2 yrs - Translate

❝ ခုချိန်မှတော့
လီနင်အစစ်ကိုလည်း မတွေ့ချင်တော့ပါဘူး
လင်ကွန်းအစစ်ကိုလည်း မတွေ့ချင်တော့ပါဘူး
ဗြဟ္မစိုရ်တရားကိုသာ တွေ့ချင်ပါတော့တယ်
ငယ်ငယ်တုန်းက
ရော့ခ်ဂီတနဲ့ မာရီဝါးနားကို ကြိုက်တယ်
အရွယ်ရလာတော့
အပါယ်ကျမှာ ကြောက်တယ်
တစ်ဘဝလုံး ခါချကာမှ
ကဗျာလေး တစ်ပုဒ်စ နှစ်ပုဒ်စနဲ့
ငါ့ကို ဘာကောင်လဲလို့ မမေးနဲ့
ဧည့်စာရင်းတိုင်နေရတဲ့ နိုင်ငံသားတစ်ယောက်
▪️လှသန်း▪️

image
2 yrs - Translate

WhatsApp သည် အသစ်ထည့်သွင်းမည့်featureတစ်ခုဖြစ်သော Motion Photos ကို မကြာမီမိတ်ဆက်ပေးမည်ဖြစ်သည်။

WABetaInfo တွင်ဖော်ပြထားသည့်အတိုင်း ၎င်းလုပ်ဆောင်ချက်ကို Android ဗားရှင်း 2.25.8.12 အဖြစ်Google Play Store တွင် beta tester အနေဖြင့်စမ်းသပ်အသုံးပြုနိုင်ပါပြီ။

အသုံးပြုသူများသည် ဓာတ်ပုံကို သာမန်ပုံစံဖြင့် သို့မဟုတ် Motion Photo အဖြစ် သီးခြားရွေးချယ်၍ ပို့နိုင်မည်ဖြစ်ပြီး Gallery function အသစ်တစ်ခုအနေဖြင့် ထည့်သွင်းပေးထားသည်။

အဆိုပါလုပ်ဆောင်ချက်သည် တစ်ဦးချင်းစီ (individual chats)၊ အုပ်စုများ (group chats) နှင့် ချန်နယ်များ (channels) တွင်အသုံးပြုနိုင်မည်ဖြစ်သည်။iOS အသုံးပြုသူများအတွက်တော့ Live Photos အဖြစ်မြင်တွေ့ရမှပါ။

Motion Photo ပေးပို့နိုင်မှု လုပ်ဆောင်ချက်သည် လက်ရှိတွင်ဖန်တီးမှုအဆင့်တွင်ရှိနေပြီး မကြာမီတွင် စတင်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

image

𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆🚨⚪️
ထရန့်အလက်ဇန်းဒါးအာနိုးလ် နဲ့ ရီးရဲလ်မက်ဒရစ်ကြားဆွေးနွေးမှုတွေဟာ သဘောတူမှုရဖို့ အနီးကပ်ဆုံးအနေအထားကိုရောက်ရှိနေပါပြီ။ ရီးရဲလ်ဘက်က အာနိုးလ်ဘက်ကို တရားဝင်ကမ်းလှမ်းလိုက်ပြီဖြစ်ပြီး အသေးစိတ်အချက်အလက်များဆွေးနွေးဖို့သာကျန်ပါတော့တယ်
[Fabrizio]🌕

