2 yrs - Translate

နယ်စပ်ရေးရာကိစ္စများကိုဆွေးနွေးမည့် အလွတ် သဘောဆွေးနွေးပွဲ(၂)ခုသို့ ဝန်ကြီးဦးသန်းဆွေတက်ရောက်မည်

ထိုင်းနိုင်ငံတွင် လာမည့် ဒီဇင်ဘာ ၁၉ ရက်၌ပြု လုပ်မည့် အလွတ်သဘောဆွေးနွေးပွဲ(၂)ခုသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေတက်ရောက်မည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ အလွတ်သဘောဆွေးနွေးပွဲအား လာမည့် ဒီဇင်ဘာ ၁၉ ရက်၌ကျင်းပသွားမည်ဖြစ်ကာ မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ လာအို၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ဝန်ကြီးအဆင့်ရှိသူများ၊ ဒု-ဝန်ကြီးအဆင့်ရှိသူများနှင့် တာဝန်ရှိသူများတက်ရောက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။

" အဓိကကတော့ နယ်စပ်ရေးရာကိစ္စတွေ၊ နယ် စပ်ဖြတ်ကျော်မှုခင်းကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားကြမှာပါ။ နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ပူးပေါင်းတိုက်ဖျက်ရေးအတွက်ဆောင်ရွက်သွားမှာပါ"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့ပြင် "ဝ"ဒေသနှင့်ဖြစ်ပွားနေသောကိစ္စရပ်သည် သီးခြားကိစ္စရပ်ဖြစ်ကာ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံကြားတွင် နယ်ခြားဒေသကော်မတီအဆင့်ဆင့်ဖွဲ့စည်းထားပြီး လစဥ် ဆွေးနွေးဆောင် ရွက်လျက်ရှိသည်ဟု ပြောသည်။

ထို့ကြောင့် "ဝ"ဒေသနှင့်ပတ်သက်သည့် ကိစ္စရပ်များကို နယ်ခြားဒေသကော်မတီများ၏ ပုံမှန်အ စည်းအဝေးမှတစ်ဆင့်သာ ဆောင်ရွက်သွားနိုင်မည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။

image
2 yrs - Translate

စျေးကွက်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များကို ပူးပေါင်းအဖွဲ့က ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်နေ

စျေးကွက်အတွင်း ရောင်းချနေသည့် စားအုန်းဆီအရောင်းဆိုင်များကို သက်ဆိုင်ရာမှ ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များရှိ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာ၊ စားသုံးသူရေးရာ အပါအဝင် ဆက်နွယ်နေသော သက်ဆိုင်ရာ ဌာနအသီးသီးမှပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု သိရသည်။

ယခုတပတ်အတွက် ထုတ်ပြန်ထားသည့် ရန်ကုန်အထိုင် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးမှာ ဒီဇင်ဘာလ (၂ ၂) ရက်အထိ ရက်သတ္တပတ်ကာလအတွင်း တစ်ပိဿာ (၇၂ ၅၀) ကျပ် သတ်မှတ်ထားပြီး လက်လီ၊ လက်ကားစျေးကွက်များအတွင်း ရောင်းချနေသော စားအုန်းဆီများကို သယ်ယူစရိတ်နှင့် အကျိုးအမြတ်ကို (၂) ရာခိုင်နှုန်းထက် မပိုစေဘဲ ဖြန်ဖြူးရောင်းချရန် ညွန်ကြားထားကြောင်းလည်း သိရသ ည်။

image
2 yrs - Translate

ကျောက်ဆောင်ကမ်းပါးယံထက်က စတိုးဆိုင်။

တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်ရှိ ကျောက်ဆောင် ကမ်းပါးယံအထက်မှာဖွင့်လှစ်ထားတဲ့ စတိုးဆိုင်ဖြစ်ပါတယ်။

မတ်စောက်တဲ့ ချောက်ကမ်းပါးဘေးကနေ တွဲလောင်းကျနေတဲ့ ဆိုင်သေးသေးလေးဟာ အဲဒီ ကမ်းပါးယံပေါ်တက်လာတဲ့ တောင်တက်သမားတွေကို စားရေးသောက်ရေး ဆောင်ရွက်ပေးတဲ့အတွက်

