ဆွာရက်ဇ်ကို အင်တာမိုင်ယာမီ ၁ နှစ် စာချုပ်သစ်ချုပ်

နိုဝင်ဘာ ၂၉

အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၄ ခုနှစ်ရာသီမှာ အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်ကို ၂၀၂၅ ခုနှစ် ရာသီအကုန်ထိရှိမယ့် ၁ နှစ် စာချုပ်သစ်ချုပ်ခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ ဆွာရက်ဇ်ဟာ ဘရာဇီးလ်ကလပ် ဂရီမီယိုအသင်းကနေ ထွက်ခွာပြီးနောက် ၂၀၂၄ ခုနှစ် ရာသီ မစတင်ခင်မှာ အင်တာမိုင်ယာမီ အသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။

ဆွာရက်ဇ်ဟာ အင်တာမိုင်ယာမီ အသင်းအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၃၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၅ ဂိုးသွင်းယူကာ အသင်းကို မေဂျာလိဂ်ပြိုင်ပွဲမှာ စံချိန်တင်ရမှတ်နဲ့ Supporters’ Shield ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် အင်တာမိုင်ယာမီအသင်းဟာ ဆွာရက်ဇ်ကို စာချုပ်သစ်ချုပ်ပြီး ဆက်ထိန်းသိမ်းခဲ့တာပါ။

ဆွာရက်ဇ်က အင်တာမိုင်ယာမီအသင်းမှာ နောက်ထပ်တစ်နှစ် ဆက်ပြီးရှိရမှာ ဖြစ်တဲ့အတွက် ပျော်ရွှင်ပြီး လာမယ့်နှစ်မှာ ပရိသတ်တွေကို ပိုပြီးပျော်ရွှင်အောင် လုပ်ဆောင်ပေးနိုင်ဖို့ မျှော်လင့်တယ်လို့ စာချုပ်သစ် ကြေညာချိန်မှာ ပြောခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ မကြာသေးခင်ကမှ နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တဲ့ မာတီနိုရဲ့နေရာမှာ အာဂျင်တီးနား ယူ-၂၀ အသင်းနည်းပြ မာရှေယာနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။

အဲဒါကြောင့် ဆွာရက်ဇ်ဟာ မက်ဆီနဲ့အတူ သူ့ရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်းဖြစ်တဲ့ မာရှေယာနိုနဲ့ အလုပ် အတူ ပြန်တွဲလုပ်ရမှာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ မာရှေယာနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ပြီး ဆွာရက်ဇ်ကို စာချုပ်သစ် ချုပ်ဆိုပြီးနောက် အသင်းခေါင်းဆောင် မက်ဆီကိုလည်း နောက်ထပ် ၁ နှစ် စာချုပ်သက်တမ်းတိုးနိုင်ဖို့ မျှော်လင့်နေတာပါ။

အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ် ပလေးအော့ဖ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် အသင်းသားတွေဟာ အားလပ်ရက် ရရှိနေပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ရာသီကြိုအတွက် ပြန်လည်ပူးပေါင်းရမှာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၅ ခုနှစ်ရာသီမှာ ဖီဖာကလပ်ကမ္ဘာ့ဖလား၊ မေဂျာလိဂ်ပြိုင်ပွဲ အပါအဝင် ပြိုင်ပွဲ ၅ ခုအထိ ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။

ပုံ - ဆွာရက်ဇ်ကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image

နိုဝင်ဘာ ၂၉ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image
1 y - Translate

Good Morning

image
1 y - Translate

ဩစတြေးလျပါလီမန်သည် ကမ္ဘာ့ပထမဆုံးဥပဒေဖြင့် အသက် 16 နှစ်အောက်များအတွက် ဆိုရှယ်မီဒီယာကို တားမြစ်ပိတ်ပင်လိုက်သည်။

image
TinMyoLwin changed his profile picture
1 y

image
1 y - Translate

နော်

image
1 y - Translate

🥀💔

image
1 y - Translate

စိတ်ကော လူကော ...
ပင်ပန်းနေတဲ့ ရက်တွေဆိုရင်လေ
ခင်ဗျားဖက်ထားတာလေးကို
လိုချင်ခဲ့တာ ...

ဘယ်အရာကြောင့်ဆိုပြီး
သေသေချာချာ
ပြောပြလို့မရတော့လောက်အောင်
အဆင်မပြေတာတွေ
စုပြုံနေတဲ့ ရက်တွေကျရင်
ခင်ဗျားရဲ့
အဆင်ပြေသွားမှာဆိုတဲ့ စကားလေးကို
လိုအပ်ခဲ့မိတာ ။

ကျွန်တော်က ...
သန်မာအောင် နေပါတယ်
သန်မာချင်ယောင်လည်း ဆောင်ပါတယ်

ဒါပေမယ့်
ကျွန်တော် ငိုချမိတဲ့အခါ
အပြစ်တင်မယ့်အစား
ဖေးမတတ်တဲ့ လူတစ်ယောက်တော့
လိုချင်မိလို့ ရတယ် မဟုတ်လား။

ကျွန်တော် ပြိုလဲမိတဲ့အခါ
ဒါတွေက ဖြစ်လေ့ဖြစ်ထပါဆိုပြီး
လဲကျနေတဲ့လူတစ်ယောက်ကို
ခလုတ်တိုက်မသွားမယ့်
လူတစ်ယောက်လောက်တော့
လိုချင်မိလို့ ရတယ်မဟုတ်လား

ကျွန်တော်က ... သန်မာအောင် နေပါတယ်
သန်မာချင်ယောင်လည်း ဆောင်ပါတယ်

ဒါပေမယ့်...
ဆက်ပြီး ဟန်ဆောင်နေနိုင်ဖို့ဆို
ကျွန်တော် ခင်ဗျားကို လိုပါတယ် ။

#ကျေးကို
(ရင်နှင့်ရင်း၍ ရေးသည်)

image
1 y - Translate

Agust D feat. Niihwa / 28

image
1 y - Translate

ရုန်းကန်နေကြရချိန်မှာတော့
ေ၀းနေကောင်း ဝေနေနိုင်ကြပါတယ်
ဒါပေမဲ့ ကိုယ်စိတ်တွေ အချစ်တွေကတော့
မင်းရဲ့အနီးဆုံးနေရာတစ်ခုမှာ အမြဲရှိနေပါတယ်

စိတ်မချတဲ့အခါလည်း ရှိတယ်
သိပ်အားမရတဲ့အခါလည်း ရှိမယ်
အူတိုလို့စိတ်ဆိုးရန်ရှာတဲ့အခါလည်း ရှိမယ်

ဒါတွေအားလုံးဟာ မင်းစိတ်ကို
ပင်ပန်းစေချင်လို့ မဟုတ်ပါဘူး
ဘယ်သူမဆို ကိုယ်ချစ်ရသူကို
ပိုင်ဆိုင်ချင်ကြတဲ့ လောဘတော့ ရှိကြတာပါလေ
အဲ့ထဲမှာ ကိုယ် လည်းအပါ၀င်ပေါ့။

#1918a

image