Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
❝အင်ဒိုနီးရှားနိုင်ငံက ထောက်ပံ့လှူဒါန်းသည့် ပိုလီယိုအစက်ချ ကာကွယ်ဆေး (၂.၇၁၆)သန်းကို ရန်ကုန်မြို့သို့ ပို့ဆောင်❞
ဒီဇင်ဘာ ၂၀
အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံသို့ ထောက်ပံ့လှူဒါန်းသည့် ပိုလီယိုအစက်ချ ကာကွယ်ဆေး (၂.၇၁၆) သန်း doses of Polio bOPV ကို ရန်ကုန်မြို့သို့ ပို့ဆောင်ခြင်းအခမ်းအနားတစ်ရပ် ဒီဇင်ဘာလ ၁၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
ယင်းအခမ်းအနားသို့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ် ဦးမန်ဟောက်ထန် ပါဝင်တက်ရောက်ခဲ့သလို အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာန၊ ဆေးဝါးစီမံခန့်ခွဲရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Agusdini Banun Saptaningsih တို့လည်း ပါဝင်တက်ရောက်ခဲ့သည်ဟုဆိုသည်။
ထို့ပြင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ညွှန်ကြားရေးမှူး Ms. Rina Setyawati၊ အင်ဒိုနီးရှားအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီ (Indonesian Agency for International Development – Indonesian AID)မှ အမှုဆောင်အရာရှိချုပ် Mr. Tor Tobing တို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
#သတင်းဟင်းလေးအိုးကြီး
Part-2
ဒီမိုကရေစီ ဟူသည် (၁)
၆။ ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံသား အားလုံး ပါဝင်သည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ပုံမှန် ကျင်းပလေ့ရှိသည်။ ရွေးကောက်ပွဲများသည် အာဏာရှင်စနစ် သို့မဟုတ် တစ်ပါတီစနစ်များက မိမိတို့၏ သရုပ်အမှန်ကို ဖုံးကွယ်ရန် ပြုလုပ်သည့် အတုအယောင်မျိုး မဟုတ်။ ပြည်သူ့ထောက်ခံမှုကို ယှဉ်ပြိုင်တောင်းခံသည့် အစစ်အမှန် ပွဲမျိုးသာ ဖြစ်၏။
၇။ ဒီမိုကရေစီစနစ်တွင် ဥပဒေစိုးမိုးမှုရှိ၍ အစိုးရများသည်လည်း အရာရာကို ဥပဒေနှင့်အညီသာ ဆောင်ရွက်ရသည်။ ပြည်သူများသည် ဥပဒေ၏ ကာကွယ် စောင့်ရှောက်မှုကို တူညီစွာ ရရှိကြပြီး၊ ပြည်သူတို့၏ အခွင့်အရေးများကိုလည်း တရားဥပဒေစနစ်က ထိန်းသိမ်း ကာကွယ် ပေးထားသည်။
၈။ ဒီမိုကရေစီနိုင်ငံများသည် ၎င်းတို့ အသီးသီး၏ ထူးခြားသော နိုင်ငံရေး လူမှုရေးနှင့် ယဉ်ကျေးမှု ဘဝများအရ ကွဲပြားမှုရှိကြသည်။ ၎င်းတို့ အားလုံးပင် ဒီမိုကရေစီ အခြေခံမူများပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သော်လည်း မူသေလုပ်နည်း လုပ်ဟန်များအတိုင်း တစ်ညီတည်း တစ်ထပ်တည်း လုပ်ဆောင်နေကြခြင်း မဟုတ်။
၉။ ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံသားတို့၌ အခွင့်အရေးများချည်းသာရှိသည် မဟုတ်၊ တိုင်းပြည်၏ နိုင်ငံရေးစနစ် ( နယ်ပယ်) ထဲတွင် ပါဝင်ဆောင်ရွက်ရန် လည်း တာဝန်ရှိသည်။ ဒီမိုကရေစီနိုင်ငံရေးစနစ် တည်တံ့အောင် ယင်းသို့ ပါဝင် စောင့်ထိန်းပေးမှသာ စနစ်က ဖန်တီးပေးမည့် မိမိတို့၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များလည်း တည်တံ့နိုင်မည် ဖြစ်သည်။
