2 yrs - Translate

ဒီကနေ့ မင်္ဂလာဧည့်ခံပွဲကြီ:ကို ထိုင်းမိတ်ကပ်ပညာရှင် Mario နဲ့ပြင်ဆင်ခြယ်သခဲ့တဲ့ နေခြည်ဦး ❤️

ဒီဇင်ဘာလ ၁၄ ရက် ဒီနေ့လေးဟာ သရုပ်ဆောင် နေခြည်ဦးရဲ့ မင်္ဂလာဧည့်ခံပွဲကြီ:နေ့လေးပါ။ သူမရဲ့ မင်္ဂလာပွဲကိုတော့ Yangon Convention Centre မှာ နံနက် ၁၀ နာရီကနေစတင်ပြီး ကျင်းပနေတာဖြစ်ပါတယ်။
နေခြည်ဦးဟာ သူမရဲ့ မင်္ဂလာပွဲကြီ:ကို ထိုင်းကနာမည်ကြီးမိတ်ကပ်ပညာရှင် Mario နဲ့ ပြင်ဆင်ခြယ်သခဲ့တာ ဖြစ်ပါတယ်။ နေခြည်ဦးဟာ Mario နဲ့ပြင်ဆင်ခြယ်သခဲ့တဲ့ မင်္ဂလာပွဲဟာ ဒီနေ့ပွဲနဲ့ဆိုရင် ဒုတိယမြောက်ပွဲပဲဖြစ်ပါတယ်။ သူမကို ပြင်ဆင်ခြယ်သနေမှုကိုတော့ Mario က သူ့ရဲ့ ဆိုရှယ်အကောင့်ကနေ ဖော်ပြထားတာတွေ့ရပါတယ်။

#credit

image

ပြည်ပအလုပ်သမားတွေ ငွေပြန်လွှဲမှု တနေ့ကို အေဂျင်စီ ၅၀ နှုန်းနဲ့ ရက်ပိုင်းအတွင်း ခေါ်ယူစစ်ဆေးမယ်

ဒီဇင်ဘာ ၁၄

ပြည်ပကို အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ အလုပ်သမား ၆၀၀၀၀ နီးပါးက တရားဝင်လမ်းကြောင်းကနေ မိသားစုထံ လစာရဲ့ ၂၅ရာခိုင်နူန်း ငွေလွှဲပို့မှုရှိမရှိနဲ့ပတ်သက်ပြီး စေလွှတ်ခဲ့တဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကို အလုပ်သမားဝန်ကြီးဌာနက အခုရက်ပိုင်းအတွင်းမှာပဲ စစ်ဆေးမှုပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

အလုပ်သမားတွေကို စေလွှတ်ခဲ့တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီပေါင်း ၄၂၉ ခုရှိပြီး လချုပ်စာရင်းတွေပေးပို့ခြင်းမရှိတာကြောင့် အလုပ်သမားတွေငွေလွှဲပို့မှုအခြေအနေ၊အထောက်အထားတွေကို ဒီဇင်ဘာလ ၁၆ ရက်နေ့ကစပြီး ရန်ကုန်တိုင်း အလုပ်သမားရုံးမှာ တရက်ကို အေဂျင်စီ ၅၀ ခေါ်ယူစစ်ဆေးမှာဖြစ်တယ်လို့သိရပါတယ်။