image
2 yrs - Translate

❛ အ စိမ်း ရောင် နှစ် များ ❜
ဤဝတ္ထု၏ အဓိကဇာတ်ကောင်သည်
အသက်အားဖြင့် အလွန်နုနယ်ငယ်ရွယ်
သေးသည့် “ရောဘတ်ရှန်နွန်” အမည်ရှိ
ကလေးသာသာ လူငယ်တစ်ယောက်ဖြစ်၏။
သူ့အသက်အရွယ်သည်
မလိမ်မိုးမလိမ္မာအရွယ်ဖြစ်သည်။
မနူးမနပ် စိမ်းဆတ်ဆတ်အရွယ်ဟုလည်း
ဆိုနိုင်ပါ၏။ ဤအတွက်ကြောင့် လည်း
အေဂျေကရိုနင်က သူ့ဝတ္ထုကို
(The Green Year's) ဟု အမည်
ပေးခဲ့ခြင်း ဖြစ်ဟန်တူပါသည်။
ရောဘတ်ရှန်နွန်၏ ဘဝသည်
အခက်အခဲများ၊ အနှောင့်အယှက်များ၊
အဖျက်အဆီးများနှင့် အဟန့်အတားများကို
အမြဲတစေ ရင်ဆိုင်နေရ သောဘဝဖြစ်သည်။
သူ တည်မှီရာ ပတ်ဝန်းကျင်ကလည်း
အကောင်းအဆိုး နှစ်မျိုးရောစပ်နေသည်
ဖြစ်ရာ အမြဲတစေ အဆင်ပြေနေသည်မဟုတ်။ အဆင်ပြေနေသည့်အခါ ပြေသော်လည်း
ပဋိပက္ခဖြစ်သည့်အခါ ဖြစ်ရသည်။
ထိုအခါမျိုးတွင် သူ ဉာဏ်မီသမျှ
စဉ်းစားဆင်ခြင်၍ အနိုင်မခံ
အရှုံးမပေး သော စိတ်ကိုမွေးကာ
ရုန်းကန်လှုပ်ရှားရသည်။ ဤအဖြစ်ကိုပင်
အေဂျေ ကရိုနင်က သူ၏
ထက်မြက်သော ကလောင်ဖြင့်
အသက်သွင်းထားခဲ့ခြင်းပင်
ဖြစ်ပါလေသည်။
_ _ _ _ _ _ _ _ _ _ _
▫️မောင်ထွန်းသူ▫️

image
2 yrs - Translate

ပိုကောင်းတဲ့ အခွင့်အရေးအတွက် အမေရိကားကနေ တရုတ်ကိုပြန်လာနေတဲ့ ပညာရှင်များ
ခုချိန်မှာ အာရှနိုင်ငံကလူတစ်ယောက်အနေနဲ့ အမေရိကမှာ အလုပ်အကိုင်ကောင်းကောင်းနဲ့ White Color Job ရခဲ့ရင် ဘယ်သူပဲဖြစ်ဖြစ် ချက်ချင်းထသွားမယ့်သူတွေများပါတယ်။ ပိုကောင်းတဲ့လူနေမှုနဲ့ ပိုကောင်းတဲ့လုံခြုံမှုပေးနိုင်တာကိုး။

ခုဖတ်လိုက်ရတဲ့သတင်းတစ်ခုထဲမှာတော့ တရုတ်နိုင်ငံက AI ပညာရှင်တစ်ယောက်က အမေရိကားနိုင်ငံရဲ့ ပညာရေးကိုယူခဲ့တဲ့အပြင် အလုပ်အကိုင်ကောင်းကောင်းရှိပြီးသားဖြစ်ပေမယ့် တရုတ်နိုင်ငံမှာ အမေရိကားထက်ပိုကောင်းတဲ့ AI လုပ်ငန်းခွင်နဲ့ ရင်းနှီးမြှပ်နှံမှုတွေရှိမယ်လို့ ထင်တဲ့အတွက် အကုန်လုံးကို ပစ်ချထားပြီး ပြန်လာခဲ့ပါတယ်။ သူအဓိကလုပ်ဆောင်တဲ့ နယ်ပယ်ကတော့ AI နဲ့ပတ်သက်တဲ့ ဆေးဝါးသုတေသနဖြစ်ပါတယ်။

သူ့နာမည်ကတော့ Fu Tianfan ဖြစ်ပြီး New York မြို့မှာရှိတဲ့ နည်းပညာတက္ကသိုလ်တစ်ခုရဲ့ လက်ထောက်နည်းပြတစ်ယောက်ပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာပဲ တရုတ်နိုင်ငံ Nanjing တက္ကသိုလ်မှာ AI နဲ့ပတ်သက်ပြီး လေ့လာမှုလုပ်ဖို့ US မှာရှိသမျှကို ပစ်ချပြီး ပြန်လာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ပညာရေးကို ပိုမိုအရေးပေးလာမှုကြောင့် ခုလိုပြည်ပရောက် ပညာရှင်တွေနှစ်စဥ်ပြန်လာနေပါတယ်။