"သက်သောင့်သက်သာမရှိသော၊ အဆင်မပြေသော ကုန်စုံဆိုင်" လို့ နာမည်ပြောင်ပေးထားကြပါတယ်။

အဲဒီကုန်စုံဆိုင်လေးဟာ ဟူနန်ပြည်နယ် Shiniuzhai အမျိုးသားဘူမိဗေဒဥယျာဉ်ရှိ မြေပြင်အထက် မီတာ ၁၂၀ (၃၉၄ ပေ) မှာ တည်ရှိပါတယ်။

ဆိုင်ကလေးဟာ ပတ်ဝန်းကျင်ရှုခင်းတွေထဲမှာ ထူးခြားမှုရှိပြီး ဆိုင်ကလေးကို ဖြတ်သန်းသွားတဲ့ တောင်တက် သမားတွေအတွက် စားရေးသောက်ရေးကို ထောက်ပံ့ ဆောင်ရွက်ပေးပါတယ်။

အလုပ်သမားတွေဟာ Zip lines တွေကိုအသုံးပြုပြီး ကုန်ပစ္စည်းတွေကို နေ့စဉ် ဖြည့်တင်းကြရပြီး ဝန်ထမ်းတစ်ဦးတည်းသာ စတိုးဆိုင်အတွင်းမှာ အချိန်မရွေးရှိနေတယ်လို့ သိရပါတယ်။

စတိုးဆိုင်ရှိရာ ချောက်ကမ်းပါးပေါ်တက် ဖို့ မိနစ် ၉ဝ လောက်ကြာတယ်လို့ ဆိုပါတယ်။

တောင်တက်သမားတွေဟာ စတိုးဆိုင်ကိုရောက်ရင် ပုံးအတွင်းက ရေသန့်ဘူးတစ်ဘူးကို အလကား ရယူနိုင်ပါတယ်။

Shiniuzhai ဥယျာဉ်ဟာ ကမ္ဘာ့အရှည် ဆုံးမှန်တံတား Haohan Qiao တည်ရှိရာနေရာလဲ ဖြစ်ပါတယ်။

(ကဲ တောင်တက်ပြီး ရေသန့်ဘူးတစ်ဘူး အလကားသွားယူကြပါစို့။)

image
2 yrs - Translate

ဆားဘီးယားသည် အစ္စရေးနည်းပညာ အသုံးပြု၍ သူလျှိုလှုပ်ရှားမှုကို လုပ်ဆောင်နေ ဟု Amnesty က ပြောကြားခဲ့။

ဆားဘီးယား တာဝန်ရှိသူများသည် ဒါဇင်နှင့်ချီသော သတင်းထောက်များနှင့် တက်ကြွလှုပ်ရှားသူများ၏ ဖုန်းများတွင် ပြည်တွင်းဖြစ် spyware များ တပ်ဆင်ထားကြောင်း Amnesty International က မကြာသေးမီလများအတွင်း ၎င်းတို့ ဟက်ကာခံရသည်ဟု တက်ကြွလှုပ်ရှားသူများထံမှ ဒစ်ဂျစ်တယ်မှုခင်းဆိုင်ရာ အထောက်အထားများနှင့် သက်သေများကို ကိုးကားကာ တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်နှစ်ခုတွင်၊ အစ္စရေးထောက်လှမ်းရေးကုမ္ပဏီ Cellebrite DI Ltd ၏ဆော့ဖ်ဝဲလ်ကို အသုံးပြုခဲ့၍ ကူးစက်ခြင်းမပြုမီ ဖုန်းများကို လော့ခ်ဖွင့်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

image
2 yrs - Translate

နိုင်ငံတကာသတင်းတိုများ

၁။တရုတ်နှင့်ထိုင်ဝမ်တင်းမာ​နေ​သော်လည်းရှန်ဟဲ-ထိုင်​ပေမြို​တော်များနှစ်ပတ်လည်အစည်းအ​ဝေးတက်​ရောက်ရန် ရှန်ဟဲဒုမြိုတော်ဝန်ဦး​ဆောင်​သောအဖွဲသည်ထိုင်​ပေသိုယ​နေ့​ရောက်ရှိလာသည်။