၁၀။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းများသည် မတူသော အယူအဆ အမူအကျင့် များကို သည်းခံမှု၊ ပူးတွဲဆောင်ရွက်မှု၊ အပေးအယူ အလျှော့အတင်းပြုမှုစသည့် အလေ့အထများကို တန်ဖိုးထားကြသည်။ ဒီမိုကရေစီစနစ်တွင် အပေးအယူပြု ညှိနှိုင်းမှုများအားဖြင့် အများသဘော တူညီသော ဆုံးဖြတ်ချက် များရအောင် ဆောင်ရွက်လေ့ ရှိကြသည်။ သို့သော် ထိုအနေအထားမျိုး အမြဲ မရနိုင်ကြောင်းလည်း သိမှတ် လက်ခံကြသည်။
မဟတ္တမဂန္ဓီက“မတူတာကို သည်းမခံခြင်းသက်သက်သည်ပင်လျှင် အကြမ်းဖက်ခြင်း တစ်မျိုးဖြစ်၍ စစ်မှန်သော ဒီမိုကရေစီစိတ်ဓာတ် ထွန်းကားရေးတွင် အနှောင့်အယှက် အဟန့်အတား ဖြစ်စေသည်” ဟု ဆိုခဲ့ရာ မတူသူများ ယှဉ်တွဲ နေထိုင်နိုင်ရေးသည် မည်မျှ အရေးကြီးကြောင်း သိနိုင်သည်။
မတူတာကို သည်းခံနိုင်မှ ငြိမ်းချမ်းစွာ အတူ နေထိုင်နိုင်မည်။
အတူနေနိုင်မှ သူရောကိုယ်ပါ ကောင်းဖို့အတွက် ညှိနှိုင်း ဆောင်ရွက် နိုင်မည်။
သူသူငါငါ ညှိနှိုင်း ပါဝင် ဆုံးဖြတ်နိုင်မှ အများသဘော လွှမ်းမိုးမည်။ အများသဘော လွှမ်းမိုးမှုနှင့် မတူတာကို သည်းခံနိုင်မှုတို့ ဒွန်တွဲ တည်ရှိမှ လူ့အခွင့်အရေး ပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ ဖြစ်ပေမည်။
~~~ အမှတ်တရ ~~~ { ၈ }
ဂျူး
တစ်နေ့နေ့မှာ
မောင် တစ်ခုလပ်ဖြစ်လာမလား၊
မုဆိုးဖို ဖြစ်လာမလား ဆိုတဲ့
ယုတ်ညံ့တဲ့ မျှော်လင့်ချက်နဲ့
မောင့်ကိုစောင့်ခဲ့တာ မဟုတ်ပါဘူးမောင်၊
အမျှင်တန်းပြီး ကျန်ရစ်မယ့်
သံယောဇဉ် အားကိုးနဲ့
မောင့်ရဲ့ မယားငယ်အဖြစ်
အရှက်မရှိ အသနားခံဖို့၊
စောင့်နေခဲ့တာလည်း မဟုတ်ပါဘူး။
ဒါပေမယ့် မောင့်ကို
ကျွန်မ ဘယ်လိုမှ မေ့လို့မရဘူး။
ကျွန်မလေ မောင်နဲ့ ခွဲရရင်
ရူးသွားမှာလို့ ထင်ခဲ့တယ်။
ခုတော့ ရူးလဲ မရူးပါဘူး။
မောင့်ကိုလည်း မမေ့ဘူး။
မောင့်ကို မေ့အောင် ဘာလုပ်ရမလဲ။
အကြံပေးခဲ့စမ်းပါဦး မောင်ရယ်။
ကျွန်မ ဘ၀မှာ နေလို့လည်း
မပျော်တော့ပါဘူး။
~~~~~~
အခန်း-၈
မောင်နှင့်ကျွန်မ ဘာမှမပတ်သက်တော့သည်ကို လက်ခံပြီးဖြစ်သည်။ ဘ၀ချင်း မတူတော့သည် မှာလည်း အထင်အရှား ဖြစ်သည်။ သို့ပါလျက် ကျွန်မဘေးမှ အားပေးနှစ်သိမ့်မည့် သူငယ်ချင်း ဘ၀မျိုး ဖြစ်စေ ၊ မိတ်ဆွေ ဘ၀မျိုးဖြစ်စေ…။မောင့်ကို လိုအပ်နေသေးပါသည်။ ကျွန်မ အလွန်စိမ်းသော မြို့တစ်မြို့၌ မျက်နှာစိမ်းများနှင့် တရင်းတနှီး နေရတာကို မောင်သိမှာမဟုတ်။
ကျွန်မ အလုပ်လုပ်သော သမဝါယမ ဆေးခန်း၌ ပင်နီဆလင်ထိုးဆေး မတည့်သောကြောင့် လူနာတစ်ဦး သေလုမြောပါး ဖြစ်သွားစဉ်က ကျွန်မသည် မြတ်စွာဘုရားကို မတမိခင် မောင့်ကို အရင်ဦးစွာ တမ်းတလိုက်မိသည်။ သွေးဖိအား သုညအထိ ကျသွားသောအခါ မျက်လုံးများ ပြာဝေလျက် တစ်ခုခု မြန်မြန် စဉ်းစားရသည်။ အနီးမှာ မောင် ရှိနေရင်တော့ ဘာလုပ် ၊ ဘာဆက်လုပ်ဟု အေးဆေးစွာ ပြောပြပေလိမ့်မည်။သို့သော် ဟန်ဆောင်ကောင်းသော ကျွန်မသည် အခြေအနေကို ချက်ချင်း သွေးအေးအေးဖြင့် ထိန်းနိုင်ခဲ့သည်။
လိုအပ်သော ဆေးပုလင်းများကို တစ်ခုပြီးတစ်ခု အစဉ်လိုက် ဖောက်၍ သွက်လက်စွာ ကုသသွားစဉ် ကျွန်မ လက်ဖျားများ တုန်ယင်လျက်ရှိသည်။ အားပေးမည့်သူ မရှိဘဲ မိမိကို အားကိုးတကြီး ကြည့်နေကြသည့် မျက်နှာများ ရှေ့မှောက်တွင် အတတ်နိုင်ဆုံး နှစ်သိမ့်ခဲ့ရသော်လည်း အားလုံး ပြီးစီး၍ ချောမောသွားချိန်တွင် ဆေးခန်းမှ ဒိုင်ယာဇီပင်မ် တစ်ပြား ယူသောက်ပစ်လိုက်ရင်း ….။
#ဆက်ရန်ရှိ