Fu ကတော့ တရုတ်နိုင်ငံမှာ မတွေ့ရတာကြာပြီဖြစ်တဲ့ မိသားစုနဲ့ပြန်တွေ့ဆုံရသလို၊ တက္ကသိုလ်ကလည်းသူ့ရဲ့ လေ့လာမှုတွေအတွက် ထောက်ပံ့မှုတွေကောင်းကောင်းပေးမယ်လို့ ကတိပေးထားတဲ့အတွက် အိမ်ကိုပြန်လာရတာအတော်လေးဝမ်းသာတယ်လို့ မီဒီယာတွေပေါ်မှာရေးထားပါတယ်။

နိုင်ငံတစ်ခုမှာ သဘာဝတွင်းထွက်တွေနဲ့ သယံဇာတတွေမရှိတဲ့အခါ လူသားရင်းမြစ်ကိုပဲ အဓိကထားပြီး နိုင်ငံကိုတိုးတက်အောင်လုပ်ကြရပါတယ်။ စင်္ကာပူနိုင်ငံမှာ တွင်းထွက်တွေမကြွယ်ဝပေမယ့် ပညာရှင်တွေများတာကြောင့် နိုင်ငံသေးလေးဟာ ရှေ့ရောက်နေပါပြီ။

တရုတ်နိုင်ငံဟာလည်း AI ပြိုင်ပွဲထဲမှာ နောက်ကျမကျန်ခဲ့ဖို့ ကြိုးစားနေတယ်ဆိုတာ DeepSeek R1 ကိစ္စတွေနဲ့ ခုလိုကြိုကြားကြိုကြား ကြားလာရတဲ့သတင်းတွေဟာသက်သေပဲဖြစ်ပါတယ်။

image
2 yrs - Translate

ပုန်းညက်နဲ့ သရဖီ ကွဲကွဲပြားပြား သိစေချင်ပါတယ်။
ဘယ်လောက်တောင် ကွဲပြားလဲဆိုရင် 🍀
⭐⭐ ပုန်းညက်သည် ဝါဆိုမိုးနဲ့အတူ ပွင့်ပြီး
⭐⭐ သရဖီသည် တပေါင်းလနွေပူပူမှာ ပွင့်ပါတယ်လို့။
ခဏခဏ ပုံတင်တိုင်း ငြင်းရလို့ ပန်းနှစ်ခု ယှဉ်တွဲပေးလိုက်ပါတယ်။ 🤩🤩

#flowers

image

🚨🇧🇪 𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋
တစ်ချိန်က စပါးနဲ့ဘယ်လ်ဂျီယမ်ရဲ့ ဗာတွန်ဂန်-အဒါဝီရယ် ခံစစ်အတွဲထဲက ဝါရင့်ဘယ်လ်ဂျီယမ်နောက်ခံလူ ဗာတွန်ဂန်ဟာ ရာသီကုန်ရင် ဘောလုံးကစားသမားဘဝက အနားယူတော့မှာဖြစ်ကြောင်း တရားဝင်ကြေညာထားပါတယ်။
ဗာတွန်ဂန်-အဒါဝီရယ် ခံစစ်အတွဲကို မှတ်မိကြသေးလား?

image

Full Time (တောင်အမေရိကဇုန် 2026 ကမ္ဘာ့ဖလားခြေစစ်ပွဲ)
အာဂျင်တီးနား 4-1 ဘရာဇီးလ်
ဝုဗ်က ကွန်ညာက ဘရာဇီးလ်အတွက် ဂိုးသွင်းခဲ့ပြီး အာဂျင်တီးနားအတွက် အန်ဇိုက 1 ဂိုး 1 Assist , မက်အလစ္စတာကလည်း 1 ဂိုးသွင်းခဲ့ပါတယ်။

image

#cute

၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။

image