" ကျွန်တော်တို့လွှတ်ခဲ့တဲ့ အလုပ်သမားတွေက သူ့အိမ်ကိုငွေပြန်လွှဲမလွှဲကို စစ်မှာပေါ့။သူတို့ငွေပြန်လွှဲအောင်လည်းကျွန်တော်တို့ကတာဝန်ယူရမယ်ဆိုပြီးပြောထားတော့ အခုကျွန်တော်တို့ကိုဒီကိစ္စနဲ့ပတ်သက်လို့ခေါ်စစ်တဲ့သဘောပေါ့။လွှဲထားရင်လည်းအထောက်အထားတင်ပြရမယ်။မလွှဲရင်လည်းမလွှဲကြောင်းကိုသူတို့သမှတ်ရက်မှာတင်ပြရမယ်ပေါ့။သူတို့ပြောတာသိပ်လွယ်တယ်ဗျာ။နိုင်ငံခြားရောက်သွားတဲ့သူရဲ့လုပ်ခလစာကိုကျွန်တော်တို့သွားပြီးစီမံလို့မရဘူးလေ။ငွေလွှဲဖို့တော့ ဒီမှာကတည်းက သေချာပြောလိုက်တာပဲ။သူတို့လည်းလက်ခံတာပဲ။ဟိုရောက်မှပြန်မလွှဲတာကို ကျွန်တော်တ ို့အေဂျင်စီတွေကိုပဲဖိအားပေးလုပ်နေတာအဆင်မပြေဘူး။ဒီပုံစံဆို အေဂျင်စီလုပ်ငန်းတွေ ရပ်နားမှုများလာနိုင်တယ်။" လို့ ခေါ်ယူစစ်ဆေးခံရမယ့်အထဲပါဝင်တဲ့ အေဂျင်စီတခုမှ ပြောပါတယ်။

အဆိုပါအလုပ်သမားတွေက ၂၀၂၄ ခုနှစ် မေလကနေ သြဂုတ်အထိ လေးလအတွင်း ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ လာအိုနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတချို့ကို စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေဖြစ်တယ်လို့သိရပါတယ်။

အလုပ်သမားတွေ မိသားစုဆီ ငွေပြန်လွှဲမယ့်ကိစ္စက အေဂျင်စီတွေမှာတာဝန်ရှိတယ်ဆိုပြီး အလုပ်သမားရှိ ရာမြို့ ကိုလိုက်ကာ အလုပ် သမားတွေ တရားဝင်ငွေလွှဲလာအောင်စည်းရုံးခိုင်းခြင်း ၊ အလုပ်သမားတွေဆီကနေ မိသားစုဆီ လစာရဲ့ ၂၅ ရာခိုင်နူန်း လွှဲထားတဲ့အထောက်အထားတွေ တောင်းပြီး ဝန်ကြီးဌာနဆီပြန်လည်တင်ပြရမယ်ဆိုတဲ့ ကိစ္စကြောင့်လက်ရှိမှာ အေဂျင်စီတွေပါ အခက်ကြုံနေရတယ်လို့သိရပါတယ်။

" အေဂျင်စီတွေပါအကျပ်ခံနေရတယ်။အလုပ်သမားအယောက်တရာပို့ရင် တရာလုံးက ပြန်လွှဲဖို့က အေဂျင်စီတာဝန်ဆိုတော့အကုန်လုံးဒုက္ခရောက်နေတာပေါ့။အဲဒီတော့ ကြားထဲကနေ အေဂျင်စီက မရရအောင်ကောက်ရမယ် ။အလုပ်သမား တွေ ရှိတဲ့နေရာလိုက်သွား အလုပ်သမား တွေ နဲ့ချိတ် ။တလကိုဘယ်လောက်လွှဲမယ်ဆိုတဲ့စာရင်းကိုပေး ၊ ပေးပြီးတော့ ဘယ်သူကဘယ်လောက်ပေးပါတယ်ဆိုပြီးအဲဒီ ၁၀၀ လုံးရဲ့စာရင်းကိုကောက် တင်ပြရမယ်ဆိုတော့ ဒုက္ခရောက်နေတာ။ လွှဲထားတဲ့စာရင်းလေးပြန်ပေးပါ ဆိုတာတောင် အလုပ်သမားတွေက ပြန်မပေးဘူး။သူတို့ဘက်ကကြည့်ရင်လည်း ကိုယ့်လစာကိုယ့်ဘာသာဘယ်လောက်လွှဲလွှဲ ပြန်ပေးစရာလားဆိုပြီး မေးခွန်းထုတ်မေးလို့ရတာပေါ့။ ဒါကသူတို့ရဲ့အခွင့်အရေးဖြစ်နေတာကိုး။အဲ့ဒါကို အဲ့စာရင်းကိုတောင်းပြီးအဲ့စာရင်း ဌာနပြန်တင်ခိုင်းတော့ အေဂျင်စီဒုက္ခရောက်နေတာ။" လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတခုရဲ့ တာဝန်ရှိသူ ကပြောပါတယ်။