အမရပူရမြို့တွင် ဆီဘောက်ဆာယာဉ်တစ်စီး အနည်းငယ်မီးလောင်မှုုဖြစ်ပွားရာမှ ယာဉ်မောင်းဒဏ်ရာရ
နေပြည်တော်၊ ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပန်းချီကျေးရွာအနီး စစ်ကိုင်း-မန္တလေးလမ်းဟောင်း၊ ပန်းချီကျေးရွာ၊ KT စက်သုံးဆီဆိုင်ရှေ့လမ်းမတွင် ဆီဘောက်ဆာယာဉ်တစ်စီး အနည်းငယ်မီးလောင်မှုုဖြစ်ပွားရာမှ ယာဉ်မောင်းဒဏ်ရာရရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၉ ရက် နေ့လည် ၂ နာရီ ၄၃ အချိန်တွင် ဆီဘောက်ဆာယာဉ်တစ်စီး မီးလောင် ကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ အမရပူရမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)၊ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မြစ်ငယ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ တောင်သမန်ကျေး ရွာအရန်မီး သတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဘုံးအိုးကျေးရွာအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှမ်းကေ လးကျွန်းကျေးရွာအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တ ပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နေ့လည် ၃ နာရီအချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
“KT ဆီဆိုင်ရဲ့ရှေ့ကလမ်းမမှာဖြစ်တာ။ ကားထဲကိုဆီထည့်ရင်းနဲ့ ယာဉ်မောင်းရဲ့ဖိနပ်မှာ ခဲညှပ်လာတော့ အဲ့ခဲညှပ်တဲ့ဖိနပ်နဲ့ ဆီတိုင်ဂီရဲ့အဖုံးပွတ်တိုက်မိပြီး လောင်တာပါ။ ဆီဘောက်ဆာရဲ့အရှေ့ခန်း အနည်းငယ်ပဲ လောင်တာ။ယာဉ်မောင်းတော့ အနည်းငယ်ဒဏ်ရာရတယ်” လို့ အမရပူရမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။
မီးလောင်မှုကြောင့် ယာဉ်မောင်းဖြစ်သူအမျိုးသားမှာ ဘယ်ဘက်ဒူးခေါင်းနှင့် ပုခုံးတို့တွင် အနည်းငယ်မီး လောင်ဒဏ်ရာရရှိသောကြောင့် ၎င်းကို လူငယ်အားမာန်လူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် အမရပူရမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Photo – Credit
#centralnewsnaypyitaw
အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံသို့ ပိုလီယိုအစက်ချကာကွယ်ဆေး(၂)သန်းကျော်ထောက်ပံ့
အင်ဒိုနီးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပိုလီယိုအစက်ချကာကွယ်ဆေး(၂ ဒသမ ၇၁၆)သန်း doses of Polio bOPV ထောက်ပံ့ပေးခဲ့ပြီးဆေးများအား ရန်ကုန်မြို့သို့ပို့ဆောင်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ ၌ကျင်းပခဲ့သည်။
အခမ်းအနားသို့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ယာယီတာဝန်ခံ/သံအမတ် ဦးမန်ဟောက်ထန်တက်ရောက်ခဲ့သည်။
ထို့ပြင် အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာန၊ ဆေးဝါးစီမံခန့်ခွဲရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Agusdini Banun Saptaningsih ၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင် ရွက်မှု ညွှန်ကြားရေးမှူး Ms. Rina Setyawati၊ အင်ဒိုနီးရှားအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီ (Indonesian Agency for International Development – Indonesian AID)မှ အမှုဆောင်အရာရှိချုပ် Mr. Tor Tobing တို့လည်းတက်ရောက်ခဲ့ကြသည်။