၂။တရုတ်နှင့်အ​မေရိကန်သည်သက်တမ်း ၄၅နှစ်ရှိပြံဖြစ်​သောသိပ္ပံနှင့်နည်းပညာပူး​ပေါင်း​ဆောင်ရွက်​ရေးစာချုပ်ကိုသက်တမ်းတိုးလိုက်ကြသည်။

၃။​တောင်ကိုးရီးယား​ခေတ္တသမ္မတသည်စ​တော့​စျေးကွက်တည်ငြိမ်​ရေးအတွက်အ​မေရိကန်သမ္မတဘိုင်ဒင်ထံကိုးရီယားနိုင်ငံ၏ လက်ရှိအ​ခြေအ​နေကိုဖုန်းဆက်​ပြောခဲ့သည်။

၄။​ရွေး​ကောက်ခံသမ္မတထရမ့်သည်လုပ်ကြံခံရ​သောဂျပန်ဝန်ကြီးချုပ်​ဟောင်းအာ​ဘေး၏ဇနီးကိုဖ​လော်ရီဒါရှိမာအာလာဂိုစံအိမ်တွင်တင်္ဂ​နွေ​နေ့က​လက်ခံတွေ့ဆုံခဲ့သည်။

NOM

2 yrs - Translate

၁၉၆၁ ခုနှစ် ဇန်နဝါရီ (၁)ရက်နေ့ဓါတ်ပုံပါ။ကဖီးရိုင်ရယ်တဲ့။မြို့ထဲတရုတ်တန်းဘက်ထင်တယ်။လိပ်စာအတိုင်း Google Map မှာရှာရင်‌တည်နေရာအတိအကျထွက်လိမ့်မယ်။

ဆိုင်းဘုတ်ကမဟာဗန္ဓုလလမ်းရေးထားတာတွေ့တယ်။နာမည်အဟောင်းဒါလဟိုဇီလမ်းရေးထားတာတွေ့တယ်။ဒီဓါတ်ပုံမူရင်းပိုင်ရှင်ကအမေရီးကားက Getty Images ကမ္ဘာထိပ်တန်းဓါတ်ပုံအေဂျင်စီပါ။

Getty Images Inc ဆိုတာအမေရိကန်နိုင်ငံ Seattle အခြေစိုက်တဲ့ရှားပါးဓါတ်ပုံစုဆောင်းရောင်းချတဲ့လုပ်ငန်းစုကြီးပါ။ကမ္ဘာ့ရှားပါးဓါတ်ပုံ ၈ သန်းကျော်နဲ့နာရီငါးသောင်းစာရုပ်ရှင်အပိုင်းတိုများမူပိုင်ခွင့်နဲ့သိမ်းဆည်းထားတယ်။

ဒီရှားပါးဓါတ်ပုံနဲ့ရုပ်ရှင်တိုလိုချင်သူကိုစျေးကောင်းကောင်းနဲ့ပြန်ရောင်းချတဲ့လုပ်ငန်းပါ။Getty Images ရုံးခွဲတကမ္ဘာလုံးမှာရှိတယ်။

ရှေးခေတ်ဟောင်းတန်ဘိုးကြီးဓါတ်ပုံရုပ်ရှင်ကို Digitized လုပ်ပြီးမပျက်စီးအောင်အဆင့်မြင့်သိမ်းဆည်းထားတယ်။Getty
Website မှာမှတ်ပုံတင်ပြီးလိုချင်တဲ့ဓါတ်ပုံ၊ရုပ်ရှင်ကိုအခကြေးငွေပေးဝယ်ယူနိုင်တယ်။

ပုံရိပ်ကြည်လင်ပြတ်သားမှုပေါ်မှုတည်ပြီးဓါတ်ပုံစျေးအမျိုးမျိုးရှိနိုင်ပါတယ်။HD အဆင့်ဓါတ်ပုံတပုံတန်ကြေး USD100-500 ကြားရှိတယ်။