ဝန်ကြီးဌာနကတော့ အေဂျင်စီတွေအနေနဲ့ မိမိပို့လွှတ်လိုက်တဲ့အလုပ်သမားတွေက သူတို့ မိသားစုဆီကို လစာရဲ့၂၅ ရာခိုင်နူန်း ငွေလွှဲပို့ခြင်းနဲ့ပတ်သက်တဲ့အထောက်အထားကို သတ်မှတ်ရက်မှာ အလုပ်သမားဝန်ကြီးဌာနဆီ တင်ပြနိုင်ခြင်းမရှိပါက ဒဏ်ကြေးပေးဆောင်ရမယ့်အပြင် ဒဏ်ကြေးပေးဆောင်ရမယ့်အပြင် အလုပ်ခေါ်စာ (Demand Letter) အသစ် တင်ပြခွင့်လည်း ဆိုင်းငံ့ခံရမယ်လို့ သတိပေးထား ပါတယ်။

ဒါကြောင့်လည်း ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းလုပ်ကိုင်နေသူတွေမှာ အခက်တွေ့နေရတာဖြစ် တယ်လို့သိရပါတယ်။

အေဂျင်စီတွေခေါ်ယူစစ်ဆေးမယ့်ကိစ္စနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိအောင် မေးမြန်းဖို့အတွက် အလုပ်သမား ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်ဖြစ်သူဦးညွန့်ဝင်းကို VOM မှ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း မိသားစုဆီ ငွေ လွှဲပေးပို့မှုနဲ့ပတ်သက်ပြီး လချုပ်စာရင်းမပို့တဲ့ အလုပ်အကိုင် အေဂျင်စီ ၁၁၈ ခုရှိခဲ့တယ်လို့သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage

သန်လျင်တွင် Wave အကောင့်ထဲ ငွေလာဖြည့်သူထံမှ ငွေစက္ကူတုများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာတွင် Wave အကောင့်ထဲ ငွေလာဖြည့်သူထံမှ ငွေစက္ကူတုများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဒီဇင်ဘာလ (၁၃)ရက် နေ့လယ် (၁)နာရီအချိန်က ညောင်သုံးပင်ကျေးရွာနေ ထက်လင်းကိုသည် ညောင်သုံးပင်ကျေးရွာရှိ တင်တင်ဝင်းရှိန် wave pay ဆိုင်တွင် တစ်သောင်းတန် (၁၄)ရွက်ပေးပြီး အကောင့်ကို ငွေဖြည့်ပေးရန်ပြောဆိုရာ ဆိုင်ရှင်က ငွေစက္ကူများကို မင်္ကာသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ သတင်းပို့ခဲ့သည်။

ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သွားရောက်စစ်ဆေးရာတွင် ထက်လင်းကိုသည် စံပြဈေး ခုံးကျော်တံတားပေါ်တွင် အမည်မသိ လူနှစ်ဦးထံမှ တစ်သောင်းတန် ငွေစက္ကူအတု (၁၄)ရွက်ကို ၎င်းပိုင်ငွေ ကျပ်ငါးသောင်းဖြင့် လဲလှယ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။

ယင်းအတွက်ကြောင့် ငွေစက္ကူအတု ကိုင်ဆောင်သူ ထက်လင်းကိုအား သန်လျင်မြို့နယ်ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်လာပြီး ဥပဒေနှင့်အညီ အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

#centralnewsnaypyitaw

image

၁၄.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
#crd_photo

image

၁၄.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
#crd_photo

image

၁၄.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
#crd_photo

image

၁၄.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
#crd_photo

image

၁၄.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
#crd_photo

image

၁၄.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
#crd_photo

image

၁၄.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
#crd_photo

image