နှစ်နိုင်ငံခေါင်းဆောင်များက ဆက်ဆံရေး ပြန်လည်ကောင်းမွန် လာစေရန် ကြိုပမ်းနေသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

အောက်တိုဘာလအတွင်းက ပြုလုပ်ခဲ့သည့် BRICS ညီလာခံတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) က အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ (Narendra Modi)နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း တရုတ်နှင့်အိန္ဒိယ ကာကွယ်ရေးဝန်ကြီးများသည် လာအိုတွင် ဆွေးနွေးခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ကတိပြုခဲ့သည်။

ထို့သို့ နှစ်နိုင်ငံခေါင်းဆောင်များအကြား ထိတွေ့ဆက်ဆံမှုများသည် မဟာဗျူဟာမြောက် ဆက်ဆံရေး ပြန်လည် ချိန်ညှိရေး နည်းလမ်းကို ရှာဖွေခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အခင်းအကျင်းကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းနေသလို အိန္ဒိယ ကလည်း ရှုထောင့်ပေါင်းစုံ ပါဝင်သည့် နိုင်ငံခြားရေးမူဝါဒကို ဖော်ဆောင်လျက်ရှိသည်။

၂၀၂၀ ပြည့်နှစ် ဇွန်လက တရုတ်နှင့်အိန္ဒိယ နယ်စပ်တွင် နှစ်နိုင်ငံစစ်သားများအကြား လူသေဆုံးမှုများရှိခဲ့သည့် ခိုက်ရန်ဖြစ်ပွားမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းတစ်လျှောက် အနိမ့်ဆုံးအဆင့်အထိ ကျဆင်းခဲ့သည်။

ပြီးခဲ့သည့် ၄ နှစ်အတွင်း တရုတ်နှင့် အိန္ဒိယအကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံစစ်သားများ ခိုက်ရန်ဖြစ်ပွားခဲ့သည့် လာဒက် (Ladakh) နယ်စပ်ဒေသတွင် ယခင်တပ်စွဲထားသည့် နေရာများ၌ စစ်သားများ ပြန်လည် ထားရှိရေးအတွက် စစ်ဘက်ဆိုင်ရာ ထိတွေ့တိုက်ခိုက်မှု မပြုရေး သဘောတူညီချက်ကို အောက်တိုဘာလက ရရှိခဲ့သည်။

အိန္ဒိယအစိုးရသည် နယ်စပ်ပြဿနာကို အဆုံးသတ်အထိ ဖြေရှင်းမည့် သဘောထားကို ပြသခဲ့ပြီးနောက် ထိုသဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ကြောင်း Chatham House သုတေသနအင်စတီကျု၏ တောင်အာရှရေးရာ သုတေသီတစ်ဦးဖြစ်သူ ချက်တက် ဘာဂျ်ပီ (Chietigj Bajpaee) က ပြောကြားခဲ့သည်။

Source: South China Morning Post

ပုံ - အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image
36 w - Translate

Camping 🏕️

image
36 w - Translate

Camping 🏕️

image
36 w - Translate

Camping 🏕️

image
36 w - Translate

Camping 🏕️

image
36 w - Translate

Camping 🏕️

image
36 w - Translate

Camping 🏕️

image
36 w - Translate

Camping 🏕️

image
36 w - Translate

Camping 🏕️

image
36 w - Translate

Camping 🏕️

imageimage
+6