Mark Getty နဲ့သူ့မိတ်ဆွေတစ်ယောက် Getty Images ကို ၁၉၉၅ မှာတည်ထောင်ခဲ့တာဆိုတော့သိပ်မကြာသေးဘူး။၂၀၀၃ ခုနှစ်မှာပြင်သစ်သတင်းအေဂျင်စီ AFP နဲ့ Getty အကျိုးတူပူးပေါင်းခဲ့ကြတယ်။

လူတိုင်းလက်ထဲမှာစမတ်ဖုန်းရှိပါတယ်။အချို့ဖုန်းဆိုကင်မရာအရမ်းကောင်းတဲ့ဖုန်းအမျိုးအစားပါ။ကိုယ်သံယောဇင်ရှိတဲ့ကိုယ်လူဖြစ်ခဲ့တဲ့ကိုယ့်မြို့နေရာတိုင်းကိုတတ်နိုင်သလောက်ဓါတ်ပုံမှတ်တမ်းတင်ထားစေချင်တယ်၊။တကူးတကမဟုတ်ဘူး။သွားရင်းလာရင်းပါ။

ကိုယ်နေထိုင်‌ဒေသနေရာစုံကိုဓါတ်ပုံရိုက်ပြီသိမ်းထားစေချင်တယ်။သေချာတာအခုမြင်နေရတဲ့ပုံစံကိုနှောင်အနှစ် ၂၀-၃၀ ကြာရင် (လုံးဝ)မြင်ရတော့မှာမဟုတ်ပါ။

ကိုယ်မှတ်တမ်းတင်ထားတဲ့ဓါတ်ပုံဟာ ကိုယ့်နောက်မျိုးဆက်အတွက်သမိုင်းကြောင်းအရ အရမ်းတန်ဘိုးရှိတဲ့ဓါတ်ပုံဖြစ်လာမှာ အသေအချာပါ။

Photo: Getty Image

image
2 yrs - Translate

တစ်ဖွဲ့လုံးမှာ ကိုယ်တစ်ယောက်ထဲရည်းဇားမရှိသောအခါ

image
2 yrs - Translate

ဇွတ်သနား မနေကြနဲ့
ငါ့လို တအိမ်လုံးနဲ့ မတည့်လို့ ကိုယ့်ဘာသာ ထမင်းဝိုင်းအပြင်ထွ!က်စားတာလည်း ဖြစ်နေအုံးမယ် 😂😂😂

image
2 yrs - Translate

♣ အမြင်ကျဉ်းတဲ့ သူဟာ
♣ စကားပြောရင်
♣ ဝါးလုံးရှည်နဲ့ ရမ်းတတ်တယ်။
♣ အမြင်ကျယ်တဲ့ သူက
♣ သူပြောမယ့် နယ်ပယ်ထဲကပဲ
♣ ပြောပါလိမ့်မယ် ။
♣ ဥပမာ....
♣ လက်မ မကောင်းရင်
♣ လက်မအကြောင်းပဲ ပြောပါလိမ့်မယ် ။
♣ လက်ငါးချောင်းလုံး
♣ ရောထွေးပြီး မပြောဘူး။
♣ လောကမှာ...
♣ အမြင်ကျဉ်းတဲ့သူနဲ့
♣ စကားပြောရတာလောက်
♣ လက်ပေါက်ကပ်တာ မရှိဘူး ။
♣ သူမြင်ချင်ရာပဲ မြင်ပြီး
♣ သူကြားချင်ရာပဲ ကြားတတ်တယ်။
♣ အဲလိုလူမျိုးတွေနဲ့ တွေ့ခဲ့ရင်
♣ အတတ်နိုင်ဆုံး
♣ မငြင်းခုန်မိအောင် ရှောင်ပါ။
♣ သင့်အတွက်
♣ ဘာအကျိုးမှ မရှိသလို
♣ သူလဲ ဘာအကျိုးမှ
♣ ရမှာလဲ မဟုတ်ဘူး။
♣ သင်ဘယ်လောက်ငြင်းငြင်း
♣ နိုင်မှာလဲ မဟုတ်သလို
♣ အချိန်ကုန် လူပန်း
♣ စိတ်နွမ်းတာပဲ အဖတ်တင်မယ်။
♣ လူဆိုတာ....
♣ တစ်ခါတစ်ရံ
♣ မှန်မှန်မှားမှား
♣ ဘာမှ မပြောပဲ
♣ နုတ်ဆိတ်နေလိုက်ခြင်းက
♣ ပိုပြီး ကောင်းတယ် ။
♣ ပိုပြီး အကျိုးရှိပါတယ်။

မူးရင်းရေးစားသူအား လေးစားစွာဖြင့်

image
2 yrs - Translate

ကော့သောင်းမြို့ တော်ဝင်ဆိပ်ခံတံတားရှေ့ ရေလယ်တွင် ရပ်နားထားသည့် ကုန်တင်သင်္ဘော မီးလောင်မှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ တော်ဝင်ဆိပ်ခံတံတားရှေ့ ရေလယ်တွင် ယုဇနကုမ္ပဏီပိုင် MV ပြည့်ရတနာဝင်း ကုန်တင်သင်္ဘော ကျောက်ချရပ်နားထားစဉ် မီးလောင်မှု ဖြစ်ပွားရာ ရေယာဉ်ပေါ်ပါ ရေဝင်ဘားများအား ဖွင့်လှစ်၍ ရေန-စ်မြုပ်အောင် လုပ်ဆောင်ခဲ့ရကြောင်း ပြည်တွင်းသတင်း ဖော်ပြချက်များအရ သိရသည်။

အဆိုပါ ကုန်တင်သင်္ဘောမှာ ရေယာဉ်မှူး အပါဝင် လှေလုပ်သား (၂၂) ဦးမှ နိုဝင်ဘာ (၁၁) ရက်က ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ရောက်ရှိလာခဲ့ပြီး ကုန်ပစ္စည်းများ ပြန်လည်တင်ဆောင်၍ ရေလယ်တွင် ရပ်နားထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ရပ်နားထားစဉ် ဒီဇင်ဘာ (၁၄) ရက်တွင် ဆပ်ပြာမှုန့် ကုန်ကြမ်းမှ စတင်၍ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ရာသို့ ခရိုင်မီးသတ်တပ်ဖွဲ့နှင့် ရေကြောင်းရဲတပ်ဖွဲ့ ရေယာဉ် (၁၆၃) တို့မှ မီးငြိမ်းသတ်ပေးခဲ့ကြောင်း သိရသည်။

သို့သော် မီးငြှိမ်းသတ်ရန်ခက်ခဲသဖြင့် ရေယာဉ်ပေါ်ရှိ ရေယာဉ်မှူးနှင့် လှေသားများအား စက်လှေဖြင့် တော်ဝင်တံတားသို့ ပို့ဆောင်ခဲ့ပြီး ရေယာဉ်န-စ်မြုပ်ရန်အတွက် ရေယာဉ်ပေါ်ပါ ရေဝင်ဘားများအား ဖွင့်လှစ်ကာ နစ်မြုပ်အောင် လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ရေယာဉ်ပေါ်တွင် PVC Resign Powder ကော်စေ့၊ အလှကုန်ပစ္စည်းဆီအုန်းဖက်၊ သံတိုင်ကီပေပါခွံ၊ Sodium Hidronate ဆပ်ပြာမှုန့်ကုန်ကြမ်း၊ နို့မှုန့်၊ ပလပ်စတစ်လိပ်၊ ကြွေပြားဆေးရည်၊ ရေခဲသေတ္တာ၊ ပုံးပြာဆိုက်စုံ၊ ပုလင်းခွံ၊ စက္ကူလိပ်၊ စုစုပေါင်း ခန့်မှန်း မတ်ထရစ်တန် (၇၀၀)ခန့် တင် ဆောင်ထားပြီး ရေလယ်တွင် ကျောက်ချရပ်နားထားစဉ် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

image